ေတာင္ႀကီးၿမိဳ႕တြင္ ေလေသနတ္ကိုင္၊ တုတ္ဓါးလက္နက္ကိုင္ေဆာင္ၿပီး အုပ္စုဖြဲ႕ မူးယစ္ေဆးေရာင္း၀ယ္ေဖာက္ကားေနသည့္ အဖြဲ႕တစ္ခုကို ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ေၾကာင္းသိရသည္။

ေတာင္ႀကီးၿမိဳ႕ ကံႀကီးရပ္ကြက္တြင္ ဧၿပီ ၂၆ ရက္ေန႔ ညေနပိုင္းက သတင္းအရ ရဲတပ္ဖြဲ႕မွ ၀င္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ကံႀကီးရပ္ကြက္ နယ္ေျမ ၃ ရွိ ေအာင္မ်ိဳးထြန္း(ခ) မ်ိဳးႀကီး ဆိုသူ၏ ေနအိမ္ကို ၀င္ေရာက္ရွာေဖြရာ ေနအိမ္အတြင္းမွ ေမာ္ေတာ္ဆိုင္ကယ္မ်ိဳးစံု ၁၈ စီး၊ ေလေသနတ္ ၄ လက္၊ ေဘာေစ့ ၂၅၀ ေစ့၊ ဓား ၄ လက္၊ WY မူးယစ္စိတ္ႀကြေဆးျပား ၁၇၈၀ ျပား၊ ICE ၁၇၀ ဂရမ္ ႏွင့္ ေငြစကၠဴ ၁၀ သိန္းတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွသိရသည္။

၎ မူးယစ္ေဆးမ်ားႏွင့္အတူ အိမ္ရွင္ျဖစ္သူ ေအာင္မ်ိဳးထြန္း(ခ)မ်ိဳးႀကီးကိုဖမ္းဆီးရမိခဲ့ၿပီး ေနာက္ထပ္ လူ၈ ဦးကိုလည္း တစ္ပါတည္းဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္။

၎ ၈ ဦးမွာ ႏိုင္ေဆး (၁၇ ႏွစ္)၊ ၿဖိဳးၿဖိဳး ( ၂၈ ႏွစ္) ၊ စိုင္းတင္ေမာင္ (၂၀ ႏွစ္) ခ်စ္ကိုကို (၂၄ ႏွစ္) ေနသူလႈိင္မင္း (၃၃ ႏွစ္)၊ ေက်ာ္ေဇာ္ဗိုလ္(၂၄ ႏွစ္) ဇန္လီ (၂၂ ႏွစ္) စိုင္းလင္းေထြး (၂၂ ႏွစ္)၊ တို႔ျဖစ္ေၾကာင္းသိရသည္။

ယင္းကဲ့သို႔ ေလေသနတ္မ်ားကိုင္ ၊ တုတ္ဓားလက္နက္မ်ားကိုင္ေဆာင္ၿပီး မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးေရာင္းခ်ေနသည့္ အေပါင္းအပါ ၉ ဦးကို ရဲစခန္းတြင္ (ပ) ၁၇/၂၀၁၉ မူးယစ္ပုဒ္မ ၁၉(က) ၂၀(က) ၂၂(ခ) ၂၁ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း ရဲတပ္ဖြဲ႕မွသိရသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:(သတင္းတမန္)
Photo- ေတာင္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕
#Unicode Version#
တောင်ကြီးမြို့တွင် လေသေနတ်ကိုင်၊ တုတ်ဓါးလက်နက်ကိုင်ဆောင်ပြီး အုပ်စုဖွဲ့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားနေသည့် အဖွဲ့တစ်ခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်းသိရသည်။

တောင်ကြီးမြို့ ကံကြီးရပ်ကွက်တွင် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းက သတင်းအရ ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကံကြီးရပ်ကွက် နယ်မြေ ၃ ရှိ အောင်မျိုးထွန်း(ခ) မျိုးကြီး ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ မော်တော်ဆိုင်ကယ်မျိုးစုံ ၁၈ စီး၊ လေသေနတ် ၄ လက်၊ ဘောစေ့ ၂၅၀ စေ့၊ ဓား ၄ လက်၊ WY မူးယစ်စိတ်ကြွဆေးပြား ၁၇၈၀ ပြား၊ ICE ၁၇၀ ဂရမ် နှင့် ငွေစက္ကူ ၁၀ သိန်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

၎င်း မူးယစ်ဆေးများနှင့်အတူ အိမ်ရှင်ဖြစ်သူ အောင်မျိုးထွန်း(ခ)မျိုးကြီးကိုဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် လူ၈ ဦးကိုလည်း တစ်ပါတည်းဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

၎င်း ၈ ဦးမှာ နိုင်ဆေး (၁၇ နှစ်)၊ ဖြိုးဖြိုး ( ၂၈ နှစ်) ၊ စိုင်းတင်မောင် (၂၀ နှစ်) ချစ်ကိုကို (၂၄ နှစ်) နေသူလှိုင်မင်း (၃၃ နှစ်)၊ ကျော်ဇော်ဗိုလ်(၂၄ နှစ်) ဇန်လီ (၂၂ နှစ်) စိုင်းလင်းထွေး (၂၂ နှစ်)၊ တို့ဖြစ်ကြောင်းသိရသည်။

ယင်းကဲ့သို့ လေသေနတ်များကိုင် ၊ တုတ်ဓားလက်နက်များကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသည့် အပေါင်းအပါ ၉ ဦးကို ရဲစခန်းတွင် (ပ) ၁၇/၂၀၁၉ မူးယစ်ပုဒ်မ ၁၉(က) ၂၀(က) ၂၂(ခ) ၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:(သတင်းတမန်)
Photo- တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top