
















Credit: Zin Mar Wann

#Unicode Version# ဖြင့်ဖတ်ပါ ။

အပန်းပြေ ချစ်ပရိသတ်ကြီးရေ ဝမ်းသာစရာ သတင်းကောင်းလေး ကြားရလို့ မျှဝေပေးလိုက်ပါတယ်.။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း လက်ထောက်နည်းပြဖြစ်တဲ့ မဇင်မာဝမ်း အခုလ အောင်ဘာလေထီဖွင့်ပွဲကနေ ကျပ်သိန်း ၂၀၀ ဆု ကံထူးစွာ ပေါက်သွားပါပြီ..။

လက်ထောက်နည်းပြ မဇင်မာဝမ်း က ၂၀၁၉ မှာ လပ်ကီးနှစ်လို့ ပြောလို့ရလောက်အောင် ကံထူးလှပါပေးတယ်…။ ၂၀၁၉ ရောက်ကတည်းက ဇန်နဝါရီလကနေ အခုလ ဧပြီလအထိ တစ်လမှ မလွတ်ခဲ့ပဲ အောင်ဘာလေထီများကို ဆက်တိုက်ပေါက်ခဲ့တယ်လို့လည်း သူမရဲ့ အကောင့်မှာ တင်ထားတာကိုတွေ့ရပါတယ်..။

ထီဆုကြီးတွေမဟုတ်ပေမယ့်လည်း လေးလဆက်တိုက် ထီပေါက်ဖို့ဆိုတာ တော်ရုံကံနဲ့ မပေါက်နိုင်ဘူးနော်..။ အပန်းပြေပရိသတ်ကြီးလည်း ထီထိုးခဲ့ကြလိမ့်မယ်ထင်ပါတယ်..။

မဇင်မာဝမ်းရဲ့ ဝမ်းသာစကားလေးတွေကိုတော့ သူမရဲ့အကောင့်ထဲက တင်ထားတဲ့အတိုင်း အပန်းပြေ ချစ်ပရိသတ်ကြီးတွက် ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်..။

မနက်စောစောစီးစီး ခေါ်ဆိုလာတဲ့ ဖုန်းနံပါတ်အစိမ်းနဲ့အဝင် Call လေးကြောင့် တကယ့်ကိုမင်္ဂလာရှိတဲ့နေ့လေးတနေ့ဖြစ်ခဲ့ရပါတယ်

Women’s Olympic Football Tournament Tokyo 2020 Asian Qualifiers Round (2)

ပြိုင်ပွဲယှဉ်ပြိုင်ကစားဖို့ ၁၇.၃.၂၀၁၉ ရက်နေ့ကတည်းက အသင်းနှင့်အတူ မန္တလေးကိုရောက်နေခဲ့တယ်။ မန္တလေးရောက်ပြီးကတည်းက မဟာမြတ်မုနိဘုရားကြီးမဖူးရသေးလို့ ဘုရားကြီးကို အရမ်းသွားဖူးချင်တဲ့စိတ်ဖြစ်နေတာနဲ့မန္တလေးကသူငယ်ချင်းကို ဖုန်းဆက်ပြီးဘုရားကြီးကိုလိုက်ပို့ပေးဖို့ ခေါ်လိုက်တယ်။

၂၉.၃.၂၀၁၉ ရက်နေ့ မှတ်မှတ်ရရနေ့လေးပါပဲ သူငယ်ချင်းက အရှေ့ဘက်မုတ်လမ်းဘေးမှာ ကားရပ်ပြီး သွားကြမယ်လို့ပြောတော့ ဘုရားကြီးအထဲမှာ ကားပါကင်ဝင်းရှိတယ် ။ အဲဒီမှာပဲ သွားရပ်ကြမယ်ဆိုပြီ အဲဒီကိုမောင်းခိုင်းလိုက်တယ်။

ကားပါကင်ဝင်းမှာ ကားရပ်ပြီးအထွက်မှာ ရတနာသိန်းထိုက်အောင်ထီဆိုင်တွေ့တော့ ဘုရားအရင်ဖူးပြီးမှ အပြန်ကြမှထီဝင်ထိုးမယ်ဆိုပြီး ဘုရားကြီးကိုအရင်ဖူးလိုက်တယ်။ ဘုရားကြီးမှာလည်း ရွှေသင်္ကန်းကပ် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး အပြန်မှာကားပါကင်ဝင်းနားက ရတနာသိန်းထိုက်အောင်ထီဆိုင်မှာ ထီဝင်ထိုးဖို့ ဝင်လိုက်တယ်။

ထီဆိုင်လည်းရောက်ရော နံပါတ်တွေရွေးမနေတော့ပဲရှေ့မှာချိတ်ထားတဲ့ (၃) စောင်တွဲတွေအကုန်ထိုးလိုက်တယ်အားလုံးပေါင်း (၃) စောင်တွဲ (၁၄) ခု ထိုးဖြစ်လိုက်တယ်အောင်ဘာလေထီထွက်တဲ့နေ့ကလည်းဒီအတိုင်းပဲ ပြိုင်ပွဲတွေလည်းရှိတော့အမြဲအလုပ်တွေရှုတ်ပြီး မအားဖြစ်နေတာနဲ့ထိုးလာတဲ့ထီကိုမတိုက်ဖြစ်လိုက်ဘူး..

ဒီနေ့မနက်ကြမှ ဖုန်းဆက်လာပြီး သူတို့ထီဆိုင်ကထိုးသွားတဲ့အောင်ဘာလေထီသိန်း (၂၀၀) ပေါက်တယ်ဖုန်းဆက်လာတော့မှကိုယ်ထိုးထားတဲ့ထီကိုအပြေးအလွှားသွားကြည့်လိုက်တာ တကယ်ကြီးပေါက်နေတာ ယုံတောင်မယုံနိုင်ဘူး အရမ်းလည်းအံသြပြီး အရမ်းလည်းဝမ်းသာနေတယ်။

ဘုရားတွေဖူးတိုင်း အမြဲဆုတောင်းတာလေးတခုရှိတယ်။ ဒီဘဝမှာ ဘုရားတည်းရပါလို၏ ဆိုပြီး ဘုရားတွေရောက်တိုင်း အမြဲဆုတောင်းဖြစ်တယ် ။ အခုတော့ တကယ့်ကိုဆုတောင်းပြည့်ခဲ့ပြီ ထီပေါက်တဲ့ပိုက်ဆံတွေနဲ့ ဘုရားတစ်ဆူတည်ပြီး အလှူအတန်းပြုလုပ်မယ်

၂၀၁၉ ရဲ့နှစ်အစမှာ ကံတွေကောင်းပြီးရင်းကောင်းနေခဲ့တယ်။ Hero Gold Cup 2019 ချန်ပီယံဖလားလည်းရလာတယ် ။ အောင်ဘာလေထီတွေလည်း ဆက်တိုက်ပေါက်တယ်။

ဇန်နဝါရီလက (၁) သိန်း ဆု နဲ့ (၅) သောင်းဆု ဖေဖော်ဝါရီလက (၅) သောင်းဆု (၁) ဆု မတ်လက (၅) သောင်းဆု (၄) ဆု ဧပြီလမှာဖွင့်တဲ့ (၂) ကြိမ်မြောက် သိန်း ၁၅၀၀၀ အောင်ဘာလေသိန်းဆုမှာလည်း ဆ – ၅၆၂၄၃၅ နံပါတ်နဲ့ သိန်း (၂၀၀) ဆုနဲ့ အက္ခရာနဲ့ရှေ့ဂဏန်း (၂) လုံးတူ အ – ၃၅ နံပါတ်နဲ့ (၅) သောင်းဆု ထပ်ပြီးပေါက်တယ်။

၂၀၁၉ နှစ်စမှာ (၄) လဆက်တိုက်ထီပေါက်တယ်။ ထီပေါက်တဲ့ကံဇာတာလေး အရမ်းကောင်းလွန်းနေတယ်။ အခုတစ်ကြိမ်နဲ့ဆိုရင် ထီပေါက်တာ (၁၇) ကြိမ် ရှိသွားပြီ နဲနဲများများ ထီပေါက်တိုင်းအရမ်းပျော်ပါတယ်ကံအကြီးကြီးထပ်ကောင်းပါစေ Lucky … ဆိုပြီး ဝမ်းသာစရာ သတင်းကောင်းများတင်ထားတာဖြစ်ပါတယ်..။

ကံထူးရှင် လက်ထောက်နည်းပြ မဇင်မာဝမ်း လိုအင်ဆန္ဒတွေ ပြည့်ပါစေ.. ။ နောက်လ နောက်လတွေမှာလည်း ဆုကြီးများ ဆက်လက်ကံထူးနိုင်ပါစေလို့ အပန်းပြေ မှ ဆုတောင်းပေးလိုက်ပါတယ်..။

ပရိသတ်ကြီးလည်း အားလုံး ကံထူးကြပါစေ..။ နောက်လတွေမှာ အောင်ဘာလေ သိန်းဆုကြီးတွေ ပေါက်ကြပါစေနော်..

ဖိုးသူတော် (www.phothutaw.com)
Credit: Zin Mar Wann
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top