ေရစိမ္ၿပီး စိတ္ထားတဲ့ကြမ္းသီးစိတ္ ေတြကို အလံုပိတ္အခန္းထဲမွာ ကန္႔(ဆာလဖာ)မႈန္႔ ကို မီးရွိဳ႕ျပီးထြက္လာတဲ့ အေငြ႔နဲ႔ေပါင္းတယ္။ ကန္႔႐ိုက္တယ္လို႔ ေခၚပါတယ္။

ကန္႔ကို မီး႐ွိဳ႕လို႔ ထြက္လာတဲ့ ဓာတ္ေငြ႕နဲ႔ ကြမ္းသီးစိတ္ မ်က္ႏွာျပင္က ေရအစိုဓာတ္ ဓာတ္ျပဳခ်ိန္မွာ ဆာလျဖဴရစ္အက္ဆစ္အေပ်ာ့စားျဖစ္လာၿပီး ကြမ္းသီး မ်က္ႏွာျပင္ကို အက္စစ္က တိုက္စားလိုက္တယ္။

အဲဒီအခါမွာ နဂိုကခပ္ညိဳညိဳကြမ္းသီးဟာ ေဖြးျဖဴၿပီး စားခ်င္စဖြယ္ျဖစ္သြားေရာဗ်။

ကန္႔ဖိုထဲက ထြက္လာကာစ ကြမ္းသီးစိတ္ကို နမ္းၾကည့္ဖို႔မေျပာနဲ႔ အရမ္းျပင္းတဲ့အနံ႔ဆိုးေၾကာင့္ ကန္႔ဖိုဖြင့္ခါစမွာ အထဲကို လူမဝင္ႏိုင္ပါဘူး။

အဲဲ့လိုအန႔ံျပင္းတဲ့ ကြမ္းသီးစိတ္ ကိုမွ ကြမ္းယာဆိုင္ကို ပို႔တဲ့လူေတြက ဝယ္ၾကတယ္။

အန႔ံျပင္းေလ ၊ မိႈအတက္သက္သာေလ အထားခံေလကိုး။

ကန္႔ဖို အနားမွာရွိတဲ့ ေခါင္မိုးသြပ္ေတြဟာ လ ပိုင္း အတြင္းမွာပဲ ေဆြးေျမ့ျပတ္က်ကုန္တယ္။

ကန္႔ဖိုတံခါးမွာ ပတၱာတို႔ ေမ်ာက္လက္တို႔ တပ္ထားရင္ တစ္လမခံဘူး ကန္႔ေငြ႔စားၿပီး ျပတ္က်ကုန္တယ္။
Facebook

ကန္႔ဖိုမွာ ဒိုင္ခံအလုပ္လုပ္တဲ့ အလုပ္သမားေတြဟာ ၅/၁၀ႏွစ္အတြင္း ႐ွဴနာ႐ိႈက္ကုန္းေတြျဖစ္ကုန္ၾကတယ္။ မနက္ခင္း ဖိုဖြင့္ကာစမွာ အထဲဝင္ၿပီး ကြမ္းသီးထမ္းထုတ္ရသူေတြ အဆိုးဆံုးပဲ။

ဒါက မန္းေလးဒီဖက္ ေအာက္ျမန္မာျပည္နဲ႔ ရန္ကုန္မွာ ကြမ္းသီးစိတ္လုပ္ၾကတဲ့နည္းပါ။

(ကြမ္း အႏၲရာယ္ ကို လက္လွမ္းမွီ သေလာက္တင္ျပပါမယ္။ စားတာမစားတာ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္သာ ျဖစ္ပါေၾကာင္း)

ဖိုးသူေတာ္(www.phothutaw.com)
Credit:ကိုမိုး

#Unicode Version#
ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့်(ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့်ရိုက်တယ်လို့ ခေါ်ပါတယ်။

ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ်အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။

အဲဒီအခါမှာ နဂိုကခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။

ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။

အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။

အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။

ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။

ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။
Facebook

ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။ မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။

ဒါက မန်းလေးဒီဖက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိတ်လုပ်ကြတဲ့နည်းပါ။

(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)


ဖိုးသူတော်(www.phothutaw.com)
Credit:ကိုမိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top