ထိုင္းပင္လယ္ေကြ႔အတြင္း ေကာ့စီခ်န္းကၽြန္းေပၚမွာ ဂ်ာမန္ ကမာၻလွည့္ခရီးသည္တဦးကုိ အဓမၼျပဳက်င့္ သတ္ျဖတ္မႈနဲ႔ သံသယရွိတဲ့ အမ်ိဳးသားတဦးကို ထိုင္းရဲေတြက ဖမး္လိုက္ပါတယ္။

ေသဆံုးသူ ဂ်ာမန္ႏုိင္ငံသူဟာ သူငွားထားတဲ့ ေမာ္ေတာ္ဆိုင္ကယ္နဲ႔ ခရီးသြားေနတုန္း ကၽြန္းသား ရြန္နာခြန္ ရြန္႐ုအန္က ခ်ဥ္းကပ္ တိုက္ခိုက္တာ ခံခဲ့ရတယ္လို႔ ထိုင္းရဲက ေျပာပါတယ္။
လံုၿခံဳေရး ကင္မရာေတြက ပံုရိပ္ေတြကေန တဆင့္ ရြန္နာခြန္ကို ေျခရာခံခဲ့ၿပီး ဧၿပီ ၈ ရက္မွာ သူ႔ကို ဖမ္းမိခဲ့တာပါ။

သံသယရွိသူဟာ အမိႈက္ေကာက္တဲ့ ေလွတစီးနဲ႔ အလုပ္လုပ္သူပါ။ သူက ရာဇဝတ္မႈ က်ဴးလြန္ခဲ့တယ္လုိ႔ ဝန္ခံခဲ့ၿပီး မက်ဴးလြန္ခင္က မူးယစ္ေဆး သံုးထားခဲ့တယ္လို႔လည္း ေျပာပါတယ္။
အသက္ ၂၇ ႏွစ္အရြယ္ ဂ်ာမန္ခရီးသည္ရဲ႕ အေလာင္းကို ကၽြန္းေပၚက သစ္ရြက္ပံုတပံုေအာက္ ေက်ာက္တံုးေတြၾကားမွာ ဝွက္ထားတာကို ဧၿပီ ၇ ရက္က ရွာေတြ႔ခဲ့တာပါ။

အေလာင္းရဲ႕ ေခါင္းနဲ႔ ေျခေထာက္ေတြမွာ ဒဏ္ရာေတြ ေတြ႔ရတယ္လို႔ ေအပီသတင္းဌာနက ထုတ္ျပန္ပါတယ္။ေကာ့စီခ်န္းကၽြန္းဟာ ထိုင္းေတြေရာ ႏုိင္ငံျခားသားေတြပါ ႀကိဳက္ၾကတဲ့ အပန္းေျဖ စခန္းသာကၽြန္းျဖစ္ၿပီး ကၽြန္းေပၚမွာ လူဦးေရ ငါးေထာင္ေလာက္သာ ေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


ထိုင်းပင်လယ်ကွေ့အတွင်း ကော့စီချန်းကျွန်းပေါ်မှာ ဂျာမန် ကမ္ဘာလှည့်ခရီးသည်တဦးကို အဓမ္မပြုကျင့် သတ်ဖြတ်မှုနဲ့ သံသယရှိတဲ့ အမျိုးသားတဦးကို ထိုင်းရဲတွေက ဖမ်းလိုက်ပါတယ်။

သေဆုံးသူ ဂျာမန်နိုင်ငံသူဟာ သူငှားထားတဲ့ မော်တော်ဆိုင်ကယ်နဲ့ ခရီးသွားနေတုန်း ကျွန်းသား ရွန်နာခွန် ရွန်ရုအန်က ချဉ်းကပ် တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ထိုင်းရဲက ပြောပါတယ်။
လုံခြုံရေး ကင်မရာတွေက ပုံရိပ်တွေကနေ တဆင့် ရွန်နာခွန်ကို ခြေရာခံခဲ့ပြီး ဧပြီ ၈ ရက်မှာ သူ့ကို ဖမ်းမိခဲ့တာပါ။

သံသယရှိသူဟာ အမှိုက်ကောက်တဲ့ လှေတစီးနဲ့ အလုပ်လုပ်သူပါ။ သူက ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး မကျူးလွန်ခင်က မူးယစ်ဆေး သုံးထားခဲ့တယ်လို့လည်း ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် ဂျာမန်ခရီးသည်ရဲ့ အလောင်းကို ကျွန်းပေါ်က သစ်ရွက်ပုံတပုံအောက် ကျောက်တုံးတွေကြားမှာ ဝှက်ထားတာကို ဧပြီ ၇ ရက်က ရှာတွေ့ခဲ့တာပါ။

အလောင်းရဲ့ ခေါင်းနဲ့ ခြေထောက်တွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ အေပီသတင်းဌာနက ထုတ်ပြန်ပါတယ်။ကော့စီချန်းကျွန်းဟာ ထိုင်းတွေရော နိုင်ငံခြားသားတွေပါ ကြိုက်ကြတဲ့ အပန်းဖြေ စခန်းသာကျွန်းဖြစ်ပြီး ကျွန်းပေါ်မှာ လူဦးရေ ငါးထောင်လောက်သာ နေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top