ထိုင္းႏိုင္ငံရဲ႕ သမိုင္းတစ္ခ်ိန္က ၿမိဳ႕ေတာ္ျဖစ္တဲ့ အယုဒၶယၿမိဳ႕ေတာ္မွာ ဆြန္ခရန္ သၾကၤန္ေရကစားပြဲေတာ္မွာ ေပ်ာ္႐ႊင္ျမဴးထူးစြာ ေရပက္ေဆာ့ကစားေနသူေတြကို ဆင္ေကာင္ေရ တစ္ဒါဇင္က ႏွာေမာင္းေတြနဲ႔ ေရပက္ဖ်န္းပါတယ္။

ႏွစ္စဥ္ႏွွစ္တိုင္း က်င္းပၿမဲျဖစ္တဲ့ ႐ိုးရာႏွစ္ကူးပြဲေတာ္မွာ ထိုင္းျပည္သူေတြက ေရေဆာ့ကစားသလို ဆင္ေတြနဲ႔ ဆင္ဦးစီးေတြဟာ တစ္လမ္းဝင္တစ္လမ္းထြက္ ဆြန္ခရန္ပြဲေတာ္ကို ဆင္ႏႊဲၾကတာ ႏွစ္စဥ္ႏွွစ္တိုင္းပါပဲ။

ကိုယ္ေပၚမွာ ေရာင္စုံေဆးေတြ ျခယ္သထားတဲ့ ဆင္ေတြဟာ ေရကစားတဲ့ သူေတြကို ေရနဲ႔ ပက္ဖ်န္းၾကသလို ကခုန္လို႔လည္း ေနပါတယ္။

ထိုင္းႏိုင္ငံက ဆင္ေတာ္ေတာ္မ်ားမ်ားဟာ ခရီးသြားကုမၸဏီေတြရဲ႕ ေစခိုင္းခံျဖစ္ေနတာပါ။ ခရီးသြားေတြ ဆင္စီးနင္းတာနဲ႔ ဆင္နဲ႔ ေရခ်ိဳးတာေတြကို ဝန္ေဆာင္မႈေပးရင္း ခရီးသြားကုမၸဏီေတြက ဆင္ေတြကို အသုံးခ်လ်က္ ရွိေနပါတယ္။

အက်ိဳးအျမတ္မ်ားတဲ့ ခရီးသြားဝန္ေဆာင္မႈျဖစ္ေပမယ့္ တက္ႂကြလႈပ္ရွွားသူေတြက တိရစာၦန္ေတြကို ေန႔စဥ္နဲ႔အမွ် အလြဲသုံးစား လုပ္ေဆာင္ေနတယ္လို႔ စြပ္စြဲေျပာဆိုေနၾကတာလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းနိုင်ငံရဲ့ သမိုင်းတစ်ချိန်က မြို့တော်ဖြစ်တဲ့ အယုဒ္ဓယမြို့တော်မှာ ဆွန်ခရန် သြင်္ကန်ရေကစားပွဲတော်မှာ ပျော်ရွှင်မြူးထူးစွာ ရေပက်ဆော့ကစားနေသူတွေကို ဆင်ကောင်ရေ တစ်ဒါဇင်က နှာမောင်းတွေနဲ့ ရေပက်ဖျန်းပါတယ်။

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ ရိုးရာနှစ်ကူးပွဲတော်မှာ ထိုင်းပြည်သူတွေက ရေဆော့ကစားသလို ဆင်တွေနဲ့ ဆင်ဦးစီးတွေဟာ တစ်လမ်းဝင်တစ်လမ်းထွက် ဆွန်ခရန်ပွဲတော်ကို ဆင်နွှဲကြတာ နှစ်စဉ်နှစ်တိုင်းပါပဲ။

ကိုယ်ပေါ်မှာ ရောင်စုံဆေးတွေ ခြယ်သထားတဲ့ ဆင်တွေဟာ ရေကစားတဲ့ သူတွေကို ရေနဲ့ ပက်ဖျန်းကြသလို ကခုန်လို့လည်း နေပါတယ်။

ထိုင်းနိုင်ငံက ဆင်တော်တော်များများဟာ ခရီးသွားကုမ္ပဏီတွေရဲ့ စေခိုင်းခံဖြစ်နေတာပါ။ ခရီးသွားတွေ ဆင်စီးနင်းတာနဲ့ ဆင်နဲ့ ရေချိုးတာတွေကို ဝန်ဆောင်မှုပေးရင်း ခရီးသွားကုမ္ပဏီတွေက ဆင်တွေကို အသုံးချလျက် ရှိနေပါတယ်။

အကျိုးအမြတ်များတဲ့ ခရီးသွားဝန်ဆောင်မှုဖြစ်ပေမယ့် တက်ကြွလှုပ်ရှားသူတွေက တိရစ္ဆာန်တွေကို နေ့စဉ်နဲ့အမျှ အလွဲသုံးစား လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top