ေမာ္လၿမိဳင္၊ ေမာင္ငံရပ္ကြက္၊ ေတာင္ရိုးတန္းလမ္းရွိ မြန္ျပည္နယ္ အထူးစံုစမ္းစစ္ေဆးေရး ဦးစီးဌာန ညႊန္ၾကားေရးမႉး ဦးမ်ိဳး ေဇာ္ဝင္းေနအိမ္မွာ ေဖာက္ထြင္းခံရတဲ့ ေရႊထည္ ၉၇ မ်ိဳး၊ က်ပ္ေငြ သိန္း ၅၀ နဲ႔ ထိုင္းဘတ္ ၆၀၀၀ ေက်ာ္ကို မေန႔မနက္ပုိင္းက ျပန္သိမ္းဆည္းႏုိင္ၿပီလုိ႔ မုပြန္နယ္ေျမရဲစခန္း စခန္းမႉး ဒုရဲမႉး သန္႔ဇင္က ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။

ေရႊထည္ ပစၥည္းေတြနဲ႔ ေငြသားေတြကို သိမ္းဆည္းႏိုင္ခဲ့ေပမယ့္ ေဖာက္ထြင္းသူ ရဲမင္းပိုင္ ဆိုသူမွာ ထြက္ေျပးတိမ္းေရွာင္သြားတယ္လို႔ ဆိုပါတယ္။

သူရဲ႕ ေနအိမ္ကုိ ဝင္ေရာက္ရွာေဖြရာမွာ ဇနီးျဖစ္သူ မဇာဇာေအာင္ (ခ) မလိမၼာထံဆီကေန ေရႊထည္ပစၥည္းေတြနဲ႔ ေငြသားေတြကိုလည္း ျပန္လည္သိမ္းဆည္းႏိုင္္ခဲ့တာပါ။

သိမ္းဆည္းမိတဲ့ ပစၥည္းေတြထဲမွာ ေရႊလက္ေကာက္ ၂ ကြင္းကို ေဖာက္ထြင္းသူ ေနအိမ္ကပ္လ်က္မွာ ေနထိုင္တဲ့ လွႏိုင္နဲ႔ ဇနီးျဖစ္သူ အိအိစံရဲ႕ ပိုက္ဆံအိတ္အတြင္းကေန သိမ္းဆည္းရမိခဲ့တာလုိ႔ ဆုိပါတယ္။

ဒါေၾကာင့္ မဇာဇာေအာင္ အပါအဝင္ လွႏိုင္နဲ႔ အိအိစံကုိ စစ္ေဆးေနၿပီး၊ ေဖာက္ထြင္းသူ ရဲမင္းပိုင္ကို ဖမ္းဆီးရမိေရးအတြက္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနပါတယ္။

အထူးစံုစမ္းစစ္ေဆးေရး ဦးစီးဌာနညႊန္ၾကားေရးမႉး ေနအိမ္ေဖာက္ထြင္းခံရမႈေၾကာင့္ ေရႊထည္အပါအဝင္ ေငြစကၠဴက်ပ္ သိန္း ၈၀ နဲ႔ Samsung Galaxy Note 9 အမ်ိဳးစား လက္ကိုင္ဖုန္းတလုံး၊ စုစုေပါင္းတန္ဖိုးေငြက်ပ္သိန္း ၄၇၀ က်ပ္ေလာက္ ေပ်ာက္ဆုံးသြားခဲ့တာပါ။

ဒီျဖစ္စဥ္ေၾကာင့္ ရဲမင္ပိုင္းဆိုသူကို ေနအိမ္ေဖာက္ထြင္းမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၅၄ အရ ေမာ္လၿမိဳင္ မုပြန္ရဲစခန္းမွာ အမႈဖြင့္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


မော်လမြိုင်၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုး ဇော်ဝင်းနေအိမ်မှာ ဖောက်ထွင်းခံရတဲ့ ရွှေထည် ၉၇ မျိုး၊ ကျပ်ငွေ သိန်း ၅၀ နဲ့ ထိုင်းဘတ် ၆၀၀၀ ကျော်ကို မနေ့မနက်ပိုင်းက ပြန်သိမ်းဆည်းနိုင်ပြီလို့ မုပွန်နယ်မြေရဲစခန်း စခန်းမှူး ဒုရဲမှူး သန့်ဇင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ရွှေထည် ပစ္စည်းတွေနဲ့ ငွေသားတွေကို သိမ်းဆည်းနိုင်ခဲ့ပေမယ့် ဖောက်ထွင်းသူ ရဲမင်းပိုင် ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

သူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဇနီးဖြစ်သူ မဇာဇာအောင် (ခ) မလိမ္မာထံဆီကနေ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားတွေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့တာပါ။

သိမ်းဆည်းမိတဲ့ ပစ္စည်းတွေထဲမှာ ရွှေလက်ကောက် ၂ ကွင်းကို ဖောက်ထွင်းသူ နေအိမ်ကပ်လျက်မှာ နေထိုင်တဲ့ လှနိုင်နဲ့ ဇနီးဖြစ်သူ အိအိစံရဲ့ ပိုက်ဆံအိတ်အတွင်းကနေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် မဇာဇာအောင် အပါအဝင် လှနိုင်နဲ့ အိအိစံကို စစ်ဆေးနေပြီး၊ ဖောက်ထွင်းသူ ရဲမင်းပိုင်ကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနညွှန်ကြားရေးမှူး နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ရွှေထည်အပါအဝင် ငွေစက္ကူကျပ် သိန်း ၈၀ နဲ့ Samsung Galaxy Note 9 အမျိုးစား လက်ကိုင်ဖုန်းတလုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၄၇၀ ကျပ်လောက် ပျောက်ဆုံးသွားခဲ့တာပါ။

ဒီဖြစ်စဉ်ကြောင့် ရဲမင်ပိုင်းဆိုသူကို နေအိမ်ဖောက်ထွင်းမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၄ အရ မော်လမြိုင် မုပွန်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top