ရုပ္ရွင္ႏွင့္ ဗီဒီယို သရုပ္ေဆာင္ ဦးဖိုးျဖဴ ကိုယ္တိုင္ဖြင့္လွစ္ထားတဲ႔ ဆႏၵသုခ ပရဟိတ ေဆးခန္းမွာ အသည္းေယာင္ အသား၀ါ ဘီပိုး စီပိုးကို အဓိကထားကုသေပးလ်က္ရွိပါတယ္။

ဦးဖိုးျဖဴက ေဆးခန္းဖြင့္ထားတဲ႔ အေၾကာင္းကို ခုလို ေျပာျပပါတယ္ လြန္ခဲ႔တဲ႔ ၅ ႏွစ္ေလာက္က ဦးက အသဲေယာင္အသား၀ါ စီပိုး ေရာဂါေတာ္ေတာ္ျပင္းတယ္. .ေတာ္ေတာ္ေလးေနမေကာင္းျဖစ္ခဲ႔တယ္. . ဦးတို႔ေခတ္တုန္းက အသည္းေယာင္အသား၀ါ စီပိုးျဖစ္ရင္ သိန္း ၃၀၀ ေလာက္ကုန္မွ ေပ်ာက္တယ္. ..ဦးမွာ ရွိတဲ႔ ကားႏွစ္စီးကို ေရာင္းျပီး ကုခဲ႔တဲ႔အတြက္ ကံအားေလ်ာ္စြာ အသက္ရွင္ခဲ႔ပါတယ္. . .ဒါေၾကာင့္ ဘီပိုး စီပိုးေတြရဲ႕ ဆိုးက်ိဳးေတြကို သိတဲ႔အတြက္ ဆင္းရဲႏြမ္းပါးသူေတြ ဘုန္းျကီးေတြ သီလရွင္ေတြ၊ ယံုၾကည္ခ်က္ေၾကာင့္ ေထာင္အက်ဥ္းက်ျပီး ျပန္လြတ္လာသူေတြကို ေစ်းႏႈန္းသက္သက္သာသာနဲ႔ ဘီပိုးစီပိုး ကုေပးမွာ လို႔ ေျပာပါတယ္။

သူ႔ရဲ႕ေဆးခန္းမွာ ေရာဂါအတိုင္ပင္ခံဆရာ၀န္ၾကီးက ေရာဂါကို အခမဲ႔ စမ္းသပ္ေပးမွာ ျဖစ္ျပီး ၀ယ္ယူသည့္ေဆးဖိုးသာ ကုန္က်မွာ ျဖစ္ေၾကာင္း သိရပါတယ္။

ေဒါက္တာ ဇာနည္ဇင္ ဆိုတဲ႔ နာမည္နဲ႔ Facebook Page တစ္ခု ဖြင့္လွစ္ထားျပီး ၄င္း Page မွာ ေဆးခန္းဖြင့္မယ့္ရက္ အတိအက်ကို စံုစမ္းႏိုင္တဲ႔အျပင္ အေသးစိတ္စံုစမ္းလိုပါက ဦးဖိုးျဖူရဲ႕ဖုန္းနံပါတ္ ဝ၉၅၁၈၃၉၁၇ ကို ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္.။

ဦးဖိုးျဖဴဟာ အ၀စား ၁၅၀၀ တန္ထင္းဆိုင္ကိုလဲ ဖြင့္လွစ္ထားပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thutasone
#Unicode Version#
ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ဦးဖိုးဖြူ ကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ ဆန္ဒသုခ ပရဟိတ ဆေးခန်းမှာ အသည်းယောင် အသားဝါ ဘီပိုး စီပိုးကို အဓိကထားကုသပေးလျက်ရှိပါတယ်။

ဦးဖိုးဖြူက ဆေးခန်းဖွင့်ထားတဲ့ အကြောင်းကို ခုလို ပြောပြပါတယ် လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဦးက အသဲယောင်အသားဝါ စီပိုး ရောဂါတော်တော်ပြင်းတယ်. .တော်တော်လေးနေမကောင်းဖြစ်ခဲ့တယ်. . ဦးတို့ခေတ်တုန်းက အသည်းယောင်အသားဝါ စီပိုးဖြစ်ရင် သိန်း ၃၀၀ လောက်ကုန်မှ ပျောက်တယ်. ..ဦးမှာ ရှိတဲ့ ကားနှစ်စီးကို ရောင်းပြီး ကုခဲ့တဲ့အတွက် ကံအားလျော်စွာ အသက်ရှင်ခဲ့ပါတယ်. . .ဒါကြောင့် ဘီပိုး စီပိုးတွေရဲ့ ဆိုးကျိုးတွေကို သိတဲ့အတွက် ဆင်းရဲနွမ်းပါးသူတွေ ဘုန်းကြီးတွေ သီလရှင်တွေ၊ ယုံကြည်ချက်ကြောင့် ထောင်အကျဉ်းကျပြီး ပြန်လွတ်လာသူတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ဘီပိုးစီပိုး ကုပေးမှာ လို့ ပြောပါတယ်။

သူ့ရဲ့ဆေးခန်းမှာ ရောဂါအတိုင်ပင်ခံဆရာဝန်ကြီးက ရောဂါကို အခမဲ့ စမ်းသပ်ပေးမှာ ဖြစ်ပြီး ဝယ်ယူသည့်ဆေးဖိုးသာ ကုန်ကျမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒေါက်တာ ဇာနည်ဇင် ဆိုတဲ့ နာမည်နဲ့ Facebook Page တစ်ခု ဖွင့်လှစ်ထားပြီး ၎င်း Page မှာ ဆေးခန်းဖွင့်မယ့်ရက် အတိအကျကို စုံစမ်းနိုင်တဲ့အပြင် အသေးစိတ်စုံစမ်းလိုပါက ဦးဖိုးဖြူရဲ့ဖုန်းနံပါတ် ဝ၉၅၁၈၃၉၁၇ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.။

ဦးဖိုးဖြူဟာ အဝစား ၁၅၀၀ တန်ထင်းဆိုင်ကိုလဲ ဖွင့်လှစ်ထားပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top