ေႏြတည၏ သန္းေခါင္းယံ အခ်ိန္တြင္ လူငယ္ ရဲတပ္သား ႏွစ္ဦး ေခါင္းေဆာင္သည့္ ၇ ဦးအဖြဲ႕သည္ တရားမဝင္ သစ္ကား မ်ား ျဖတ္သန္းရာ ရဲ႐ြာ-ဘဲလင္း လမ္းတေနရာသို႔ ဦးတည္ ထြက္ခြာလာသည္။

ေက်ာက္ဆည္ၿမိဳ႕မွ ကားျဖင့္ တနာရီခန႔္ ေမာင္းလာၿပီးေနာက္ ရဲ႐ြာ နယ္ေျမ ရဲစခန္းအပိုင္ သမန္းသာ ေက်း႐ြာနား အေရာက္ တြင္ တရားမဝင္သစ္မ်ား တင္ေဆာင္ၿပီး လမ္းေဘး ထိုးရပ္ထားသည့္ ကားတစီးကို စတင္ ေတြ႕လိုက္ရသည္။

အခ်ိန္သည္ ညဥ့္နက္ပိုင္း ၁၂ နာရီေက်ာ္ေနၿပီး ဆက္တိုက္ ဆိုသလို ေနာက္ထပ္ သစ္ကား ၃ စီးကိုလည္း ထပ္မံ ဖမ္းဆီးမိ လိုက္ၾကသည္။

ထိုအခ်ိန္တြင္ တရားမဝင္ ကြၽန္းႏွင့္ အင္ၾကင္းသစ္ ၂၂ တန္ေက်ာ္ သယ္ေဆာင္လာသည့္ ကား ၄ စီးႏွင့္ လူ ၁၀ ဦးအား ဖမ္းဆီး လိုက္ႏိုင္ၿပီ ျဖစ္ေသာ္လည္း ၎တို႔ထက္ အင္အား မ်ားေနသည့္ အတြက္ အခက္ေတြ႕ရသည္ဟု ဦးေဆာင္သူ လူငယ္ ရဲ တပ္သား တဦးက ေျပာျပသည္။

ဖမ္းဆီး ထားသူမ်ားထဲမွ ၈ ဦးကိုသာ လက္ထိပ္ ခတ္ထားႏိုင္သည့္ အေျခအေနျဖစ္သည္ဟုလည္း ဆိုသည္။

“ည ၁၂ နာရီေလာက္က စဖမ္းတာ၊ က်ေနာ္တို႔ဖမ္းၿပီးေတာ့ ၿမိဳ႕နယ္မႉးကို ဖုန္းႏွစ္ခါေခၚတယ္ လုံးဝမကိုင္ဘူး၊ စခန္းမႉးကို ေခၚတယ္ စက္ပိတ္ထားတယ္၊ ရဲဆိုလို႔ က်ေနာ္တို႔ ႏွစ္ေယာက္တည္း၊ ကူညီ ဖမ္းေပးတဲ့သူေတြက ေပါက္ကြဲတာေပါ့ဗ်ာ” ဟု လူငယ္ ရဲတပ္သားက ဖြင့္ဟ ေျပာဆိုသည္။

သစ္ဖမ္းပြဲအား နားစြင့္ေနသည့္ ေက်ာက္ဆည္ၿမိဳ႕ခံမ်ားကလည္း ညတြင္းခ်င္း အကူအညီေပးရန္ ခ႐ိုင္အဆင့္အထိ ဖုန္းျဖင့္ ဆက္သြယ္ ခဲ့ေသာ္လည္း အကူအညီမရခဲ့ေၾကာင္း ဖြင့္ေျပာၾကသည္။

၎တို႔အေနျဖင့္ ဌာနအကူအညီ မရႏိုင္ေတာ့မွန္း သိလိုက္ခ်ိန္တြင္ အနီးရွိ သမန္းသာ႐ြာ အုပ္ခ်ဳပ္ေရး အဖြဲ႕ထံ အကူအညီ ေတာင္းခံ ရေတာ့သည္။

အဆက္အသြယ္ ရၿပီးေနာက္ နံနက္ ၄ နာရီခန႔္တြင္ သစ္ကားမ်ား ဖမ္းထားရာ ေနရာသို႔ သမန္းသာ အုပ္ခ်ဳပ္ေရး အဖြဲ႕ ေရာက္ရွိ လာခဲ့သည္။

နံနက္လင္းခ်ိန္ ေရာက္လာသည့္အခါ လူငယ္ ရဲတပ္သား ႏွစ္ဦးႏွင့္အဖြဲ႕သည့္ သစ္ကား တစီးႏွင့္ တရားခံမ်ားအား ေက်ာက္ဆည္ ရဲစခန္းသို႔ အေရာက္ေမာင္းပို႔ လိုက္သည္ဟု ဆိုသည္။

ထိုအခ်ိန္အထိ မည့္သည့္ ရဲႏွင့္ သစ္ေတာ ဝန္ထမ္းမွ ဖမ္းဆီးထားရာသို႔ မေရာက္ခဲ့ေၾကာင္း၊ နံနက္ ၈ နာရီခန႔္မွသာ ပူးေပါင္းအဖြဲ႕ ပုံစံျဖင့္ ေရာက္လာျခင္းျဖစ္ေၾကာင္း သမန္းသာ ေက်း႐ြာ အုပ္ခ်ဳပ္မႉးႏွင့္ အဖြ႕ဲက ေျပာျပသည္။

ထိုျဖစ္ရပ္သည္ မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္ သမန္းသာ ေက်း႐ြာအနီး ရဲ႐ြာနယ္ေျမ ရဲစခန္း အပိုင္ အတြင္း ဧၿပီ ၅ ရက္ေန႔ည ညဥ့္နက္ပိုင္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေလသည္။

သန္းေခါင္ယံ သစ္ဖမ္းပြဲ ကိုင္တြယ္ခဲ့သည့္ ထိုရဲတပ္သား ႏွစ္ဦးသည္ အႀကီးတန္း ရဲအရာရွိမ်ား မဟုတ္ဘဲ ၿပီးခဲ့သည့္ႏွစ္ အတြင္း ေက်ာက္ဆည္ၿမိဳ႕၏ တရားမဝင္သစ္ အမႈကို ေဖာ္ထုတ္ခဲ့သည့္ လူငယ္ ရဲတပ္သားမ်ားထဲမွ ကိုထြန္းထြန္းဝင္း ႏွင့္ ကိုခ်စ္ကိုပင္ ျဖစ္သည္။

၎တို႔သည္ ဆဲဗင္းေဒး သတင္းဌာန၏ သူရဲေကာင္းဆု ခ်ီးျမႇင့္ခံထားရသူမ်ားလည္း ျဖစ္သည္။ ထိုဆုသည္ တရားခံႏွင့္ အတူ မိထားသည့္ သစ္မ်ားအား ပိုင္ရွင္မဲ့အမႈအျဖစ္ လုပ္ခဲ့သည့္ ရဲအရာရွိမ်ားအား ေဖာ္ထုတ္မႈေၾကာင့္ ရဲတပ္သား ၅ ဦးက ရခဲ့ၾကျခင္း ျဖစ္သည္။

ထိုအမႈကို ၂၀၁၈ ခုႏွစ္အတြင္း ေဖာ္ထုတ္ခဲ့ျခင္း ျဖစ္ၿပီး ရဲအထူးခုံ႐ုံးက ပါဝင္ ပတ္သက္သည့္ စခန္းမႉး ႏွစ္ဦးအား ေထာင္ တႏွစ္စီ ခ်မွတ္ခဲ့ၿပီး နယ္ထိန္း ေခါင္းေဆာင္အား ေထာင္ ၂ ႏွစ္ႏွင့္ ဒုတပ္ၾကပ္ တဦးကို ေထာင္ ၃ ႏွစ္ ခ်မွတ္ခဲ့သည္။ ၿမိဳ႕နယ္မႉးကိုလည္း ရာထူးေလွ်ာ့ခ်ကာ နယ္ေျပာင္းခဲ့ေလသည္။

ေဒသတြင္း မူးယစ္ေဆးႏွင့္ သစ္ေမွာင္ခိုကဲ့သို႔ တရားမဝင္ ရာဇဝတ္မႈမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးရန္ စိတ္အား ထက္သန္ သည့္ ၎တို႔အတြက္ ဆဲဗင္းေဒး သတင္းဌာန၏ ဂုဏ္ျပဳ ဆုေငြသည္ မ်ားစြာ အေထာက္အကူျပဳခဲ့ေၾကာင္း ဆိုၾကသည္။

“ဆုေငြရတာကို က်ေနာ္တို႔ ကိုယ္က်ိဳး မသုံးဖို႔ ဆုံးျဖတ္ထားတာ၊ အမႈစုံစမ္းေတာ့ ကားလိုလာတယ္၊ ဒီေငြ ၇ သိန္းနဲ႔ ေခြး ဘီလူး ကားေလး ငွားၿပီး က်ေနာ္တို႔ စုံစမ္းခဲ့တာ၊ ဆုေငြကို ဒီလိုအသုံးခ်ရလို႔လဲ ေက်နပ္ပါတယ္”ဟု ၎တို႔က ေျပာသည္။

ေဒသတြင္း သတင္းေပးခ်က္မ်ားအရ ေမွာင္ခိုသစ္မ်ား ျဖတ္သန္းရာ လမ္းေၾကာင္းအား သုံးညၾကာ တိတ္တဆိတ္ ေစာင့္ ၾကည့္ ခဲ့ၿပီး အခ်ိန္ေကာင္းကို ေစာင့္ဖမ္းႏိုင္ခဲ့ျခင္းလည္း ျဖစ္ေၾကာင္း ေျပာဆိုၾကသည္။

“သတင္းရလို႔ ေသခ်ာေအာင္ အရင္ညေတြထဲက ေစာင့္ၾကည့္တယ္၊ တစီးတစီး ျဖတ္တာေတြ႕တယ္၊ ဒီညမွာေတာ့ သတင္း လည္း အတိအက် ရထားလို႔ သြားၿပီးေစာင့္ဖမ္းတာ”ဟု ၎တို႔က ေျပာသည္။

ထိုသို႔ ဖမ္းဆီးရန္ အတြက္ ေက်ာက္ဆည္ၿမိဳ႕ရွိ လုပ္ငန္းခြင္တခုမွ လူ ၅ ဦးကလည္း ကူညီေပးရန္ လိုလားစြာ လက္ခံခဲ့ၿပီး လူငယ္ ရဲတပ္သား ႏွစ္ဦးအား ကူညီခဲ့ၾကျခင္း ျဖစ္သည္။

သစ္ေမွာင္ခို ဖမ္းမည့္အစီအစဥ္ကိုမူ ၎တို႔အေနႏွင့္ မည့္သည့္ ဌာနတာဝန္ရွိသူမ်ားထံ အသိေပးျခင္း မရွိခဲ့ၾကေပ။ ထို အတြက္ အေၾကာင္းျပခ်က္သည္လည္း ဖမ္းဆီးရာ၌ ကူညီခဲ့သူမ်ား ထံတြင္ ရွိေနခဲ့သည္။

“က်ေနာ္တို႔ သတင္းေပါက္ၿပီး ဖမ္းမမိဘဲ သစ္ေတြေပ်ာက္သြားမွာ စိုးရိမ္တယ္”ဟု ဖမ္းဆီးမႈကို လိုက္ပါ ကူညီသူတဦးက အေၾကာင္းျပခ်က္ ေပးသည္။

ဖမ္းဆီးစဥ္ ႐ိုက္ယူထားသည့္ ဗီဒီယို မွတ္တမ္းမ်ားႏွင့္ စစ္ေဆး ေမးျမန္ခ်က္မ်ား အရလည္း သစ္ကားမ်ား အေနႏွင့္ ရဲရမန္ ေဒသမွ ေၾကာင္႐ြာ၊ ရဲ႐ြာ နယ္ေျမတို႔မွတဆင့္ ကားလမ္းအတိုင္း ျဖတ္သန္းျခင္း ျဖစ္သည္ကို သိရေၾကာင္း ဖမ္းဆီးသူမ်ား က ေျပာျပသည္။

ေဒသခံမ်ား၏ ေျပာျပခ်က္အရ ထိုလမ္းေၾကာင္းတြင္ ရဲ႐ြာ နယ္ေျမ ရဲစခန္းႏွင့္ ေၾကာင္႐ြာရွိ သစ္ေတာဌာနတို႔ ရွိေနၿပီး ႏွစ္ခု စလုံးသည္ လမ္းမေဘးတြင္ပင္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ ထိုလမ္းေၾကာင္းသည္ ျပင္ဦးလြင္ ၿမိဳ႕နယ္ အထိ ေပါက္ သည့္ လမ္းေၾကာင္း တခုလည္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းမိ သစ္မ်ားႏွင့္ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ႏွင့္ သစ္ေတာဌာနတို႔က မည့္သည့္အတိုင္းအတာအထိ ေဖာ္ထုတ္မည္ကို ေက်ာက္ ဆည္ ေဒသခံမ်ားက ေစာင့္ၾကည့္ေနၿပီး လိုအပ္ပါက အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္ကဲ့သို႔ အဖြဲ႕မ်ားထံ တိုင္းၾကား ေဖာ္ ထုတ္ မႈမ်ား ျပဳလုပ္ရန္ အထိပင္ တိုင္ပင္ထားၾကသည္ဟု ဆိုသည္။

“လူ႔ႏွစ္ဖက္စာေလာက္ ကြၽန္းသစ္လုံးႀကီးေတြ၊ ေတာ္ေတာ္ႏွေျမာဖို႔ ေကာင္းပါတယ္၊ ကုန္ပါၿပီဗ်ာ”ဟု ဖမ္းဆီးသူ တဦးက ေျပာသည္။

၎တို႔တြင္ အမႈႏွင့္ဆက္စပ္သည့္ အခ်က္အလက္မ်ား၊ ဂိတ္ေၾကးႏွင့္ တာဝန္ပ်က္ကြက္မႈ အေျခအေန ခိုင္မာသည့္ အေၾကာင္း အရာ မွတ္တမ္းမ်ား အခင္းျဖစ္သည့္ ညတြင္ ရထားေၾကာင္း ေျပာဆိုၾကေသာ္လည္း ဖြင့္ခ်ျပျခင္းေတာ့ မရွိေသး ေပ။

လတ္တေလာ အမႈအေပၚတြင္ ကိုင္တြယ္စစ္ေဆးကာ သတင္း ထုတ္ျပန္ေနသည့္ ရဲတပ္ဖြဲ႕ႏွင့္ သစ္ေတာ ဌာနတို႔၏ လုပ္ရပ္ တခ်ိဳ႕ကိုေတာ့ ဘဝင္မက်ေၾကာင္း ဖမ္းဆီးရာတြင္ ပါဝင္ကူညီသူမ်ားက ရင္ဖြင့္ ေျပာဆိုၾကသည္။

နံပါတ္တစ္ အခ်က္သည္ ေက်ာက္ဆည္ ရဲတပ္သား ႏွစ္ဦးက ရဲ႐ြာအပိုင္အတြင္း ဖမ္းမိသည့္ သစ္မ်ားအား ေက်ာက္ဆည္ ရဲစခန္း သို႔ ကိုယ္တိုင္လႊဲေပး ေသာ္လည္း ရဲ ႏွင့္ သစ္ေတာက စဥ့္ကိုင္ၿမိဳ႕နယ္ဟု သတင္း ထုတ္ျပန္ကာ အမႈကို စဥ့္ကိုင္ ၿမိဳ႕မ ရဲစခန္းသို႔ လႊဲေျပာင္းျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဘယ္ဌာနမွ ထပ္မလိုက္လာလို႔ မနက္လင္းတဲ့အခါ က်ေနာ္တို႔ပဲ ေက်ာက္ဆည္ ရဲစခန္းကို လူေတြနဲ႔ သစ္ကားတစီး ေမာင္းၿပီး သြားပို႔ရတာ၊ အမႈဖြင့္ေတာ့ စဥ့္ကိုင္မွာတဲ့၊ ဘယ္လိုေတြ ကိုင္တြယ္မလဲ နားကိုမလည္းဘူး”ဟု သစ္မ်ား ဖမ္းဆီး ရာတြင္ ပါဝင္သူ တဦးက ေျပာသည္။

ႏွစ္အခ်က္သည္ ဖမ္းဆီးရာတြင္ မပါဝင္ခဲ့သူမ်ားက ကိုယ္တိုင္ ဖမ္းဆီးခဲ့သေယာင္ သတင္း ထုတ္ျပန္ၾကျခင္းပင္ ျဖစ္သည္ ဟု ဆိုသည္။

Mandalay Police ရဲတပ္ဖြဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာတြင္ သစ္မ်ားအား ေက်ာက္ဆည္ခ႐ိုင္ ရဲတပ္ဖြဲ႕၊ တံတားဦး ၿမိဳ႕နယ္ သစ္ေတာ ဌာန ဝန္ထမ္းမ်ား၊ ေက်ာက္ဆည္ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ႏွင့္ ရဲ႐ြာ နယ္ေျမ ရဲစခန္းမွ တပ္ဖြဲ႕မ်ားက သတင္းအရ ပူးေပါင္းကာ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္ဟု ဧၿပီ ၇ ရက္ေန႔တြင္ သတင္း ထုတ္ျပန္သည္။
Mandalay Police လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေတြ႕ရသည့္ သတင္း ထုတ္ျပန္ခ်က္

Forest Department သစ္ေတာ ဌာန ဝက္ဘ္ဆိုဒ္ ကလည္း ေက်ာက္ဆည္ခ႐ိုင္ သစ္ေတာ ဝန္ထမ္းမ်ား၊ ရဲတပ္ဖြဲ႕ႏွင့္ တာဝန္သိ ျပည္သူ ၅ ဦးတို႔ ပူးေပါင္းအဖြဲ႕မွ ဖမ္းဆီးျခင္းဟု သတင္း ထုတ္ျပန္ခဲ့သည္။

“အဲ့ဒီလိုေရးထားတဲ့ စာသားကို မႀကိဳက္တာ၊ သူတို႔က မနက္မွေရာက္လာတာ၊ ညကရဲဆိုလို႔ ႏွစ္ေယာက္ပဲ ေတြ႕တယ္၊ က်ေနာ္က အမွန္တိုင္းပဲ ျဖစ္ေစခ်င္တဲ့ ဆႏၵရွိပါတယ္”ဟု ေက်ာက္ဆည္ ခ႐ိုင္ သရက္ပင္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္သန္း က ေျပာသည္။

၎သည္ သရက္ပင္ေက်း႐ြာ အုပ္စုအတြင္း ပါဝင္သည့္ သမန္းသာ႐ြာတြင္ ေနထိုင္သူလည္း ျဖစ္သည္။

အမွန္တကယ္ သစ္ဖမ္းဆီးရာတြင္ ပါဝင္ခဲ့သူ တဦးကလည္း“သူတို႔မပါဘဲ ဒီလိုေရးတာေတြ႕ေတာ့ ရယ္ခ်င္တာေပါ့ဗ်ာ”ဟု ေျပာသည္။

သမန္းသာ ေက်း႐ြာမွ ဆယ္အိမ္မႉး ဦးျမတ္ေဇာ္ကလည္း“အဲ့ဒီညက က်ေနာ္တို႔ေရာက္ေတာ့ ရဲဆိုလို႔ ကိုထြန္းထြန္းဝင္းနဲ႔ ကိုခ်စ္ကိုပဲ ေတြ႕တယ္၊ တျခား ဘယ္ဌာနကမွ မရွိဘူး၊ က်ေနာ္တို႔ အပိုင္နယ္က ရဲေတာင္မရွိဘူး”ဟု ထပ္မံ အတည္ျပဳ ေျပာဆိုသည္။

စဥ့္ကိုင္ သစ္ေတာဌာနက သက္ေသလက္မွတ္ ထိုးခိုင္းခ်ိန္တြင္ ရွာေဖြပုံစံ၌ သတင္း ထုတ္ျပန္ခ်က္ကဲ့သို႔ပင္ ေရးထားသည့္ အတြက္ ဦးျမင့္သန္းႏွင့္ ကိုျမတ္ေဇာ္တို႔ ႏွစ္ဦးစလုံး လက္မွတ္ ထိုးေပးျခင္း မျပဳခဲ့ေၾကာင္း ေျပာသည္။

ထိုသို႔ ဌာနအမည္ ထိပ္၌တင္ကာ နာမည္ယူသည့္ လုပ္ရပ္မ်ားသည္ သာမန္ ရဲတပ္သားျဖစ္သည့္ ကိုထြန္းထြန္းဝင္းတို႔ အတြက္ ထူးျခားစြာ ခံစားရမည့္ ကိစၥမ်ိဳးပင္ မဟုတ္ေတာ့ေၾကာင္း ေဒသခံတခ်ိဳ႕ကလည္း ေျပာဆိုၾကသည္။

ယခင္ ေဖာ္ထုတ္ခဲ့သည့္ ပိုင္ရွင္မဲ့သစ္ အမႈ၊ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈ၊ တရားမဝင္ ေမွာင္ခိုကား ႏွစ္စီးအား ဖမ္းဆီးႏိုင္ခဲ့ မႈ တို႔တြင္ ရဲတပ္သားမ်ားက ျပည္သူႏွင့္ ပူးေပါင္းကာ ဖမ္းဆီးခဲ့ျခင္း ျဖစ္ေသာ္လည္း ေဒသခံမ်ားမွ လြဲ၍ ၎တို႔အား နာမည္ တပ္ ဂုဏ္ျပဳရန္ တုံ႔ဆိုင္းခဲ့ၾကေၾကာင္း သိရသည္။

အမႈမ်ား၏ ေနာက္ဆက္တြဲအေနျဖင့္ သာမန္ ရဲတပ္သား ျဖစ္သည့္ သူတို႔ထံ သြယ္ဝိုက္ေသာ ၿခိမ္းေျခာက္မႈႏွင့္ ေပါင္းစပ္ လုပ္ကိုင္ရာတြင္ အခက္အခဲ ေတြ႕လာျခင္းမ်ားသာ ေရာက္လာတတ္သည္ဟု သစ္ကား ဖမ္းခဲ့သူမ်ားက ဆိုသည္။

ရဲတပ္သား ထြန္းထြန္းဝင္းက“ႀကီးႀကီးက်ယ္က်ယ္ ေျပာရရင္ေတာ့ ႏိုင္ငံနဲ႔ျပည္သူအတြက္ လုပ္ေနတာပဲ မေၾကာက္ဘူးေပါ့၊ တခါတေလက် စိုးရိမ္မိပါတယ္၊ ကိုယ္က တေယာက္တည္း မဟုတ္ဘူး၊ မိဘေတြနဲ႔ မိသားစုလည္း ရွိေသးတယ္ေလ၊ ရဲက ထြက္ၿပီး အရပ္သား အေနနဲ႔လုပ္ရင္ ပိုေတာင္ ခရီးတြင္မလား ေတြးမိတယ္”ဟု ေျပာျပသည္။
ဖမ္းဆီး ရမိေသာ တရားမဝင္ သစ္မ်ား (ဓာတ္ပုံ – Forest Deperment facebook)

ယခု သစ္ေမွာင္ခို ဖမ္းဆီးမႈသည္ ဇာတိေက်ာက္ဆည္ အတြက္ ကိုထြန္းထြန္းဝင္းႏွင့္ ကိုခ်စ္ကို၏ ေနာက္ဆုံး လက္ေဆာင္ ျဖစ္ေတာ့သည္။

သူတို႔ နယ္ေျပာင္းေ႐ႊ႕ ရေတာ့မည့္ အမိန႔္စာမ်ားသည္ ေက်ာက္ဆည္ၿမိဳ႕မ ရဲစခန္းသို႔ ေရာက္ရွိေန၍ ျဖစ္သည္။

အမိန႔္စာမ်ားအရ ကိုထြန္းထြန္းဝင္းသည္ ေညာင္ဦးၿမိဳ႕နယ္သို႔ ေျပာင္းေ႐ႊ႕ရမည္ျဖစ္ၿပီး ကိုခ်စ္ကိုသည္ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ သို႔ ေျပာင္းရေတာ့မည္ ျဖစ္သည္။

“အရင္က အေျပာင္းအေ႐ႊ႕ ေအာ္ဒါ ထြက္တုန္းကေတာ့ က်ေနာ္တို႔ မပါဘူး၊ အခုရက္ပိုင္းမွ ေျပာင္းမိန႔္ကို သိရတာ၊ ဘာေၾကာင့္လဲေတာ့ မေျပာတတ္ဘူး”ဟု ရဲတပ္သား တဦးက ေျပာသည္။

တရားမဝင္ ေမွာင္ခိုမႈမ်ားအား ေဖာ္ထုတ္ေနသည့္ ရဲတပ္သားမ်ား နယ္ေျပာင္းရမည္ကို ေက်ာက္ဆည္ၿမိဳ႕ ေဒသခံမ်ားက လိုလား ႏွစ္သက္ျခင္း မရွိၾကေပ။

ပိုင္ရွင္မဲ့ သစ္အမႈ ေဖာ္ထုတ္မႈေၾကာင့္ ေက်ာက္ဆည္ၿမိဳ႕၏ ဂုဏ္ျပဳခံ ရဲတပ္သား ၅ ဦးစလုံး ဆုံးရႈံးရေတာ့မည့္ အေျခအေန ျဖစ္လာသည္။

“အရင္က သစ္အမႈ ေဖာ္ထုတ္ခဲ့တဲ့ ၅ ေယာက္ထဲက ႏွစ္ေယာက္က ရဲစည္းကမ္းဆိုၿပီး အေရးယူခံလိုက္ရတယ္၊ အခု ႏွစ္ေယာက္ပါ ေျပာင္းရင္ေတာ့ တေယာက္မွ မရွိေတာ့ဘူး”ဟု ၂၀၁၈ ခုႏွစ္က သစ္အမႈကို ေဖာ္ထုတ္ရာတြင္ ပါဝင္ခဲ့သူ တဦးက ေျပာသည္။
သစ္ေတာဌာန Forest Deperment ဝက္ဘ္ဆိုက္တြင္ ေတြ႕ရေသာ သတင္း ထုတ္ျပန္ခ်က္

လက္ရွိ ေဖာ္ထုတ္ ဖမ္းဆီးခဲ့သည့္ သစ္ႏွင့္ တရားခံ ၁၀ ဦးအား စဥ့္ကိုင္ ရဲစခန္းတြင္ သစ္ေတာ ဥပေဒ ပုဒ္မ ၄၃(က)၊ ၄၂ (က) တို႔ျဖင့္ အမႈဖြင့္ထားၿပီး ဆက္လက္ စုံစမ္းလ်က္ ရွိေၾကာင္း စခန္း တာဝန္ရွိသူတဦးက ဧရာဝတီသို႔ ရွင္းျပသည္။

ေက်ာက္ဆည္ သစ္ေတာဌာန ဝန္ထမ္းမ်ား အေနျဖင့္လည္း ထို႔ေနမွစကာ ေၾကာင္႐ြာႏွင့္ ရဲရမန္ သစ္ေတာႀကိဳးဝိုင္း အတြင္း ရွာေဖြဖမ္းဆီးမႈမ်ား ဆက္တိုက္ ျပဳလုပ္ခဲ့ၿပီး ဧၿပီ ၉ ရက္ေန႔အထိ ကြၽန္းႏွင့္ သစ္မာ ၂၁ တန္ေက်ာ္ ထပ္မံ ဖမ္းမိေၾကာင္း ေက်ာက္ဆည္ သစ္ေတာဌာန ဦးစီးအရာရွိ ဦးညီညီၿဖိဳးက ေျပာသည္။

“ဧၿပီ ၆ ရက္ေန႔က ဖမ္းမိၿပီးေတာ့ က်ေနာ္တို႔လဲ နယ္ေျမဆက္ရွင္းတာေပါ့၊ အဲ့ဒီမွာ သစ္ေတြ ထပ္မိတာပါ၊ အမႈက ဆက္စပ္ ေနပါတယ္”ဟုလည္း ဦးညီညီၿဖိဳးက ရွင္းျပသည္။

တရားမဝင္သစ္မ်ား ထပ္မံဖမ္းမိသည္ဟု ဆိုေသာ္လည္း ဖမ္းဆီးထားသူမ်ားႏွင့္ ပတ္သက္ၿပီး သစ္မ်ားအား ေနာက္ကြယ္မွ ေမွာင္ခို ထုတ္ေနသည့္ လူမ်ား၊ ဖမ္းဆီးေဖာ္ထုတ္ရန္ တာဝန္ ပ်က္ကြက္သူမ်ားအား ေဖာ္ထုတ္ ဖမ္းဆီးႏိုင္ရန္လည္း လိုအပ္ ေနေသးေၾကာင္း ဖမ္းဆီးရာတြင္ ပါဝင္ခဲ့သူမ်ားက ေထာက္ျပၾကသည္။

သစ္ပင္ သစ္ေတာမ်ားသည္ အမ်ားျပည္သူပိုင္ ပစၥည္းမ်ားသာျဖစ္ၿပီး သဘာဝ ပတ္ဝန္းက်င္ အတြက္လည္း အဓိက အေရး ပါသည့္ အတြက္ တဦးတည္းပိုင္ သေဘာျဖင့္ လုပ္ကိုင္ေနမႈမ်ားကို တားဆီးရမည္ ျဖစ္ေၾကာင္းလည္း ၎တို႔က ဆိုသည္။

“ဒီလိုလုပ္ရပ္ေတြကို ျပည္သူေတြ ပူးေပါင္း တားဆီးၾကပါ၊ အဖြဲ႕အစည္းေတြက မယုံၾကည္ရဘူးဆိုရင္ေတာင္ ျပည္သူခ်င္း ပူးေပါင္းၿပီး တားဆီးၾကပါလို႔ပဲ ေတာင္းဆိုခ်င္ပါတယ္”ဟု ကိုထြန္းထြန္းဝင္း ေျပာဆိုလိုက္ပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Irrawaddy
#Unicode Version#
နွေတည၏ သန်းခေါင်းယံ အချိန်တွင် လူငယ် ရဲတပ်သား နှစ်ဦး ခေါင်းဆောင်သည့် ၇ ဦးအဖွဲ့သည် တရားမဝင် သစ်ကား များ ဖြတ်သန်းရာ ရဲရွာ-ဘဲလင်း လမ်းတနေရာသို့ ဦးတည် ထွက်ခွာလာသည်။

ကျောက်ဆည်မြို့မှ ကားဖြင့် တနာရီခန့် မောင်းလာပြီးနောက် ရဲရွာ နယ်မြေ ရဲစခန်းအပိုင် သမန်းသာ ကျေးရွာနား အရောက် တွင် တရားမဝင်သစ်များ တင်ဆောင်ပြီး လမ်းဘေး ထိုးရပ်ထားသည့် ကားတစီးကို စတင် တွေ့လိုက်ရသည်။

အချိန်သည် ညဉ့်နက်ပိုင်း ၁၂ နာရီကျော်နေပြီး ဆက်တိုက် ဆိုသလို နောက်ထပ် သစ်ကား ၃ စီးကိုလည်း ထပ်မံ ဖမ်းဆီးမိ လိုက်ကြသည်။

ထိုအချိန်တွင် တရားမဝင် ကျွန်းနှင့် အင်ကြင်းသစ် ၂၂ တန်ကျော် သယ်ဆောင်လာသည့် ကား ၄ စီးနှင့် လူ ၁၀ ဦးအား ဖမ်းဆီး လိုက်နိုင်ပြီ ဖြစ်သော်လည်း ၎င်းတို့ထက် အင်အား များနေသည့် အတွက် အခက်တွေ့ရသည်ဟု ဦးဆောင်သူ လူငယ် ရဲ တပ်သား တဦးက ပြောပြသည်။

ဖမ်းဆီး ထားသူများထဲမှ ၈ ဦးကိုသာ လက်ထိပ် ခတ်ထားနိုင်သည့် အခြေအနေဖြစ်သည်ဟုလည်း ဆိုသည်။

“ည ၁၂ နာရီလောက်က စဖမ်းတာ၊ ကျနော်တို့ဖမ်းပြီးတော့ မြို့နယ်မှူးကို ဖုန်းနှစ်ခါခေါ်တယ် လုံးဝမကိုင်ဘူး၊ စခန်းမှူးကို ခေါ်တယ် စက်ပိတ်ထားတယ်၊ ရဲဆိုလို့ ကျနော်တို့ နှစ်ယောက်တည်း၊ ကူညီ ဖမ်းပေးတဲ့သူတွေက ပေါက်ကွဲတာပေါ့ဗျာ” ဟု လူငယ် ရဲတပ်သားက ဖွင့်ဟ ပြောဆိုသည်။

သစ်ဖမ်းပွဲအား နားစွင့်နေသည့် ကျောက်ဆည်မြို့ခံများကလည်း ညတွင်းချင်း အကူအညီပေးရန် ခရိုင်အဆင့်အထိ ဖုန်းဖြင့် ဆက်သွယ် ခဲ့သော်လည်း အကူအညီမရခဲ့ကြောင်း ဖွင့်ပြောကြသည်။

၎င်းတို့အနေဖြင့် ဌာနအကူအညီ မရနိုင်တော့မှန်း သိလိုက်ချိန်တွင် အနီးရှိ သမန်းသာရွာ အုပ်ချုပ်ရေး အဖွဲ့ထံ အကူအညီ တောင်းခံ ရတော့သည်။

အဆက်အသွယ် ရပြီးနောက် နံနက် ၄ နာရီခန့်တွင် သစ်ကားများ ဖမ်းထားရာ နေရာသို့ သမန်းသာ အုပ်ချုပ်ရေး အဖွဲ့ ရောက်ရှိ လာခဲ့သည်။

နံနက်လင်းချိန် ရောက်လာသည့်အခါ လူငယ် ရဲတပ်သား နှစ်ဦးနှင့်အဖွဲ့သည့် သစ်ကား တစီးနှင့် တရားခံများအား ကျောက်ဆည် ရဲစခန်းသို့ အရောက်မောင်းပို့ လိုက်သည်ဟု ဆိုသည်။

ထိုအချိန်အထိ မည့်သည့် ရဲနှင့် သစ်တော ဝန်ထမ်းမှ ဖမ်းဆီးထားရာသို့ မရောက်ခဲ့ကြောင်း၊ နံနက် ၈ နာရီခန့်မှသာ ပူးပေါင်းအဖွဲ့ ပုံစံဖြင့် ရောက်လာခြင်းဖြစ်ကြောင်း သမန်းသာ ကျေးရွာ အုပ်ချုပ်မှူးနှင့် အဖွ့ဲက ပြောပြသည်။

ထိုဖြစ်ရပ်သည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် သမန်းသာ ကျေးရွာအနီး ရဲရွာနယ်မြေ ရဲစခန်း အပိုင် အတွင်း ဧပြီ ၅ ရက်နေ့ည ညဉ့်နက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။

သန်းခေါင်ယံ သစ်ဖမ်းပွဲ ကိုင်တွယ်ခဲ့သည့် ထိုရဲတပ်သား နှစ်ဦးသည် အကြီးတန်း ရဲအရာရှိများ မဟုတ်ဘဲ ပြီးခဲ့သည့်နှစ် အတွင်း ကျောက်ဆည်မြို့၏ တရားမဝင်သစ် အမှုကို ဖော်ထုတ်ခဲ့သည့် လူငယ် ရဲတပ်သားများထဲမှ ကိုထွန်းထွန်းဝင်း နှင့် ကိုချစ်ကိုပင် ဖြစ်သည်။

၎င်းတို့သည် ဆဲဗင်းဒေး သတင်းဌာန၏ သူရဲကောင်းဆု ချီးမြှင့်ခံထားရသူများလည်း ဖြစ်သည်။ ထိုဆုသည် တရားခံနှင့် အတူ မိထားသည့် သစ်များအား ပိုင်ရှင်မဲ့အမှုအဖြစ် လုပ်ခဲ့သည့် ရဲအရာရှိများအား ဖော်ထုတ်မှုကြောင့် ရဲတပ်သား ၅ ဦးက ရခဲ့ကြခြင်း ဖြစ်သည်။

ထိုအမှုကို ၂၀၁၈ ခုနှစ်အတွင်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပြီး ရဲအထူးခုံရုံးက ပါဝင် ပတ်သက်သည့် စခန်းမှူး နှစ်ဦးအား ထောင် တနှစ်စီ ချမှတ်ခဲ့ပြီး နယ်ထိန်း ခေါင်းဆောင်အား ထောင် ၂ နှစ်နှင့် ဒုတပ်ကြပ် တဦးကို ထောင် ၃ နှစ် ချမှတ်ခဲ့သည်။ မြို့နယ်မှူးကိုလည်း ရာထူးလျှော့ချကာ နယ်ပြောင်းခဲ့လေသည်။

ဒေသတွင်း မူးယစ်ဆေးနှင့် သစ်မှောင်ခိုကဲ့သို့ တရားမဝင် ရာဇဝတ်မှုများအား ဖော်ထုတ် ဖမ်းဆီးရန် စိတ်အား ထက်သန် သည့် ၎င်းတို့အတွက် ဆဲဗင်းဒေး သတင်းဌာန၏ ဂုဏ်ပြု ဆုငွေသည် များစွာ အထောက်အကူပြုခဲ့ကြောင်း ဆိုကြသည်။

“ဆုငွေရတာကို ကျနော်တို့ ကိုယ်ကျိုး မသုံးဖို့ ဆုံးဖြတ်ထားတာ၊ အမှုစုံစမ်းတော့ ကားလိုလာတယ်၊ ဒီငွေ ၇ သိန်းနဲ့ ခွေး ဘီလူး ကားလေး ငှားပြီး ကျနော်တို့ စုံစမ်းခဲ့တာ၊ ဆုငွေကို ဒီလိုအသုံးချရလို့လဲ ကျေနပ်ပါတယ်”ဟု ၎င်းတို့က ပြောသည်။

ဒေသတွင်း သတင်းပေးချက်များအရ မှောင်ခိုသစ်များ ဖြတ်သန်းရာ လမ်းကြောင်းအား သုံးညကြာ တိတ်တဆိတ် စောင့် ကြည့် ခဲ့ပြီး အချိန်ကောင်းကို စောင့်ဖမ်းနိုင်ခဲ့ခြင်းလည်း ဖြစ်ကြောင်း ပြောဆိုကြသည်။

“သတင်းရလို့ သေချာအောင် အရင်ညတွေထဲက စောင့်ကြည့်တယ်၊ တစီးတစီး ဖြတ်တာတွေ့တယ်၊ ဒီညမှာတော့ သတင်း လည်း အတိအကျ ရထားလို့ သွားပြီးစောင့်ဖမ်းတာ”ဟု ၎င်းတို့က ပြောသည်။

ထိုသို့ ဖမ်းဆီးရန် အတွက် ကျောက်ဆည်မြို့ရှိ လုပ်ငန်းခွင်တခုမှ လူ ၅ ဦးကလည်း ကူညီပေးရန် လိုလားစွာ လက်ခံခဲ့ပြီး လူငယ် ရဲတပ်သား နှစ်ဦးအား ကူညီခဲ့ကြခြင်း ဖြစ်သည်။

သစ်မှောင်ခို ဖမ်းမည့်အစီအစဉ်ကိုမူ ၎င်းတို့အနေနှင့် မည့်သည့် ဌာနတာဝန်ရှိသူများထံ အသိပေးခြင်း မရှိခဲ့ကြပေ။ ထို အတွက် အကြောင်းပြချက်သည်လည်း ဖမ်းဆီးရာ၌ ကူညီခဲ့သူများ ထံတွင် ရှိနေခဲ့သည်။

“ကျနော်တို့ သတင်းပေါက်ပြီး ဖမ်းမမိဘဲ သစ်တွေပျောက်သွားမှာ စိုးရိမ်တယ်”ဟု ဖမ်းဆီးမှုကို လိုက်ပါ ကူညီသူတဦးက အကြောင်းပြချက် ပေးသည်။

ဖမ်းဆီးစဉ် ရိုက်ယူထားသည့် ဗီဒီယို မှတ်တမ်းများနှင့် စစ်ဆေး မေးမြန်ချက်များ အရလည်း သစ်ကားများ အနေနှင့် ရဲရမန် ဒေသမှ ကြောင်ရွာ၊ ရဲရွာ နယ်မြေတို့မှတဆင့် ကားလမ်းအတိုင်း ဖြတ်သန်းခြင်း ဖြစ်သည်ကို သိရကြောင်း ဖမ်းဆီးသူများ က ပြောပြသည်။

ဒေသခံများ၏ ပြောပြချက်အရ ထိုလမ်းကြောင်းတွင် ရဲရွာ နယ်မြေ ရဲစခန်းနှင့် ကြောင်ရွာရှိ သစ်တောဌာနတို့ ရှိနေပြီး နှစ်ခု စလုံးသည် လမ်းမဘေးတွင်ပင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုလမ်းကြောင်းသည် ပြင်ဦးလွင် မြို့နယ် အထိ ပေါက် သည့် လမ်းကြောင်း တခုလည်း ဖြစ်ကြောင်း သိရသည်။

ဖမ်းမိ သစ်များနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့က မည့်သည့်အတိုင်းအတာအထိ ဖော်ထုတ်မည်ကို ကျောက် ဆည် ဒေသခံများက စောင့်ကြည့်နေပြီး လိုအပ်ပါက အဂတိတိုက်ဖျက်ရေး ကော်မရှင်ကဲ့သို့ အဖွဲ့များထံ တိုင်းကြား ဖော် ထုတ် မှုများ ပြုလုပ်ရန် အထိပင် တိုင်ပင်ထားကြသည်ဟု ဆိုသည်။

“လူ့နှစ်ဖက်စာလောက် ကျွန်းသစ်လုံးကြီးတွေ၊ တော်တော်နှမြောဖို့ ကောင်းပါတယ်၊ ကုန်ပါပြီဗျာ”ဟု ဖမ်းဆီးသူ တဦးက ပြောသည်။

၎င်းတို့တွင် အမှုနှင့်ဆက်စပ်သည့် အချက်အလက်များ၊ ဂိတ်ကြေးနှင့် တာဝန်ပျက်ကွက်မှု အခြေအနေ ခိုင်မာသည့် အကြောင်း အရာ မှတ်တမ်းများ အခင်းဖြစ်သည့် ညတွင် ရထားကြောင်း ပြောဆိုကြသော်လည်း ဖွင့်ချပြခြင်းတော့ မရှိသေး ပေ။

လတ်တလော အမှုအပေါ်တွင် ကိုင်တွယ်စစ်ဆေးကာ သတင်း ထုတ်ပြန်နေသည့် ရဲတပ်ဖွဲ့နှင့် သစ်တော ဌာနတို့၏ လုပ်ရပ် တချို့ကိုတော့ ဘဝင်မကျကြောင်း ဖမ်းဆီးရာတွင် ပါဝင်ကူညီသူများက ရင်ဖွင့် ပြောဆိုကြသည်။

နံပါတ်တစ် အချက်သည် ကျောက်ဆည် ရဲတပ်သား နှစ်ဦးက ရဲရွာအပိုင်အတွင်း ဖမ်းမိသည့် သစ်များအား ကျောက်ဆည် ရဲစခန်း သို့ ကိုယ်တိုင်လွှဲပေး သော်လည်း ရဲ နှင့် သစ်တောက စဉ့်ကိုင်မြို့နယ်ဟု သတင်း ထုတ်ပြန်ကာ အမှုကို စဉ့်ကိုင် မြို့မ ရဲစခန်းသို့ လွှဲပြောင်းခြင်း ဖြစ်ကြောင်း သိရသည်။

“ဘယ်ဌာနမှ ထပ်မလိုက်လာလို့ မနက်လင်းတဲ့အခါ ကျနော်တို့ပဲ ကျောက်ဆည် ရဲစခန်းကို လူတွေနဲ့ သစ်ကားတစီး မောင်းပြီး သွားပို့ရတာ၊ အမှုဖွင့်တော့ စဉ့်ကိုင်မှာတဲ့၊ ဘယ်လိုတွေ ကိုင်တွယ်မလဲ နားကိုမလည်းဘူး”ဟု သစ်များ ဖမ်းဆီး ရာတွင် ပါဝင်သူ တဦးက ပြောသည်။

နှစ်အချက်သည် ဖမ်းဆီးရာတွင် မပါဝင်ခဲ့သူများက ကိုယ်တိုင် ဖမ်းဆီးခဲ့သယောင် သတင်း ထုတ်ပြန်ကြခြင်းပင် ဖြစ်သည် ဟု ဆိုသည်။

Mandalay Police ရဲတပ်ဖွဲ့ လူမှုကွန်ရက် စာမျက်နှာတွင် သစ်များအား ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့၊ တံတားဦး မြို့နယ် သစ်တော ဌာန ဝန်ထမ်းများ၊ ကျောက်ဆည် မြို့နယ် ရဲတပ်ဖွဲ့ နှင့် ရဲရွာ နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့များက သတင်းအရ ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဧပြီ ၇ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။
Mandalay Police လူမှုကွန်ရက် စာမျက်နှာတွင် တွေ့ရသည့် သတင်း ထုတ်ပြန်ချက်

Forest Department သစ်တော ဌာန ဝက်ဘ်ဆိုဒ် ကလည်း ကျောက်ဆည်ခရိုင် သစ်တော ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့နှင့် တာဝန်သိ ပြည်သူ ၅ ဦးတို့ ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခြင်းဟု သတင်း ထုတ်ပြန်ခဲ့သည်။

“အဲ့ဒီလိုရေးထားတဲ့ စာသားကို မကြိုက်တာ၊ သူတို့က မနက်မှရောက်လာတာ၊ ညကရဲဆိုလို့ နှစ်ယောက်ပဲ တွေ့တယ်၊ ကျနော်က အမှန်တိုင်းပဲ ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်”ဟု ကျောက်ဆည် ခရိုင် သရက်ပင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း က ပြောသည်။

၎င်းသည် သရက်ပင်ကျေးရွာ အုပ်စုအတွင်း ပါဝင်သည့် သမန်းသာရွာတွင် နေထိုင်သူလည်း ဖြစ်သည်။

အမှန်တကယ် သစ်ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူ တဦးကလည်း“သူတို့မပါဘဲ ဒီလိုရေးတာတွေ့တော့ ရယ်ချင်တာပေါ့ဗျာ”ဟု ပြောသည်။

သမန်းသာ ကျေးရွာမှ ဆယ်အိမ်မှူး ဦးမြတ်ဇော်ကလည်း“အဲ့ဒီညက ကျနော်တို့ရောက်တော့ ရဲဆိုလို့ ကိုထွန်းထွန်းဝင်းနဲ့ ကိုချစ်ကိုပဲ တွေ့တယ်၊ တခြား ဘယ်ဌာနကမှ မရှိဘူး၊ ကျနော်တို့ အပိုင်နယ်က ရဲတောင်မရှိဘူး”ဟု ထပ်မံ အတည်ပြု ပြောဆိုသည်။

စဉ့်ကိုင် သစ်တောဌာနက သက်သေလက်မှတ် ထိုးခိုင်းချိန်တွင် ရှာဖွေပုံစံ၌ သတင်း ထုတ်ပြန်ချက်ကဲ့သို့ပင် ရေးထားသည့် အတွက် ဦးမြင့်သန်းနှင့် ကိုမြတ်ဇော်တို့ နှစ်ဦးစလုံး လက်မှတ် ထိုးပေးခြင်း မပြုခဲ့ကြောင်း ပြောသည်။

ထိုသို့ ဌာနအမည် ထိပ်၌တင်ကာ နာမည်ယူသည့် လုပ်ရပ်များသည် သာမန် ရဲတပ်သားဖြစ်သည့် ကိုထွန်းထွန်းဝင်းတို့ အတွက် ထူးခြားစွာ ခံစားရမည့် ကိစ္စမျိုးပင် မဟုတ်တော့ကြောင်း ဒေသခံတချို့ကလည်း ပြောဆိုကြသည်။

ယခင် ဖော်ထုတ်ခဲ့သည့် ပိုင်ရှင်မဲ့သစ် အမှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ တရားမဝင် မှောင်ခိုကား နှစ်စီးအား ဖမ်းဆီးနိုင်ခဲ့ မှု တို့တွင် ရဲတပ်သားများက ပြည်သူနှင့် ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သော်လည်း ဒေသခံများမှ လွဲ၍ ၎င်းတို့အား နာမည် တပ် ဂုဏ်ပြုရန် တုံ့ဆိုင်းခဲ့ကြကြောင်း သိရသည်။

အမှုများ၏ နောက်ဆက်တွဲအနေဖြင့် သာမန် ရဲတပ်သား ဖြစ်သည့် သူတို့ထံ သွယ်ဝိုက်သော ခြိမ်းခြောက်မှုနှင့် ပေါင်းစပ် လုပ်ကိုင်ရာတွင် အခက်အခဲ တွေ့လာခြင်းများသာ ရောက်လာတတ်သည်ဟု သစ်ကား ဖမ်းခဲ့သူများက ဆိုသည်။

ရဲတပ်သား ထွန်းထွန်းဝင်းက“ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ နိုင်ငံနဲ့ပြည်သူအတွက် လုပ်နေတာပဲ မကြောက်ဘူးပေါ့၊ တခါတလေကျ စိုးရိမ်မိပါတယ်၊ ကိုယ်က တယောက်တည်း မဟုတ်ဘူး၊ မိဘတွေနဲ့ မိသားစုလည်း ရှိသေးတယ်လေ၊ ရဲက ထွက်ပြီး အရပ်သား အနေနဲ့လုပ်ရင် ပိုတောင် ခရီးတွင်မလား တွေးမိတယ်”ဟု ပြောပြသည်။
ဖမ်းဆီး ရမိသော တရားမဝင် သစ်များ (ဓာတ်ပုံ – Forest Deperment facebook)

ယခု သစ်မှောင်ခို ဖမ်းဆီးမှုသည် ဇာတိကျောက်ဆည် အတွက် ကိုထွန်းထွန်းဝင်းနှင့် ကိုချစ်ကို၏ နောက်ဆုံး လက်ဆောင် ဖြစ်တော့သည်။

သူတို့ နယ်ပြောင်းရွှေ့ ရတော့မည့် အမိန့်စာများသည် ကျောက်ဆည်မြို့မ ရဲစခန်းသို့ ရောက်ရှိနေ၍ ဖြစ်သည်။

အမိန့်စာများအရ ကိုထွန်းထွန်းဝင်းသည် ညောင်ဦးမြို့နယ်သို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ကိုချစ်ကိုသည် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ သို့ ပြောင်းရတော့မည် ဖြစ်သည်။

“အရင်က အပြောင်းအရွှေ့ အော်ဒါ ထွက်တုန်းကတော့ ကျနော်တို့ မပါဘူး၊ အခုရက်ပိုင်းမှ ပြောင်းမိန့်ကို သိရတာ၊ ဘာကြောင့်လဲတော့ မပြောတတ်ဘူး”ဟု ရဲတပ်သား တဦးက ပြောသည်။

တရားမဝင် မှောင်ခိုမှုများအား ဖော်ထုတ်နေသည့် ရဲတပ်သားများ နယ်ပြောင်းရမည်ကို ကျောက်ဆည်မြို့ ဒေသခံများက လိုလား နှစ်သက်ခြင်း မရှိကြပေ။

ပိုင်ရှင်မဲ့ သစ်အမှု ဖော်ထုတ်မှုကြောင့် ကျောက်ဆည်မြို့၏ ဂုဏ်ပြုခံ ရဲတပ်သား ၅ ဦးစလုံး ဆုံးရှုံးရတော့မည့် အခြေအနေ ဖြစ်လာသည်။

“အရင်က သစ်အမှု ဖော်ထုတ်ခဲ့တဲ့ ၅ ယောက်ထဲက နှစ်ယောက်က ရဲစည်းကမ်းဆိုပြီး အရေးယူခံလိုက်ရတယ်၊ အခု နှစ်ယောက်ပါ ပြောင်းရင်တော့ တယောက်မှ မရှိတော့ဘူး”ဟု ၂၀၁၈ ခုနှစ်က သစ်အမှုကို ဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ တဦးက ပြောသည်။
သစ်တောဌာန Forest Deperment ဝက်ဘ်ဆိုက်တွင် တွေ့ရသော သတင်း ထုတ်ပြန်ချက်

လက်ရှိ ဖော်ထုတ် ဖမ်းဆီးခဲ့သည့် သစ်နှင့် တရားခံ ၁၀ ဦးအား စဉ့်ကိုင် ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ ၄၃(က)၊ ၄၂ (က) တို့ဖြင့် အမှုဖွင့်ထားပြီး ဆက်လက် စုံစမ်းလျက် ရှိကြောင်း စခန်း တာဝန်ရှိသူတဦးက ဧရာဝတီသို့ ရှင်းပြသည်။

ကျောက်ဆည် သစ်တောဌာန ဝန်ထမ်းများ အနေဖြင့်လည်း ထို့နေမှစကာ ကြောင်ရွာနှင့် ရဲရမန် သစ်တောကြိုးဝိုင်း အတွင်း ရှာဖွေဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ဧပြီ ၉ ရက်နေ့အထိ ကျွန်းနှင့် သစ်မာ ၂၁ တန်ကျော် ထပ်မံ ဖမ်းမိကြောင်း ကျောက်ဆည် သစ်တောဌာန ဦးစီးအရာရှိ ဦးညီညီဖြိုးက ပြောသည်။

“ဧပြီ ၆ ရက်နေ့က ဖမ်းမိပြီးတော့ ကျနော်တို့လဲ နယ်မြေဆက်ရှင်းတာပေါ့၊ အဲ့ဒီမှာ သစ်တွေ ထပ်မိတာပါ၊ အမှုက ဆက်စပ် နေပါတယ်”ဟုလည်း ဦးညီညီဖြိုးက ရှင်းပြသည်။

တရားမဝင်သစ်များ ထပ်မံဖမ်းမိသည်ဟု ဆိုသော်လည်း ဖမ်းဆီးထားသူများနှင့် ပတ်သက်ပြီး သစ်များအား နောက်ကွယ်မှ မှောင်ခို ထုတ်နေသည့် လူများ၊ ဖမ်းဆီးဖော်ထုတ်ရန် တာဝန် ပျက်ကွက်သူများအား ဖော်ထုတ် ဖမ်းဆီးနိုင်ရန်လည်း လိုအပ် နေသေးကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူများက ထောက်ပြကြသည်။

သစ်ပင် သစ်တောများသည် အများပြည်သူပိုင် ပစ္စည်းများသာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အတွက်လည်း အဓိက အရေး ပါသည့် အတွက် တဦးတည်းပိုင် သဘောဖြင့် လုပ်ကိုင်နေမှုများကို တားဆီးရမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

“ဒီလိုလုပ်ရပ်တွေကို ပြည်သူတွေ ပူးပေါင်း တားဆီးကြပါ၊ အဖွဲ့အစည်းတွေက မယုံကြည်ရဘူးဆိုရင်တောင် ပြည်သူချင်း ပူးပေါင်းပြီး တားဆီးကြပါလို့ပဲ တောင်းဆိုချင်ပါတယ်”ဟု ကိုထွန်းထွန်းဝင်း ပြောဆိုလိုက်ပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top