၁။လီမြန္စားပါ။
၅။အားပါပါသန်းပါ။
၆။တစ်ခုခုဝါးပါ။
၇။အကြောလျှော့ပါ။
Credit:Min Thu
#Unicode Version# ဖြင့်ဖတ်ပါ ။
၁။လီမွန်စားပါ။
သင်ကြိုက်ကြိုက်မကြိုက်ကြိုက် လီမွန်ရဲ့အချဉ်အရသာလေးက သင့်ကိုချက်ချင်းဆိုသလို နိုးကြားသွားစေမှာပါ။
၂။ရေအေးနဲ့မျက်နှာသစ်ပါ။
သင့်မျက်ခွံတွေလေးလာတဲ့အခါ ရေခဲရေအေးအေးလက်တစ်ဆုပ်ယူပီး မျက်နှာသစ်လိုက်ပါ။ ဒါဟာသင့်ကိုနိုးကြားစေပီး အားပြန်တက်လာစေမယ့်နည်းလမ်းကောင်းလေးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရေခဲသေတ္တာထဲမှာ ရေခဲအိတ်ထည့်ထားပါ။ သင်နဲနဲပင်ပန်းလာပီလို့ခံစားရတာနဲ့ သင့်ဂုတ်ပေါ် အဆိုပါရေခဲအိတ်ကိုကပ်ကပ်ပေးပါ။
၃။လက်ကောက်ဝတ်ပေါ်ကိုရေအေးလောင်းပါ။
ဒီနည်းလမ်းဟာလဲမျက်နှာသစ်တဲ့နည်းလမ်းလိုပဲ ချက်ချင်းအကျိုးသက်ရောက်မှုရှိစေမယ့်နည်းလေးပါ။
၄။နားရွက်ကိုနှိပ်ပေးပါ။
ဒါဟာ တရားထိုင်တဲ့အခါအိပ်ငိုက်တာကိုတားဆီးဖို့ရာအတွက် ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးအသုံးပြုခဲ့တဲ့နည်းလမ်းဖြစ်ပါတယ်။ သင့်နားရွက်တွေကိုပြင်းပြင်းလေးဆွဲဆိတ်ပေးပါ။ နားရွက်ပေါ်က နိုးကြားစေတဲ့အာရုံကြောလေးတွေကို ဖိပေးခြင်းအားဖြင့် သင့်ကိုလဲနိုးကြားတက်ကြွစေမှာဖြစ်ပါတယ်။
၅။အားပါပါသန်းပါ။
သန်းဝေတယ်ဆိုတာ ကျွန်တော်တို့ဦးနှောက်ကိုအအေးခံတဲ့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ပင်ပန်းတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပျင်းရိတဲ့အခါမှာပဲဖြစ်ဖြစ် ဦးနှောက်ရဲ့အပူရှိန်တွေကတက်လာတတ်ပါတယ်။ အဲ့အခါမှာ ပြန်လည်ကြည်လင်လန်းဆန်းသွားအောင် တစ်ချက်ပဲဖြစ်ဖြစ် သန်းဝေလိုက်ပါ။ ၇-၁၀ ခါလောက်အားပါပါသန်းလိုက်ပါ။
ဒါဆိုရင်တော့သင့်ဦးနှောက်ကိုနိုးကြားသွားစေမှာအသေအချာပါပဲ။
၆။တစ်ခုခုဝါးပါ။
ပူရှိန်းအရသာပြင်းရှိတဲ့တစ်ခုခုကိုဝါးနေပီးသင့်ပါးစပ်ကိုအအားမထားပါနဲ့။ ပူရှိန်းအရသာပိုပြင်းလေ ပိုကောင်းလေပါပဲ။တကယ်လို့သင်လုံးဝကိုမတင်းထားနိုင်တော့ဘူးဆိုရင်တော့ ပိုပီးပြင်းတဲ့ ပရုတ်တောင့်ကိုအသုံးပြုပါ။ ရုပ်ရှင်သရုပ်ဆောင်တွေတောင် မျက်ရည်ကျဖို့အတွက် ပရုတ်တောင့်ကိုအသုံးပြုကြပါတယ်။ ဒါပေမဲ့ သင်ဗိုက်ဆာနေပီး တစ်ခုခုသွားစာမယ်ဆိုရင်လဲ အဆိုပါအစားအစာကိုကြက်သွန်နီအစိမ်းမပါပဲ မှာပါ။ ကြက်သွန်နီမှာသဘာဝအိပ်ဆေးအစွမ်းရှိပါတယ်။ ဒါကြောင့် သင်စားပီးတာနဲ့ချက်ချင်းအိပ်ငိုက်သွားပါလိမ့်မယ်။
၇။အကြောလျှော့ပါ။
ဒိုက်ထိုးအခါ ၂၀ ပဲဖြစ်ဖြစ် ရိုးရိုးရှင်းရှင်း သင့်အကြောတွေကိုလျှော့တာကလဲ သင့်ကိုနိုးထစေဖို့နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Min Thu
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top