Credit:thithtoolwin
# Unicode Version # ဖြင့် ဖတ်ပါ #
- ပျားရည်ကို ဗီတာမင် E gel နှင့် သမအောင်ရောပြီး သန့်ရှင်းခြောက်သွေ့သော မျက်နှာအရေပြား၊ မျက် ဝန်းတဝိုက်ကိုလိမ်းပြီး (၁၀) မိနစ် ခန့်ထား၍ ကြက်သီး နွေးရေနွေးဖြင့် ဆေးပါ။
- ပျားရည်ကို ယင်းနှင့်ဆတူရှိသော ကြက်ဥ အကာနှင့်ရောပြီး သံပုယိုရည်ရောထည့်ပြီး မျက်လုံး အောက် ဧရိယာကိုလိမ်းပါ။
- ခြောက်အောင်ထားပါ။ ဤသို့ အားဖြင့် မျက်ဝန်းတဝိုက် အရေပြားတဝိုက်တွင် ရှိသော အရေးအကြောင်းများကို လျော့ပါးစေသည့်အပြင် မျက်လုံးတဝိုက် အသားအရေကို တင်းရင်းစေသည်။
- ပျားရည် စားပွဲဇွန်း(၁) ဇွန်းစာကို နုပ်နုပ်စဉ်းထားသော ဂျင်းနှင့်ရောပြီး နံနက်တိုင်းသောက်ပေးပါ။
- ပျားရည်စားပွဲဇွန်း (၂) ဇွန်း၊ Vodka နှင့် စမုန်နက်စေ့ကို ခွက်(၁) ခွက်ထဲတွင်ရောထည့်ပြီး (၃) ရက်ခန့် ထားပါ။ ထို့နောက် စစ်ယူပြီး Facial toner အဖြစ် အသုံးပြုနိုင်သည်။
- ပျားရည်နှင့် သံလွင်ဆီကိုရောပြီး ရလာသော ခရင်အနှစ်ကို အသားအရေပေါ်တွင် လိမ်းပြီး (၁၅-၂၀) မိနစ်ခန့်ထားပြီးမှ ရေရိုးရိုးနှင့်ဆေးရမှာ ဖြစ်ပါသည်။ ရောရာ၌ ပျားရည်နှင့် သံလွင်ဆီကို ဆတူရောပြီး သမအောင် ကောင်းစွာရောရမှာ ဖြစ်ပါသည်။
- အရေးအကြောင်း၊ ပါးရေတွန့်ခြင်း၊ မျက်လုံးဘေး ကျေးခြေရာကဲ့သို့ အရေတွန့်ခြင်းများ လျော့ပါးစေရန် ပျားရည်စားပွဲဇွန်း (၁) ဇွန်းကို နို့မှုန့် စားပွဲဇွန်း(၂) ဇွန်းစာ ရေအနည်း ငယ်နှင့် ခွက်တစ်ခုထဲတွင် ရောပြီး ရရှိသော အနှစ်ကို အရေပြားပေါ်တွင် လိမ်းပြီး (၁၀) မိနစ်ထား၍ ရေဆေး ရန် ဖြစ်သည်။
- ဆန်မှုန့် စားပွဲဇွန်း (၁) ဇွန်း၊ ပျားရည်စားပွဲဇွန်း (၁) ဇွန်းကိုရောပြီး မျက်နှာပေါ်တွင် လိမ်း၍(သို့) မျက်ဝန်း တဝိုက်ကို လိမ်း၍ မိနစ် (၃၀) ခန့်ထားပါ။ အချိန်တို အတွင်း မျက်လုံးဝန်းကျင်မှာ အရေးအကြောင်းများ ပျောက်ကွယ်သွားပါလိမ့်မည်။
ဖိုးသူတော် (www.phothutaw.com)
Credit:thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top