စစ္ကုိင္းတုိင္းေဒသႀကီး၊ ေရႊဘုိခရုိင္၊ ခင္ဦးၿမိဳ႕နယ္၌ ဧၿပီ (၂၇)ရက္ေန႔ နံနက္ (၉)နာရီခြဲခန္႔က ညီမအရင္းႏွစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈျဖစ္ပြားေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္ ေျမနီလွ်ိဳေက်းရြာအေရွ႕ဘက္ တစ္မိုင္ခန္႔ရွိ ဦးညိဳ၀င္းယာေတာတဲအတြင္း၌ အမ်ိဳးသမီး ညီမအရင္းႏွစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း ေက်းရြာတာ၀န္ခံအုပ္ခ်ဳပ္ေရးမွဴး ဦး၀င္းေဇာ္မွ အေၾကာင္းၾကားသျဖင့္ ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ထြန္းလင္းႏွင့္ တပ္ဖြဲ႔၀င္တို႔သည္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးရာ

တဲအတြင္းရွိ ၾကမ္းျပင္ေပၚတြင္ ညီမျဖစ္သူ မအိ၀ါ ၂၃ ႏွစ္ (ဘ)ဦးညိဳ၀င္း၊ ေျမႀကီးေပၚတြင္ အမျဖစ္သူ မရီ၀င္း ၂၇ ႏွစ္ (ဘ)ဦးညိဳ၀င္း ေျမနီလွ်ိဳေက်းရြာ ခင္ဦးၿမိဳ႕နယ္ေနသူတို႔ ညီမႏွစ္ဦးမွာ ျပင္ပဒဏ္ရာမေတြ႔ရွိဘဲ လည္ပင္းတြင္ အနီေရာင္ ႏိုင္လြန္ႀကိဳး လံုးပတ္ (၀.၅) စင္တီမီတာ၊

အရွည္ ၁၀ ေပခန္႔ရွိ ႀကိဳးကြင္းစြပ္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရွိရသျဖင့္ စံုစမ္းေမးျမန္းရာ၊ ဧၿပီ ၂၆ ရက္ေန႔ ညေနပိုင္းက မအိ၀ါ ၂၃ ႏွစ္ ႏွင့္ မရီ၀င္း ၂၇ ႏွစ္တုိ႔မွာ ကြမ္းခူးရာမွ တစ္ေယာက္တစ္ခြန္းစကားမ်ားၿပီး ညီမျဖစ္သူ မအိ၀ါ မွာ အိမ္ျပန္မလာသျဖင့္

နံနက္မိုးလင္းမွ အမျဖစ္သူ မရီ၀င္း ၂၇ ႏွစ္မွ လိုက္ရွာေဖြေၾကာင္း၊ ဖခင္ျဖစ္သူ ဦးညိဳ၀င္းမွာ သမီးႏွစ္ေယာက္လံုး ျပန္မလာသျဖင့္ ထပ္မံလိုက္လန္ရွာေဖြရာမွ လယ္ေတာသို႔ေရာက္ေသာအခါ တဲအတြင္း ညီမႏွစ္ေယာက္လံုး ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႔ရွိရေၾကာင္း ေျပာျပသည္။

၎ျဖစ္စဥ္ႏွင့္ပါတ္သက္၍ မအိ၀ါ ၂၃ ႏွစ္ ႏွင့္ မရီ၀င္း ၂၇ ႏွစ္ တုိ႔ႏွစ္ဦးမွာ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္ ရဲေဆးစာျဖင့္ ခင္ဦးျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္၍ ခင္ဦးၿမိဳ႕မရဲစခန္းမွ ေသမႈ၊ေသခင္းအမွတ္စဥ္-၇/၂၀၁၉ အမႈဖြင့္ ေဆာင္ရြက္ထားေၾကာင္း ဒုရဲအုပ္ထြန္းလင္း ထံမွ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Chit Sann
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ဧပြီ (၂၇)ရက်နေ့ နံနက် (၉)နာရီခွဲခန့်က ညီမအရင်းနှစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် မြေနီလျှိုကျေးရွာအရှေ့ဘက် တစ်မိုင်ခန့်ရှိ ဦးညိုဝင်းယာတောတဲအတွင်း၌ အမျိုးသမီး ညီမအရင်းနှစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူး ဦးဝင်းဇော်မှ အကြောင်းကြားသဖြင့် မြို့မရဲစခန်းမှ ဒုရဲအုပ်ထွန်းလင်းနှင့် တပ်ဖွဲ့ဝင်တို့သည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ

တဲအတွင်းရှိ ကြမ်းပြင်ပေါ်တွင် ညီမဖြစ်သူ မအိဝါ ၂၃ နှစ် (ဘ)ဦးညိုဝင်း၊ မြေကြီးပေါ်တွင် အမဖြစ်သူ မရီဝင်း ၂၇ နှစ် (ဘ)ဦးညိုဝင်း မြေနီလျှိုကျေးရွာ ခင်ဦးမြို့နယ်နေသူတို့ ညီမနှစ်ဦးမှာ ပြင်ပဒဏ်ရာမတွေ့ရှိဘဲ လည်ပင်းတွင် အနီရောင် နိုင်လွန်ကြိုး လုံးပတ် (ဝ.၅) စင်တီမီတာ၊

အရှည် ၁၀ ပေခန့်ရှိ ကြိုးကွင်းစွပ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းမေးမြန်းရာ၊ ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက မအိဝါ ၂၃ နှစ် နှင့် မရီဝင်း ၂၇ နှစ်တို့မှာ ကွမ်းခူးရာမှ တစ်ယောက်တစ်ခွန်းစကားများပြီး ညီမဖြစ်သူ မအိဝါ မှာ အိမ်ပြန်မလာသဖြင့်

နံနက်မိုးလင်းမှ အမဖြစ်သူ မရီဝင်း ၂၇ နှစ်မှ လိုက်ရှာဖွေကြောင်း၊ ဖခင်ဖြစ်သူ ဦးညိုဝင်းမှာ သမီးနှစ်ယောက်လုံး ပြန်မလာသဖြင့် ထပ်မံလိုက်လန်ရှာဖွေရာမှ လယ်တောသို့ရောက်သောအခါ တဲအတွင်း ညီမနှစ်ယောက်လုံး ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း ပြောပြသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ မအိဝါ ၂၃ နှစ် နှင့် မရီဝင်း ၂၇ နှစ် တို့နှစ်ဦးမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် ရဲဆေးစာဖြင့် ခင်ဦးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ခင်ဦးမြို့မရဲစခန်းမှ သေမှု၊သေခင်းအမှတ်စဉ်-၇/၂၀၁၉ အမှုဖွင့် ဆောင်ရွက်ထားကြောင်း ဒုရဲအုပ်ထွန်းလင်း ထံမှ သိရသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:Chit Sann
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top