ျမန္မာ့ဂုဏ္ေဆာင္ အလွမယ္တဦးအျဖစ္ရပ္တည္ေနတဲ့ အလွမယ္ေရႊအိမ္စည္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကမယ္ ထင္ပါတယ္။ ဆြဲေဆာင္မႈရွိလြန္းနဲ႔ မ်က္ႏွာေပါက္နဲ႔ ခႏၶာကိုယ္ေၾကာင့္ ပုရိသေတြရဲ့ ဝန္းရံျခင္းခံျပီး အမ်ိဳးသမီးပရိသတ္လည္း မ်ားျပားလြန္းတဲ့ အလွမယ္တေယာက္လည္း ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ပရိသတ္ေတြ မ်ားျပားလာတာေၾကာင့္ လက္ရွိမွာေတာ့ အႏုပညာေလာကထဲဝင္ေရာက္လာျပီး ေၾကာ္ျငာေတြ MTV ေတြ အျပင္ ရုပ္ရွင္ကားေတြပါ စျပီးေတာ့ ရိုက္လာျပီ ျဖစ္ပါတယ္။



ယခုမွာလည္း အလွမယ္ေရႊအိမ္စည္ကေတာ့ စြဲ ဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးမွာ သရဲကာရိုက္တာေနရာကေန ပါဝင္ရမွာ ျဖစ္တာေၾကာင့္ သူ႔အေနနဲ႔ သရဲလိုျပင္ဆင္ထားတာေတြကို အလင္းတန္း မီဒီယာကေတာ့ သြားေရာက္ေမးျမန္းထားတာ ျဖစ္ပါတယ္။



ေရႊအိမ္စည္ကေတာ့ “သရဲမျဖစ္ရမွာဆိုေတာ့ ဒီလိုမိတ္ကပ္နဲ႔ အဆင္ေျပပါတယ္။ ျပီးေတာ့ မ်က္ကပ္မွန္ကိုၾကိဳက္တယ္။ မ်က္ကပ္မွန္က ပံုမွန္တပ္ေနက်မဟုတ္တဲ့အတြက္ တပ္လိုက္တဲ့အခါမွာ ရုပ္ကေတာ္ေတာ္ကို ေျပာင္းသြားတယ္။ အားလံုးက  အိမ္စည္ကို လွလွပပေလးေတြ ေတြ႔ေနရတာမ်ားတယ္ေလ။

အျမဲတမ္းကိုယ္က ရုပ္ရွင္ရိုက္ေနျပီဆိုရင္ လွေနဖို႔က ပိုျပီးေတာ့ အေရးၾကီးတယ္ေလ။ ဒီကားထဲမွာေတာ့ လံုးဝကို ကြဲျပားသြားပါျပီ။ အိမ္စည့္ ရုပ္က လံုးဝကို ေျပာင္းသြားျပီ။ ဇာတ္ကားထဲမွာက လူ႔ဘဝေတြေရာ သရဲဘဝေတြကို ေရာေတြ႔ရမွာဆိုေတာ့ အေျပာင္းလဲေလးေတြ ေတြ႔ရမွာပါ။ စိတ္ဝင္စားဖို႔လညး္ေကာင္းမွာပါ” ဟု ေျပာၾကားသြားခဲ့ပါတယ္။



ေရႊအိမ္စည္ကေတာ့ သူ႔အေနနဲ႔ International အလွမယ္တေယာက္ျဖစ္တာနဲ႔ အညီ သူလက္ခံရိုက္ကူးတဲ့ ဇာတ္ကားေတြကလည္း ပရိသတ္ေတြအၾကိဳက္ေတြ႔လက္ခံေလာက္မယ့္ ဇာတ္ကားေတြကိုသာ ေရြးခ်ယ္ရိုက္ကူးထားတာ ျဖစ္ပါတယ္။ ေရႊအိမ္စည္ယခု စြဲ ဆိုတဲ့ ရုပ္ရွင္ကားထဲမွာလည္း ဘယ္သူနဲ႔မွ မတူတဲ့ ကာရိုက္တာနဲ႔ ပရိသတ္ေတြ အၾကိဳက္ေတြ႔ေလာက္မယ့္ ဇာတ္ကားလည္း ျဖစ္လာမွာပါ။



ပရိသတ္ၾကီးအတြက္လည္း ေရႊအိမ္စည္ရဲ့ သရဲလိုမိတ္ကပ္ လိမ္းျခယ္ထားတဲ့ အလင္းတန္းမီဒီယာမွရိုက္ကူးထားတဲ့ ဗီဒီယို ကို ေဖာ္ျပေပးလိုက္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi
# Unicode Version # ျဖင့္ ဖတ္ပါ #

မြန်မာ့ဂုဏ်ဆောင် အလှမယ်တဦးအဖြစ်ရပ်တည်နေတဲ့ အလှမယ်ရွှေအိမ်စည်ကိုတော့ တော်တော်များများသိကြမယ် ထင်ပါတယ်။ ဆွဲဆောင်မှုရှိလွန်းနဲ့ မျက်နှာပေါက်နဲ့ ခန္ဓာကိုယ်ကြောင့် ပုရိသတွေရဲ့ ဝန်းရံခြင်းခံပြီး အမျိုးသမီးပရိသတ်လည်း များပြားလွန်းတဲ့ အလှမယ်တယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိသတ်တွေ များပြားလာတာကြောင့် လက်ရှိမှာတော့ အနုပညာလောကထဲဝင်ရောက်လာပြီး ကြော်ငြာတွေ MTV တွေ အပြင် ရုပ်ရှင်ကားတွေပါ စပြီးတော့ ရိုက်လာပြီ ဖြစ်ပါတယ်။

ယခုမှာလည်း အလှမယ်ရွှေအိမ်စည်ကတော့ စွဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ သရဲကာရိုက်တာနေရာကနေ ပါဝင်ရမှာ ဖြစ်တာကြောင့် သူ့အနေနဲ့ သရဲလိုပြင်ဆင်ထားတာတွေကို အလင်းတန်း မီဒီယာကတော့ သွားရောက်မေးမြန်းထားတာ ဖြစ်ပါတယ်။

ရွှေအိမ်စည်ကတော့ “သရဲမဖြစ်ရမှာဆိုတော့ ဒီလိုမိတ်ကပ်နဲ့ အဆင်ပြေပါတယ်။ ပြီးတော့ မျက်ကပ်မှန်ကိုကြိုက်တယ်။ မျက်ကပ်မှန်က ပုံမှန်တပ်နေကျမဟုတ်တဲ့အတွက် တပ်လိုက်တဲ့အခါမှာ ရုပ်ကတော်တော်ကို ပြောင်းသွားတယ်။ အားလုံးက  အိမ်စည်ကို လှလှပပလေးတွေ တွေ့နေရတာများတယ်လေ။

အမြဲတမ်းကိုယ်က ရုပ်ရှင်ရိုက်နေပြီဆိုရင် လှနေဖို့က ပိုပြီးတော့ အရေးကြီးတယ်လေ။ ဒီကားထဲမှာတော့ လုံးဝကို ကွဲပြားသွားပါပြီ။ အိမ်စည့် ရုပ်က လုံးဝကို ပြောင်းသွားပြီ။ ဇာတ်ကားထဲမှာက လူ့ဘဝတွေရော သရဲဘဝတွေကို ရောတွေ့ရမှာဆိုတော့ အပြောင်းလဲလေးတွေ တွေ့ရမှာပါ။ စိတ်ဝင်စားဖို့လည်းကောင်းမှာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။

ရွှေအိမ်စည်ကတော့ သူ့အနေနဲ့ International အလှမယ်တယောက်ဖြစ်တာနဲ့ အညီ သူလက်ခံရိုက်ကူးတဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့လက်ခံလောက်မယ့် ဇာတ်ကားတွေကိုသာ ရွေးချယ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ရွှေအိမ်စည်ယခု စွဲ ဆိုတဲ့ ရုပ်ရှင်ကားထဲမှာလည်း ဘယ်သူနဲ့မှ မတူတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ အကြိုက်တွေ့လောက်မယ့် ဇာတ်ကားလည်း ဖြစ်လာမှာပါ။

ပရိသတ်ကြီးအတွက်လည်း ရွှေအိမ်စည်ရဲ့ သရဲလိုမိတ်ကပ် လိမ်းခြယ်ထားတဲ့ အလင်းတန်းမီဒီယာမှရိုက်ကူးထားတဲ့ ဗီဒီယို ကို ဖော်ပြပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top