ျမန္မာႏိုင္ငံမွ သူ႔လိုမသန္စြမ္းသူမ်ားကိုလည္း စကားလက္ေဆာင္ပါးခဲ့

ၾသစေျတးလ်ႏိုင္ငံ ဆစ္ဒေနၿမိဳ႕မွာ ပညာေတာ္သင္သြားေရာက္ခဲ့တဲ့ မသန္စြမ္းေက်ာင္းသူ မစုပံုခ်စ္ဟာ (Master of Policy Studies – MPS) မဟာဘြဲ႕ ကို ထူးခၽြန္ေအာင္ျမင္ရရွိခဲ့ၿပီး ဇူလိုင္လ က ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္ သူဟာ ဆစ္ဒေနၿမိဳ႕က The University of New South Wales (UNSW) တကၠသိုလ္မွာ တစ္ႏွစ္ခြဲေက်ာ္အၾကာ ပညာသင္ယူခဲ့ၿပီး ေမဂ်ာဘာသာရပ္ႏွစ္ခု ဂုဏ္ထူးရေအာင္ ၾကိဳးစားႏိုင္ခဲ့တာျဖစ္ပါတယ္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကိုျပန္လည္ေရာက္ရွိလာတဲ့ မစုပံုခ်စ္ကို မိဘႏွစ္ပါးအပါအ၀င္ မိသားစု၀င္ေတြနဲ႔ သူရဲ႕သူငယ္ခ်င္းမိတ္ေဆြေတြက လာေရာက္ၾကိဳဆိုခဲ့ၾကပါတယ္။

မစုပံုခ်စ္ဟာ အေကာင္းအတိုင္းရွိတဲ့ ဘယ္ဖက္ေျခေထာက္ကိုအသံုးျပဳၿပီး စာေရးႏိုင္တာျဖစ္ပါတယ္။ သူဟာ တကၠသိုလ္၀င္တန္းကို ဂုဏ္ထူးေလးဘာသာနဲ႔ ေအာင္ျမင္ခဲ့ၿပီး သတင္းႏွင့္နည္းပညာ အင္ဂ်င္နီယာဘာသာရပ္အထူးျပဳနဲ႔ နည္းပညာတကၠသိုလ္ကို တက္ေရာက္ခဲ့ပါတယ္။ မဟာဘြဲ႕အတြက္ နည္းပညာတကၠသိုလ္ကို တက္ေရာက္ေနဆဲမွာ ၂၀၁၃ ခုႏွစ္အတြင္း ၾသစေၾတးလ်ႏိုင္ငံမွာ ေက်ာင္းတက္ဖို႔ ပညာေတာ္သင္ဆုကို ရရွိခဲ့တာပါ။ ဒါဟာ ျမန္မာႏိုင္ငံက မသန္စြမ္းသူတစ္ဦးအေနနဲ႔ ျပည္ပ ပညာေတာ္သင္ဆုကို ပထမဆံုးအႀကိမ္ ရရွိခဲ့တာျဖစ္ၿပီး သမိုင္းမွတ္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ၾသစေၾတးလ်ႏုိင္ငံ အစိုးရ၏ ရာႏႈန္းျပည့္ ပညာသင္ေထာက္ပံ့မႈျဖင့္ မသန္စြမ္းေက်ာင္းသူ မစုပံုခ်စ္သည္ မူ၀ါဒပိုင္းဆိုင္ရာ ဘာသာရပ္အတြက္ မဟာတန္း တက္ေရာက္ရန္ ၾသစေၾတးလ်ႏုိင္ငံသို႔ ေဖေဖာ္၀ါရီ ၂၀ရက္ေန႔ မြန္းလြဲက ျမန္မာႏိုင္ငံမႇ ေလေၾကာင္းခရီးျဖင့္ ထြက္ခြာသြားေၾကာင္း သိရသည္။

ၾသစေၾတးလ် အစိုးရက ပညာသင္ဆုကို ၂၀၁၀ တုန္းက Engineering ဘာသာရပ္ႏႇင့္ ပထမအႀကိမ္ ေလ်ာက္ခဲ့ရာ Shortlist သာ ပါခဲ့ၿပီး အင္တာဗ်ဴး မပါခဲ့ေၾကာင္း၊ ယင္းေနာက္ Master of Public Administration ႏႇင့္ Master of Policy Studies ကို ေလ်ာက္ခဲ့ရာ Master of Policy Studies ကုိ ရခဲ့ေၾကာင္း မစုပံုခ်စ္က ေျပာသည္။

၎ကပင္ မူ၀ါဒပိုင္းနဲ႔ ပတ္သက္တဲ့ ဘာသာရပ္ရႇစ္ခုကုိ သင္ၾကားရမယ္လို႔ သိထားပါတယ္ အဓိက မသန္စြမ္းေတြနဲ႔ သက္ဆိုင္တဲ့ မူ၀ါဒေတြကုိ ေလ့လာဖို႔ပါ သမီးနဲ႔အတူ အစ္မတစ္ေယာက္လည္း လိုက္မႇာျဖစ္ၿပီး သူ႔အတြက္ ေနထိုင္ဖို႔ကိုလည္း အဲဒီအဖြဲ႕ကပဲ ေထာက္ပံ့သြားမႇာပါ ဟု ေလယာဥ္မထြက္ခြာမီ မဂၤလာဒံု ေလဆိပ္အတြင္းရိႇေနသူ မစုပံုခ်စ္က ေျပာသည္။

မစုပံုခ်စ္သည္ မူ၀ါဒပိုင္းဆိုင္ရာ မဟာတန္းကို ၾသစေၾတးလ်ႏုိင္ငံ၊ဆစ္ဒနီၿမိဳ႕ရႇိ University of New South Wales တြင္ တစ္ႏႇစ္ရႇစ္လၾကာ ပညာသင္ၾကားရမည္ျဖစ္သည္။

၎သည္ ျမန္မာႏုိင္ငံရႇိ မသန္စြမ္း ေက်ာင္းသား/သူမ်ားအနက္ ပထမဆံုးအႀကိမ္ ႏုိင္ငံျခား ပညာသင္ဆု ရရႇိခဲ့သူတစ္ဦးျဖစ္ၿပီး ယခုလို မူ၀ါဒပိုင္းဆိုင္ရာ ဘာသာရပ္ကို သင္ၾကားရျခင္းမႇာ မသန္စြမ္းသူမ်ား၏ ရပိုင္ခြင့္မ်ား၊ ဥပေဒမ်ားကို သိရႇိ နားလည္ေစရန္၊ မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားႏႇင့္ ရပိုင္ခြင့္မ်ားကို ေလ့လာရန္တို႔ ပါ၀င္ေၾကာင္း သိရသည္။

ၾသစေၾတးလ်ႏုိင္ငံ အစိုးရ၏ ရာႏႈန္းျပည့္ ပညာသင္ေထာက္ပံ့မႈ ရရိႇမႈအေပၚ မစုပံုခ်စ္၏ မိဘမ်ားျဖစ္သူ ေဒါက္တာအုန္းေက်ာ္ႏႇင့္ ေဒၚခင္ေဆြလဲ့ တို႔ကလည္း သူမ်ားေတြ ႏိုင္ငံျခားမႇာ ေက်ာင္းတက္ေနတာေတြ ျမင္တဲ့အခါမႇာ သူ႕အေနနဲ႔ တက္ခ်င္စိတ္ေတြ ျဖစ္ခဲ့ေပမယ့္ မျဖစ္ႏိုင္ဘူးဆိုၿပီး ေျပာခဲ့ဖူးတယ္။

သူ႔ရဲ႕ ႀကိဳးစားမႈေၾကာင့္ အခုလို ရလာေတာ့လည္း မိဘေတြအေနနဲ႔ အတုိင္းမသိ ၀မ္းသာရတာေပါ့။ သူ႔မႇာ သူ႔ထက္ တစ္ဆင့္ျမင့္တာကုိ လိုခ်င္တဲ့ ပညာေလာဘ ရႇိတာေၾကာင့္ရယ္၊ သင္ခ်င္တဲ့စိတ္ ရႇိတာေၾကာင့္ ဒီလိုျဖစ္လာတာပါ ေျပာျပခဲ့သည္။

ထို႔ျပင္ မစုပံုခ်စ္သည္ ကိုယ္လက္အဂၤါ မျပည့္စံုသူ ျဖစ္သည့္နည္းတူ ျပည္ပတြင္ ပညာသင္ယူရမည္ဆိုသည့္ စိုးရိမ္စိတ္မ်ား ရႇိေသာ္လည္း စုပံုခ်စ္၏ အရည္အခ်င္းႏႇင့္ သူမကိုယ္သူမ ယံုၾကည္ခ်က္ ရႇိေနျခင္းေၾကာင့္ မိဘမ်ားအေနျဖင့္လည္း အဆိုပါ အခက္အခဲမ်ားကို ရင္ဆုိင္ႏုိင္မည္ဟု ယံုၾကည္ပါေၾကာင္း မစုပံု ခ်စ္၏ မိဘမ်ားက ထပ္ေလာင္း ေျပာျပၾကသည္။

ေမြးရာပါ လက္ႏႇစ္ဖက္မႇာ မသန္စြမ္းျဖစ္ခဲ့ၿပီး ကိုယ္အဂၤါ မသန္စြမ္းသူတစ္ဦးျဖစ္သူ မစုပံုခ်စ္သည္ စိတ္ဓာတ္မက်၊ဘ၀ကို အ႐ႈံးမေပးဘဲ စာေပပညာမ်ား ေလ့လာသင္ယူခဲ့ရာ ၂၀၁၀ခုႏႇစ္တြင္ ရန္ကုန္အေနာက္ပုိင္း နည္းပညာတကၠသိုလ္ (လႈိင္သာယာ)မႇ B.Tech (IT) ဘြဲ႕ရရိႇခဲ့သည္ ယင္းေနာက္ သတင္းႏႇင့္ နည္းပညာ အင္ဂ်င္နီယာ မဟာတန္း ပထမႏႇစ္ကုိ တက္ေရာက္ေနစဥ္ ယခုလို ပညာသင္ဆု ရရႇိခဲ့ျခင္းျဖစ္သည္။

အမည္ မစုပံုခ်စ္​ေမြးသကၠရာဇ္ ၅.၉.၁၉၈၉ မိဘအမည္ ေဒါက္တာအုန္းေက်ာ္ (တိေမြးကုဆရာ၀န္) +ေဒၚခင္ေဆြလဲ့ ဆယ္တန္းေအာင္သည့္ခုႏႇစ္ ၂၀၀၅ / သခ်ာၤ၊ဓာတုေဗဒ၊႐ူပေဗဒ၊ဇီ၀ေဗဒ အမႇတ္ေပါင္း ၄၇၉ ၊ အ.ထ.က (၃) လႈိင္သာယာ ရရႇိခဲ့သည့္ ဘြဲ႕မ်ား B.Tech (IT) , B.E (IT)ရရႇိခဲ့သည့္ဆုမ်ား စိတ္ဓာတ္ႀကံ႕ခိုင္ ထူးခြၽန္ဆု (၂၀၀၁ခုႏႇစ္ ျမန္မာအမ်ိဳးသမီးမ်ားေန႕အခမ္းအနား ) အထင္ေပၚဆံုး ေက်ာင္းသူဆု (၂၀၀၁ခုႏႇစ္၊ ျမန္မာ့သြင္ျပင္ အိုင္တီလူငယ့္အျမင္ျပပြဲ)ဆယ္စုႏႇစ္ ထူးခြၽန္ဆုေက်ာင္းသူ(၂၀၀၄ခုႏႇစ္) ဌာနဆိုင္ရာ မသန္စြမ္းထူးခြၽန္ဆု (၂၀၀၅ခုႏႇစ္ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားေန႔) ပထမတန္းမႇ တကၠသိုလ္၀င္တန္းအထိ အတန္းစဥ္ ဆုေပါင္း ၅၀ ​ေက်ာ္

ဖိုးသူေတာ္(www.phothutaw.com)
Credit:thutasone
#Unicode Version#
 မြန်မာနိုင်ငံမှ သူ့လိုမသန်စွမ်းသူများကိုလည်း စကားလက်ဆောင်ပါးခဲ့

သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့မှာ ပညာတော်သင်သွားရောက်ခဲ့တဲ့ မသန်စွမ်းကျောင်းသူ မစုပုံချစ်ဟာ (Master of Policy Studies – MPS) မဟာဘွဲ့ ကို ထူးချွန်အောင်မြင်ရရှိခဲ့ပြီး ဇူလိုင်လ က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ် သူဟာ ဆစ်ဒနေမြို့က The University of New South Wales (UNSW) တက္ကသိုလ်မှာ တစ်နှစ်ခွဲကျော်အကြာ ပညာသင်ယူခဲ့ပြီး မေဂျာဘာသာရပ်နှစ်ခု ဂုဏ်ထူးရအောင် ကြိုးစားနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပြန်လည်ရောက်ရှိလာတဲ့ မစုပုံချစ်ကို မိဘနှစ်ပါးအပါအဝင် မိသားစုဝင်တွေနဲ့ သူရဲ့သူငယ်ချင်းမိတ်ဆွေတွေက လာရောက်ကြိုဆိုခဲ့ကြပါတယ်။

မစုပုံချစ်ဟာ အကောင်းအတိုင်းရှိတဲ့ ဘယ်ဖက်ခြေထောက်ကိုအသုံးပြုပြီး စာရေးနိုင်တာဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပြီး သတင်းနှင့်နည်းပညာ အင်ဂျင်နီယာဘာသာရပ်အထူးပြုနဲ့ နည်းပညာတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ မဟာဘွဲ့အတွက် နည်းပညာတက္ကသိုလ်ကို တက်ရောက်နေဆဲမှာ ၂၀၁၃ ခုနှစ်အတွင်း သြစတြေးလျနိုင်ငံမှာ ကျောင်းတက်ဖို့ ပညာတော်သင်ဆုကို ရရှိခဲ့တာပါ။ ဒါဟာ မြန်မာနိုင်ငံက မသန်စွမ်းသူတစ်ဦးအနေနဲ့ ပြည်ပ ပညာတော်သင်ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှုဖြင့် မသန်စွမ်းကျောင်းသူ မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်း တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ဖေဖော်ဝါရီ ၂၀ရက်နေ့ မွန်းလွဲက မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

သြစတြေးလျ အစိုးရက ပညာသင်ဆုကို ၂၀၁၀ တုန်းက Engineering ဘာသာရပ်နှင့် ပထမအကြိမ် လျောက်ခဲ့ရာ Shortlist သာ ပါခဲ့ပြီး အင်တာဗျူး မပါခဲ့ကြောင်း၊ ယင်းနောက် Master of Public Administration နှင့် Master of Policy Studies ကို လျောက်ခဲ့ရာ Master of Policy Studies ကို ရခဲ့ကြောင်း မစုပုံချစ်က ပြောသည်။

၎င်းကပင် မူဝါဒပိုင်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်ရှစ်ခုကို သင်ကြားရမယ်လို့ သိထားပါတယ် အဓိက မသန်စွမ်းတွေနဲ့ သက်ဆိုင်တဲ့ မူဝါဒတွေကို လေ့လာဖို့ပါ သမီးနဲ့အတူ အစ်မတစ်ယောက်လည်း လိုက်မှာဖြစ်ပြီး သူ့အတွက် နေထိုင်ဖို့ကိုလည်း အဲဒီအဖွဲ့ကပဲ ထောက်ပံ့သွားမှာပါ ဟု လေယာဉ်မထွက်ခွာမီ မင်္ဂလာဒုံ လေဆိပ်အတွင်းရှိနေသူ မစုပုံချစ်က ပြောသည်။

မစုပုံချစ်သည် မူဝါဒပိုင်းဆိုင်ရာ မဟာတန်းကို သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်ရှစ်လကြာ ပညာသင်ကြားရမည်ဖြစ်သည်။

၎င်းသည် မြန်မာနိုင်ငံရှိ မသန်စွမ်း ကျောင်းသား/သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြား ပညာသင်ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး ယခုလို မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်ကို သင်ကြားရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို သိရှိ နားလည်စေရန်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို လေ့လာရန်တို့ ပါဝင်ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ အစိုးရ၏ ရာနှုန်းပြည့် ပညာသင်ထောက်ပံ့မှု ရရှိမှုအပေါ် မစုပုံချစ်၏ မိဘများဖြစ်သူ ဒေါက်တာအုန်းကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့ကလည်း သူများတွေ နိုင်ငံခြားမှာ ကျောင်းတက်နေတာတွေ မြင်တဲ့အခါမှာ သူ့အနေနဲ့ တက်ချင်စိတ်တွေ ဖြစ်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးဆိုပြီး ပြောခဲ့ဖူးတယ်။

သူ့ရဲ့ ကြိုးစားမှုကြောင့် အခုလို ရလာတော့လည်း မိဘတွေအနေနဲ့ အတိုင်းမသိ ဝမ်းသာရတာပေါ့။ သူ့မှာ သူ့ထက် တစ်ဆင့်မြင့်တာကို လိုချင်တဲ့ ပညာလောဘ ရှိတာကြောင့်ရယ်၊ သင်ချင်တဲ့စိတ် ရှိတာကြောင့် ဒီလိုဖြစ်လာတာပါ ပြောပြခဲ့သည်။

ထို့ပြင် မစုပုံချစ်သည် ကိုယ်လက်အင်္ဂါ မပြည့်စုံသူ ဖြစ်သည့်နည်းတူ ပြည်ပတွင် ပညာသင်ယူရမည်ဆိုသည့် စိုးရိမ်စိတ်များ ရှိသော်လည်း စုပုံချစ်၏ အရည်အချင်းနှင့် သူမကိုယ်သူမ ယုံကြည်ချက် ရှိနေခြင်းကြောင့် မိဘများအနေဖြင့်လည်း အဆိုပါ အခက်အခဲများကို ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း မစုပုံ ချစ်၏ မိဘများက ထပ်လောင်း ပြောပြကြသည်။

မွေးရာပါ လက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့ပြီး ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးဖြစ်သူ မစုပုံချစ်သည် စိတ်ဓာတ်မကျ၊ဘဝကို အရှုံးမပေးဘဲ စာပေပညာများ လေ့လာသင်ယူခဲ့ရာ ၂၀၁၀ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင်သာယာ)မှ B.Tech (IT) ဘွဲ့ရရှိခဲ့သည် ယင်းနောက် သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ မဟာတန်း ပထမနှစ်ကို တက်ရောက်နေစဉ် ယခုလို ပညာသင်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

အမည် မစုပုံချစ်မွေးသက္ကရာဇ် ၅.၉.၁၉၈၉ မိဘအမည် ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်) +ဒေါ်ခင်ဆွေလဲ့ ဆယ်တန်းအောင်သည့်ခုနှစ် ၂၀၀၅ / သချာၤ၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီဝဗေဒ အမှတ်ပေါင်း ၄၇၉ ၊ အ.ထ.က (၃) လှိုင်သာယာ ရရှိခဲ့သည့် ဘွဲ့များ B.Tech (IT) , B.E (IT)ရရှိခဲ့သည့်ဆုများ စိတ်ဓာတ်ကြံ့ခိုင် ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနား ) အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)ဆယ်စုနှစ် ထူးချွန်ဆုကျောင်းသူ(၂၀၀၄ခုနှစ်) ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့) ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်


ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top