#Unicode Version#
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ ဗိုလ်ချုပ်လမ်း တွင် ၂၀၁၉ ဧပြီလ ၁ ရက် ညနေ ၂း၃၆ အချိန်တွင် မော်တော်ယာဉ် မတော်တဆမှုဖြစ် ပွားသည်ဟု သိရသည်
မော်တော်ယာဉ်မောင်းနှင်သူ ကိုဝင်းသိန်း၏ ပြောပြချက်အရ မျက်နှာချင်းဆိုင်မှ စက်ဘီးစီးလာသည့် အသက် ကိုးနှစ်အရွှယ် ကလေးငယ် သည် မိမိ ယာဉ်ရှေ့မှ ဖြတ်ကွေ့စဉ် အဆိုပါ ကလေးငယ်အား တိုက်မိမည် စိုးသဖြင့် လက်ဝဲဘက်သို့ အလွတ်ဆွဲချပြီး စိုးရိမ်စိတ်များ၍ ဘရိတ်နှင့် လီဗာ မှားနင်းမိကာ ကောင်း လ္ဘက်ရည် ဆိုင်နှင့် ပေါက်ကြီး လ္ဘက်ရည် ဆိုင်ရှေ့တွင် ရပ်တန့်ထားသော ဆိုင်ကယ် စက်ဘီး ဆိုက်ကား များအား ဝင်ရောက်တိုက်မိသည်ဟု ပြောသည် ။
ပျက်စီးဆုံးရှုံးသွားသည့် များမှာ ဆိုင်ကယ် ၁၄ စီး ဆိုက်ကား ၂ စီး စက်ဘီး ၁ စီး ဟု ကနဦး သိရသည်။…..
ဖိုးသူတော်(www.phothutaw.com)
Credit:ကျော်သက်ခိုင် အောင်ဇော်မြင့်