သမၺဳေဒၶ ဂါထာ
သမ္ဗုဒ္ဓေ ဘယ်ကရ
Credit: Ko Nay Zaw
#Unicode Version#
သမ္ဗုဒ္ဓေ ဂါထာ
သမ္ဗုဒ္ဓေဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂၇ခေါက်ကျော်ရင် အိမ်စောင့်နတ်၊ ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊
ပြိတ္တာကတော ဂါထာအစကြားတာနဲ့ တစ်ချိုးတည်း လစ်ပြေးပါတယ် ၊ကျောင်းထိုင်ပြတ္တာကြီးတွေ အခြားဂါထာတွေ ပရိတ်တွေလိုက် ဆိုပြနိုင်ပေမယ် သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ ၊ပြေးတဲ့နောက်က လိုက်ရွတ်၊ သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊
သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့ တစ်ထောင် မက ရွတ်ရင် နတ်တွေ တိမ်ကြားမင်းတွေ ထက်တောင်ဘုန်းကြီးလာ နိုင်ပီး စိတ်ကတောင့်တရင် သူတို့တွေကောင်းကောင်းနေမရပါဘူး၊ လိုက်ဖြေစည်းပေးရပါတယ် သမ္ဗုဒ္ဓေဂါထာတော် ဟာနေမင်းကြီးနဲ့ တူပါတယ်၊
သဲစုမကဘုရားတွေ ရှိခိုးရတာကြောင့် အရမ်းအစွမ်းထက်ကြောင်း အနည်းငယ် ဗဟုသုတအနေနဲ့ တင်ပြလိုက်ပါတယ်
သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်
(၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။
(၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာ မဟံ။
ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။
ထိုဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။
(၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။
ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ်သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။
သမ္ဗုဒ္ဓေ ဘယ်ကရ
ဖိုးသူတော်(www.phothutaw.com)
Credit: Ko Nay Zaw