” ေက်ာင္းမီးေလာင္ေတာ့ ေပပင္ေပၚၾကြသြားတဲ႔ ႐ုပ္္ပြားေတာ္ “

စလင္းၿမိဳ႕ လက္ပံပင္ေက်ာင္းတိုက္မွာ

ကိန္းဝပ္စံပါယ္ေတာ္မူတဲ႔ ရတနာမဥၥဴရုပ္ပြားေတာ္ျမတ္ဟာ

အေလာင္းစည္သူမင္း လက္ထက္ကတည္းကထုလုုပ္ပူေဇာ္ ထားခဲ႔တယ္္လို႔ ဘုရားသမိုင္းမွာ ေဖာ္ျပထားပါတယ္။

သရကၡန္သားနဲ႔ ထုလုပ္ပူေဇာ္ထားတဲ႔ဘုရားငါးဆူအနက္တဆူျဖစ္တယ္လို႔ိလဲ ဆိုပါတယ္။

အမ်ားသိၾကတဲ႔ အညာသီဟေတာဘုရားနဲ႔ဲညီအစ္ကိုဆင္းတုေတာ္ေတြပါ။

တခါက ရုပ္ပြားေတာ္ျမတ္ ကိန္းဝပ္စမၸါယ္ေတာ္မူရာ အေဆာင္ကို(သူတို႔ကေတာ့ စာတိုက္လို႔ ေခၚပါတယ္) မီးေလာင္သြားေတာ့ေက်ာင္းထိုင္ဆရာေတာ္ အပါအဝင္ တၿမိဳ႕လံုးယူႀကံဳးမရျဖစ္ၾကရပါသတဲ႔။

ဒါေပမယ့္ မီးေလာင္ၿပီး ေနာက္ပိုင္းရက္ေတြမွာ မာလာရွင္ေက်ာ္ ေပပင္ေပၚမွ အျမန္ခ်ေလာ့’ ဆိုၿပီးေက်ာင္းထိုင္ဆရာေတာ္ကို အိပ္မက္ေပးပါသတဲ႔။

ခဏခဏမက္ပါမ်ားလာတဲ႔အခါ ဆရာေတာ္လဲ ေက်ာင္းသားေတြကို ေပပင္ေပၚတက္ၾကည့္ခိုင္းလိုက္ေတာ့အားလုံးက မီးေလာင္သြားၿပီလိုိ႔ ထင္ေနၾကတဲ႔ ရတနာမဥၥဴ ရုပ္ပြားေတာ္ျမတ္ကို ေပပင္ေပၚမွာ စံပါယ္ေနတာ တအ့ံတၾသေတြ႔ၾကရပါသတဲ႔။

ဒီေတာ့မွ ေက်ာင္းေဆာင္မီးေလာင္ေတာ့

ေပပင္ေပၚၾကြသြားတဲ႔ ဘုရားဆိုၿပီး တန္ခိုးႀကီးမွန္းသိကာ ၾကည္ညိဳ ပူေဇာ္သူပိုမိုမ်ားျပားလာခဲ႔တယ္္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Zaw Myo
#Unicode Version#
” ကျောင်းမီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ ရုပ်ပွားတော် “

စလင်းမြို့ လက်ပံပင်ကျောင်းတိုက်မှာ

ကိန်းဝပ်စံပါယ်တော်မူတဲ့ ရတနာမဉ္စူရုပ်ပွားတော်မြတ်ဟာ

အလောင်းစည်သူမင်း လက်ထက်ကတည်းကထုလုပ်ပူဇော် ထားခဲ့တယ်လို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။

သရက္ခန်သားနဲ့ ထုလုပ်ပူဇော်ထားတဲ့ဘုရားငါးဆူအနက်တဆူဖြစ်တယ်လို့ိလဲ ဆိုပါတယ်။

အများသိကြတဲ့ အညာသီဟတောဘုရားနဲ့ဲညီအစ်ကိုဆင်းတုတော်တွေပါ။

တခါက ရုပ်ပွားတော်မြတ် ကိန်းဝပ်စမ္ပါယ်တော်မူရာ အဆောင်ကို(သူတို့ကတော့ စာတိုက်လို့ ခေါ်ပါတယ်) မီးလောင်သွားတော့ကျောင်းထိုင်ဆရာတော် အပါအဝင် တမြို့လုံးယူကြုံးမရဖြစ်ကြရပါသတဲ့။

ဒါပေမယ့် မီးလောင်ပြီး နောက်ပိုင်းရက်တွေမှာ မာလာရှင်ကျော် ပေပင်ပေါ်မှ အမြန်ချလော့’ ဆိုပြီးကျောင်းထိုင်ဆရာတော်ကို အိပ်မက်ပေးပါသတဲ့။

ခဏခဏမက်ပါများလာတဲ့အခါ ဆရာတော်လဲ ကျောင်းသားတွေကို ပေပင်ပေါ်တက်ကြည့်ခိုင်းလိုက်တော့အားလုံးက မီးလောင်သွားပြီလို့ ထင်နေကြတဲ့ ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ကို ပေပင်ပေါ်မှာ စံပါယ်နေတာ တအံ့တသြတွေ့ကြရပါသတဲ့။

ဒီတော့မှ ကျောင်းဆောင်မီးလောင်တော့

ပေပင်ပေါ်ကြွသွားတဲ့ ဘုရားဆိုပြီး တန်ခိုးကြီးမှန်းသိကာ ကြည်ညို ပူဇော်သူပိုမိုများပြားလာခဲ့တယ်လို့ ဆိုပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: Zaw Myo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top