ေတာင္ကုိရီးယားႏုိင္ငံမွာ ေတာမီးေလာင္တာေၾကာင့္ လူတဦးေသဆုံးၿပီး ေဒသခံ ၄၀၀၀ ေက်ာ္ ေဘးလြတ္ရာ ေရႊ႕ေျပာင္းခဲ့ရတယ္လုိ႔ ႏုိင္ငံပုိင္မီဒီယာ ယြန္ဟပ္သတင္းဌာနက ဧၿပီ ၅ ရက္ေန႔မွာ ေျပာပါတယ္။

ႏုိင္ငံအေရွ႕ပုိင္းက ဂန္ဝမ္ျပည္နယ္မွာ ဧၿပီ ၄ ရက္ ညေနပုိင္းက ေတာမီး စေလာင္ခဲ့တာပါ။

အဲဒီကေနတဆင့္ ပင္လယ္ကမ္းနေဘးၿမိဳ႕ျဖစ္တဲ့ ဆုိခ်ိဳၿမိဳ႕ကုိ ဆက္ပ်ံ႔ႏွံ႔ခဲ့ၿပီး ေျမဧကေပါင္း ၉၅၀ ေလာင္ကၽြမ္းခဲ့တဲ့အျပင္ ေနအိမ္၊ သိုေလွာင္႐ုံေတြနဲ႔ တျခားအေဆာက္အဦေတြ ၃၀၀ ေလာက္ မီးေလာင္ခဲ့တယ္လုိ႔ ေတာင္ကိုရီးယား အစုိးရက ေျပာပါတယ္။

ေဒသခံ ၄၀၀၀ ေက်ာ္ဟာ အားကစား႐ုံေတြ၊ စာသင္ေက်ာင္းေတြမွာ ခုိလႈံေနၾကရၿပီး ဧၿပီ ၅ ရက္ေန႔မွာ အဲဒီေဒသက စာသင္ေက်ာင္း ၅၂ ေက်ာင္းကုိလည္း ပိတ္ထားရပါတယ္။

ေတာင္ကုိရီးယားသမၼတ မြန္းဂ်ဲအင္းက ေတာမီးၿငိႇမ္းသတ္ဖုိ႔ ရႏုိင္သမွ် အရင္းအျမစ္ေတြ အားလုံးကုိ သုံးဖုိ႔ ညႊန္ၾကားထားတယ္လုိ႔ ျပည္ထဲေရးနဲ႔ လုံၿခံဳေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ေတာမီးၿငိႇမ္းသတ္ဖုိ႔ ရဟတ္ယာဥ္ ၄၅ စီး၊ မီးသတ္ကား ၇၇ စီးနဲ႔ မီးသတ္ဝန္ထမ္း ၁၃,၀၀၀ ကို ေနရာခ်ထားတယ္လုိ႔ ယြန္ဟပ္သတင္းဌာနက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


တောင်ကိုရီးယားနိုင်ငံမှာ တောမီးလောင်တာကြောင့် လူတဦးသေဆုံးပြီး ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာ ယွန်ဟပ်သတင်းဌာနက ဧပြီ ၅ ရက်နေ့မှာ ပြောပါတယ်။

နိုင်ငံအရှေ့ပိုင်းက ဂန်ဝမ်ပြည်နယ်မှာ ဧပြီ ၄ ရက် ညနေပိုင်းက တောမီး စလောင်ခဲ့တာပါ။

အဲဒီကနေတဆင့် ပင်လယ်ကမ်းနဘေးမြို့ဖြစ်တဲ့ ဆိုချိုမြို့ကို ဆက်ပျံ့နှံ့ခဲ့ပြီး မြေဧကပေါင်း ၉၅၀ လောင်ကျွမ်းခဲ့တဲ့အပြင် နေအိမ်၊ သိုလှောင်ရုံတွေနဲ့ တခြားအဆောက်အဦတွေ ၃၀၀ လောက် မီးလောင်ခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

ဒေသခံ ၄၀၀၀ ကျော်ဟာ အားကစားရုံတွေ၊ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပြီး ဧပြီ ၅ ရက်နေ့မှာ အဲဒီဒေသက စာသင်ကျောင်း ၅၂ ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းက တောမီးငြှိမ်းသတ်ဖို့ ရနိုင်သမျှ အရင်းအမြစ်တွေ အားလုံးကို သုံးဖို့ ညွှန်ကြားထားတယ်လို့ ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက ပြောပါတယ်။

တောမီးငြှိမ်းသတ်ဖို့ ရဟတ်ယာဉ် ၄၅ စီး၊ မီးသတ်ကား ၇၇ စီးနဲ့ မီးသတ်ဝန်ထမ်း ၁၃,၀၀၀ ကို နေရာချထားတယ်လို့ ယွန်ဟပ်သတင်းဌာနက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top