ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕နယ္၊ ပထုန္ဝမ္နယ္ေျမရွိ စင္ထရယ္ေဝါလ္ကုန္တိုက္ရွိ Central Grad ဟိုတယ္၌ ဧၿပီ ၁၀ ရက္ေန႔က မီးေလာင္မႈျဖစ္ပြားရာတြင္ ျမန္မာအမ်ိဳးသမီးတစ္ဦး ပါဝင္ခဲ့ၿပီး ေဆး႐ုံတြင္ ေဆးကုသမႈ ခံယူေနေၾကာင္း သိရသည္။

“ကြၽန္မက Central World အေရွ႕မွာ အသီးအႏွံ ေရာင္းတဲ့သူပါ။ မေန႔ ညေနက ၅ ထပ္မွာ ေရသန႔္ဘူး တက္ဝယ္ ခ်ိန္ မီးေလာင္မႈျဖစ္ေတာ့ တစ္တိုက္လုံး မီးခိုးေတြလည္း ျပည့္ေနၿပီး၊ မီးကလည္း ျဖတ္လိုက္ေတာ့ ပိုဆိုးၿပီး ထြက္ေပါက္ေတြကလည္းပိတ္၊ မီးခိုးမႊန္ၿပီး အသက္ရႈၾကပ္ၿပီးသတိလစ္သြားတယ္”ဟု ကာယကံရွင္ မဝင္းဝင္းစန္းက မဇၩိမသို႔ ေျပာသည္။

အဆိုပါ မီးေလာင္မႈျဖစ္စဥ္ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူမ်ားအား ဘန္ေကာက္ၿမိဳ႕ရွိ ကင္းခ်ဴလာေလာင္ကြန္း ေဆး႐ုံသို႔ ၅ ဦးႏွင့္ ထိုင္းတပ္မေတာ္ေဆး႐ုံသို႔ လူနာ ၁၀ ဦးတို႔ကို ပို႔ေဆာင္ကုသထားျခင္း ျဖစ္သည္။

လက္ရွိတြင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား မဝင္းဝင္းစန္းမွာ ကင္းခ်ဴလာေလာင္ကြန္ေဆး႐ုံတြင္ တက္ေရာက္ ကုသေနၿပီး ဧၿပီ ၁၁ ရက္တြင္ အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေထြး သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။

“ မေန႔က ျဖစ္စဥ္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံသားတစ္ဦး ပါတယ္။ ကင္းခ်ဴလာေလာင္ကြန္ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတယ္ဆိုတာသိတာနဲ႔ ကြၽန္ေတာ္တို႔ သြားေတြ႕ၿပီး လိုအပ္မယ့္ အကူညီေတြရွိရင္ေပးမလို႔ သြားခဲ့တာေပါ့။

လက္ရွိအေျခေနအရ အေတာ္သက္သာလာလို႔ ဒီေန႔ ေဆး႐ုံက ဆင္းရေတာ့မွာပါ။ လက္တေလာအတြက္ သူတို႔ လိုအပ္တာေတြရွိရင္ အသုံးျပဳဖို႔ ေထာက္ပံ့မႈေတြ ေပးခဲ့ပါတယ္”ဟု  ျမန္မာ အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေထြးက ေျပာသည္။

ယမန္ေန႔ ဧၿပီ ၁၀ ရက္ ညေန ၅ နာရီ ၄၁ မိနစ္ခန႔္က စင္ထရယ္ေဝါလ္ရွိ Central Grad ဟိုတယ္ (၈) ထပ္ ရွိ စာ႐ြက္စာတမ္းသိမ္းဆည္းရာအခန္းမွ စတင္ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။ မီးေလာင္မႈျဖစ္ပြားေနစဥ္ Central World ကုန္တိုက္ဝန္ထမ္း ထိုင္းႏိုင္ငံသား ၂ ဦး က အေဆာက္အဦေပၚမွ ခုန္ခ်မႈ ျဖစ္ပြားခဲ့ကာ ေနရာတြင္ ၁ ဦးေသဆုံးခဲ့ၿပီး ေဆး႐ုံအေရာက္တြင္ ၁ ဦး ေသဆုံးခဲ့သည္။

ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမဝင္းဝင္းစန္းအပါဝင္ ကင္းခ်ဴလာေလာင္ကြန္းေဆး႐ုံ၌ ေဆးကုသမႈ ခံယူ ေနသူမ်ားကို ဧၿပီ ၁၁ ရက္ ေန႔ခင္းပိုင္းက ထိုင္းဘုရင့္နန္းတြင္းမွ အရာရွိမ်ား လာေရာက္ေတြ႕ဆုံခဲ့ေၾကာင္း ျမန္မာအလုပ္သမားေရးကူညီေရးအဖြဲ႕မွ ကိုေစာေမာင္ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နယ်၊ ပထုန်ဝမ်နယ်မြေရှိ စင်ထရယ်ဝေါလ်ကုန်တိုက်ရှိ Central Grad ဟိုတယ်၌ ဧပြီ ၁၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားရာတွင် မြန်မာအမျိုးသမီးတစ်ဦး ပါဝင်ခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

“ကျွန်မက Central World အရှေ့မှာ အသီးအနှံ ရောင်းတဲ့သူပါ။ မနေ့ ညနေက ၅ ထပ်မှာ ရေသန့်ဘူး တက်ဝယ် ချိန် မီးလောင်မှုဖြစ်တော့ တစ်တိုက်လုံး မီးခိုးတွေလည်း ပြည့်နေပြီး၊ မီးကလည်း ဖြတ်လိုက်တော့ ပိုဆိုးပြီး ထွက်ပေါက်တွေကလည်းပိတ်၊ မီးခိုးမွှန်ပြီး အသက်ရှုကြပ်ပြီးသတိလစ်သွားတယ်”ဟု ကာယကံရှင် မဝင်းဝင်းစန်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ဘန်ကောက်မြို့ရှိ ကင်းချူလာလောင်ကွန်း ဆေးရုံသို့ ၅ ဦးနှင့် ထိုင်းတပ်မတော်ဆေးရုံသို့ လူနာ ၁၀ ဦးတို့ကို ပို့ဆောင်ကုသထားခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာရွှေ့ပြောင်းလုပ်သား မဝင်းဝင်းစန်းမှာ ကင်းချူလာလောင်ကွန်ဆေးရုံတွင် တက်ရောက် ကုသနေပြီး ဧပြီ ၁၁ ရက်တွင် အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေး သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ မနေ့က ဖြစ်စဉ်မှာ ကျွန်တော်တို့နိုင်ငံသားတစ်ဦး ပါတယ်။ ကင်းချူလာလောင်ကွန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်ဆိုတာသိတာနဲ့ ကျွန်တော်တို့ သွားတွေ့ပြီး လိုအပ်မယ့် အကူညီတွေရှိရင်ပေးမလို့ သွားခဲ့တာပေါ့။

လက်ရှိအခြေနေအရ အတော်သက်သာလာလို့ ဒီနေ့ ဆေးရုံက ဆင်းရတော့မှာပါ။ လက်တလောအတွက် သူတို့ လိုအပ်တာတွေရှိရင် အသုံးပြုဖို့ ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်”ဟု  မြန်မာ အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက ပြောသည်။

ယမန်နေ့ ဧပြီ ၁၀ ရက် ညနေ ၅ နာရီ ၄၁ မိနစ်ခန့်က စင်ထရယ်ဝေါလ်ရှိ Central Grad ဟိုတယ် (၈) ထပ် ရှိ စာရွက်စာတမ်းသိမ်းဆည်းရာအခန်းမှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားနေစဉ် Central World ကုန်တိုက်ဝန်ထမ်း ထိုင်းနိုင်ငံသား ၂ ဦး က အဆောက်အဦပေါ်မှ ခုန်ချမှု ဖြစ်ပွားခဲ့ကာ နေရာတွင် ၁ ဦးသေဆုံးခဲ့ပြီး ဆေးရုံအရောက်တွင် ၁ ဦး သေဆုံးခဲ့သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားမဝင်းဝင်းစန်းအပါဝင် ကင်းချူလာလောင်ကွန်းဆေးရုံ၌ ဆေးကုသမှု ခံယူ နေသူများကို ဧပြီ ၁၁ ရက် နေ့ခင်းပိုင်းက ထိုင်းဘုရင့်နန်းတွင်းမှ အရာရှိများ လာရောက်တွေ့ဆုံခဲ့ကြောင်း မြန်မာအလုပ်သမားရေးကူညီရေးအဖွဲ့မှ ကိုစောမောင်ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top