စားတဲ့အစားအေသာက္ကစလို႔ ဆံပင္ကို ဘယ္လိုဂ႐ုစိုက္သလဲဆိုတဲ့ ကြၽန္မတု႔ိရဲ႕ ေန႔စဥ္လူေနမႈဘဝပံုစံေတြက ဆံသားေတြအေပၚမွာ အက်ိဳးသက္ေရာက္မႈေတြ ရွိေနတယ္ေနာ္။ ဆံပင္ တစ္မွ်င္ႏွစ္မွ်င္ေလာက္ ကြၽတ္တာက ဘာမွမျဖစ္ေပမယ့္ အေထြးလိုက္ ကြၽတ္လာၿပီဆိုရင္ေတာ့ သတိထားဖို႔ လိုလာပါၿပီ။ ဒီလိုဆိုရင္ေတာ့ ကိုယ္ ဘာမွားေနလဲဆိုတာကို ရွာဖို႔လိုလာၿပီ။ ဆံပင္ေတြပါးၿပီး အဖ်ားႏွစ္ခြျဖစ္ေစတတ္တဲ့ အေၾကာင္းရင္းေတြကေတာ့ -

♦       ေရေႏြးနဲ႔ ေရခ်ိဳးျခင္း

          ေရေႏြးနဲ႔ ေရခ်ိဳးရတာ ႀကိဳက္ၾကေပမယ့္လည္း အသားအေရကိုတင္မက ဆံသားေတြကိုပါ ေျခာက္ေသြ႕ေစၿပီး ဦးေရျပားအဆီဓာတ္ေတြကို ခမ္းေျခာက္ေစနိုင္တယ္။ ဒါေၾကာင့္ ဆံပင္ေတြ ၾကမ္းတမ္း ႂကြတ္ဆတ္လာတတ္တယ္။ ဒါေၾကာင့္ ၾကက္သီးေႏြးေရေလးနဲ႔ ခ်ိဳးေပးၿပီး ဆံပင္ကိုျဖစ္ႏုိင္ရင္ ေရေအးေလးနဲ႔ ေလွ်ာ္ေပးပါ။

♦       ဆံပင္အစိုကို ၿဖီးျခင္း

          ဆံပင္အစိုေလာက္ ဆံသားေတြ ျပတ္လြယ္တာ မရွိဘူး။ ဒါေၾကာင့္ ဘီးႀကဲႀကဲနဲ႔ၿဖီးတာ၊ ဒါမွမဟုတ္ အရင္အေျခာက္ခံတာမ်ိဳးေတြ လုပ္ေပးပါ။

♦       ဆံပင္ကို တင္းတင္းႀကီး စည္းထားျခင္း

          ဆံပင္အရင္းကေန တင္းတင္းႀကီး စည္းထားတဲ့အခါ ဆံပင္ေတြ ပ်က္စီးၿပီး ကြၽတ္ႏိုင္တယ္။ ညဘက္အိပ္ရင္လည္း တင္းတင္းႀကီး စည္းမအိပ္ပါနဲ႔။

♦       အထပ္ထပ္ေတြ လိမ္းျခင္း

          ေဈးကြက္ထဲမွာ ဆံပင္လိမ္းေဆးေတြေတာ့ အမ်ိဳးေပါင္း ေသာင္းေျခာက္ေထာင္ ရွိေမေနေပမယ့္ ဓာတုပစၥည္းေတြ အထပ္ထပ္ လိမ္းမိရင္ေတာ့ ၾကာရွည္မွာ ဆံပင္အတြက္ မေကာင္းနိုင္ဘူး။ သဘာဝပစၥည္းေလးေတြပဲ သံုးၾကည့္ပါ။

♦       ဆံပင္ မၾကာမၾကာ မေလွ်ာ္ျခင္း

          ဆံပင္ မၾကာမၾကာ မေလွ်ာ္တဲ့အခါ ဦးေရျပားမွာ ဆံပင္ေမြးညင္းႏုေတြ ပိတ္သြားတတ္တယ္။ ၂ ရက္ျခားတစ္ခါေလာက္ ေခါင္းေလွ်ာ္ေပးဖို႔ လိုတယ္။ အထူးသျဖင့္ ေခြၽးထြက္မ်ားရင္၊ ဆံပင္လိမ္းေဆးေတြ အမ်ားႀကီးသံုးရင္ရယ္ေပါ့။

♦       အစားေရွာင္ျခင္း

          အစားေရွာင္တာေၾကာင့္ အာဟာရ မလံုေလာက္တဲ့အခါမွာလည္း ဆံပင္ေပၚမွာ အက်ိဳးသက္ေရာက္မႈ ရွိႏိုင္တယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
စားတဲ့အစားအသောက်ကစလို့ ဆံပင်ကို ဘယ်လိုဂရုစိုက်သလဲဆိုတဲ့ ကျွန်မတု့ိရဲ့ နေ့စဉ်လူနေမှုဘဝပုံစံတွေက ဆံသားတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်နော်။ ဆံပင် တစ်မျှင်နှစ်မျှင်လောက် ကျွတ်တာက ဘာမှမဖြစ်ပေမယ့် အထွေးလိုက် ကျွတ်လာပြီဆိုရင်တော့ သတိထားဖို့ လိုလာပါပြီ။ ဒီလိုဆိုရင်တော့ ကိုယ် ဘာမှားနေလဲဆိုတာကို ရှာဖို့လိုလာပြီ။ ဆံပင်တွေပါးပြီး အဖျားနှစ်ခွဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေကတော့ -

♦       ရေနွေးနဲ့ ရေချိုးခြင်း

          ရေနွေးနဲ့ ရေချိုးရတာ ကြိုက်ကြပေမယ့်လည်း အသားအရေကိုတင်မက ဆံသားတွေကိုပါ ခြောက်သွေ့စေပြီး ဦးရေပြားအဆီဓာတ်တွေကို ခမ်းခြောက်စေနိုင်တယ်။ ဒါကြောင့် ဆံပင်တွေ ကြမ်းတမ်း ကြွတ်ဆတ်လာတတ်တယ်။ ဒါကြောင့် ကြက်သီးနွေးရေလေးနဲ့ ချိုးပေးပြီး ဆံပင်ကိုဖြစ်နိုင်ရင် ရေအေးလေးနဲ့ လျှော်ပေးပါ။

♦       ဆံပင်အစိုကို ဖြီးခြင်း

          ဆံပင်အစိုလောက် ဆံသားတွေ ပြတ်လွယ်တာ မရှိဘူး။ ဒါကြောင့် ဘီးကြဲကြဲနဲ့ဖြီးတာ၊ ဒါမှမဟုတ် အရင်အခြောက်ခံတာမျိုးတွေ လုပ်ပေးပါ။

♦       ဆံပင်ကို တင်းတင်းကြီး စည်းထားခြင်း

          ဆံပင်အရင်းကနေ တင်းတင်းကြီး စည်းထားတဲ့အခါ ဆံပင်တွေ ပျက်စီးပြီး ကျွတ်နိုင်တယ်။ ညဘက်အိပ်ရင်လည်း တင်းတင်းကြီး စည်းမအိပ်ပါနဲ့။

♦       အထပ်ထပ်တွေ လိမ်းခြင်း

          ဈေးကွက်ထဲမှာ ဆံပင်လိမ်းဆေးတွေတော့ အမျိုးပေါင်း သောင်းခြောက်ထောင် ရှိမေနေပေမယ့် ဓာတုပစ္စည်းတွေ အထပ်ထပ် လိမ်းမိရင်တော့ ကြာရှည်မှာ ဆံပင်အတွက် မကောင်းနိုင်ဘူး။ သဘာဝပစ္စည်းလေးတွေပဲ သုံးကြည့်ပါ။

♦       ဆံပင် မကြာမကြာ မလျှော်ခြင်း

          ဆံပင် မကြာမကြာ မလျှော်တဲ့အခါ ဦးရေပြားမှာ ဆံပင်မွေးညင်းနုတွေ ပိတ်သွားတတ်တယ်။ ၂ ရက်ခြားတစ်ခါလောက် ခေါင်းလျှော်ပေးဖို့ လိုတယ်။ အထူးသဖြင့် ချွေးထွက်များရင်၊ ဆံပင်လိမ်းဆေးတွေ အများကြီးသုံးရင်ရယ်ပေါ့။

♦       အစားရှောင်ခြင်း

          အစားရှောင်တာကြောင့် အာဟာရ မလုံလောက်တဲ့အခါမှာလည်း ဆံပင်ပေါ်မှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Dr. Mya Phoo Ngon (www.drmyanmar.com)


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top