30.4.2019

ေနာင္ခ်ိဳၿမိဳ႕ ဘူတာရပ္ကြက္ အကြက္(3)ေန ေမာင္ေဇာ္ရိွန္းအသက္(10)နွစ္သည္ ေခြးရူးကိုက္၍ေခြးရူးျပန္ေရာဂါျဖင့္ ဘဝတစ္ပါးသို႔ေျပာင္းေ႐ြ႕ကြယ္လြန္သြားပါေသာေၾကာင့္ေနအိမ္မွေနာင္ခ်ိဳၿမိဳ႕ ဗုဒၶဘာသာသုသာန္သို႔ ေစတနာမြန္လူမွဴကူညီေရးအသင္းမွပို႔ေဆာင္မီးသၿဂိဳလ္ေပးခဲ့ပါသည္။

အကူယာဥ္

ေမာင္း-ေအာင္မ်ိဳးဦး

တာဝန္ခံ-ႏုိင္မင္းဟိန္း

-ကိုငယ္

-ရဲထြန္း

-အငယ္ေလး

နိဗၺာန္ယာဥ္

ေမာင္း-ေက်ာ္ေဇယ်

တာဝန္ခံ-ေအာင္ေက်ာ္ဟိန္း

-ငျပဴး

-ဘုန္းျမတ္စံ

သုသာန္-ဦးေနဦးသာနွင့္အဖြဲ႕ ေစတနာမြန္လူမွဴကူညီေရးအသင္း(ရွမ္း/ေျမာက္)

ေနာင္ခ်ိဳၿမိဳ႕။082-85383 – SDM

ေနာက္ထပ္ ေနာက္ထပ္ အခုလို အျဖစ္ဆိုးမ်ိဳးေတြ မျဖစ္ေစဖို႔ ေအာက္ကပို႔ေလးကိုလည္း သတိထား ဖတ္ရႈၿပီး သိမ္းထား မွ်ေဝေပးခဲ့ၾကပါေနာ္..။

ရုတ္တရက္ ေခြးကိုက္ခံရရင္ ဘာေတြလုပ္ရမလဲ

ေခြးဟာ လူေတြအတြက္ မိတ္ေဆြလို႔ ေျပာႏိုင္ေပမယ့္ တိရစၦာန္ဆိုတာ အခ်ိန္မေရြး ကိုက္တတ္ၾကပါတယ္။ ေခြးကိုက္ခံရတတ္သူေတြထဲမွာ အသက္ ၅ ႏွစ္ကေန ၉ ႏွစ္အရြယ္ ကေလးေတြက အမ်ားဆံုးလို႔ ဆိုပါတယ္။ ေခြးကိုက္ခံရၿပီ ဆိုတာနဲ႔ ေခြးဟာ ေကာင္းသည္၊ ရူးသည္ ခြဲမေနႏိုင္ေတာ့ပဲ ေခြးရူးေရာဂါ မကူးစက္ရေအာင္ ေနာက္ဆက္တြဲ ကုသမႈေတြကိုလဲ မျဖစ္မေန လုပ္ေဆာင္ၾကရမွာပါ။

ကူးစက္ေရာဂါ၊ ေမးခိုင္ေရာဂါ၊ ေခြးရူးျပန္ေရာဂါ အစရွိတဲ့ ေနာက္ဆက္တြဲေရာဂါေတြ ၀င္မလာရေအာင္ ေသာက္ေဆး၊ လိမ္းေဆး၊ ထိုးေဆးေတြနဲ႔ ကာကြယ္ၾကရမွာကိုလဲ အမ်ားစု သိရွိၾကၿပီး ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မေမွ်ာ္လင့္ပဲ ေခြးကိုက္ခံရရင္ ခ်က္ခ်င္းလုပ္ေဆာင္သင့္တဲ့ ေရွးဦးသူနာျပဳနည္းနဲ႔ အိမ္တြင္းကုထံုးကို ေစာႏြဲ ့ေနဆိုင္-ပူတာအို Page ကေန တင္ဆက္ေပးလိုက္ပါတယ္။

(၁) ေခြးကိုက္ခံလိုက္ရၿပီဆိုရင္ အကိုက္ခံရတဲ့ေနရာကို ခ်က္ခ်င္းပဲ ေရ၊ ဆပ္ျပာတို႔နဲ႔ ေဆးေၾကာရပါမယ္။ ေခြးရဲ႕တံေတြး၊ သြားရည္ေတြ ေျပာင္စင္ သြားဖို႔အတြက္ ၅ မိနစ္ေလာက္ကို အခ်ိန္ယူ ေဆးေၾကာ သန္႔စင္ႏိုင္ရင္ေတာ့ ေကာင္းပါတယ္။ ေသြးထြက္ေနရင္လဲ ေသြးတိတ္ဖို႔အတြက္ ေရေအးေအး သန္႔သန္႔နဲ႔ ေသခ်ာေဆးေၾကာေပးပါ။

(၂) ဒဏ္ရာေပၚမွာ ေဂါ့ဇ္၊ ပတ္တီးစ ထူထူသန္႔သန္႔ေလး တင္ထားပါ။ ဒဏ္ရာက ေသြးမတိတ္ေသးဘူးဆိုရင္ ေခြးကိုက္ခံရတဲ့ေနရာကို ေျမႇာက္ထားေပးပါ။

(၃) ေခြးကိုက္ဒဏ္ရာကေန ကူးစက္ေရာဂါ မ၀င္ေအာင္ သင့္ေတာ္တဲ့ ေဆး၀ါးေတြကို ေန႔စဥ္ ေသာက္သံုးေပးရပါမယ္။ ဒဏ္ရာကို မွန္မွန္ ေဆးေၾကာေပးျခင္းနဲ႔ ပတ္တီးစေတြကို လဲလွယ္ေပးျခင္းေတြ လုပ္ေဆာင္ေပးရင္ အနာက်က္ျမန္သလို ကူးစက္ေရာဂါေတြ မ၀င္ႏိုင္ေအာင္လဲ ကာကြယ္ေပးပါတယ္။

(၄) အနာျမန္ျမန္က်က္ေအာင္ ဗစ္တာမင္ စီကိုလဲ ေန႔စဥ္ေသာက္ေပးရပါမယ္။ ဗစ္တာမင္ စီဟာ ကူးစက္ေရာဂါ မ၀င္ႏိုင္ေအာင္ ဟန္႔တားေပးႏိုင္တဲ့ ကိုယ္ခံအားကိုလဲ ျမင့္တက္ေစပါတယ္။

(၅) Vitamin B-Complex ေဆးျပားေတြ ေသာက္သံုးေပးျခင္း ကလဲ ေခြးကိုက္ခံရတဲ့ဒဏ္ရာေၾကာင့္ ကူးစက္ေရာဂါေတြျဖစ္ေစတဲ့ မိုက္ခရို ေအာ္ဂန္နစ္ဇင္မ္ကို တိုက္ဖ်က္ေပးမယ့္ ပဋိပစၥည္းေတြကို ေသြးထဲကေန ထုတ္လုပ္ေပးႏိုင္ပါတယ္။

(၆) ေခြးကိုက္ခံရရင္ေတာ့ Goldenseal သို႔မဟုတ္ လိေမၼာ္ျမစ္ လို႔ေခၚတဲ့ အရြက္ကို ေရေႏြးၾကမ္း လုပ္ေသာက္လိုက္တာက သက္သာေစတယ္လို႔ လူအေတာ္မ်ားမ်ား ေျပာၾကေပမယ့္ ကိုယ္၀န္ေဆာင္ေတြေတာ့ မေသာက္သင့္ပါဘူး။ ဒါေပမယ့္ အဲဒီအရြက္ကို အနာေပၚ တိုက္ရိုက္ကပ္တာမ်ိဳးေတာ့ လုပ္လို႔ရပါတယ္။

(၇) အသားၿပဲစုတ္သြားေအာင္ အကိုက္ခံထားရရင္ေတာ့ ဒဏ္ရာကို ခ်ဳပ္ဖို႔ လိုအပ္တာေၾကာင့္ ေဆးရံုကို အျမန္ပို႔ေဆာင္ၿပီး ဆရာ၀န္ရဲ႕ တိုက္ရိုက္ ညႊန္ၾကားကုသမႈကို ခံယူသင့္ပါတယ္။

ဒါေတြကေတာ့ ရုတ္တရက္ ေခြးအကိုက္ခံရလွ်င္ ခ်က္ခ်င္း လုပ္ေဆာင္သင့္တဲ့ နည္းလမ္းေတြပါ။

ကိုက္လိုက္တဲ့ေခြးဟာ စနစ္တက် ကာကြယ္ေဆးေတြ ထိုးထားတဲ့ အိမ္ေမြးေခြးပဲျဖစ္ျဖစ္ လမ္းေပၚက်က္စားေနတဲ့ လမ္းေဘးေခြးပဲျဖစ္ျဖစ္ အကိုက္ခံရသူဟာ ေခြးရူးျပန္ေရာဂါ ကာကြယ္ေဆးကို မျဖစ္မေန ထိုးထားသင့္ပါတယ္။ သက္ဆိုင္ရာျမိဳ့နယ္ေဆးရံုးမ်ားမွာလည္းေခြးရူးကာကြယ္ေဆးကို အခမဲ့ ထိုးႏိုင္တယ္လို့ သိရပါတယ္။

အားလံုးပဲ ေဘးရန္ကင္းၾကပါေစ။
ဖိုးသူေတာ္(www.phothutaw.com)
Credit: ေစာႏြဲ ့ေနဆိုင္ – ပူတာအို
#Unicode Version#
30.4.2019

နောင်ချိုမြို့ ဘူတာရပ်ကွက် အကွက်(3)နေ မောင်ဇော်ရှိန်းအသက်(10)နှစ်သည် ခွေးရူးကိုက်၍ခွေးရူးပြန်ရောဂါဖြင့် ဘဝတစ်ပါးသို့ပြောင်းရွေ့ကွယ်လွန်သွားပါသောကြောင့်နေအိမ်မှနောင်ချိုမြို့ ဗုဒ္ဓဘာသာသုသာန်သို့ စေတနာမွန်လူမှူကူညီရေးအသင်းမှပို့ဆောင်မီးသဂြိုလ်ပေးခဲ့ပါသည်။

အကူယာဉ်

မောင်း-အောင်မျိုးဦး

တာဝန်ခံ-နိုင်မင်းဟိန်း

-ကိုငယ်

-ရဲထွန်း

-အငယ်လေး

နိဗ္ဗာန်ယာဉ်

မောင်း-ကျော်ဇေယျ

တာဝန်ခံ-အောင်ကျော်ဟိန်း

-ငပြူး

-ဘုန်းမြတ်စံ

သုသာန်-ဦးနေဦးသာနှင့်အဖွဲ့ စေတနာမွန်လူမှူကူညီရေးအသင်း(ရှမ်း/မြောက်)

နောင်ချိုမြို့။082-85383 – SDM

နောက်ထပ် နောက်ထပ် အခုလို အဖြစ်ဆိုးမျိုးတွေ မဖြစ်စေဖို့ အောက်ကပို့လေးကိုလည်း သတိထား ဖတ်ရှုပြီး သိမ်းထား မျှဝေပေးခဲ့ကြပါနော်..။

ရုတ်တရက် ခွေးကိုက်ခံရရင် ဘာတွေလုပ်ရမလဲ

ခွေးဟာ လူတွေအတွက် မိတ်ဆွေလို့ ပြောနိုင်ပေမယ့် တိရစ္ဆာန်ဆိုတာ အချိန်မရွေး ကိုက်တတ်ကြပါတယ်။ ခွေးကိုက်ခံရတတ်သူတွေထဲမှာ အသက် ၅ နှစ်ကနေ ၉ နှစ်အရွယ် ကလေးတွေက အများဆုံးလို့ ဆိုပါတယ်။ ခွေးကိုက်ခံရပြီ ဆိုတာနဲ့ ခွေးဟာ ကောင်းသည်၊ ရူးသည် ခွဲမနေနိုင်တော့ပဲ ခွေးရူးရောဂါ မကူးစက်ရအောင် နောက်ဆက်တွဲ ကုသမှုတွေကိုလဲ မဖြစ်မနေ လုပ်ဆောင်ကြရမှာပါ။

ကူးစက်ရောဂါ၊ မေးခိုင်ရောဂါ၊ ခွေးရူးပြန်ရောဂါ အစရှိတဲ့ နောက်ဆက်တွဲရောဂါတွေ ဝင်မလာရအောင် သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေနဲ့ ကာကွယ်ကြရမှာကိုလဲ အများစု သိရှိကြပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် မမျှော်လင့်ပဲ ခွေးကိုက်ခံရရင် ချက်ချင်းလုပ်ဆောင်သင့်တဲ့ ရှေးဦးသူနာပြုနည်းနဲ့ အိမ်တွင်းကုထုံးကို စောနွဲ့နေဆိုင်-ပူတာအို Page ကနေ တင်ဆက်ပေးလိုက်ပါတယ်။

(၁) ခွေးကိုက်ခံလိုက်ရပြီဆိုရင် အကိုက်ခံရတဲ့နေရာကို ချက်ချင်းပဲ ရေ၊ ဆပ်ပြာတို့နဲ့ ဆေးကြောရပါမယ်။ ခွေးရဲ့တံတွေး၊ သွားရည်တွေ ပြောင်စင် သွားဖို့အတွက် ၅ မိနစ်လောက်ကို အချိန်ယူ ဆေးကြော သန့်စင်နိုင်ရင်တော့ ကောင်းပါတယ်။ သွေးထွက်နေရင်လဲ သွေးတိတ်ဖို့အတွက် ရေအေးအေး သန့်သန့်နဲ့ သေချာဆေးကြောပေးပါ။

(၂) ဒဏ်ရာပေါ်မှာ ဂေါ့ဇ်၊ ပတ်တီးစ ထူထူသန့်သန့်လေး တင်ထားပါ။ ဒဏ်ရာက သွေးမတိတ်သေးဘူးဆိုရင် ခွေးကိုက်ခံရတဲ့နေရာကို မြှောက်ထားပေးပါ။

(၃) ခွေးကိုက်ဒဏ်ရာကနေ ကူးစက်ရောဂါ မဝင်အောင် သင့်တော်တဲ့ ဆေးဝါးတွေကို နေ့စဉ် သောက်သုံးပေးရပါမယ်။ ဒဏ်ရာကို မှန်မှန် ဆေးကြောပေးခြင်းနဲ့ ပတ်တီးစတွေကို လဲလှယ်ပေးခြင်းတွေ လုပ်ဆောင်ပေးရင် အနာကျက်မြန်သလို ကူးစက်ရောဂါတွေ မဝင်နိုင်အောင်လဲ ကာကွယ်ပေးပါတယ်။

(၄) အနာမြန်မြန်ကျက်အောင် ဗစ်တာမင် စီကိုလဲ နေ့စဉ်သောက်ပေးရပါမယ်။ ဗစ်တာမင် စီဟာ ကူးစက်ရောဂါ မဝင်နိုင်အောင် ဟန့်တားပေးနိုင်တဲ့ ကိုယ်ခံအားကိုလဲ မြင့်တက်စေပါတယ်။

(၅) Vitamin B-Complex ဆေးပြားတွေ သောက်သုံးပေးခြင်း ကလဲ ခွေးကိုက်ခံရတဲ့ဒဏ်ရာကြောင့် ကူးစက်ရောဂါတွေဖြစ်စေတဲ့ မိုက်ခရို အော်ဂန်နစ်ဇင်မ်ကို တိုက်ဖျက်ပေးမယ့် ပဋိပစ္စည်းတွေကို သွေးထဲကနေ ထုတ်လုပ်ပေးနိုင်ပါတယ်။

(၆) ခွေးကိုက်ခံရရင်တော့ Goldenseal သို့မဟုတ် လိမ္မော်မြစ် လို့ခေါ်တဲ့ အရွက်ကို ရေနွေးကြမ်း လုပ်သောက်လိုက်တာက သက်သာစေတယ်လို့ လူအတော်များများ ပြောကြပေမယ့် ကိုယ်ဝန်ဆောင်တွေတော့ မသောက်သင့်ပါဘူး။ ဒါပေမယ့် အဲဒီအရွက်ကို အနာပေါ် တိုက်ရိုက်ကပ်တာမျိုးတော့ လုပ်လို့ရပါတယ်။

(၇) အသားပြဲစုတ်သွားအောင် အကိုက်ခံထားရရင်တော့ ဒဏ်ရာကို ချုပ်ဖို့ လိုအပ်တာကြောင့် ဆေးရုံကို အမြန်ပို့ဆောင်ပြီး ဆရာဝန်ရဲ့ တိုက်ရိုက် ညွှန်ကြားကုသမှုကို ခံယူသင့်ပါတယ်။

ဒါတွေကတော့ ရုတ်တရက် ခွေးအကိုက်ခံရလျှင် ချက်ချင်း လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေပါ။

ကိုက်လိုက်တဲ့ခွေးဟာ စနစ်တကျ ကာကွယ်ဆေးတွေ ထိုးထားတဲ့ အိမ်မွေးခွေးပဲဖြစ်ဖြစ် လမ်းပေါ်ကျက်စားနေတဲ့ လမ်းဘေးခွေးပဲဖြစ်ဖြစ် အကိုက်ခံရသူဟာ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။ သက်ဆိုင်ရာမြို့နယ်ဆေးရုံးများမှာလည်းခွေးရူးကာကွယ်ဆေးကို အခမဲ့ ထိုးနိုင်တယ်လို့ သိရပါတယ်။

အားလုံးပဲ ဘေးရန်ကင်းကြပါစေ။

ဖိုးသူတော်(www.phothutaw.com)
Credit: စောနွဲ့နေဆိုင် – ပူတာအို
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top