ေဒါင္း ကုိေတာ့ အကယ္ဒမီမ်ားရွင္ရန္ေအာင္က Best TV Series Actor Award ဆုကုိ ျပန္လည္ေပးအပ္လုိက္ပါၿပီ။ ေဒါင္း ကလည္း ဦးေက်ာ္သူနဲ႔ ရန္ေအာင္တုိ႔ကုိ ကန္ေတာ့ခ့ဲတာ ေတြ႔ရပါတယ္။

သရုပ္ေဆာင္ေဒါင္းကေတာ့ စီနီယာအႏုပညာရွင္ႀကီးေတြျဖစ္တဲ့ ဦးေက်ာ္သူနဲ႔ ရန္ေအာင္ တုိ႔ကုိ ဂါရဝျပဳခဲ့တာေတြ႔ရပါတယ္။ ေဒါင္းအတြက္ ဦးေက်ာ္သူရဲ႕ ဆႏၵကုိ အခုလုိေျပာျပလာပါတယ္။

‘’ယေန႔ အိပ္မက္’’ ဆုိၿပီးေတာ့ရင္ထဲကလာတဲ့ ဆႏၵတစ္စုံကုိ စာတန္းတုိတုိေလးနဲ႔  ဦးေက်ာ္သူရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ဧၿပီလ ၈ ရက္ေန႔ ည ၁၀ နာရီေက်ာ္က ေရးသားထားတာ ေတြ႔ရပါတယ္။ ကုိယ့္ထက္အသက္ႀကီးသူေတြ၊ စီနီယာႀကီးေတြအေပၚ ရုိေသတတ္တဲ့ သရုပ္ေဆာင္ ေဒါင္းကုိလည္း ဒီ့ထက္ပုိေအာင္ျမင္ၾကေစဖုိ႔ ပရိသတ္ေတြက Comment ကေနတဆင့္ ဆုေတာင္း ေမတၱာပုိ႔သခ့ဲၾကတာကုိေတြ႔ရပါတယ္။



အဲဒီေနာက္ အကယ္ဒမီမ်ားရွင္ ရန္ေအာင္ကလည္း Star Awards ပြဲမွာ ေဒါင္းအတြက္ ကုိယ္စားယူေပးခဲ့တဲ့ Best TV Series Actor Award ဆုကုိ ေဒါင္းကုိ ျပန္လည္ေပးအပ္ခဲ့ပါတယ္။ ေဒါင္းဟာ ဧၿပီလ ၅ ရက္ေန႔ ညက Star Awards ဆုခ်ီးျမွင့္ပြဲကုိ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ တက္ေရာက္ႏုိင္ခဲ့ျခင္းမရွိပါဘူး။ သူဟာ ‘’ပုဂံၿမိဳ႕သူ’’ရုပ္သံဇာတ္လမ္းတြဲ နဲ႔ Best TV Series Actor Award ဆုရရွိခဲ့တာျဖစ္ပါတယ္။

အလားတူပဲ ဦးေက်ာ္သူကလည္း ေအာင္ပန္းမွာ ‘’ဂမၻီရ မ်က္လုံး’’ရုပ္ရွင္ဇာတ္ကားႀကီး ရုိက္ကူးေနရတာေၾကာင့္ Star Awards ဆုေပးပြဲကုိ တက္ေရာက္လာခဲ့ျခင္းမရွိပါဘူး။ သူဟာ ဒီဆုေပးပြဲမွာ Best Director Award( TV Series) ဆုကုိ ‘’ပုဂံၿမိဳ႕သူ’’ ဇာတ္လမ္းတြဲနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။ ဒီဆုကုိေတာ့ ဦးေက်ာ္သူရဲ႕ ဖခင္က စာအိတ္ကုိ ဖြင့္ေဖာက္ေၾကညာေပးခဲ့တာျဖစ္သလုိ မိခင္ျဖစ္သူကလည္း ဒီဆုကုိ လက္ခံရရွိခဲ့တာျဖစ္ပါတယ္။



ပုဂံၿမိဳ႕သူ ရုပ္သံဇာတ္လမ္းတြဲကုိေတာ့ MRTV-4 ရုပ္သံလုိင္းမွာ ထုတ္လႊင့္ျပသခဲ့တာျဖစ္ပါတယ္။ ဒီဇာတ္ကားကုိ ဦးေက်ာ္သူကုိယ္တုိင္ ဒါရုိက္တာတစ္ေယာက္အျဖစ္ ရုိက္ကူးပုံေဖာ္ခဲ့တာပါ။ အဓိက သရုပ္ေဆာင္ေတြအေနနဲ႔ ေက်ာ္သူ၊ ေဒါင္း၊ ထူးေအာင္၊ ဘုန္းရွိန္ခန္႔၊ ေမျမင့္မိုရ္၊ ေနျခည္ရႊန္းလက္၊ အိစိေကြးနဲ႔ မုိက္မုိက္ တုိ႔က ပါဝင္သရုပ္ေဆာင္ခဲ့ၾကတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #



ဒေါင်း ကိုတော့ အကယ်ဒမီများရှင်ရန်အောင်က Best TV Series Actor Award ဆုကို ပြန်လည်ပေးအပ်လိုက်ပါပြီ။ ဒေါင်း ကလည်း ဦးကျော်သူနဲ့ ရန်အောင်တို့ကို ကန်တော့ခဲ့တာ တွေ့ရပါတယ်။

သရုပ်ဆောင်ဒေါင်းကတော့ စီနီယာအနုပညာရှင်ကြီးတွေဖြစ်တဲ့ ဦးကျော်သူနဲ့ ရန်အောင် တို့ကို ဂါရဝပြုခဲ့တာတွေ့ရပါတယ်။ ဒေါင်းအတွက် ဦးကျော်သူရဲ့ ဆန္ဒကို အခုလိုပြောပြလာပါတယ်။

‘’ယနေ့ အိပ်မက်’’ ဆိုပြီးတော့ရင်ထဲကလာတဲ့ ဆန္ဒတစ်စုံကို စာတန်းတိုတိုလေးနဲ့  ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ ကိုယ့်ထက်အသက်ကြီးသူတွေ၊ စီနီယာကြီးတွေအပေါ် ရိုသေတတ်တဲ့ သရုပ်ဆောင် ဒေါင်းကိုလည်း ဒီ့ထက်ပိုအောင်မြင်ကြစေဖို့ ပရိသတ်တွေက Comment ကနေတဆင့် ဆုတောင်း မေတ္တာပို့သခဲ့ကြတာကိုတွေ့ရပါတယ်။

အဲဒီနောက် အကယ်ဒမီများရှင် ရန်အောင်ကလည်း Star Awards ပွဲမှာ ဒေါင်းအတွက် ကိုယ်စားယူပေးခဲ့တဲ့ Best TV Series Actor Award ဆုကို ဒေါင်းကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒေါင်းဟာ ဧပြီလ ၅ ရက်နေ့ ညက Star Awards ဆုချီးမြှင့်ပွဲကို အကြောင်းတစ်စုံတစ်ရာကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူဟာ ‘’ပုဂံမြို့သူ’’ရုပ်သံဇာတ်လမ်းတွဲ နဲ့ Best TV Series Actor Award ဆုရရှိခဲ့တာဖြစ်ပါတယ်။

အလားတူပဲ ဦးကျော်သူကလည်း အောင်ပန်းမှာ ‘’ဂမ္ဘီရ မျက်လုံး’’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေရတာကြောင့် Star Awards ဆုပေးပွဲကို တက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ သူဟာ ဒီဆုပေးပွဲမှာ Best Director Award( TV Series) ဆုကို ‘’ပုဂံမြို့သူ’’ ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုတော့ ဦးကျော်သူရဲ့ ဖခင်က စာအိတ်ကို ဖွင့်ဖောက်ကြေညာပေးခဲ့တာဖြစ်သလို မိခင်ဖြစ်သူကလည်း ဒီဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ရိုက်ကူးပုံဖော်ခဲ့တာပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကျော်သူ၊ ဒေါင်း၊ ထူးအောင်၊ ဘုန်းရှိန်ခန့်၊ မေမြင့်မိုရ်၊ နေခြည်ရွှန်းလက်၊ အိစိကွေးနဲ့ မိုက်မိုက် တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top