အဆိုေတာ္ မေနာက သူတို႔မိသားစု ျပဳလုပ္ခဲ႔တဲ႔ ေကာင္းမႈကုသိုလ္အေၾကာင္း ခုလို မွ်ေ၀ေပးထားပါတယ္

“မဂၤလာပါ

က်ေနာ့္ေမေမ ဇီးကန္ကြ်န္းဦးေက်ာင္းမွာ ေက်ာင္းေဆာင္တစ္ေဆာင္ ေဆာက္လုပ္လွဴဒါန္းျဖစ္တယ္ ေမေမဆြဲထားေသာ ေရႊဆြဲႀကိဳး လက္ေကာက္ အားလုံးေရာင္းၿပီးစတင္စီစဥ္ပါေလေရာ သိန္း(၈၀) ဖိုးေလာက္ရတယ္ေပါ့

ထိုေက်ာင္းေဆာင္ရဲ႕ ကုန္က်စရိတ္ကေတာ့ သိန္း (၂၃၀) ေက်ာ္မယ္ သားသမီးေတြကိုလည္းလႉေစခ်င္တယ္ေလ ဒါနဲ႔ေမေမလိုအပ္မည့္ေငြကိုက်ေနာ္တို႔ သားသမီးမ်ားက ဝိုင္းဝန္းအင္းအားျဖည့္ၿပီးအျမန္ေဆာက္လုပ္လွဴဒါန္းေနၿပီဗ်ိဳ႕မိဘ မရွိေတာ့မွ နာမည္တပ္ၿပီးလွဴတာ မေသခ်ာဘူးေလ ဒါေၾကာင့္ဒီႏွစ္ သၾကၤန္ Sky net မ႑ပ္မွာဆိုျဖစ္တယ္။

ဆိုလို႔ရတဲ့အႏုပညာေၾကးရယ္ ယခင္ပြဲေတြဆိုထားတဲ့ အႏုပညာျဖင့္ျဖဴစင္စြာရေသာ ေငြမ်ားျဖင့္သာ ေမေမ့ေက်ာင္းေဆာင္ကိုလွဴဒါန္းခဲ့ပါတယ္။

အားလုံးေသာ သူမ်ားကို အၾကံေလးေပးပါရေစ မိဘကို ကန္ေတာ့ၿပီဆိုလွ်င္ ေျခဖ်ားကို မိမိဦးေခါင္းျဖင့္ထိ၍ မာန္ခ်ကာ ကန္ေတာ့ေစခ်င္သည္ ရွက္စရာ မဟုတ္ ရြံစရာမဟုတ္ပါ ေက်းဇူးေတြကဆပ္မကုန္ေအာင္မ်ားျပားလြန္း၍ျဖစ္ပါသည္။

အားလုံးေသာ ေတးခ်စ္သူမ်ားႏွင့္ (၇)ရက္သားသမီးမ်ား ဤကုသိုလ္ေတြ က်ေနာ္တို႔ႏွင့္အတူ ထပ္တူရပါေစ” ဆိုျပီး မွ်ေ၀ထားတာ ျဖစ္ပါတယ္။

အဆိုေတာ္ မေနာရဲ႕ မိခင္ျဖစ္သူကို ကန္ေတာ့ ေနတဲ႔ ပံုေလးကလည္း ျမင္ရသူရင္ကို ၾကည္းႏူးပီတိျဖစ္ေစပါတယ္ေနာ္

မိဘေက်းဇူးကိုလည္း သိတတ္ျပီး ကုသိုလ္ေကာင္းမႈေတြ ျပဳေနတဲ႔ အစ္ကိုမေနာ ေအာင္ျမင္မႈေတြနဲ႔ ဘ၀ကို ေလွ်ာက္လွမ္းႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ThutaSone

#Unicode Version# ျဖင့္ဖတ္ပါ ။

အဆိုတော် မနောက သူတို့မိသားစု ပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်အကြောင်း ခုလို မျှဝေပေးထားပါတယ်

“မင်္ဂလာပါ

ကျနော့်မေမေ ဇီးကန်ကျွန်းဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖြစ်တယ် မေမေဆွဲထားသော ရွှေဆွဲကြိုး လက်ကောက် အားလုံးရောင်းပြီးစတင်စီစဉ်ပါလေရော သိန်း(၈၀) ဖိုးလောက်ရတယ်ပေါ့

ထိုကျောင်းဆောင်ရဲ့ ကုန်ကျစရိတ်ကတော့ သိန်း (၂၃၀) ကျော်မယ် သားသမီးတွေကိုလည်းလှူစေချင်တယ်လေ ဒါနဲ့မေမေလိုအပ်မည့်ငွေကိုကျနော်တို့ သားသမီးများက ဝိုင်းဝန်းအင်းအားဖြည့်ပြီးအမြန်ဆောက်လုပ်လှူဒါန်းနေပြီဗျို့မိဘ မရှိတော့မှ နာမည်တပ်ပြီးလှူတာ မသေချာဘူးလေ ဒါကြောင့်ဒီနှစ် သြင်္ကန် Sky net မဏ္ဍပ်မှာဆိုဖြစ်တယ်။

ဆိုလို့ရတဲ့အနုပညာကြေးရယ် ယခင်ပွဲတွေဆိုထားတဲ့ အနုပညာဖြင့်ဖြူစင်စွာရသော ငွေများဖြင့်သာ မေမေ့ကျောင်းဆောင်ကိုလှူဒါန်းခဲ့ပါတယ်။

အားလုံးသော သူများကို အကြံလေးပေးပါရစေ မိဘကို ကန်တော့ပြီဆိုလျှင် ခြေဖျားကို မိမိဦးခေါင်းဖြင့်ထိ၍ မာန်ချကာ ကန်တော့စေချင်သည် ရှက်စရာ မဟုတ် ရွံစရာမဟုတ်ပါ ကျေးဇူးတွေကဆပ်မကုန်အောင်များပြားလွန်း၍ဖြစ်ပါသည်။

အားလုံးသော တေးချစ်သူများနှင့် (၇)ရက်သားသမီးများ ဤကုသိုလ်တွေ ကျနော်တို့နှင့်အတူ ထပ်တူရပါစေ” ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ်။

အဆိုတော် မနောရဲ့ မိခင်ဖြစ်သူကို ကန်တော့ နေတဲ့ ပုံလေးကလည်း မြင်ရသူရင်ကို ကြည်းနူးပီတိဖြစ်စေပါတယ်နော်

မိဘကျေးဇူးကိုလည်း သိတတ်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုနေတဲ့ အစ်ကိုမနော အောင်မြင်မှုတွေနဲ့ ဘဝကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:ThutaSone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top