ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

တစ္ခါတစ္ေလ နွစ္ေယာက္လံုးအျပန္အလွန္ခ်စ္ေနရံုနဲ႔ ေရွ႔ဆက္လို႔ရမယ္လို႔ ခ်စ္သူရည္းစားတိုင္းက ထင္ထားၾကပါတယ္။ ဒါေပမဲ႔ ႏွစ္ေယာက္ခ်စ္ေနရံုနဲ႔လည္းမျပီးပါဘူး။အခ်စ္ဆိုတဲ႔အရာထက္ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈအျပန္အလွန္ရွိမွ ေအးခ်မ္းသာယာတဲ႔ Relationship ဆိုတာျဖစ္လာတာပါ။ခ်စ္ရဲ ႔သားနဲ႔လမ္းခြဲလုိက္ၾကတယ္၊ခ်စ္ေနေပမဲ႔ထားခဲ႔လုိက္ရတယ္ဆိုတာေတြလည္း ခ်စ္သူရည္းစားေတြဆီမွာရွိတတ္ပါတယ္။

အဲ႔ဒါဆိုသူတို႔ရဲ ႔ခ်စ္သူကုိိတကယ္မခ်စ္လို႔လားဆိုေတာ့လည္း သူတို႔ရဲ ႔ ခ်စ္သူမိန္းကေလးေတြကုိအရမ္းခ်စ္ပါတယ္။ဒါေပမဲ႔ သူတို႔ဘာလုို႔ ဒီလိုအျပန္အလွန္ခ်စ္ၾကတဲ႔ဆက္ဆံေရးကုိ စြန္႔ခြာခ်င္ၾကတာလဲ?ခ်စ္ရဲ႔သားနဲ႔ ဘာလုိ႔ထားခဲ႔ခ်င္ၾကတာလဲ?အေၾကာင္းရင္းက ၃ခ်က္ပဲရွိပါတယ္။ ဘာေတြလဲဆိုရင္ –

၁။စိတ္ဖိစီးမႈမ်ားျပားျပီးအဆိုးျမင္ေနတဲ႔အခ်ိန္

ခ်စ္သူမိန္းကေလးကလည္း သူတို႔ကိုခ်စ္တယ္၊ဘယ္ေနရာမဆိုတုိင္ပင္တယ္။နားလည္မႈေပးထားတယ္၊
ဒါကပဲRelationship တစ္ခုကုိေအးခ်မ္းေစတာလားမသိေပမဲ႔ ေယာက်္ားေလးေတြကဒီလုိျပီးျပည့္စံုေနတဲ႔အခ်ိန္
မွာေတာင္ စိတ္ထဲမွာဖိစီးမႈေတြရွိေနတတ္ပါတယ္။Emotional Overwhelm ဆိုတဲ႔အေျခအေနမ်ိဳးဟာ
အလုပ္မွာျဖစ္ေစ၊အိမ္မွာမိသားစုနဲ႔အဆင္မေျပတာျဖစ္ေစ စိတ္ဖိစီးမႈေတြေၾကာင့္အရာရာကုိအဆိုးျမင္ေနတဲ႔
အခ်ိန္မ်ိဳးပါ။အဲ႔ဒီလုိအခ်ိန္မွာ ဘယ္ေလာက္ပဲ အဆင္ေျပေနတဲ႔ခ်စ္သူဆက္ဆံေရးမ်ိဳးျဖစ္ေနပါေစ သူတုိ႔ရဲ႔စိတ္ခံစား
ခ်က္ကုိမထိန္းခ်ဳပ္နုိင္ပဲအရာရာကုိ အဆံုးသတ္ပစ္ခ်င္တဲ႔စိတ္ေတြျဖစ္လာတတ္ပါတယ္။ဒါက သူ႔ရဲ႔စိတ္မရင့္က်က္
ေသးတာလို႔လည္းေျပာလို႔ရပါတယ္။တကယ္လို႔မိန္းကေလးဘက္က မျပတ္ႏုိင္ဘူး၊မျပတ္ခ်င္ဘူးဆိုရင္ သူ႔အတြက္
အခ်ိန္တစ္ခုေပးျပီးစိတ္တည္ျငိမ္တဲ႔အထိအေ၀းမွာေနေပးဖုိ႔လိုပါတယ္။ေဘးကေန တတြတ္တြတ္လိုက္ေမးတာမ်ိဳး၊
အခ်ိန္တိုင္းဖုန္းဆက္ျပီးငိုယိုုျပတာမ်ိဳးက ပုိျပီးေတာ့ဆိုးလာေစပါတယ္။

၂။သူတို႔ကိုျပင္ဆင္ဖို႔ၾကိဳးစားေနတယ္လို႔ခံစားရတဲ႔အခ်ိန္

မိန္းကေလးတိုင္းက သူတို႔ခ်စ္တဲ႔သူကိုအလကားေနရင္းေျပာင္းလဲဖုိ႔ၾကိဳးစားေနတာေတာ့မဟုတ္ပါဘူး။ဒါေပမဲ႔ အတင္းၾကီး
နင္ေဆးလိပ္ေသာက္ရင္ ငါနဲ႔အျပတ္ပဲ အရက္နဲ႔ငါ ဘယ္ဟာကိုေရြးမွာလဲဆိုျပီး ခ်ဳပ္ခ်ယ္ေျပာင္းလဲဖို႔ၾကိဳးစားတာက
ၾကာလာရင္ သင့္ခ်စ္သူရဲ႔စိတ္ထဲမွာ ဒါကခ်စ္လို႔ေျပာတာမဟုတ္ပဲ သူ႔ကိုေျပာင္းလဲဖို႔ၾကိဳးစားေနတာပဲလို႔ခံစားရမွာပါ။ဒီလို
ခ်ဳပ္ခ်ယ္ျပီးေျပာင္းလဲဖို႔ၾကိဳးစားေနတာက Relationship တိုင္းမွာရွိႏုိင္သလို အဲ႔ဒီလို Relationship မ်ိဳးမွာ
ဘယ္လိုေယာက်္ားေလးကမွ နွလံုးသားကိုေရွ႔တန္းတင္ျပီး ခ်စ္သူေျပာတဲ့အတုိင္းေျပာင္းလဲပစ္လိုက္မယ္ဆိုတာ
မ်ိဳး မရွိႏုိင္ပါဘူး။ဘယ္ေလာက္ခ်စ္ခ်စ္ အဲ႔ဒီမိန္းကေလးကိုထားခဲ႔မွာပါ။

၃။လြတ္လပ္မႈေတြေပ်ာက္ဆံုးေတာ့မွာကုိေၾကာက္ေနတဲ႔အခ်ိန္

ဘယ္သူမဆုိ လြတ္လပ္မႈေတြေပ်ာက္ဆံုးေတာ့မယ္လို႔ေတြးမိလိုက္ရင္ ခ်စ္တဲ႔စိတ္ထက္ လြတ္လပ္ခ်င္တဲ႔စိတ္ကပုိမ်ားျပားျပီး ခ်စ္တဲ႔သူကုိထားခဲ႔ႏုိင္ပါတယ္။အထူးသျဖင့္ေယာက်္ားေလးေတြက သူတို႔ရဲ ႔လြတ္လပ္ခြင့္ေတြကုိတားဆီးတာမိ်ဳး၊
သူတုိ႔ရဲ ႔အခ်ိန္ေတြကုိ အကုန္ယူထားတာမ်ိဳး၊ဟုိမသြားရဒီမသြားရခ်ဳပ္ခ်ယ္ျပီး ဘယ္သြားသြားလိုက္မယ္ဆိုတဲ႔
မိန္းကေလးေတြကုိ ခ်စ္ေပမဲ႔လည္း ေနာက္ဆံုးသူ႔ရဲ ႔လြတ္လပ္မႈကိုသာေရြးခ်ယ္သြားပါလိမ့္မယ္။မိန္းကေလးေတြဘက္က
မွတ္ထားရမွာတစ္ခုက ဒီေယာက်္ားေလးက ခ်စ္သူဆိုတာမွန္ေပမဲ႔ သူတို႔ရဲ ႔ဘ၀မွာလည္းသူတို႔ကိုယ္ပုိင္ဘ၀၊ကိုယ္ပုိင္
လြတ္လပ္ခြင့္ဆိုတာရွိပါတယ္။တစ္ျခားတစ္ေယာက္ရဲ ႔ဘ၀ကို၀င္ျပီးစြတ္ဖက္လို႔မရပါဘူး။သူတို႔စိတ္ထဲမွာ
ပိတ္ေလွာင္ခံေနရတယ္ဆိုတဲ႔စိတ္မ်ိဳး၀င္လာတဲ့အခ်ိန္ ဘယ္ေလာက္ခ်စ္တဲ႔မိန္းကေလးပဲျဖစ္ျဖစ္ သူတို႔ကို
ဘယ္ေလာက္ခ်စ္ပါတယ္လို႔ေျပာေျပာ ထားပစ္ခဲ႔ပါလိမ့္မယ္။

ဒီအခ်က္ ၃ခ်က္ကိုေလ့လာၾကည့္မယ္ဆိုရင္ ေယာက်္ားေလးေတြက သူတို႔ခ်စ္တဲ႔မိန္းကေလးကုိ မထားခဲ႔ခ်င္ပဲ
သူတို႔ရဲ ႔စိတ္၊သူတို႔ရဲ ႔ပိတ္ေလွာင္ခံထားရသလိုခံစားခ်က္ေတြျဖစ္လာလို႔သာ ထားခဲ႔ၾကတာပါ။မိန္းကေလးေတြဘက္ကလည္း ကိုယ့္ခ်စ္သူကို ဘယ္ေလာက္ပဲခ်စ္ခ်စ္ သူတို႔မွာလည္းကိုယ္ပုိင္ဘ၀ရွိတယ္၊သူတုိ႔လည္းလြတ္လြတ္လပ္လပ္ေနခ်င္ၾကတဲ႔ အခ်ိန္ေတြရွိတယ္ဆိုတာနားလည္ဖုိ႔လိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်ခါတစ်လေ နှစ်ယောက်လုံးအပြန်အလှန်ချစ်နေရုံနဲ့ ရှေ့ဆက်လို့ရမယ်လို့ ချစ်သူရည်းစားတိုင်းက ထင်ထားကြပါတယ်။ ဒါပေမဲ့ နှစ်ယောက်ချစ်နေရုံနဲ့လည်းမပြီးပါဘူး။အချစ်ဆိုတဲ့အရာထက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြန်အလှန်ရှိမှ အေးချမ်းသာယာတဲ့ Relationship ဆိုတာဖြစ်လာတာပါ။ချစ်ရဲ့သားနဲ့လမ်းခွဲလိုက်ကြတယ်၊ချစ်နေပေမဲ့ထားခဲ့လိုက်ရတယ်ဆိုတာတွေလည်း ချစ်သူရည်းစားတွေဆီမှာရှိတတ်ပါတယ်။

အဲ့ဒါဆိုသူတို့ရဲ့ချစ်သူကိုတကယ်မချစ်လို့လားဆိုတော့လည်း သူတို့ရဲ့ ချစ်သူမိန်းကလေးတွေကိုအရမ်းချစ်ပါတယ်။ဒါပေမဲ့ သူတို့ဘာလို့ ဒီလိုအပြန်အလှန်ချစ်ကြတဲ့ဆက်ဆံရေးကို စွန့်ခွာချင်ကြတာလဲ?ချစ်ရဲ့သားနဲ့ ဘာလို့ထားခဲ့ချင်ကြတာလဲ?အကြောင်းရင်းက ၃ချက်ပဲရှိပါတယ်။ ဘာတွေလဲဆိုရင် –

၁။စိတ်ဖိစီးမှုများပြားပြီးအဆိုးမြင်နေတဲ့အချိန်

ချစ်သူမိန်းကလေးကလည်း သူတို့ကိုချစ်တယ်၊ဘယ်နေရာမဆိုတိုင်ပင်တယ်။နားလည်မှုပေးထားတယ်၊
ဒါကပဲRelationship တစ်ခုကိုအေးချမ်းစေတာလားမသိပေမဲ့ ယောကျ်ားလေးတွေကဒီလိုပြီးပြည့်စုံနေတဲ့အချိန်
မှာတောင် စိတ်ထဲမှာဖိစီးမှုတွေရှိနေတတ်ပါတယ်။Emotional Overwhelm ဆိုတဲ့အခြေအနေမျိုးဟာ
အလုပ်မှာဖြစ်စေ၊အိမ်မှာမိသားစုနဲ့အဆင်မပြေတာဖြစ်စေ စိတ်ဖိစီးမှုတွေကြောင့်အရာရာကိုအဆိုးမြင်နေတဲ့
အချိန်မျိုးပါ။အဲ့ဒီလိုအချိန်မှာ ဘယ်လောက်ပဲ အဆင်ပြေနေတဲ့ချစ်သူဆက်ဆံရေးမျိုးဖြစ်နေပါစေ သူတို့ရဲ့စိတ်ခံစား
ချက်ကိုမထိန်းချုပ်နိုင်ပဲအရာရာကို အဆုံးသတ်ပစ်ချင်တဲ့စိတ်တွေဖြစ်လာတတ်ပါတယ်။ဒါက သူ့ရဲ့စိတ်မရင့်ကျက်
သေးတာလို့လည်းပြောလို့ရပါတယ်။တကယ်လို့မိန်းကလေးဘက်က မပြတ်နိုင်ဘူး၊မပြတ်ချင်ဘူးဆိုရင် သူ့အတွက်
အချိန်တစ်ခုပေးပြီးစိတ်တည်ငြိမ်တဲ့အထိအဝေးမှာနေပေးဖို့လိုပါတယ်။ဘေးကနေ တတွတ်တွတ်လိုက်မေးတာမျိုး၊
အချိန်တိုင်းဖုန်းဆက်ပြီးငိုယိုပြတာမျိုးက ပိုပြီးတော့ဆိုးလာစေပါတယ်။

၂။သူတို့ကိုပြင်ဆင်ဖို့ကြိုးစားနေတယ်လို့ခံစားရတဲ့အချိန်

မိန်းကလေးတိုင်းက သူတို့ချစ်တဲ့သူကိုအလကားနေရင်းပြောင်းလဲဖို့ကြိုးစားနေတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ အတင်းကြီး
နင်ဆေးလိပ်သောက်ရင် ငါနဲ့အပြတ်ပဲ အရက်နဲ့ငါ ဘယ်ဟာကိုရွေးမှာလဲဆိုပြီး ချုပ်ချယ်ပြောင်းလဲဖို့ကြိုးစားတာက
ကြာလာရင် သင့်ချစ်သူရဲ့စိတ်ထဲမှာ ဒါကချစ်လို့ပြောတာမဟုတ်ပဲ သူ့ကိုပြောင်းလဲဖို့ကြိုးစားနေတာပဲလို့ခံစားရမှာပါ။ဒီလို
ချုပ်ချယ်ပြီးပြောင်းလဲဖို့ကြိုးစားနေတာက Relationship တိုင်းမှာရှိနိုင်သလို အဲ့ဒီလို Relationship မျိုးမှာ
ဘယ်လိုယောကျ်ားလေးကမှ နှလုံးသားကိုရှေ့တန်းတင်ပြီး ချစ်သူပြောတဲ့အတိုင်းပြောင်းလဲပစ်လိုက်မယ်ဆိုတာ
မျိုး မရှိနိုင်ပါဘူး။ဘယ်လောက်ချစ်ချစ် အဲ့ဒီမိန်းကလေးကိုထားခဲ့မှာပါ။

၃။လွတ်လပ်မှုတွေပျောက်ဆုံးတော့မှာကိုကြောက်နေတဲ့အချိန်

ဘယ်သူမဆို လွတ်လပ်မှုတွေပျောက်ဆုံးတော့မယ်လို့တွေးမိလိုက်ရင် ချစ်တဲ့စိတ်ထက် လွတ်လပ်ချင်တဲ့စိတ်ကပိုများပြားပြီး ချစ်တဲ့သူကိုထားခဲ့နိုင်ပါတယ်။အထူးသဖြင့်ယောကျ်ားလေးတွေက သူတို့ရဲ့လွတ်လပ်ခွင့်တွေကိုတားဆီးတာမျိုး၊
သူတို့ရဲ့အချိန်တွေကို အကုန်ယူထားတာမျိုး၊ဟိုမသွားရဒီမသွားရချုပ်ချယ်ပြီး ဘယ်သွားသွားလိုက်မယ်ဆိုတဲ့
မိန်းကလေးတွေကို ချစ်ပေမဲ့လည်း နောက်ဆုံးသူ့ရဲ့လွတ်လပ်မှုကိုသာရွေးချယ်သွားပါလိမ့်မယ်။မိန်းကလေးတွေဘက်က
မှတ်ထားရမှာတစ်ခုက ဒီယောကျ်ားလေးက ချစ်သူဆိုတာမှန်ပေမဲ့ သူတို့ရဲ့ဘဝမှာလည်းသူတို့ကိုယ်ပိုင်ဘဝ၊ကိုယ်ပိုင်
လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။တစ်ခြားတစ်ယောက်ရဲ့ဘဝကိုဝင်ပြီးစွတ်ဖက်လို့မရပါဘူး။သူတို့စိတ်ထဲမှာ
ပိတ်လှောင်ခံနေရတယ်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန် ဘယ်လောက်ချစ်တဲ့မိန်းကလေးပဲဖြစ်ဖြစ် သူတို့ကို
ဘယ်လောက်ချစ်ပါတယ်လို့ပြောပြော ထားပစ်ခဲ့ပါလိမ့်မယ်။

ဒီအချက် ၃ချက်ကိုလေ့လာကြည့်မယ်ဆိုရင် ယောကျ်ားလေးတွေက သူတို့ချစ်တဲ့မိန်းကလေးကို မထားခဲ့ချင်ပဲ
သူတို့ရဲ့စိတ်၊သူတို့ရဲ့ပိတ်လှောင်ခံထားရသလိုခံစားချက်တွေဖြစ်လာလို့သာ ထားခဲ့ကြတာပါ။မိန်းကလေးတွေဘက်ကလည်း ကိုယ့်ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် သူတို့မှာလည်းကိုယ်ပိုင်ဘဝရှိတယ်၊သူတို့လည်းလွတ်လွတ်လပ်လပ်နေချင်ကြတဲ့ အချိန်တွေရှိတယ်ဆိုတာနားလည်ဖို့လိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top