




Credit:bamakhit

#Unicode Version# ဖြင့်ဖတ်ပါ ။

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရန်ကုန်- ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၅၄/၆နှင့်၅၄/၇ ကြားရှိ အိုင်ဇောက်တံတားညာဘက်ခြမ်းအားပုသိမ်မှ ရန်ကုန်သို့မောင်းနှင်လာသော စိန်နိုင်ကျော်ခရီးသည်တင်ယာဉ် မှန်လုံးသည်

ဧပြီလ ၁၈ နံနက် ၁၀ နာရီမိနစ် ၂၀ ခန့်က တံတားညာဘက်ခြမ်းအား ဝင်ရောက်တိုက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်းဘုန်းကျော်ထွန်းမောင်းနှင်လာသော 6B/———- ဖြူ /နီကြားရောင်(စိန်နိုင်ကျော်)ခရီးသည်တင်မှန်လုံယာဉ်သည်

ပုသိမ်မှ ရန်ကုန်သို့ မောင်းနှင်းလာရာမှ မိုင်တိုင်အမှတ် ၅၄/ ၆နှင့် ၅၄/၇ ကြားတွင် စတီယာရင်တိုက်လော့ပြုတ်ထွက်ကာ အရှိန်မထိန်းနိုင်ဘဲတံတားအား ယာဉ်၏ ဝဲဘက်ခြမ်းနှင့်ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်းအပါအဝင် ယာဉ်နှင့်အတူလိုက်ပါလာသူ ခရီးသည် (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသတင်းရရှိသဖြင့်

ပန်းတနော်မြို့နယ် ရဲမှူးဝင်းသိန်း ဦးစီး၍ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ယာဉ်လမ်းကြောင်းများ ရှင်းလင်းပေးပြီး လူနာများအား ပန်းတနော်မြို့နယ်ပြည်သူ့ဆေးရုံသို့ အချိန်မှီပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းဘုန်းကျော်ထွန်းအား ဥပဒေအရအရေးယူရန် စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top