အေရွ႕ေတာင္အာရွတြင္ အတိုးတက္ဆံုးျဖစ္ေသာ စင္ကာပူ ဓာတ္အားျပတ္ေတာက္ပါက ရက္ပိုင္းအထိ ၾကာတတ္ေသာ္လည္း ျမန္မာႏိုင္ငံတြင္ နာရီပိုင္းႏွင့္ပင္ ဓာတ္အားျပန္ရေအာင္လည္း ေဆာင္႐ြက္ႏိုင္ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ေျပာသည္။

“တျခားႏိုင္ငံေတြမွာ လွ်ပ္စစ္ဓာတ္အား မျပတ္ေတာက္ဘူးဆိုတာ မဟုတ္ပါဘူး။ စင္ကာပူႏိုင္ငံမွာ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္သြားခ်ိန္မွာ ကၽြန္ေတာ္တို႔လို နာရီပိုင္းအတြင္း ျပန္မရဘဲ ရက္ပိုင္းအထိ ၾကာတတ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ဓာတ္အားျပတ္ေတာက္သြားခ်ိန္ေတြဟာ ႏွစ္ပတ္ၾကာတတ္ပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံမွာ နာရီပိုင္းနဲ႔ ႏွစ္နာရီ သံုးနာရီအတြင္း ျပန္ရေအာင္ ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္ပါတယ္” ဟု ၎က ေျပာသည္။

ယေန႔ (ဧၿပီ ၂၉) က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တံတား မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနမ်ိဳးထက္၏ ဓာတ္အားျပတ္ေတာက္ျခင္းမရွိရန္ မည္ကဲ့သို႔ ေဆာင္႐ြက္မည္ကို သိလိုေၾကာင္း ေမးခြန္းႏွင့္ ဆက္စပ္၍ အထက္ပါအတိုင္း ေျပာၾကားသြားခဲ့ျခင္း ျဖစ္သည္။

လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မႈမ်ား မျဖစ္ေပၚေစလိုလွ်င္ ဝန္ႀကီးဌာနက ႏွစ္စဥ္တင္ျပေတာင္းခံေသာ ဘတ္ဂ်က္မ်ားကို ျဖတ္ေတာက္ျခင္းမျပဳဘဲ ခြင့္ျပဳေပးရန္လိုအပ္ေၾကာင္းလည္း ဒုတိယဝန္ႀကီး ေဒါက္တာထြန္းႏိုင္က ဆက္လက္ေျပာသည္။

“လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ႏွစ္စဥ္တင္ျပေတာင္းခံတဲ့ ဘတ္ဂ်က္ပမာဏအားလံုးကို ခြင့္ျပဳေပးဖို႔လည္း လိုအပ္တယ္ဆိုတာလည္း တင္ျပလိုပါတယ္။ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္းက႑ဟာ အခုေရတြင္းတူး အခုေရၾကည္ေသာက္လို႔မရတဲ့ ကိစၥမ်ိဳးျဖစ္ပါတယ္” ဟု ၎က ဆိုသည္။

လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ျခင္းသည္ ေရအားလွ်ပ္စစ္စက္႐ံုမ်ား တည္ေဆာက္ပါက ၇ ႏွစ္မွ ၈ ႏွစ္ၾကာေအာင္ ေဆာင္႐ြက္ရျခင္းျဖစ္ၿပီး ႏွစ္တစ္ႏွစ္စာအတြက္ လိုအပ္သည့္ ဘတ္ဂ်က္ကို ခြင့္မျပဳလိုက္ပါက ၿပီးစီးရမည့္ကာလပါ ေနာက္က်သြားမည့္အျပင္ ၂ ႏွစ္မွ သံုးႏွစ္အထိ ဘတ္ဂ်က္အျဖတ္ခံရပါက လွ်ပ္စစ္လ်ာထားခ်က္မ်ားကိုပါ ထိခိုက္သြားႏိုင္ေၾကာင္း ဒုဝန္ႀကီးက ဆိုသည္။

ထို႔ျပင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္ အျခားေသာႏိုင္ငံမ်ား၏ လွ်ပ္စစ္ဓာတ္အားရရွိမႈအေျခအေနႏွင့္ ႏိႈင္းယွဥ္ေဝဖန္မည္ဆိုပါက အသံုးျပဳရသည့္ ဘတ္ဂ်က္ကိုပါ ႏိႈင္းယွဥ္သင့္ေၾကာင္း ၎က ဆိုသည္။

၂၀၁၈-၂၀၁၉ ခုႏွစ္၏ မူလခြင့္ျပဳေငြစာရင္းကို ျပန္ၾကည့္ပါက ဝန္ႀကီးဌာနအားလံုးအနက္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနသည္ သံုးစြဲရန္ရရွိေသာ ခြင့္ျပဳဘတ္ဂ်က္ပမာဏမွာ က်ပ္ ၅ ဒသမ ၅၅၁ ထရီလီယံရွိၿပီး ဝန္ႀကီးဌာနအားလံုး အသံုးစရိတ္၏ ၂၂ ဒသမ၂၄ ရာခိုင္ႏႈန္းရွိေၾကာင္း ယင္းအျပင္ အဆိုပါဝန္ႀကီးဌာနသည္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနၿပီးလွ်င္ ဒုတိယအမ်ားဆံုးရရွိေသာ ဝန္ႀကီးဌာနျဖစ္သည္။

“ဆည္ေရမ်ားကို စုတဲ့အခါမွာ ျပည္သူမ်ားရဲ႕ လိုအပ္ခ်က္ေၾကာင့္ဆိုၿပီး ဆည္ေရရဲ႕ အျမင့္ကိုခ်ေပးဖို႔ မိုးရာသီေႏွာင္းပိုင္းမွာ ေတာင္းဆိုျခင္းမ်ားျဖစ္ေပၚခဲ့လို႔ လိုက္ေလ်ာခဲ့ရတာေတြ အမ်ားႀကီးရွိပါတယ္။ အလားတူ ေႏြစပါး ပ်ိဳးေထာင္ေရးအတြက္ ထုတ္ေပးပါဆိုၿပီး ေတာင္းဆိုလို႔ ေရထုတ္ေပးခဲ့ရပါတယ္။ အလားတူ ေအာင္ေရသြင္းဖို႔ ေရေတြခ်ေပးပါဆိုတဲ့အခါ ဆည္ေရေတြကို ထပ္ၿပီး ထုတ္ေပးခဲ့ရပါတယ္။ အားလံုးကို လိုက္ေလ်ာခဲ့ရတဲ့အတြက္ ယခုကဲ့သို႔ ေရအားလွ်ပ္စစ္စက္႐ံုမ်ားရဲ႕ ထုတ္လုပ္ႏိုင္မႈဟာ ၁၉၇၁ မဂၢါဝပ္အထိ က်ဆင္းခဲ့ရတာ ျဖစ္ပါတယ္” ဟု ၎က ေျပာၾကားခဲ့သည္။

ယခု ေႏြရာသီအတြင္း ဓာတ္အားျပတ္ေတာက္ျခင္းမ်ားသည္ ဓာတ္အားလိုင္းမ်ားတြင္ ခ်ိဳ႕ယြင္းခ်က္ျဖစ္ေပၚခဲ့ျခင္းႏွင့္ ေရအားလွ်ပ္စစ္စက္႐ံုမ်ားမွ ဓာတ္အားထုတ္လုပ္မႈ ယခင္ႏွစ္ေအာက္ ေလ်ာ့က်ခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း၊ လွ်ပ္စစ္ဓာတ္အားကို ျပည္သူမ်ား မွ်တစြာ အသံုးျပဳႏိုင္ရန္ ဆက္လက္လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
အရှေ့တောင်အာရှတွင် အတိုးတက်ဆုံးဖြစ်သော စင်ကာပူ ဓာတ်အားပြတ်တောက်ပါက ရက်ပိုင်းအထိ ကြာတတ်သော်လည်း မြန်မာနိုင်ငံတွင် နာရီပိုင်းနှင့်ပင် ဓာတ်အားပြန်ရအောင်လည်း ဆောင်ရွက်နိုင်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောသည်။

“တခြားနိုင်ငံတွေမှာ လျှပ်စစ်ဓာတ်အား မပြတ်တောက်ဘူးဆိုတာ မဟုတ်ပါဘူး။ စင်ကာပူနိုင်ငံမှာ လျှပ်စစ်ဓာတ်အားပြတ်တောက်သွားချိန်မှာ ကျွန်တော်တို့လို နာရီပိုင်းအတွင်း ပြန်မရဘဲ ရက်ပိုင်းအထိ ကြာတတ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဓာတ်အားပြတ်တောက်သွားချိန်တွေဟာ နှစ်ပတ်ကြာတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နာရီပိုင်းနဲ့ နှစ်နာရီ သုံးနာရီအတွင်း ပြန်ရအောင် ကြိုးပမ်းဆောင်ရွက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ (ဧပြီ ၂၉) ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတား မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထက်၏ ဓာတ်အားပြတ်တောက်ခြင်းမရှိရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုကြောင်း မေးခွန်းနှင့် ဆက်စပ်၍ အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ မဖြစ်ပေါ်စေလိုလျှင် ဝန်ကြီးဌာနက နှစ်စဉ်တင်ပြတောင်းခံသော ဘတ်ဂျက်များကို ဖြတ်တောက်ခြင်းမပြုဘဲ ခွင့်ပြုပေးရန်လိုအပ်ကြောင်းလည်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆက်လက်ပြောသည်။

“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နှစ်စဉ်တင်ပြတောင်းခံတဲ့ ဘတ်ဂျက်ပမာဏအားလုံးကို ခွင့်ပြုပေးဖို့လည်း လိုအပ်တယ်ဆိုတာလည်း တင်ပြလိုပါတယ်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကဏ္ဍဟာ အခုရေတွင်းတူး အခုရေကြည်သောက်လို့မရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည် ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပါက ၇ နှစ်မှ ၈ နှစ်ကြာအောင် ဆောင်ရွက်ရခြင်းဖြစ်ပြီး နှစ်တစ်နှစ်စာအတွက် လိုအပ်သည့် ဘတ်ဂျက်ကို ခွင့်မပြုလိုက်ပါက ပြီးစီးရမည့်ကာလပါ နောက်ကျသွားမည့်အပြင် ၂ နှစ်မှ သုံးနှစ်အထိ ဘတ်ဂျက်အဖြတ်ခံရပါက လျှပ်စစ်လျာထားချက်များကိုပါ ထိခိုက်သွားနိုင်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အခြားသောနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေနှင့် နှိုင်းယှဉ်ဝေဖန်မည်ဆိုပါက အသုံးပြုရသည့် ဘတ်ဂျက်ကိုပါ နှိုင်းယှဉ်သင့်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၈-၂၀၁၉ ခုနှစ်၏ မူလခွင့်ပြုငွေစာရင်းကို ပြန်ကြည့်ပါက ဝန်ကြီးဌာနအားလုံးအနက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် သုံးစွဲရန်ရရှိသော ခွင့်ပြုဘတ်ဂျက်ပမာဏမှာ ကျပ် ၅ ဒသမ ၅၅၁ ထရီလီယံရှိပြီး ဝန်ကြီးဌာနအားလုံး အသုံးစရိတ်၏ ၂၂ ဒသမ၂၄ ရာခိုင်နှုန်းရှိကြောင်း ယင်းအပြင် အဆိုပါဝန်ကြီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနပြီးလျှင် ဒုတိယအများဆုံးရရှိသော ဝန်ကြီးဌာနဖြစ်သည်။

“ဆည်ရေများကို စုတဲ့အခါမှာ ပြည်သူများရဲ့ လိုအပ်ချက်ကြောင့်ဆိုပြီး ဆည်ရေရဲ့ အမြင့်ကိုချပေးဖို့ မိုးရာသီနှောင်းပိုင်းမှာ တောင်းဆိုခြင်းများဖြစ်ပေါ်ခဲ့လို့ လိုက်လျောခဲ့ရတာတွေ အများကြီးရှိပါတယ်။ အလားတူ နွေစပါး ပျိုးထောင်ရေးအတွက် ထုတ်ပေးပါဆိုပြီး တောင်းဆိုလို့ ရေထုတ်ပေးခဲ့ရပါတယ်။ အလားတူ အောင်ရေသွင်းဖို့ ရေတွေချပေးပါဆိုတဲ့အခါ ဆည်ရေတွေကို ထပ်ပြီး ထုတ်ပေးခဲ့ရပါတယ်။ အားလုံးကို လိုက်လျောခဲ့ရတဲ့အတွက် ယခုကဲ့သို့ ရေအားလျှပ်စစ်စက်ရုံများရဲ့ ထုတ်လုပ်နိုင်မှုဟာ ၁၉၇၁ မဂ္ဂါဝပ်အထိ ကျဆင်းခဲ့ရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခု နွေရာသီအတွင်း ဓာတ်အားပြတ်တောက်ခြင်းများသည် ဓာတ်အားလိုင်းများတွင် ချို့ယွင်းချက်ဖြစ်ပေါ်ခဲ့ခြင်းနှင့် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှု ယခင်နှစ်အောက် လျော့ကျခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို ပြည်သူများ မျှတစွာ အသုံးပြုနိုင်ရန် ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top