မ်က္​ရည္​စနဲ႔ တရားပြဲ

​ေဟ်ာင္​့​ေတြ ငါတို႔ ႏွစ္​ဆန္​းတစ္​ရက္​​ေန႔ကဘုန္​ႀကီး​ေက်ာင္​းမွာ အတူ သီလယူ တရားနာခဲ့ၾက​ေသးတယ္​ ….ငါမွတ္​မိ​ေနဆဲပဲ အဲ​ေန႔က ငါတို႔​ေတြ ၄မိုင္​​ေလာက္​​ဝးတဲ့ ဘုန္​းႀကီး​ေက်ာင္​းကို ေပ်ာ္​ရႊင္​စြာနဲ႔ စိတ္​တူကိုယ္​တူ ​သြားခဲ့ၾကတယ္​…

ငါတို႔အရင္​လို႔ အလုပ္​တူတူမလုပ္​ႏိုင္​​ေတာ့ဘူး….ငါတို႔အရင္​လိုဘံုဆိုင္​​ေလးလည္​းအတူမထိုင္​ျဖစ္​ၾက​ေတာ့ဘူး …..ငါတို႔အရင္​လို႔ ဇာတ္​ကား​ေတြဖလွယ္​ၾကည္​့ခြင္​့မရိွ​ေတာ့ဘူး ……

ငါတို႔အရင္​လို သီခ်င္​း​ေတြအက်ယ္​ႀကီးဖြင္​့ပီး ​ေအာ္​ဟစ္​သီဆိုခြင္​့မရိွ​ေတာ့ဘူး ဆံုးရံႈးလိုက္​ရတယ္​….. အရာအားလံုးကို မင္​းတို႔​ေတြက ႏြံကန္​​ေအာက္​မွာအစ​ေဖ်ာက္​လိုက္​ၾကတယ္​ …..

မင္​းတို႔မတရားဘူးကြာ မင္​းတို႔ကိုမင္​းတို႔​ေတာ့ တရားတယ္​ထင္​​ေကာင္​းထင္​​ေနလိမ္​့မယ္​ …..ဟုတ္​တယ္​ ဘဝကတိုတို​ေလး ​ေသျခင္​းဟာ မ်က္​စိတစ္​မိွတ္​ အတြင္​းမွာတည္​ရိွ​ေနတယ္​ဆိုတဲ့သံ​ေဝဂ​ေလးမင္​းတို႔​ေပးသြားခဲ့တယ္​ …..

မင္​းတို႔ကိုမင္​းတို႔တရားတယ္​လို႔ထင္​​ေန​ေပမဲ့ ငါက​ေတာ့ မတရားဘူးထင္​​ေနတုန္​းပဲ အရင္​ဘဝက ကံဝဋ္​​ေကြၽး ပါခဲ့​လို႔လား …..ဒီဘဝမွာမင္​းတို႔ဆပ္​ရမွာ ​ေနာက္​ဆံုးျဖစ္​ပါ​ေစလို႔ငါဆု​ေတာင္​း​ေနမိတယ္​ …..

အဲဒီ​ေန႔က​ေနခုခ်ိန္​ထိ ​ေန႔တိုင္​း စိတ္​ထဲမွာ ​ဝမ္​း​နည္​း​ေနမိတုန္းပဲ ငါ​ေၾကာင္​း​ေယာင္​​ေနမိဆဲဟ ငါတို႔ျပန္​ရင္​ လမ္​းသင္​့သင္​့မသင္​့သင္​့ မန္​း​ေလးထိ​ေတာ့အတူျပန္​မယ္​ကြာတဲ့ ……​ေနာက္​ပီး မင္​းဖုန္​းနံပါတ္​​ေလး​ေပးထားကြာ ……

မင္​းတို႔ၿမိဳ႕ဘက္​ လမ္​းၾကံဳလို႔​ေျခဦးလွည္​့ရင္​ငါဖုန္​းဆက္​မယ္​သားရီး မင္​းလာႀကိဳ​ေပးကြာတဲ့……ငါ မင္​းတို႔ဖုန္​းနံပါတ္​​ေလး​ေတြ မဖ်က္​ခ်င္​ပဲဖ်က္​ခဲ့ရပီဟ ငါတို႔ရဲ႕ ကိုယ္​စားလွယ္​ႀကီး အမိန္​႔ျပန္​တဲ့​ေန႔က သူ႔ရင္​ဘတ္​တစ္​ခုလံုးနာက်င္​​ေၾကမြ​ေနတာငါသိတယ္​ ……

သူ႔အသံကခပ္​အက္​အက္​ တစ္​ခ်က္​တစ္​​ခ်က္​ရိႈက္​တက္​လို႔ မင္​းတို႔လိုဝန္​ထန္​း​ေကာင္​း​ေတြ သူဆံုးရံႈးလိုက္​ရတယ္​ ……ရင္​နဲ႔မဆန္​႔​ေအာင္​ခံစား​ေနရပံုပဲ မင္​းတို႔က ​ေျပာ​ေသးတယ္​ …..ဘာတဲ့ ….အ​ေဖနဲ႔အ​ေမ အစ္​ကိုအမ​ေတြဇနီးသားသမီး​ေတြ ဒီကိုအလည္​​ေတာင္​မ​ေခၚခ်င္​ဘူးကြာတဲ့ …….

ဒီက လုပ္​ငန္​းခြင္​​ေတြျမင္​ပီး သူတို႔ပိုစိုးရိမ္​ပီး ငါ​႐ွာ​ေကြၽးတာမစားရက္​မ​ေသာက္​ရက္​ျဖစ္​​ေနမွာစိုးလို႔တဲ့ သိတတ္​လွ​ေခ်လားကြာ…..လိမၼာလွ​ေခ်လား ….ငါတို႔ပင္​ပန္​းဆင္​းရဲတာမျမင္​​ေစခ်င္​းဘူးဆိုတဲ့မင္​းတို႔အသံ​ေတြ ငါၾကားမိဆဲ……

အခု​ေတာ့အားလံုးပဲမင္​းတို႔​ေတြအတြက္​ ဝမ္​းနည္​းပူ​ေဆြးႀကီးစြာ​ေရာက္​လာၾကတယ္​​ေလကြာ….မင္​းတို႔ထၾကည္​့ပါအံုး​ေတာ့လား ….မင္​းတို႔လိုသိတတ္​လိမၼာတဲ့ သူ​ေတြအားလံုး ​ေကာင္​းရာတစ္​ခုမွာၿငိမ္​းခ်မ္​းစြာ​ေနရလိမ္​့မယ္​လို႔ငါယံုၾကည္​​ေနတယ္​ကြာ ……

မင္​းတို႔အ​ေဖလာ​ေတာ့ မင္​းမ်ားျပန္​​ေပၚလာ​ေလအံုးမလား ….အသက္​မ်ား႐ွင္​က်န္​​ေနမလား​ေမွ်ာ္​လင္​့ခ်က္​နဲ႔ မင္​းတို႔ကိုဖုန္းအုပ္​သြားတဲ့ႏြံကန္​ႀကီး​ေဘးမွာ မင္​းအတြက္​ပန္​းအိုး​ေလးခ်ရင္​းမင္​းကိုလွမ္​း​ေမ်ွာ္​​ေနတာ​ေတြ႔​ေတာ့ ငါမ်က္​ရည္​မ်ား​ေတာင္​က်ရပါတယ္​ကြာ…..

အ​ေဖတစ္​​ေယာက္​ရဲ႕ရင္​ထဲမွာ သူ႔သားအတြက္​ဘယ္​​ေလာက္​​ေတာင္​ ​ေသာကအပူလိႈင္​းလံုး​ေတြ႐ိုက္​ခပ္​​ေနမလည္​း ဝင္​ၾကည္​့မရ​ေပမဲ့ ျမင္​မိတာနဲ႔သိတယ္​ကြာ …ငါတို႔ဒီ​ေန႔ မင္​းတို႔ရက္​လည္​ဆြမ္​းသြတ္​တယ္​​ေလ ….

ငါတို႔တရား​ေတြနာၾကမယ္​​ေလ ….အရင္​ကငါနဲ႔အတူ တရားနာရင္​း​ေပ်ာ္​​ေပ်ာ္​ပါးပါးျပန္​ခဲ့တဲ့အခ်ိန္​​ေလး​ေတြ ျပန္​သတိရ​ေစတယ္​ကြာ …..တရားနာျခင္​းကိုႏွစ္​ၿခိဳက္​တဲ့မင္​းတို႔ေရာက္​ရာအရပ္​ကသာဓု​ေခၚႏိုင္​လိမ္​့မယ္​လိုငါယံုၾကည္​​ေနလွ်က္​ပါ သာဓုလည္​းလာ​ေခၚၾကပါ……

ငါတို႔ကိုအ​ေၾကာင္​းျပခ်က္​မ​ေပးပဲထားခဲ့တဲ့ မင္​းတို႔​ေတြ ငါတို႔ကိုစိတ္​ခ်လက္​ခ် ထားပစ္​ခဲ့တဲ့မင္​းတို႔​ေတြ ငါလည္​းမင္​းတို႔ကို တမင္​လြန္​မွာစိတ္​ခ်ပါရ​ေစ ….ငါ​ေျပာစကားမင္​းတို႔ၾကားႏိုင္​လိမ္​့မယ္​လို႔လည္​းငါ​ေမ်ွာ္​လင္​့မိပါတယ္​ ……

အရင္​က ျပံဳ း​ေပ်ာ္​စြာတရားနာခဲ့ၾကတဲ့ငါတို႔​ေတြ အခုခ်ိန္​မွာ​ေတာ့ မျပံဳ း​ေပ်ာ္​ႏိုင္​​ေတာ့ဘူး …..ငါတို႔နာရတဲ့တရားက မင္​းတို႔ ရက္​လည္​ျဖစ္​​ေနလို႔ပဲ …..ငါနဲ႔အတူ မင္​းတို႔သူငယ္​ခ်င္​း​ေတြအားလံုးပါးျပင္​ထက္​မွာ မ်က္​ရည္​စ​ေတြနဲ႔ တရားနာ​ေနၾကပီ မင္​းတို႔ကိုအမ်ွ​ေပး​ေဝ​ေနၾကပီ ……

မင္​းတို႔​ေရာက္​ရာအရပ္​က ​ေနပီး​ေတာ့ သာဓု လာ​ေခၚၾကပါ…. ငါတို႔ရဲ႕မ်က္​ရည္​စ​ေတြနဲ႔တရားပြဲႀကီး ပီးသည္​တိုင္​​ေအာင္​ မင္​းတို႔လည္​း တရားနာလာႏိုင္​လိမ္​့မယ္​​လို႔​ေမ်ွာ္​လင္​့ရင္​း မင္​းတို႔သူငယ္​ခ်င္​း…..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေခတၱ ဖားန္​႔

#Unicode Version# ျဖင့္ဖတ္ပါ ။

မျက်ရည်စနဲ့ တရားပွဲ

ဟျောင့်တွေ ငါတို့ နှစ်ဆန်းတစ်ရက်နေ့ကဘုန်ကြီးကျောင်းမှာ အတူ သီလယူ တရားနာခဲ့ကြသေးတယ် ….ငါမှတ်မိနေဆဲပဲ အဲနေ့က ငါတို့တွေ ၄မိုင်လောက်ဝးတဲ့ ဘုန်းကြီးကျောင်းကို ပျော်ရွှင်စွာနဲ့ စိတ်တူကိုယ်တူ သွားခဲ့ကြတယ်…

ငါတို့အရင်လို့ အလုပ်တူတူမလုပ်နိုင်တော့ဘူး….ငါတို့အရင်လိုဘုံဆိုင်လေးလည်းအတူမထိုင်ဖြစ်ကြတော့ဘူး …..ငါတို့အရင်လို့ ဇာတ်ကားတွေဖလှယ်ကြည့်ခွင့်မရှိတော့ဘူး ……

ငါတို့အရင်လို သီချင်းတွေအကျယ်ကြီးဖွင့်ပီး အော်ဟစ်သီဆိုခွင့်မရှိတော့ဘူး ဆုံးရှုံးလိုက်ရတယ်….. အရာအားလုံးကို မင်းတို့တွေက နွံကန်အောက်မှာအစဖျောက်လိုက်ကြတယ် …..

မင်းတို့မတရားဘူးကွာ မင်းတို့ကိုမင်းတို့တော့ တရားတယ်ထင်ကောင်းထင်နေလိမ့်မယ် …..ဟုတ်တယ် ဘဝကတိုတိုလေး သေခြင်းဟာ မျက်စိတစ်မှိတ် အတွင်းမှာတည်ရှိနေတယ်ဆိုတဲ့သံဝေဂလေးမင်းတို့ပေးသွားခဲ့တယ် …..

မင်းတို့ကိုမင်းတို့တရားတယ်လို့ထင်နေပေမဲ့ ငါကတော့ မတရားဘူးထင်နေတုန်းပဲ အရင်ဘဝက ကံဝဋ်ကျွေး ပါခဲ့လို့လား …..ဒီဘဝမှာမင်းတို့ဆပ်ရမှာ နောက်ဆုံးဖြစ်ပါစေလို့ငါဆုတောင်းနေမိတယ် …..

အဲဒီနေ့ကနေခုချိန်ထိ နေ့တိုင်း စိတ်ထဲမှာ ဝမ်းနည်းနေမိတုန်းပဲ ငါကြောင်းယောင်နေမိဆဲဟ ငါတို့ပြန်ရင် လမ်းသင့်သင့်မသင့်သင့် မန်းလေးထိတော့အတူပြန်မယ်ကွာတဲ့ ……နောက်ပီး မင်းဖုန်းနံပါတ်လေးပေးထားကွာ ……

မင်းတို့မြို့ဘက် လမ်းကြုံလို့ခြေဦးလှည့်ရင်ငါဖုန်းဆက်မယ်သားရီး မင်းလာကြိုပေးကွာတဲ့……ငါ မင်းတို့ဖုန်းနံပါတ်လေးတွေ မဖျက်ချင်ပဲဖျက်ခဲ့ရပီဟ ငါတို့ရဲ့ ကိုယ်စားလှယ်ကြီး အမိန့်ပြန်တဲ့နေ့က သူ့ရင်ဘတ်တစ်ခုလုံးနာကျင်ကြေမွနေတာငါသိတယ် ……

သူ့အသံကခပ်အက်အက် တစ်ချက်တစ်ချက်ရှိုက်တက်လို့ မင်းတို့လိုဝန်ထန်းကောင်းတွေ သူဆုံးရှုံးလိုက်ရတယ် ……ရင်နဲ့မဆန့်အောင်ခံစားနေရပုံပဲ မင်းတို့က ပြောသေးတယ် …..ဘာတဲ့ ….အဖေနဲ့အမေ အစ်ကိုအမတွေဇနီးသားသမီးတွေ ဒီကိုအလည်တောင်မခေါ်ချင်ဘူးကွာတဲ့ …….

ဒီက လုပ်ငန်းခွင်တွေမြင်ပီး သူတို့ပိုစိုးရိမ်ပီး ငါရှာကျွေးတာမစားရက်မသောက်ရက်ဖြစ်နေမှာစိုးလို့တဲ့ သိတတ်လှချေလားကွာ…..လိမ္မာလှချေလား ….ငါတို့ပင်ပန်းဆင်းရဲတာမမြင်စေချင်းဘူးဆိုတဲ့မင်းတို့အသံတွေ ငါကြားမိဆဲ……

အခုတော့အားလုံးပဲမင်းတို့တွေအတွက် ဝမ်းနည်းပူဆွေးကြီးစွာရောက်လာကြတယ်လေကွာ….မင်းတို့ထကြည့်ပါအုံးတော့လား ….မင်းတို့လိုသိတတ်လိမ္မာတဲ့ သူတွေအားလုံး ကောင်းရာတစ်ခုမှာငြိမ်းချမ်းစွာနေရလိမ့်မယ်လို့ငါယုံကြည်နေတယ်ကွာ ……

မင်းတို့အဖေလာတော့ မင်းများပြန်ပေါ်လာလေအုံးမလား ….အသက်များရှင်ကျန်နေမလားမျှော်လင့်ချက်နဲ့ မင်းတို့ကိုဖုန်းအုပ်သွားတဲ့နွံကန်ကြီးဘေးမှာ မင်းအတွက်ပန်းအိုးလေးချရင်းမင်းကိုလှမ်းမျှော်နေတာတွေ့တော့ ငါမျက်ရည်များတောင်ကျရပါတယ်ကွာ…..

အဖေတစ်ယောက်ရဲ့ရင်ထဲမှာ သူ့သားအတွက်ဘယ်လောက်တောင် သောကအပူလှိုင်းလုံးတွေရိုက်ခပ်နေမလည်း ဝင်ကြည့်မရပေမဲ့ မြင်မိတာနဲ့သိတယ်ကွာ …ငါတို့ဒီနေ့ မင်းတို့ရက်လည်ဆွမ်းသွတ်တယ်လေ ….

ငါတို့တရားတွေနာကြမယ်လေ ….အရင်ကငါနဲ့အတူ တရားနာရင်းပျော်ပျော်ပါးပါးပြန်ခဲ့တဲ့အချိန်လေးတွေ ပြန်သတိရစေတယ်ကွာ …..တရားနာခြင်းကိုနှစ်ခြိုက်တဲ့မင်းတို့ရောက်ရာအရပ်ကသာဓုခေါ်နိုင်လိမ့်မယ်လိုငါယုံကြည်နေလျှက်ပါ သာဓုလည်းလာခေါ်ကြပါ……

ငါတို့ကိုအကြောင်းပြချက်မပေးပဲထားခဲ့တဲ့ မင်းတို့တွေ ငါတို့ကိုစိတ်ချလက်ချ ထားပစ်ခဲ့တဲ့မင်းတို့တွေ ငါလည်းမင်းတို့ကို တမင်လွန်မှာစိတ်ချပါရစေ ….ငါပြောစကားမင်းတို့ကြားနိုင်လိမ့်မယ်လို့လည်းငါမျှော်လင့်မိပါတယ် ……

အရင်က ပြုံ းပျော်စွာတရားနာခဲ့ကြတဲ့ငါတို့တွေ အခုချိန်မှာတော့ မပြုံ းပျော်နိုင်တော့ဘူး …..ငါတို့နာရတဲ့တရားက မင်းတို့ ရက်လည်ဖြစ်နေလို့ပဲ …..ငါနဲ့အတူ မင်းတို့သူငယ်ချင်းတွေအားလုံးပါးပြင်ထက်မှာ မျက်ရည်စတွေနဲ့ တရားနာနေကြပီ မင်းတို့ကိုအမျှပေးဝေနေကြပီ ……

မင်းတို့ရောက်ရာအရပ်က နေပီးတော့ သာဓု လာခေါ်ကြပါ…. ငါတို့ရဲ့မျက်ရည်စတွေနဲ့တရားပွဲကြီး ပီးသည်တိုင်အောင် မင်းတို့လည်း တရားနာလာနိုင်လိမ့်မယ်လို့မျှော်လင့်ရင်း မင်းတို့သူငယ်ချင်း…..။

ဖိုးသူတော် (www.phothutaw.com)
Credit:  ခေတ္တ ဖားန့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top