ေရတြင္းအတြင္းသို႔ေဘးကင္းစြာဆင္းသက္နည္း

၂ဝ၁၆ ခုႏွစ္ ဧၿပီ ၁၆ ရက္ (သႀကၤန္အတက္ေန႔)တြင္ ေဖ့စ္ဘြတ္စာမ်က္ႏွာ၌ ကယားျပည္နယ္ လြိဳင္ေကာ္ ၿမိဳ႕ ျပည္နယ္ျပည္သူ႔ေဆး႐ံုႀကီး (ခုတင္ ၅ဝဝ) ေဆး႐ံု အုပ္ႀကီး ေဒါက္တာရန္ႏိုင္ေမာင္ (ျပည္နယ္ေဆး ကုသ ေရးဦးစီးဌာနမွဴးတြဲဖက္တာဝန္)၏ သတင္းတစ္ပုဒ္ကုိ ဖတ္လိုက္ရပါ တယ္။ ထုိသတင္းမွာ ေဖာ္ျပပါသႀကၤန္ အတက္ေန႔တြင္ ကယားျပည္နယ္ ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါသငူးရြာေဟာင္းေန ရြာသားေလးဦးေရတြင္း ဆယ္ရင္းအသက္ဆံုး႐ႈံးမႈ သတင္းပဲျဖစ္ပါတယ္။

ဤကဲ့သို႔ျဖစ္စဥ္မ်ား ေက်းလက္ေတာရြာမ်ားမွာ မၾကာ ခဏျဖစ္ေလ့ရွိပါတယ္။

မိတ္ေဆြဆရာဝန္မ်ား၏ အႀကံ ျပဳေတာင္းဆိုခ်က္မ်ားအရ အမ်ားျပည္သူသိရွိေစရန္ ဤေဆာင္းပါးကုိ ေရးျဖစ္ခဲ့ပါတယ္။

ေက်းလက္ေတာရြာမ်ားတြင္ ေသာက္သံုးေရကို ေရတြင္း၊ ေရကန္၊ ျမစ္ေခ်ာင္းမ်ားမွ အဓိကရယူပါတယ္။ ရြာမ်ားတြင္ ကိုယ္ပိုင္ေရတြင္း၊ အမ်ားပိုင္ေရတြင္း ဆိုသလို ရွိတတ္ပါတယ္။ ေရတြင္းမ်ားမွာ မ်ားေသာ အားျဖင့္ တြင္းတိမ္ (ေပ ၅ဝ ထက္နည္းေသာ ေရတြင္း) မ်ားသာျဖစ္ပါ တယ္။ ေသာက္သံုးေရ အတြက္ ေရတြင္း မွာ ေတာရြာေနျပည္သူမ်ား၏ အဆင္သင့္ရႏိုင္ေသာ အဓိက အားထားရာ ေရထြက္ပင္ရင္းတစ္ခုျဖစ္ပါတယ္။

အယ္နီညိဳရာသီဥတုေၾကာင့္ ေရရွားပါးခ်ိန္တြင္ ေရတြင္း မ်ားမွာ ပိုလုိ႔ေတာင္တန္ဖိုးရွိလာပါတယ္။ ေရတြင္းမ်ား ျပဳျပင္ထိန္းသိမ္းေရးနဲ႔ သန္႔ရွင္းေရးေဆာင္ရြက္ရာတြင္ လည္းေကာင္း၊ ေရတြင္းေဟာင္း/ပ်က္ မ်ား ျပန္လည္ ဆယ္ယူရာတြင္လည္းေကာင္း၊ ေရတြင္းထဲသို႔ အဖိုးတန္ ပစၥည္းတစ္ခုခုက်သြား၍ ျပန္လည္ဆယ္ယူရာတြင္ လည္းေကာင္း ေရတြင္း ထဲသို႔ မလြဲမေသြဆင္းသက္ ရမွာျဖစ္ပါတယ္။

ဤေနရာမွာ ေဘးကင္းစြာဆင္းသက္ ရန္ လိုပါတယ္။ အခန္႔မသင့္လွ်င္ အသက္ဆံုး႐ႈံးတတ္ ပါတယ္။ ေရတြင္းထဲသို႔ အသက္ဆံုး႐ံႈးေတာ့မယ့္သူကို ဆင္းကယ္ရင္း ကယ္သူပါ ဆက္တုိက္ဆိုသလို တစ္ဦး ၿပီးတစ္ဦး ေသဆံုးသြားတတ္ပါတယ္။

ဤေနရာတြင္ေသဆံုးရျခင္းကို အနည္းငယ္ရွင္းျပ လိုပါ တယ္။ ေရတြင္း အတြင္း၌ ေအာက္ေျခရွိေရထြက္ ရွိရာ ေရလႊာေၾကာမွေန၍ သဘာဝအေလ်ာက္ ထြက္ ေသာဓာတ္ေငြ႕မ်ားျဖစ္ သည့္ ကာဗြန္ဒိုင္ေအာက္ ဆုိက္၊ ဟုိက္ဒ႐ိုဂ်င္ဆာလဖိုက္၊ ကာဗြန္မိုေနာက္ဆိုက္၊ မီသိန္း ဓာတ္ေငြ႕မ်ားရွိေနတတ္ပါတယ္။ ကာဗြန္ဒိုင္ေအာက္ ဆိုက္နဲ႔ ဟိုက္ဒ႐ိုဂ်င္ဆာလဖိုက္ မွာ ေလထက္ေလးေသာ ေၾကာင့္ေရ တြင္းေအာက္ေျခ တြင္ရွိၿပီး ကာဗြန္မိုေနာက္ ဆိုဒ္မွာ ေလအလႊာထုတြင္ ရွိပါတယ္။ မီသိန္းဓာတ္ေငြ႕ သည္ေလထက္ေပါ့၍ အေပၚဆံုးအလႊာတြင္ ရွိပါတယ္။ ၄င္းဓာတ္ေငြ႕မ်ားကုိ႐ွဴ႐ႈိက္မိပါက ေခါင္းမူးျခင္း၊ ေအာ့ အန္ျခင္း၊ အသက္႐ွဴက်ပ္ျခင္း၊ သတိလစ္ျခင္းမ်ားျဖစ္ေပၚ ၿပီးအသက္ ဆံုး႐ႈံးတတ္ပါတယ္။ ထုိဓာတ္ေငြ႕မ်ားသည္ လူနဲ႔တိရစၧာန္တို႔အတြက္ အဆိပ္ဓာတ္ေငြ႕မ်ား ျဖစ္ပါ တယ္။

စာေရးသူသည္ အေျခခံက်န္းမာေရးတကၠသိုလ္ (မေကြး)တြင္ ပါေမာကၡခ်ဳပ္ တာဝန္ထမ္းေဆာင္လ်က္ ရွိၿပီး တကၠသိုလ္၏ သင္တန္းသားမ်ား (အလုပ္သင္ ဆရာဝန္အပါအဝင္)ကိုစာသင္ၾကားရင္း ေဖာ္ျပပါ အသက္ ဆံုး႐ႈံးမႈျဖစ္စဥ္ကိုေျပာျပလ်က္” မည္ကဲ့သို႔ ေရတြင္း အတြင္း ေဘးကင္းစြာ ဆင္းမည္နည္း”ဟု ေမးျမန္းၾကည့္ပါ တယ္။

သင္တန္းသားအမ်ားစုက ”ဆရာႀကီး ေအာက္ဆီ ဂ်င္ဘူးတပ္ၿပီးေတာ့ ဆင္းမွာေပါ့”ဟု သူတို႔နားလည္ သလိုေျဖပါသည္။ မွန္ပါ တယ္။ ေအာက္ဆီဂ်င္ဘူးတပ္ၿပီး ဆင္းလွ်င္ အဆင္ေျပပါတယ္။ သို႔ေသာ္ ေက်းလက္ ေတာရြာမ်ားတြင္ ေအာက္ဆီဂ်င္ဘူးကို အလြယ္တကူ မည္သို႔ရမည္နည္း။ စာေရးသူက ကြယ္လြန္သြားၿပီျဖစ္ ေသာ စာေရးဆရာ ေဒါက္တာတင္ေရႊ ေရးသားခဲ့သည့္ စာအုပ္တစ္အုပ္(အမည္မမွတ္မိေတာ့ပါ) မွ က်န္းမာေရး ဉာဏ္စမ္းေမးခြန္းစာပိုဒ္ေလးတစ္ပိုဒ္ကို ဖတ္႐ႈဖူးၿပီး ယင္းကိုအေျခခံကာသင္တန္းသားမ်ားကို ျပန္လည္ရွင္းျပ ပါတယ္။

သင္တန္းသားမ်ားက အေတာ့္ကို ေက်နပ္သြား ၾကပါတယ္။ ေငြကုန္ေၾကးက်မမ်ားဘဲ ေဒသႏၲရအတြင္း အလြယ္တကူရႏိုင္ေသာပစၥည္းမ်ားကို အသံုးျပဳကာ ေရတြင္း အတြင္း ေဘးကင္းစြာဆင္းသက္ႏုိင္ေသာ နည္းလမ္းကို သိသြားၾကလို႔ ျဖစ္ပါတယ္။

ေဖာ္ျပပါေရတြင္း (တြင္းတိမ္) အတြင္း ေဘးကင္းစြာ ဆင္းသက္နည္းမွာ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

(၁) သင့္ေတာ္ေသာအရြယ္ရွိ ထီးရွည္တစ္ေခ်ာင္းကို ဦးစြာယူပါ။ ထီးလက္ကိုင္တြင္ ႏုိင္လြန္ႀကိဳးက့ဲသုိ႔ ခုိင္ခံ့ ေသာႀကိဳးရွည္ တစ္ေခ်ာင္းျဖင့္ခ်ည္ေႏွာင္ပါ။ (ႀကိဳးသည္ ေရတြင္းအနက္ထက္ ပိုရွည္ရမည္)။

(၂) ထီးကိုဖြင့္လ်က္ပက္လက္အေနအထားျဖင့္ ႀကိဳးကို ကိုင္ကာေရတြင္းေအာက္ေျခေရျပင္(သို႔မဟုတ္) ေျမျပင္ အထိခ်ပါ။

(၃) ဖြင့္လ်က္ထီးကို ေရတြင္းအေပၚဆံုးအထိႀကိဳးကို ဆြဲကာ ျပန္မတင္ပါ။ ၿပီးလွ်င္ ေရတြင္းေအာက္ေျခသို႔ ျပန္ခ်ပါ။ ဤသို႔ျပန္တင္ျပန္ခ်ျခင္းကို အႀကိမ္(၂ဝမွ ၃ဝ) အထိခပ္သြက္သြက္ျပဳလုပ္ပါ။ (ေရတြင္းေအာက္ေျခမွ အဆိပ္ဓာတ္ေငြ႕မ်ား ကို ေရတြင္းျပင္ပ သို႔ေရာက္ေအာင္ ထီးျဖင့္ ဖယ္ထုတ္ၿပီး ျပင္ပ မွ ေအာက္ဆီဂ်င္ ပါေသာေလ ကို ေရတြင္းအတြင္း သို႔ ျပန္လည္ဝင္ေရာက္ေစရန္ ေဆာင္ရြက္ ျခင္းျဖစ္သည္။)

(၄) ထို႔ေနာက္ ေရတြင္းေအာက္ေျခတြင္ေအာက္ဆီ ဂ်င္ဓာတ္ အလံုအေလာက္ရွိမရွိ စမ္းသပ္ရန္လိုပါသည္။ ပထမဦးစြာ စားဆီျခင္တြယ္ ရာတြင္အသံုးျပဳေသာ ဆီမႈတ္ တစ္ခုကိုယူပါ။ လက္ကိုင္တြင္ တုတ္ တစ္ေခ်ာင္းျဖင့္ ခ်ည္ေႏွာင္ပါ။ တုတ္တြင္ ႀကိဳးရွည္တစ္ေခ်ာင္းျဖင့္ ထပ္မံ ခ်ည္ေႏွာင္ပါ။ ဆီမႈတ္အလယ္တြင္ မီးထြန္းထားေသာ ဖေယာင္းတိုင္တစ္တိုင္ကို ေသခ်ာစြာစိုက္ပါ။ ၿပီးလွ်င္ မီးထြန္းထားေသာ ဖေယာင္းတိုင္ကို ေရတြင္းေအာက္ေျခ သို႔ ျဖည္းညင္းစြာခ်ပါ။

(ဖေယာင္းတိုင္မီးမၿငိမ္းပါက ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္အလံုအေလာက္ ရွိႏိုင္သည္။ ဖေယာင္းတိုင္မီးၿငိမ္းသြားပါက ေဖာ္ျပပါ အဆင့္(၃)ဆင့္ကို ထပ္မံေဆာင္ရြက္ပါ။) (ဆီမႈတ္ မရွိပါက ေၾကးနန္းႀကိဳး တပ္ဆင္ထားေသာ ႏို႔ဆီခြက္ အစရွိသည္တို႔ကုိ သံုးႏုိင္သည္။)

(၅) ေရတြင္းေအာက္ေျခတြင္ ေအာက္ဆီဂ်င္ အလံု အေလာက္ရွိၿပီဟု ေသခ်ာပါက ေရတြင္းအတြင္းသို႔ ျဖည္းညင္းစြာဆင္း၍

ေဆာင္ရြက္စရာမ်ားကို သတိထား လ်င္ျမန္စြာေဆာင္ရြက္ ပါ။ ေဆာင္ရြက္ေနစဥ္ ေခါင္းမူး ျခင္း၊ အသက္႐ွဴက်ပ္ျခင္း စတင္ျဖစ္ေပၚပါက ေရတြင္း ေပၚသို႔ ခ်က္ခ်င္းအေၾကာင္းၾကား ၍ ျပန္တက္ပါ။ ေခတၱအနားယူ၍ အဆင့္(၃)ႏွင့္(၄) ကို ေသခ်ာေအာင္ ျပန္လုပ္ပါ။ ဆင္းမည့္သူကို လူစားလဲေဆာင္ရြက္ပါ။

(၆) ဤသို႔ ေရတြင္းဆယ္ျခင္းကို တစ္ဦးတည္းမျပဳ လုပ္ရ။ ကူညီမည့္အေဖာ္ ေလးဦး ငါးဦး ေရတြင္းေပၚ တြင္ အဆင္သင့္ရွိေန ပါေစ။ ျဖစ္ႏုိင္လွ်င္ ေရတြင္း အတြင္း ဆင္းမည့္သူ၏ ခ်ဳိင္း၊ ခါးတို႔တြင္ သင့္ေတာ္ ရာႀကိဳးႀကီးတစ္ေခ်ာင္း ခ်ည္ေႏွာင္ခ်ိတ္ဆြဲလ်က္ ဆင္းပါ။ လိုအပ္လွ်င္ ေရတြင္းေပၚမွ ကူညီမည့္သူမ်ားက အလ်င္အျမန္ ဆြဲမတင္၍ အခ်ိန္မီ အသက္ကယ္ႏုိင္ မည္။ မီးသတ္၊ ၾကက္ေျခနီအဖြဲ႕ဝင္မ်ား ပါဝင္ေဆာင္ရြက္ ပါက ပိုမုိေကာင္းမြန္ပါသည္။ ေရတြင္းအတြင္း အလင္း ေရာင္ရေစရန္ နဖူးတြင္ တပ္ဆင္၍ရေသာ ဓာတ္မီးကို အသံုးျပဳႏုိင္ ပါသည္။

ဤေဆာင္းပါးကို ဖတ္႐ႈေသာ စာဖတ္ပရိသတ္မ်ား သည္ ဤဗဟုသုတကို ျဖန္႔ေဝေပးျခင္းျဖင့္ ”လူ႔အသက္ ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္ၾကပါေစ”ဟု ဆႏၵျပဳ ေရးသားလိုက္ရပါသည္။ ။
 ဖိုးသူေတာ္(www.phothutaw.com)
Credit:ပါေမာကၡေဒါက္တာထင္ေဇာ္စိုး
Ref: MOI Webportal Myanmar
#Unicode Version#
ရေတွင်းအတွင်းသို့ဘေးကင်းစွာဆင်းသက်နည်း

၂ဝ၁၆ ခုနှစ် ဧပြီ ၁၆ ရက် (သြင်္ကန်အတက်နေ့)တွင် ဖေ့စ်ဘွတ်စာမျက်နှာ၌ ကယားပြည်နယ် လွိုင်ကော် မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ခုတင် ၅ဝဝ) ဆေးရုံ အုပ်ကြီး ဒေါက်တာရန်နိုင်မောင် (ပြည်နယ်ဆေး ကုသ ရေးဦးစီးဌာနမှူးတွဲဖက်တာဝန်)၏ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါ တယ်။ ထိုသတင်းမှာ ဖော်ပြပါသြင်္ကန် အတက်နေ့တွင် ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ဒေါသငူးရွာဟောင်းနေ ရွာသားလေးဦးရေတွင်း ဆယ်ရင်းအသက်ဆုံးရှုံးမှု သတင်းပဲဖြစ်ပါတယ်။

ဤကဲ့သို့ဖြစ်စဉ်များ ကျေးလက်တောရွာများမှာ မကြာ ခဏဖြစ်လေ့ရှိပါတယ်။

မိတ်ဆွေဆရာဝန်များ၏ အကြံ ပြုတောင်းဆိုချက်များအရ အများပြည်သူသိရှိစေရန် ဤဆောင်းပါးကို ရေးဖြစ်ခဲ့ပါတယ်။

ကျေးလက်တောရွာများတွင် သောက်သုံးရေကို ရေတွင်း၊ ရေကန်၊ မြစ်ချောင်းများမှ အဓိကရယူပါတယ်။ ရွာများတွင် ကိုယ်ပိုင်ရေတွင်း၊ အများပိုင်ရေတွင်း ဆိုသလို ရှိတတ်ပါတယ်။ ရေတွင်းများမှာ များသော အားဖြင့် တွင်းတိမ် (ပေ ၅ဝ ထက်နည်းသော ရေတွင်း) များသာဖြစ်ပါ တယ်။ သောက်သုံးရေ အတွက် ရေတွင်း မှာ တောရွာနေပြည်သူများ၏ အဆင်သင့်ရနိုင်သော အဓိက အားထားရာ ရေထွက်ပင်ရင်းတစ်ခုဖြစ်ပါတယ်။

အယ်နီညိုရာသီဥတုကြောင့် ရေရှားပါးချိန်တွင် ရေတွင်း များမှာ ပိုလို့တောင်တန်ဖိုးရှိလာပါတယ်။ ရေတွင်းများ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် လည်းကောင်း၊ ရေတွင်းဟောင်း/ပျက် များ ပြန်လည် ဆယ်ယူရာတွင်လည်းကောင်း၊ ရေတွင်းထဲသို့ အဖိုးတန် ပစ္စည်းတစ်ခုခုကျသွား၍ ပြန်လည်ဆယ်ယူရာတွင် လည်းကောင်း ရေတွင်း ထဲသို့ မလွဲမသွေဆင်းသက် ရမှာဖြစ်ပါတယ်။

ဤနေရာမှာ ဘေးကင်းစွာဆင်းသက် ရန် လိုပါတယ်။ အခန့်မသင့်လျှင် အသက်ဆုံးရှုံးတတ် ပါတယ်။ ရေတွင်းထဲသို့ အသက်ဆုံးရှုံးတော့မယ့်သူကို ဆင်းကယ်ရင်း ကယ်သူပါ ဆက်တိုက်ဆိုသလို တစ်ဦး ပြီးတစ်ဦး သေဆုံးသွားတတ်ပါတယ်။

ဤနေရာတွင်သေဆုံးရခြင်းကို အနည်းငယ်ရှင်းပြ လိုပါ တယ်။ ရေတွင်း အတွင်း၌ အောက်ခြေရှိရေထွက် ရှိရာ ရေလွှာကြောမှနေ၍ သဘာဝအလျောက် ထွက် သောဓာတ်ငွေ့များဖြစ် သည့် ကာဗွန်ဒိုင်အောက် ဆိုက်၊ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ မီသိန်း ဓာတ်ငွေ့များရှိနေတတ်ပါတယ်။ ကာဗွန်ဒိုင်အောက် ဆိုက်နဲ့ ဟိုက်ဒရိုဂျင်ဆာလဖိုက် မှာ လေထက်လေးသော ကြောင့်ရေ တွင်းအောက်ခြေ တွင်ရှိပြီး ကာဗွန်မိုနောက် ဆိုဒ်မှာ လေအလွှာထုတွင် ရှိပါတယ်။ မီသိန်းဓာတ်ငွေ့ သည်လေထက်ပေါ့၍ အပေါ်ဆုံးအလွှာတွင် ရှိပါတယ်။ ၎င်းဓာတ်ငွေ့များကိုရှူရှိုက်မိပါက ခေါင်းမူးခြင်း၊ အော့ အန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ သတိလစ်ခြင်းများဖြစ်ပေါ် ပြီးအသက် ဆုံးရှုံးတတ်ပါတယ်။ ထိုဓာတ်ငွေ့များသည် လူနဲ့တိရစ္ဆာန်တို့အတွက် အဆိပ်ဓာတ်ငွေ့များ ဖြစ်ပါ တယ်။

စာရေးသူသည် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး)တွင် ပါမောက္ခချုပ် တာဝန်ထမ်းဆောင်လျက် ရှိပြီး တက္ကသိုလ်၏ သင်တန်းသားများ (အလုပ်သင် ဆရာဝန်အပါအဝင်)ကိုစာသင်ကြားရင်း ဖော်ပြပါ အသက် ဆုံးရှုံးမှုဖြစ်စဉ်ကိုပြောပြလျက်” မည်ကဲ့သို့ ရေတွင်း အတွင်း ဘေးကင်းစွာ ဆင်းမည်နည်း”ဟု မေးမြန်းကြည့်ပါ တယ်။

သင်တန်းသားအများစုက ”ဆရာကြီး အောက်ဆီ ဂျင်ဘူးတပ်ပြီးတော့ ဆင်းမှာပေါ့”ဟု သူတို့နားလည် သလိုဖြေပါသည်။ မှန်ပါ တယ်။ အောက်ဆီဂျင်ဘူးတပ်ပြီး ဆင်းလျှင် အဆင်ပြေပါတယ်။ သို့သော် ကျေးလက် တောရွာများတွင် အောက်ဆီဂျင်ဘူးကို အလွယ်တကူ မည်သို့ရမည်နည်း။ စာရေးသူက ကွယ်လွန်သွားပြီဖြစ် သော စာရေးဆရာ ဒေါက်တာတင်ရွှေ ရေးသားခဲ့သည့် စာအုပ်တစ်အုပ်(အမည်မမှတ်မိတော့ပါ) မှ ကျန်းမာရေး ဉာဏ်စမ်းမေးခွန်းစာပိုဒ်လေးတစ်ပိုဒ်ကို ဖတ်ရှုဖူးပြီး ယင်းကိုအခြေခံကာသင်တန်းသားများကို ပြန်လည်ရှင်းပြ ပါတယ်။

သင်တန်းသားများက အတော့်ကို ကျေနပ်သွား ကြပါတယ်။ ငွေကုန်ကြေးကျမများဘဲ ဒေသန္တရအတွင်း အလွယ်တကူရနိုင်သောပစ္စည်းများကို အသုံးပြုကာ ရေတွင်း အတွင်း ဘေးကင်းစွာဆင်းသက်နိုင်သော နည်းလမ်းကို သိသွားကြလို့ ဖြစ်ပါတယ်။

ဖော်ပြပါရေတွင်း (တွင်းတိမ်) အတွင်း ဘေးကင်းစွာ ဆင်းသက်နည်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) သင့်တော်သောအရွယ်ရှိ ထီးရှည်တစ်ချောင်းကို ဦးစွာယူပါ။ ထီးလက်ကိုင်တွင် နိုင်လွန်ကြိုးကဲ့သို့ ခိုင်ခံ့ သောကြိုးရှည် တစ်ချောင်းဖြင့်ချည်နှောင်ပါ။ (ကြိုးသည် ရေတွင်းအနက်ထက် ပိုရှည်ရမည်)။

(၂) ထီးကိုဖွင့်လျက်ပက်လက်အနေအထားဖြင့် ကြိုးကို ကိုင်ကာရေတွင်းအောက်ခြေရေပြင်(သို့မဟုတ်) မြေပြင် အထိချပါ။

(၃) ဖွင့်လျက်ထီးကို ရေတွင်းအပေါ်ဆုံးအထိကြိုးကို ဆွဲကာ ပြန်မတင်ပါ။ ပြီးလျှင် ရေတွင်းအောက်ခြေသို့ ပြန်ချပါ။ ဤသို့ပြန်တင်ပြန်ချခြင်းကို အကြိမ်(၂ဝမှ ၃ဝ) အထိခပ်သွက်သွက်ပြုလုပ်ပါ။ (ရေတွင်းအောက်ခြေမှ အဆိပ်ဓာတ်ငွေ့များ ကို ရေတွင်းပြင်ပ သို့ရောက်အောင် ထီးဖြင့် ဖယ်ထုတ်ပြီး ပြင်ပ မှ အောက်ဆီဂျင် ပါသောလေ ကို ရေတွင်းအတွင်း သို့ ပြန်လည်ဝင်ရောက်စေရန် ဆောင်ရွက် ခြင်းဖြစ်သည်။)

(၄) ထို့နောက် ရေတွင်းအောက်ခြေတွင်အောက်ဆီ ဂျင်ဓာတ် အလုံအလောက်ရှိမရှိ စမ်းသပ်ရန်လိုပါသည်။ ပထမဦးစွာ စားဆီခြင်တွယ် ရာတွင်အသုံးပြုသော ဆီမှုတ် တစ်ခုကိုယူပါ။ လက်ကိုင်တွင် တုတ် တစ်ချောင်းဖြင့် ချည်နှောင်ပါ။ တုတ်တွင် ကြိုးရှည်တစ်ချောင်းဖြင့် ထပ်မံ ချည်နှောင်ပါ။ ဆီမှုတ်အလယ်တွင် မီးထွန်းထားသော ဖယောင်းတိုင်တစ်တိုင်ကို သေချာစွာစိုက်ပါ။ ပြီးလျှင် မီးထွန်းထားသော ဖယောင်းတိုင်ကို ရေတွင်းအောက်ခြေ သို့ ဖြည်းညင်းစွာချပါ။

(ဖယောင်းတိုင်မီးမငြိမ်းပါက ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင်အလုံအလောက် ရှိနိုင်သည်။ ဖယောင်းတိုင်မီးငြိမ်းသွားပါက ဖော်ပြပါ အဆင့်(၃)ဆင့်ကို ထပ်မံဆောင်ရွက်ပါ။) (ဆီမှုတ် မရှိပါက ကြေးနန်းကြိုး တပ်ဆင်ထားသော နို့ဆီခွက် အစရှိသည်တို့ကို သုံးနိုင်သည်။)

(၅) ရေတွင်းအောက်ခြေတွင် အောက်ဆီဂျင် အလုံ အလောက်ရှိပြီဟု သေချာပါက ရေတွင်းအတွင်းသို့ ဖြည်းညင်းစွာဆင်း၍

ဆောင်ရွက်စရာများကို သတိထား လျင်မြန်စွာဆောင်ရွက် ပါ။ ဆောင်ရွက်နေစဉ် ခေါင်းမူး ခြင်း၊ အသက်ရှူကျပ်ခြင်း စတင်ဖြစ်ပေါ်ပါက ရေတွင်း ပေါ်သို့ ချက်ချင်းအကြောင်းကြား ၍ ပြန်တက်ပါ။ ခေတ္တအနားယူ၍ အဆင့်(၃)နှင့်(၄) ကို သေချာအောင် ပြန်လုပ်ပါ။ ဆင်းမည့်သူကို လူစားလဲဆောင်ရွက်ပါ။

(၆) ဤသို့ ရေတွင်းဆယ်ခြင်းကို တစ်ဦးတည်းမပြု လုပ်ရ။ ကူညီမည့်အဖော် လေးဦး ငါးဦး ရေတွင်းပေါ် တွင် အဆင်သင့်ရှိနေ ပါစေ။ ဖြစ်နိုင်လျှင် ရေတွင်း အတွင်း ဆင်းမည့်သူ၏ ချိုင်း၊ ခါးတို့တွင် သင့်တော် ရာကြိုးကြီးတစ်ချောင်း ချည်နှောင်ချိတ်ဆွဲလျက် ဆင်းပါ။ လိုအပ်လျှင် ရေတွင်းပေါ်မှ ကူညီမည့်သူများက အလျင်အမြန် ဆွဲမတင်၍ အချိန်မီ အသက်ကယ်နိုင် မည်။ မီးသတ်၊ ကြက်ခြေနီအဖွဲ့ဝင်များ ပါဝင်ဆောင်ရွက် ပါက ပိုမိုကောင်းမွန်ပါသည်။ ရေတွင်းအတွင်း အလင်း ရောင်ရစေရန် နဖူးတွင် တပ်ဆင်၍ရသော ဓာတ်မီးကို အသုံးပြုနိုင် ပါသည်။

ဤဆောင်းပါးကို ဖတ်ရှုသော စာဖတ်ပရိသတ်များ သည် ဤဗဟုသုတကို ဖြန့်ဝေပေးခြင်းဖြင့် ”လူ့အသက် ပေါင်းများစွာကို ကယ်တင်နိုင်ကြပါစေ”ဟု ဆန္ဒပြု ရေးသားလိုက်ရပါသည်။ ။

 ဖိုးသူတော်(www.phothutaw.com)
Credit:ပါမောက္ခဒေါက်တာထင်ဇော်စိုး

Ref: MOI Webportal Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top