ပဲခူးတိုင္းေဒသႀကီး၊ ေဇယ်ဝတီၿမိဳ႕နယ္မွာ ခရီးသည္တင္ယာဥ္တစီးက ရပ္ထားတဲ့ ၁၈ ဘီးကားကို ၀င္တိုက္ခဲ့လို႔ လူ ၁ ဦးေသဆံုးၿပီး  ၉ ဦးဒဏ္ရာရရွိသြားတယ္လို႔ ေဇယ်ဝတီနယ္ေျမ ရဲတပ္ဖြဲ႔စခန္းက သိရပါတယ္။

ေဇယ်ဝတီၿမိဳ႕ ရန္ကုန္-မႏၲေလးကားလမ္းေဟာင္း မိုင္တိုင္အမွတ္ ၁၄၅/၂ နဲ႔ ၁၄၅/၃ မွာ ရပ္တန္႔ထားတဲ့ ၁၈ ဘီး ေနာက္တြဲယာဥ္ကို TOYOTA HIACE အမ်ိဳးအစား “ေရႊနန္းေတာ္” ခရီးသည္တင္ယာဥ္က ေနာက္ကေန ဝင္တိုက္ခဲ့ရာမွာ ယာဥ္ေမာင္းေနရာမွာပင္ ေသဆံုးၿပီး  ခရီးသည္ ၉ ဦးဒဏ္ရာရရွိခဲ့တာ ျဖစ္ပါတယ္။



ေဇယ်ဝတီနယ္ေျမရဲတပ္ဖြဲ႔စခန္းမွ တာဝန္ရွိသူက “အခုျဖစ္ပြားတဲ့အခ်ိန္ရယ္ ေနရာရယ္ ဟာ ယာဥ္ရွင္းတဲ့အခ်ိန္မွာ ျဖစ္တာ။ အဓိက ေျပာခ်င္တာကေတာ့ ယာဥ္ေမာင္းေတြအေနနဲ႔ အေလာသံုးဆယ္ မေမာင္းဖို႔ပါပဲ။ အခုဆိုလည္း အိပ္ငိုက္တဲ့အတြက္ေၾကာင့္ ျဖစ္တာဆိုေတာ့ မျဖစ္သင့္ပဲျဖစ္တယ္လိုပဲ ေျပာရမွာေပါ့”လို႔ ေျပာပါတယ္။



ယာဥ္တိုက္မႈေၾကာင့္ ေရႊနန္းေတာ္ ခရီးသည္တင္ယာဥ္ရဲ႕ ယာဥ္ေမာင္း ကိုဟိန္းဟာ အခင္းျဖစ္ေနရာမွာ ပင္ေသဆံုးခဲ့ၿပီး ယာဥ္ေပၚမွာလိုက္ပါလာတဲ့ ခရီးသည္ေတြအနက္ အမ်ိဳးသား ၈ ဦး အမ်ိဳးသမီး ၁ ဦး စုစုေပါင္း ၉ တို႔မွာ ဒဏ္ရာရရွိခဲ့တဲ့အတြက္ ျဖဴးျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ကုသထားရပါတယ္။

ယာဥ္တိုက္မႈနဲ႔ ပတ္သက္ၿပီး TOYOTA HIACE ယာဥ္ေမာင္းကို ရာဇသတ္ႀကီး ပုဒ္မ ၃၃၇/၃၃၈/၃၀၄-ကတို႔နဲ႔ ေဇယ်ဝတီနယ္ေျမရဲတပ္ဖြဲ႔စခန္းမွာ အမႈဖြင့္အေရးယူ ေဆာင္ရြက္ ေနပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့နယ်မှာ ခရီးသည်တင်ယာဉ်တစီးက ရပ်ထားတဲ့ ၁၈ ဘီးကားကို ဝင်တိုက်ခဲ့လို့ လူ ၁ ဦးသေဆုံးပြီး  ၉ ဦးဒဏ်ရာရရှိသွားတယ်လို့ ဇေယျဝတီနယ်မြေ ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

ဇေယျဝတီမြို့ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၄၅/၂ နဲ့ ၁၄၅/၃ မှာ ရပ်တန့်ထားတဲ့ ၁၈ ဘီး နောက်တွဲယာဉ်ကို TOYOTA HIACE အမျိုးအစား “ရွှေနန်းတော်” ခရီးသည်တင်ယာဉ်က နောက်ကနေ ဝင်တိုက်ခဲ့ရာမှာ ယာဉ်မောင်းနေရာမှာပင် သေဆုံးပြီး  ခရီးသည် ၉ ဦးဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဇေယျဝတီနယ်မြေရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူက “အခုဖြစ်ပွားတဲ့အချိန်ရယ် နေရာရယ် ဟာ ယာဉ်ရှင်းတဲ့အချိန်မှာ ဖြစ်တာ။ အဓိက ပြောချင်တာကတော့ ယာဉ်မောင်းတွေအနေနဲ့ အလောသုံးဆယ် မမောင်းဖို့ပါပဲ။ အခုဆိုလည်း အိပ်ငိုက်တဲ့အတွက်ကြောင့် ဖြစ်တာဆိုတော့ မဖြစ်သင့်ပဲဖြစ်တယ်လိုပဲ ပြောရမှာပေါ့”လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ရွှေနန်းတော် ခရီးသည်တင်ယာဉ်ရဲ့ ယာဉ်မောင်း ကိုဟိန်းဟာ အခင်းဖြစ်နေရာမှာ ပင်သေဆုံးခဲ့ပြီး ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်တွေအနက် အမျိုးသား ၈ ဦး အမျိုးသမီး ၁ ဦး စုစုပေါင်း ၉ တို့မှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် ဖြူးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။

ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး TOYOTA HIACE ယာဉ်မောင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကတို့နဲ့ ဇေယျဝတီနယ်မြေရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက် နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top