၂ဝ၁၈ ခုႏွစ္ အကယ္ဒမီစကာတင္ ဇာတ္ကားမ်ားထဲမွ အခ်ိဳ႕ဇာတ္ကားမ်ားကို ျပန္လည္ကာ ႐ုံတင္ ျပသ သြားမည္ျဖစ္ေၾကာင္း သိရသည္။

႐ုပ္ရွင္ၾကည့္ပရိသတ္မ်ားက ျပန္လည္ၾကည့္ရႈလိုေၾကာင္း ေတာင္းဆိုမႈမ်ားေၾကာင့္ ျပန္လည္ျပသရျခင္း ျဖစ္ၿပီး အကယ္ဒမီဆုရရွိခဲ့သည့္ဇာတ္ကားမ်ားအျပင္ ဆုမရွိခဲ့သည့္ဇာတ္ကားမ်ားကိုပါ ျပန္လည္႐ုံတင္ျပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

“အမွန္ေတာ့ အန္တီလည္း မေမွ်ာ္လင့္ထားဘူးေလ။ Mega နဲ႔ Junction ေရာ တစ္ရက္ထဲပဲ။ ညေနနဲ႔ ညပဲ ကြာတယ္။ Mingalar ကေရာေလ။ ဒီကားေလးကို သၾကၤန္မတိုင္ခင္အထိ ျပခ်င္တယ္ေပါ့ေနာ္။ အန္တီကလည္း ျပပါေပါ့ေနာ္။ ဝမ္းသာတာေပါ့ေနာ္။ တစ္ခ်ိဳ႕လည္း မၾကည့္လိုက္ရလို႔ အန္တီသူငယ္ခ်င္းေတြလည္း ျပေပးပါ ေျပာတဲ့ သူေတြလည္း ရွိတယ္’’ ဟု မီ႐ုပ္ရွင္ ဇာတ္ကားထုတ္လုပ္သူ ေဒါက္တာႏြယ္ဦးက ေျပာသည္။

ယခု ဧၿပီလအတြင္း မုန္းစြဲ၊ မုျဒာရဲ႕ေခၚသံ၊ မီ၊ ဥပါဒါန္၊ မ်က္ႏွာျပင္မ်ား  အစရွိေသာ ဇာတ္ကားမ်ားကို ျပန္လည္ျပသသြားမည္ ျဖစ္ေၾကာင္း  Mega Ace ႐ုပ္ရွင္႐ုံ Marketing Executive ကိုဟန္ႏိုင္ထြန္းက ေျပာသည္။

“ျပျဖစ္တဲ့အေၾကာင္းကေတာ့ ေထြေထြထူးထူးေတာ့ မရွိပါဘူး။ အကယ္ဒမီပြဲၿပီးေတာ့ ပရိသတ္ေတြ ရင္ထဲမွာ အမ်ားဆုံးက်န္ေနတဲ့ ကားေတြကို ကြၽန္ေတာ္တို႔က Voting ေတာင္းလိုက္တဲ့ အခါမွာ ဒီကားေတြက ပရိသတ္ ေတာင္းဆိုမႈ အမ်ားဆုံးျဖစ္ေနလို႔ ျပန္ၿပီးျပတာပါ” ဟု ၄င္းက ေျပာသည္။

မုန္းစြဲႏွင့္ မ်က္ႏွာျပင္မ်ား (Dimensions) ဇာတ္ကားမ်ားအေပၚ ႐ုပ္ရွင္ၾကည့္ပရိသတ္မ်ားဘက္က ေတာင္းဆိုမႈ ျမင့္ေနၿပီး  ယခု ဧၿပီလအတြင္း မဂၤလာ႐ုပ္ရွင္႐ုံ၊ ဂ်န္းရွင္း႐ုပ္ရွင္႐ုံမ်ား၊ Mega Ace ႐ုံရွင္႐ုံမ်ားတြင္ ျပန္လည္ျပသ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


၂ဝ၁၈ ခုနှစ် အကယ်ဒမီစကာတင် ဇာတ်ကားများထဲမှ အချို့ဇာတ်ကားများကို ပြန်လည်ကာ ရုံတင် ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်ကြည့်ပရိသတ်များက ပြန်လည်ကြည့်ရှုလိုကြောင်း တောင်းဆိုမှုများကြောင့် ပြန်လည်ပြသရခြင်း ဖြစ်ပြီး အကယ်ဒမီဆုရရှိခဲ့သည့်ဇာတ်ကားများအပြင် ဆုမရှိခဲ့သည့်ဇာတ်ကားများကိုပါ ပြန်လည်ရုံတင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

“အမှန်တော့ အန်တီလည်း မမျှော်လင့်ထားဘူးလေ။ Mega နဲ့ Junction ရော တစ်ရက်ထဲပဲ။ ညနေနဲ့ ညပဲ ကွာတယ်။ Mingalar ကရောလေ။ ဒီကားလေးကို သြင်္ကန်မတိုင်ခင်အထိ ပြချင်တယ်ပေါ့နော်။ အန်တီကလည်း ပြပါပေါ့နော်။ ဝမ်းသာတာပေါ့နော်။ တစ်ချို့လည်း မကြည့်လိုက်ရလို့ အန်တီသူငယ်ချင်းတွေလည်း ပြပေးပါ ပြောတဲ့ သူတွေလည်း ရှိတယ်’’ ဟု မီရုပ်ရှင် ဇာတ်ကားထုတ်လုပ်သူ ဒေါက်တာနွယ်ဦးက ပြောသည်။

ယခု ဧပြီလအတွင်း မုန်းစွဲ၊ မုဒြာရဲ့ခေါ်သံ၊ မီ၊ ဥပါဒါန်၊ မျက်နှာပြင်များ  အစရှိသော ဇာတ်ကားများကို ပြန်လည်ပြသသွားမည် ဖြစ်ကြောင်း  Mega Ace ရုပ်ရှင်ရုံ Marketing Executive ကိုဟန်နိုင်ထွန်းက ပြောသည်။

“ပြဖြစ်တဲ့အကြောင်းကတော့ ထွေထွေထူးထူးတော့ မရှိပါဘူး။ အကယ်ဒမီပွဲပြီးတော့ ပရိသတ်တွေ ရင်ထဲမှာ အများဆုံးကျန်နေတဲ့ ကားတွေကို ကျွန်တော်တို့က Voting တောင်းလိုက်တဲ့ အခါမှာ ဒီကားတွေက ပရိသတ် တောင်းဆိုမှု အများဆုံးဖြစ်နေလို့ ပြန်ပြီးပြတာပါ” ဟု ၎င်းက ပြောသည်။

မုန်းစွဲနှင့် မျက်နှာပြင်များ (Dimensions) ဇာတ်ကားများအပေါ် ရုပ်ရှင်ကြည့်ပရိသတ်များဘက်က တောင်းဆိုမှု မြင့်နေပြီး  ယခု ဧပြီလအတွင်း မင်္ဂလာရုပ်ရှင်ရုံ၊ ဂျန်းရှင်းရုပ်ရှင်ရုံများ၊ Mega Ace ရုံရှင်ရုံများတွင် ပြန်လည်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top