အခ်စ္ နည္းနည္းေလ်ွာ့
ဘုရားက ခ်စ္ရင္ဆင္းရဲတယ္တဲ႔......
(ပါခ်ဳပ္ဆရာေတာ္၏ငယ္လက္ရာ)
ဤ၌အခ်စ္ဆိုသည္မွာတဏွာခ်စ္သာတည္း။ ေလာကမွာတဏွာမကင္းကင္းၾကေသးသူတိုင္းအခ်စ္မ ကင္းၾကေသးေပ။လူကိုခ်စ္၍ပစၥည္းကိုစုံမက္ေနၾကသည္။အမိ,အဖေမာင္ႏွမမို႔ခ်စ္၍မ၀႐ွိၾကသည္။ဇနီးမယားႏွင့္သမီးသားမို႔ခ်စ္အားေတြပိုၾကျပန္သည္။ခ်စ္မိသည့္လူႏွင့္ပတ္၀န္းက်င္ကိုမခဲြႏိုင္မခြါရက္႐ွိေနၾကသည္။ေန႔႐ွိသ၍အခ်စ္ကဗ်ာေတြသီလ်က္အခ်စ္ေလာကသို႔ခ်ီတက္ေနၾကသည္။
သို႔ပင္အခ်စ္သည္းေနၾကေသာ္လည္းအခ်စ္၏နိဂုံးကိုကားဆဲြၾကည့္မိပုံမရေပ။ အကယ္၍သာအခ်စ္၏ နိဂုံးကိုဆဲြၾကည့္မိမည္ဆိုပါကအခ်စ္နိဒါန္းပ်ိဳးဖို႔လက္တြန္႔မိေကာင္းလက္တြန္႔မိၾကပါေပမည္။အဘယ့္ေၾကာင့္ဆိုေသာ္အခ်စ္၏နိဂုံးကား"အျပဳံးမဟုတ္""အငိုအ႐ိႈက္"သာလ်င္ျဖစ္ေနေသာေၾကာင့္တည္း။
ျမတ္ဗုဒၶက"ပိယဇာတိကာ ေသာကပရိေဒ၀ဒုကၡေဒါမနႆ ုပါယာသာ ပိယပၸဘ၀ိကာ. ပူေဆြးရ.ငိုေႂကြးရ.ဒုကၡျဖစ္ရ.စိတ္ညစ္ရ.အသည္းကြၽမ္းရတယ္ဆိုတာခ်စ္ျခင္းေၾကာင့္ျဖစ္ရတာ.ခ်စ္ျခင္းမွအစပ်ိဳးလာတာ"ဟုေဟာေတာ္မူခဲ့သည္။
သို႔ရာတြင္"အခ်စ္ေၾကာင့္ငိုရသည္"ငိုရသည္ဆိုေသာျမတ္ဗုဒၶ၏စကားကိုလက္မခံပဲ"အခ်စ္ေၾကာင့္ေပ်ာ္ရႊင္ရသည္"ဟုသာအခ်စ္ဆရာႀကီးမ်ားကဆိုခ်င္ၾကသည္။အခ်စ္၏နိဂုံးမွာအျပဳံးသာဟုထင္မွတ္လ်က္႐ွိၾကသည္။ျမတ္ဗုဒၶ၏အခ်စ္ေၾကာင့္ငိုရသည္ဟူေသာေဟာမိန္႔ခ်က္ႏွင့္စပ္၍သေဘာမက်ကန္႔ကြက္ခဲ့သျဖင့္႐ွင္းလင္းေခ်ပခဲ့ရပုံဇာတ္လမ္းေလးမွာစိတ္၀င္စားစရာေကာင္းလွသည္.
(မွတ္ခ်က္.ထိုေနရာ၌.သားငယ္ေသသျဖင့္ပူေဆြးေနေသာ ဒကာအားအခ်စ္ေၾကာင့္ပူေဆြးရ သည္ဟုမိန္႔သည္ကိုသေဘာမက်ပဲစကားပ်ံ့ႏွ့ံသြားၿပီးကန္႔ကြက္ၾကသျဖင့္ဘုရင့္နားသို႔ေရာက္ရာ.ဘုရင္ကမလႅိကာမိဖုရားအားေျပာပုံ။
မလႅိကာကေထာက္ခံၿပီးဘုရား႐ွင္ထံအားပုဏၰားတစ္ဦးကို ေစလႊတ္ေမးျမန္းေလ်ွာက္ၾကားပုံ၊ဘုရား ႐ွင္ကမိခင္ကိုခ်စ္လြန္းေသာ သမီးေလးမိခင္ေသသျဖင့္႐ူးသြားပုံ၊မိဘမ်ားသေဘာမတူသျဖင့္ေနာက္ ဘ၀ျပန္ဆုံၾကစို႔ဟုဆိုကာေသေၾကာင္းၾကံၾကေသာစုံတဲြတို႔၏ျဖစ္ပုံကို႐ွင္းျပထားပါသည္၊)
စာဖတ္သူသည္အခ်စ္၏နိဂုံးမွာ "အျပဳံးမဟုတ္" အငိုအ႐ွိဳက္သာျဖစ္ေၾကာင္းသေဘာေပါက္ၿပီးျဖစ္ရာ စိုးရိမ္ပူေဆြးရ.ငိုေႂကြးရ.ဒုကၡျဖစ္ရ.စိတ္ညစ္ရ.အသည္းကြၽမ္းရ.သည့္ဒုကၡအ၀၀မွသက္သာရာရလိုပါလ်င္ အခ်စ္နည္းနည္းေလ်ာ့ဖို႔သာလိုပါသတည္း..
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဓမၼေရခ်မ္းစင္
# Unicode Version # ျဖင့္ ဖတ္ပါ #
ဘုရားက ချစ်ရင်ဆင်းရဲတယ်တဲ့......
(ပါချုပ်ဆရာတော်၏ငယ်လက်ရာ)
ဤ၌အချစ်ဆိုသည်မှာတဏှာချစ်သာတည်း။ လောကမှာတဏှာမကင်းကင်းကြသေးသူတိုင်းအချစ်မ ကင်းကြသေးပေ။လူကိုချစ်၍ပစ္စည်းကိုစုံမက်နေကြသည်။အမိ,အဖမောင်နှမမို့ချစ်၍မဝရှိကြသည်။ဇနီးမယားနှင့်သမီးသားမို့ချစ်အားတွေပိုကြပြန်သည်။ချစ်မိသည့်လူနှင့်ပတ်ဝန်းကျင်ကိုမခွဲနိုင်မခွါရက်ရှိနေကြသည်။နေ့ရှိသ၍အချစ်ကဗျာတွေသီလျက်အချစ်လောကသို့ချီတက်နေကြသည်။
သို့ပင်အချစ်သည်းနေကြသော်လည်းအချစ်၏နိဂုံးကိုကားဆွဲကြည့်မိပုံမရပေ။ အကယ်၍သာအချစ်၏ နိဂုံးကိုဆွဲကြည့်မိမည်ဆိုပါကအချစ်နိဒါန်းပျိုးဖို့လက်တွန့်မိကောင်းလက်တွန့်မိကြပါပေမည်။အဘယ့်ကြောင့်ဆိုသော်အချစ်၏နိဂုံးကား"အပြုံးမဟုတ်""အငိုအရှိုက်"သာလျင်ဖြစ်နေသောကြောင့်တည်း။
မြတ်ဗုဒ္ဓက"ပိယဇာတိကာ သောကပရိဒေဝဒုက္ခဒေါမနဿ ုပါယာသာ ပိယပ္ပဘဝိကာ. ပူဆွေးရ.ငိုကြွေးရ.ဒုက္ခဖြစ်ရ.စိတ်ညစ်ရ.အသည်းကျွမ်းရတယ်ဆိုတာချစ်ခြင်းကြောင့်ဖြစ်ရတာ.ချစ်ခြင်းမှအစပျိုးလာတာ"ဟုဟောတော်မူခဲ့သည်။
သို့ရာတွင်"အချစ်ကြောင့်ငိုရသည်"ငိုရသည်ဆိုသောမြတ်ဗုဒ္ဓ၏စကားကိုလက်မခံပဲ"အချစ်ကြောင့်ပျော်ရွှင်ရသည်"ဟုသာအချစ်ဆရာကြီးများကဆိုချင်ကြသည်။အချစ်၏နိဂုံးမှာအပြုံးသာဟုထင်မှတ်လျက်ရှိကြသည်။မြတ်ဗုဒ္ဓ၏အချစ်ကြောင့်ငိုရသည်ဟူသောဟောမိန့်ချက်နှင့်စပ်၍သဘောမကျကန့်ကွက်ခဲ့သဖြင့်ရှင်းလင်းချေပခဲ့ရပုံဇာတ်လမ်းလေးမှာစိတ်ဝင်စားစရာကောင်းလှသည်.
(မှတ်ချက်.ထိုနေရာ၌.သားငယ်သေသဖြင့်ပူဆွေးနေသော ဒကာအားအချစ်ကြောင့်ပူဆွေးရ သည်ဟုမိန့်သည်ကိုသဘောမကျပဲစကားပျံ့နှံ့သွားပြီးကန့်ကွက်ကြသဖြင့်ဘုရင့်နားသို့ရောက်ရာ.ဘုရင်ကမလ္လိကာမိဖုရားအားပြောပုံ။
မလ္လိကာကထောက်ခံပြီးဘုရားရှင်ထံအားပုဏ္ဏားတစ်ဦးကို စေလွှတ်မေးမြန်းလျှောက်ကြားပုံ၊ဘုရား ရှင်ကမိခင်ကိုချစ်လွန်းသော သမီးလေးမိခင်သေသဖြင့်ရူးသွားပုံ၊မိဘများသဘောမတူသဖြင့်နောက် ဘဝပြန်ဆုံကြစို့ဟုဆိုကာသေကြောင်းကြံကြသောစုံတွဲတို့၏ဖြစ်ပုံကိုရှင်းပြထားပါသည်၊)
စာဖတ်သူသည်အချစ်၏နိဂုံးမှာ "အပြုံးမဟုတ်" အငိုအရှိုက်သာဖြစ်ကြောင်းသဘောပေါက်ပြီးဖြစ်ရာ စိုးရိမ်ပူဆွေးရ.ငိုကြွေးရ.ဒုက္ခဖြစ်ရ.စိတ်ညစ်ရ.အသည်းကျွမ်းရ.သည့်ဒုက္ခအ၀၀မှသက်သာရာရလိုပါလျင် အချစ်နည်းနည်းလျော့ဖို့သာလိုပါသတည်း..
ဖိုးသူတော် (www.phothutaw.com)
Credit:ဓမ္မရေချမ်းစင်