(၂၈-၁-၂၀၁၉) ရက္ေန႔ မနက္ပိုင္း တာေလက မိုင္းလင္းဆရာေတာ္ ဘုရားႀကီးထံ သြားေရာက္ ကန္ေတာ့ျဖစ္တယ္၊ ေက်ာင္းေရာက္ၿပီး ဆရာေတာ္ႀကီးနဲ႔ စကားေျပာေနတုန္း ဆရာေတာ္ႀကီးက ထူးဆန္းတဲ့ ပစၥည္းတခု ထုတ္ျပလို႔ ယူၾကည့္လိုက္တာ ပဒူေက်ာက္ျဖစ္႐ုပ္ႂကြင္း တခုကို ထူးဆန္းစြာ ေတြ႕လိုက္ရတယ္၊ ဆရာေတာ္ မိန္႔တာကေတာ့ ဆရာေတာ္ ေဆာင္ရြက္ေနတဲ့ မိုင္လင္း ဟိမဝႏၲာေတာင္တန္း သာသနာ့နယ္ေျမ

ေဆာင္ရြက္ေနတဲ့ ေနရာက တည္ေဆာက္ဆဲ ကမ႓ာလံုးေစတီ အနားက ရတယ္လို႔ မိန္႔ပါတယ္၊ ရြာက အုပ္ခ်ဳပ္ေရးမႉးကို အိမ္မက္ေပးလို႔ ဆရာေတာ္ကိုယ္တိုင္ သြားေရာက္ ယူေဆာင္ခဲ့တာလို႔ သိရပါတယ္၊ သူရဲ႕ သမိုင္းကလည္း စိတ္ဝင္စားစရာေလးပါ ပဒူ ေက်ာက္ျဖစ္႐ုပ္ႂကြင္းက အရင္ဘဝတခုက ပဒူမင္းျဖစ္ခဲ့တဲ့သူျဖစ္ၿပီး ဒီေနရာမွာ စိုးစံခဲ့ပါတယ္တဲ့ ဆရာေတာ္ႀကီး မိန္႔ၾကားတဲ့ ပဒူမင္းဇာတ္လမ္းေလးကို ျပန္လည္ မွ်ေဝေပးလိုက္ပါတယ္-

တ႐ုတ္ျပည္က သားေတာ္တပါးက ရေသ့ဝတ္နဲ႔ က်ိဳင္းတံုၿမိဳ႕ေနရာမွာ သီတင္းသံုး ေနထိုင္ခဲ့ပါတယ္၊ ခ်င္းမိုင္ဘုရင္က နယ္ခ်ဲ႕ဖို႔ စစ္တိုက္ရင္း က်ိဳင္းတုံနဲ႔ တ႐ုတ္နယ္စပ္နားအထိ သိမ္းပိုက္ခဲ့ပါတယ္၊က်ိဳင္းတံုကို မသိမ္းခင္ ခ်င္းမိုင္ဘုရင္ရဲ႕ သားေတာ္ ေလးပါးအနက္ သားေတာ္တပါးက က်ိဳင္းတုံက မင္းသမီးတပါးကို စည္းရံုးသိမ္းသြင္းၿပီးမွ က်ိဳင္းတံုကို သိမ္းပိုက္လိုက္ၾကပါတယ္

သိမ္းပိုက္ၿပီးတဲ့ အခ်ိန္မွာပဲ မင္းသားက အဆိုပါ မင္းသမီးေလးကို ႏွင္ထုတ္လိုက္ပါတယ္ မင္းသမီးေလး ထြက္သြားရတဲ့ အခ်ိန္မွာ မင္းသားနဲ႔ ရတဲ့ ကိုယ္ဝန္လည္း ပါသြားခဲ့တယ္၊ မင္းသမီးက ရြာတရြာမွာ ေနထိုင္ၿပီး သားတေယာက္ ေမြးဖြားခဲ့တယ္၊ ကေလးအရြယ္ေရာက္လာတဲ့ အခ်ိန္ နန္းေတာ္ထဲက ကေလးေတြက ရြာဖက္ကို လာလည္ၾကရင္း အဆိုပါ မင္သားေလးနဲ႔ ရင္းႏွီးသြားၾကတယ္၊ မင္းသားေလးက နန္းေတာ္ထဲက ကေလးေတြကို ရြာ ပတ္ဝန္းက်င္ လိုက္လံျပသ ပို႔ေဆာင္ေပးသလို မင္းသားေလးကိုလည္း နန္းေတာ္ထဲ အလည္ေခၚၾကတယ္၊ တရက္မွာ သူတို႔ေတြ ရြာနားက ေတာထဲ သြားလည္ၾကရင္း ပဒူအံုကို ေတြ႕ေတာ့ နန္းေတာ္ထဲက ကေလးေတြက မင္းသားေလးကို တက္ယူခိုင္းၿပီး သူတို႔ကို ေကၽြးဖို႔ ေျပာၾကတယ္၊ မင္သားေလးကလည္း သူကငယ္ေသးေၾကာင္း ယူရမွာ ေၾကာက္ရြံ့ေၾကာင္း ျငင္းဆိုတယ္၊ အဲ့မွာ နန္းထဲက

ကေလးေတြက မင္းမယူရင္ ငါတို႔သြားယူမယ္္ ယူလို႔ရရင္ မင္းကိုေကၽြးမယ္ ၿပီးရင္ မင္းကို သတ္မယ္လို႔ေျပာၿပီး ပဒူအံုကို သြားယူၾကတယ္၊ ပဒူေတြက ဝိုင္းတုပ္ၾကေတာ့ နန္းေတာ္ထဲက ကေလးေတြလည္း မယူႏိုင္ပဲ ေအာက္ကို ျပန္ဆင္းလာရတယ္ ပဒူတုပ္ခံရတဲ့ဒဏ္ေၾကာင့္ နန္းေတာ္ထဲက ကေလးေတြ (၅/၆) ရက္ေလာက္ ေဆးကုသခဲ့ရတယ္၊ နန္းေတာ္ထဲက ကေလးေတြက မင္းသားေလးကို ထပ္မံ ၿခိမ္းေျခာက္ၿပီး အတင္းသြားယူခိုင္းျပန္တယ္

သူတို႔က မင္းသားေလးကို မင္းမယူရင္ မင္းကိုသတ္မယ္ တကယ္လို႔ ယူလို႔ရရင္ ငါတို႔ကို ေကၽြးၿပီး ငါတို႔ကို သတ္ပါလို႔ ေျပာလာေတာ့ မင္းသားေလး ခမ်ာလည္း မယူရင္လည္း အသတ္ခံရမွာ ျဖစ္လို႔ သူတို႔စကားကို လက္ခံၿပီး သြားယူဖို႔ ဆံုးျဖတ္လိုက္ရတယ္၊ မင္းသားေလးက မယူခင္မွာ ပဒူမင္းကို ေမတၱာပို႔ အဓိဌာန္လိုက္တယ္ အကၽြႏ္ုပ္က သင္တို႔ကို ဒုကၡေပးရန္ မဟုတ္ပါ သူတို႔က ကၽြႏ္ုပ္အား လာယူခိုင္းလို႔ပါ မယူရင္လည္း အသတ္ခံရမွာ ျဖစ္လို႔ လာယူရျခင္း ျဖစ္ပါတယ္ ခြင့္ျပဳေပးပါဆိုၿပီး အဓိဌာန္ျပဳ ဆုေတာင္းၿပီး တက္

ယူပါတယ္ မင္သားေလး တက္လာသည္ႏွွင့္ ပဒူမ်ားက ပဒူအံုကေန ေရွာင္သြားတဲ့အတြက္ မင္းသားေလးက ပဒူအံုကိုယူတဲ့အခ်ိန္ ပဒူအံုထဲမွာ အမေတကိုေတြ႕လို႔ သူ႔ပါးစပ္ထဲငံုထားၿပီး ပဒူအံုကိုယူၿပီး ေအာက္ကို ျပန္ဆင္းလာပါတယ္၊ ပဒအံုကို နန္းေတာ္ထဲက ကေလးေတြကို ေကၽြးၿပီး ကတိစကားအတိုင္း နန္းေတာ္ထဲက ကေလးေတြကို သတ္လိုက္ပါေတာ့တယ္၊ ကေလးမ်ားကိုသတ္ၿပီးေနာက္ မင္းသားေလးက နန္းေတာ္ထဲသြားၿပီး အက်ိဳးအေၾကာင္း သြားေျပာတဲ့အခါ ဘုရင္က မင္းသားေလးရဲ႕ မိဘေတြကို ေမးေတာ့မွ ဘုရင္ရဲ႕ သားမွန္း သိသြားေတာ့တယ္၊ ဘုရင္က မင္းသားေလးကို မသတ္ပဲ ဒီအတိုင္း ျပန္လႊတ္ရင္လည္း ကေလးမိဘေတြကသတ္တာ ခံရမယ္ သူ႔သားလို႔ ေျပာလို႔လည္း မရျဖစ္ေနေတာ့ ေနာက္ဆံုး မင္းသားေလးကို ေမြးစားသားအျဖစ္နဲ႔ အနားမွာ ေခၚထားလိုက္ပါေတာ့တယ္၊

အဲ့အခ်ိန္မွာ တ႐ုတ္ေတြက သူတို႔ကို ဝင္တိုက္လို႔ ခ်င္းမိုင္အထိ ဆုတ္ေပးလိုက္ရတယ္၊ မင္းသားေလးက အေဖျဖစ္သူ ဘုရင္ကို တ႐ုတ္နန္းေတာ္က ေသးေသးေလးကို ျပန္တိုက္ရင္ ရတာပဲဆိုၿပီး အျပစ္တင္ေျပာဆိုခဲ့တယ္၊ အဲ့အခ်ိန္ တ႐ုတ္က မင္းသားေလးရဲ႕ အဘိုးဆီ စာပို႔ၿပီး လက္နက္ခ်ၿပီး ၿမိဳ႕ကိုအပ္မလား လာတိုက္ရမလား ဆိုလာေတာ့ အဘိုးလုပ္တဲ့ သူက အစည္းအေဝးလုပ္တဲ့အခ်ိန္ ဘုရင္က သူ႔အေဖကို မင္းသားေလးေျပာတဲ့စကား ေျပာျပေတာ့ အဘိုးလုပ္သူက ေျမးျဖစ္သူ

မင္းသားေလးကို ေခၚေတြ႕ၿပီး ဒီအသက္အရြယ္နဲ႔ ႀကီးႀကီး က်ယ္က်ယ္ေတြ ေျပာေနတယ္ ငါတို႔ေတာင္ စစ္ေရးကၽြမ္းက်င္တာ မတိုက္ႏိုင္ဘူး ဘယ္လိုလုပ္မွာလည္း ေမးေတာ့ မင္းသားေလးက အဘိုးခြင့္ျပဳရင္ သူျပန္တိုက္ပါမယ္ သူ႔ကို စစ္သည္ငါးေထာင္ပဲ ေပးပါလို႔ ေျပာေတာ့ အဘိုးလုပ္သူက စစ္သည္ငါးေထာင္နဲ႔ ျဖစ္ႏိုင္ပါ့မလား ေမးေတာ့ မင္းသားေလးက သူ႔ကိုယံုၾကည္ရင္ ခြင့္ျပဳေပးပါ ေျပာလို႔ မင္းသားေလးကို စစ္သည္ ငါးေထာင္နဲ႔ ျပန္တိုက္ဖို႔ ခြင့္ျပဳေပးလိုက္တယ္၊

မင္းသားေလးက စစ္မထြက္ခင္ သူရထားတဲ့ ပဒူအံုက ရတဲ့ အမေတကိို ေရစိမ္ၿပီး စစ္သည္ ငါးေထာင္ကို ပက္ဖ်န္းၿပီး ပဒူမင္းကို တိုင္တည္ပါတယ္ ဒီအမေတေရထိထားတဲ့ စစ္သည္မ်ားကို ေစာင့္ေရွာက္ေပးပါ ဒီလူေတြကလႊဲရင္ က်န္သူအားလံုး သူရဲ႕ ရန္သူပါဆိုၿပီး စစ္တိုက္ထြက္ပါေတာ့တယ္၊ စစ္ပြဲ ျဖစ္ေတာ့ ပဒူေကာင္ေတြက ေရာက္ရွိလာၿပီး ရန္သူေတြက လိုက္လံတိုက္ခိုက္တဲ့အတြက္ တ႐ုတ္ စစ္သည္ေတြလည္း လက္နက္မ်ားပင္ မသယ္ေဆာင္ႏိုင္ေတာ့ပဲ ျပန္လည္ ဆုတ္ခြါထြက္ေျပးပါေတာ့တယ္၊

မင္းသားေလးက တ႐ုတ္ေတြဆီ စာျပန္ပို႔တယ္ မိတ္ေဆြဖြဲ႕မလား စစ္တိုက္မွာလားဆိုၿပီး စာပို႔လိုက္တယ္၊ တခ်ိန္တည္း အဖိုးလုပ္သူထံကို သူတို႔နယ္ေျမထဲအထိ သြားတိုက္ဖို႔ ခြင့္ေတာင္းလိုက္တယ္ ၊ တ႐ုတ္ျပည္က မင္းကလည္း မင္းသားေလးရဲ႕စာ ရကတည္းက သူရဲ႕ နန္းေတာ္ထဲမွာ ပဒူေကာင္ေတြ ေရာက္လာၿပီး သူထိုင္တဲ့ ပလႅင္ေပၚမွာပါ ပဒူေတြ ျပည့္ေနလို႔ ေၾကာက္လန္႔ၿပီး မင္းသားေလးနဲ႔ မိတ္ေဆြဖြဲ႕ၿပီး သမီးနဲ႔ ေပးစားၿပီး ႏိုင္ငံကို အုပ္ခ်ဳပ္ေစခဲ့တယ္၊

မင္းသားေလးက ေယာကၡမျဖစ္သူကို ရန္သူေတြ ရွိေသးလားေမးေတာ့ ေယာကၡမ လုပ္သူက အေနာက္တိုင္းက အဖြဲ႕ေတြက လာက်ဳးေက်ာ္ၾကတယ္ ေျပာေတာ့ မင္းသားေလးက အဲ့အေနာက္တိုင္း ႏိုင္ငံေတြကိုလည္း မိတ္ေဆြဖဲြ႕မလား တိုက္မလား ဆိုၿပီး စာပို႔ၿပီး သြားတိုက္ပါတယ္၊ မင္းသားေလးက အဲ့တိုင္းျပည္မွာလည္း သားေလးေယာက္ ထြန္းကားၿပီး သူစစ္တိုက္ထြက္တဲ့အခ်ိန္ ေသဆံုးခဲ့ရင္ သူ႔သားအႀကီးကို အုပ္ခ်ဳပ္ဖို႔ မွာထားခဲ့တယ္၊ မင္းသားေလးက ပဒူေတြနဲ႔အတူ အေနာက္တိုင္း ႏိုင္ငံေတြဆီသြားရင္း ႏိုင္ငံအားလံုးက မိတ္ေဆြဖြဲ႕ၿပီး တိုင္းျပည္ အပ္ၾကလို႔ ၿငိမ္းခ်မ္းခဲ့တယ္၊

တိုင္းျပည္တခုဆီ ထပ္သြားေတာ့ အဲ့တိုင္းျပည္က မင္းက အဓိဌာန္ျပဳခဲ့တယ္ မင္းသားေလးတို႔အဖြဲ႕ သူ႔တိုင္းျပည္ကို ဝင္လာရင္ တံတားေကာင္းက ဝင္လာပါက ဆက္ခံမယ့္ မိ်ဳးဆက္က်န္လိမ့္မည္ တံတားေဟာင္းက ဝင္ေရာက္ပါက မ်ိဳးဆက္ျပတ္လိမ့္မည္ ဆိုၿပီး ဆုေတာင္းခဲ့တယ္၊ မင္းသားေလးတို႔အဖြဲ႕လည္း တံတားေဟာင္းက ဝင္လာမိၿပီး တံတားက်ိဳးက်ၿပီး ကြယ္လြန္သြားခဲ့တယ္၊ မင္းသားေလး ကြယ္လြန္သြားေပမယ့္ တိုင္းျပည္အားလံုးက ၿငိမ္းၿငိမ္း ခ်မ္းခ်မ္းနဲ႔ အုပ္ခ်ဳပ္ ေနထိုင္ခဲ့ၾကတယ္၊ ေနာက္ပိုင္းမွာ ေငြေၾကာင့္ အခ်င္းခ်င္း ၿပိဳကြဲကုန္ၾကတယ္လို႔ ဆရာေတာ္က မိန္႔တယ္၊

ပဒူမင္းက ဆရာေတာ္ တည္ထားတဲ့ ကမ႓ာလံုး ေစတီမွာ ရရွိထားတဲ့ဲ ေက်ာက္ျဖစ္႐ုပ္ႂကြင္းကို ဌာပနာထည့္ၿပီးမွ ကၽြတ္တန္းဝင္မယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္၊

ဆရာေတာ္ ေဆာင္ရြက္ေနတဲ့ မိုင္းလင္း ဟိမဝႏၲာေတာင္တန္္း သာသနာ့နယ္ေျမက ဆရာေတာ္ႀကီး သီတင္းသံုးတဲ့ မိုင္းလင္းေက်ာင္းနဲ႔ ကပ္လွ်က္က ေတာင္တန္းေပၚမွာ ေစတီေတြ တည္ထားေနတာပါ၊ စတင္ေဆာင္ရြက္စဥ္ အခ်ိန္ကပင္ ထူးဆန္းတာေတြ အမ်ားႀကီး ၾကံဳေတြ႕ရတာပါ၊ ဘယ္ကမွန္း မသိတဲ့ ပုဂၢိဳလ္တဦးက တည္ေဆာက္မယ့္ ေစတီမွာ ႒ာပနာထည့္ဖို႔ ဆံေတာ္ရွင္ကို လာလွဴသြားတာေတြ စသျဖင့္ ထူးျခားမႈမ်ားစြာ ရွိေနခဲ့တာပါ၊ တခါတေခါက္ေလာက္ၾကံဳရင္ တာေလၿမိဳ႕ မိုင္းလင္းေက်းရြာမွာ ရွိတဲ့ ဆရာေတာ္ႀကီးကို ဖူးေမွ်ာ္ရင္း ဆရာေတာ္ႀကီး ေဆာင္ရြက္ေနတဲ့ သာသနာျပဳ လုပ္ငန္းေတြ၊ ဆရာေတာ္ဘုရားႀကီး တရားအားထုတ္တဲ့ မိုင္းေယာင္းက စြန္ဟိန္းဂူမ်ားကို လာေရာက္ေလ့လာၾကပါဗ်၊

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

(၂၈-၁-၂၀၁၉) ရက်နေ့ မနက်ပိုင်း တာလေက မိုင်းလင်းဆရာတော် ဘုရားကြီးထံ သွားရောက် ကန်တော့ဖြစ်တယ်၊ ကျောင်းရောက်ပြီး ဆရာတော်ကြီးနဲ့ စကားပြောနေတုန်း ဆရာတော်ကြီးက ထူးဆန်းတဲ့ ပစ္စည်းတခု ထုတ်ပြလို့ ယူကြည့်လိုက်တာ ပဒူကျောက်ဖြစ်ရုပ်ကြွင်း တခုကို ထူးဆန်းစွာ တွေ့လိုက်ရတယ်၊ ဆရာတော် မိန့်တာကတော့ ဆရာတော် ဆောင်ရွက်နေတဲ့ မိုင်လင်း ဟိမဝန္တာတောင်တန်း သာသနာ့နယ်မြေ

ဆောင်ရွက်နေတဲ့ နေရာက တည်ဆောက်ဆဲ ကမ္ဘာလုံးစေတီ အနားက ရတယ်လို့ မိန့်ပါတယ်၊ ရွာက အုပ်ချုပ်ရေးမှူးကို အိမ်မက်ပေးလို့ ဆရာတော်ကိုယ်တိုင် သွားရောက် ယူဆောင်ခဲ့တာလို့ သိရပါတယ်၊ သူရဲ့ သမိုင်းကလည်း စိတ်ဝင်စားစရာလေးပါ ပဒူ ကျောက်ဖြစ်ရုပ်ကြွင်းက အရင်ဘဝတခုက ပဒူမင်းဖြစ်ခဲ့တဲ့သူဖြစ်ပြီး ဒီနေရာမှာ စိုးစံခဲ့ပါတယ်တဲ့ ဆရာတော်ကြီး မိန့်ကြားတဲ့ ပဒူမင်းဇာတ်လမ်းလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်-

တရုတ်ပြည်က သားတော်တပါးက ရသေ့ဝတ်နဲ့ ကျိုင်းတုံမြို့နေရာမှာ သီတင်းသုံး နေထိုင်ခဲ့ပါတယ်၊ ချင်းမိုင်ဘုရင်က နယ်ချဲ့ဖို့ စစ်တိုက်ရင်း ကျိုင်းတုံနဲ့ တရုတ်နယ်စပ်နားအထိ သိမ်းပိုက်ခဲ့ပါတယ်၊ကျိုင်းတုံကို မသိမ်းခင် ချင်းမိုင်ဘုရင်ရဲ့ သားတော် လေးပါးအနက် သားတော်တပါးက ကျိုင်းတုံက မင်းသမီးတပါးကို စည်းရုံးသိမ်းသွင်းပြီးမှ ကျိုင်းတုံကို သိမ်းပိုက်လိုက်ကြပါတယ်

သိမ်းပိုက်ပြီးတဲ့ အချိန်မှာပဲ မင်းသားက အဆိုပါ မင်းသမီးလေးကို နှင်ထုတ်လိုက်ပါတယ် မင်းသမီးလေး ထွက်သွားရတဲ့ အချိန်မှာ မင်းသားနဲ့ ရတဲ့ ကိုယ်ဝန်လည်း ပါသွားခဲ့တယ်၊ မင်းသမီးက ရွာတရွာမှာ နေထိုင်ပြီး သားတယောက် မွေးဖွားခဲ့တယ်၊ ကလေးအရွယ်ရောက်လာတဲ့ အချိန် နန်းတော်ထဲက ကလေးတွေက ရွာဖက်ကို လာလည်ကြရင်း အဆိုပါ မင်သားလေးနဲ့ ရင်းနှီးသွားကြတယ်၊ မင်းသားလေးက နန်းတော်ထဲက ကလေးတွေကို ရွာ ပတ်ဝန်းကျင် လိုက်လံပြသ ပို့ဆောင်ပေးသလို မင်းသားလေးကိုလည်း နန်းတော်ထဲ အလည်ခေါ်ကြတယ်၊ တရက်မှာ သူတို့တွေ ရွာနားက တောထဲ သွားလည်ကြရင်း ပဒူအုံကို တွေ့တော့ နန်းတော်ထဲက ကလေးတွေက မင်းသားလေးကို တက်ယူခိုင်းပြီး သူတို့ကို ကျွေးဖို့ ပြောကြတယ်၊ မင်သားလေးကလည်း သူကငယ်သေးကြောင်း ယူရမှာ ကြောက်ရွံ့ကြောင်း ငြင်းဆိုတယ်၊ အဲ့မှာ နန်းထဲက

ကလေးတွေက မင်းမယူရင် ငါတို့သွားယူမယ် ယူလို့ရရင် မင်းကိုကျွေးမယ် ပြီးရင် မင်းကို သတ်မယ်လို့ပြောပြီး ပဒူအုံကို သွားယူကြတယ်၊ ပဒူတွေက ဝိုင်းတုပ်ကြတော့ နန်းတော်ထဲက ကလေးတွေလည်း မယူနိုင်ပဲ အောက်ကို ပြန်ဆင်းလာရတယ် ပဒူတုပ်ခံရတဲ့ဒဏ်ကြောင့် နန်းတော်ထဲက ကလေးတွေ (၅/၆) ရက်လောက် ဆေးကုသခဲ့ရတယ်၊ နန်းတော်ထဲက ကလေးတွေက မင်းသားလေးကို ထပ်မံ ခြိမ်းခြောက်ပြီး အတင်းသွားယူခိုင်းပြန်တယ်

သူတို့က မင်းသားလေးကို မင်းမယူရင် မင်းကိုသတ်မယ် တကယ်လို့ ယူလို့ရရင် ငါတို့ကို ကျွေးပြီး ငါတို့ကို သတ်ပါလို့ ပြောလာတော့ မင်းသားလေး ခမျာလည်း မယူရင်လည်း အသတ်ခံရမှာ ဖြစ်လို့ သူတို့စကားကို လက်ခံပြီး သွားယူဖို့ ဆုံးဖြတ်လိုက်ရတယ်၊ မင်းသားလေးက မယူခင်မှာ ပဒူမင်းကို မေတ္တာပို့ အဓိဌာန်လိုက်တယ် အကျွန်ုပ်က သင်တို့ကို ဒုက္ခပေးရန် မဟုတ်ပါ သူတို့က ကျွန်ုပ်အား လာယူခိုင်းလို့ပါ မယူရင်လည်း အသတ်ခံရမှာ ဖြစ်လို့ လာယူရခြင်း ဖြစ်ပါတယ် ခွင့်ပြုပေးပါဆိုပြီး အဓိဌာန်ပြု ဆုတောင်းပြီး တက်

ယူပါတယ် မင်သားလေး တက်လာသည်နှင့် ပဒူများက ပဒူအုံကနေ ရှောင်သွားတဲ့အတွက် မင်းသားလေးက ပဒူအုံကိုယူတဲ့အချိန် ပဒူအုံထဲမှာ အမတေကိုတွေ့လို့ သူ့ပါးစပ်ထဲငုံထားပြီး ပဒူအုံကိုယူပြီး အောက်ကို ပြန်ဆင်းလာပါတယ်၊ ပဒအုံကို နန်းတော်ထဲက ကလေးတွေကို ကျွေးပြီး ကတိစကားအတိုင်း နန်းတော်ထဲက ကလေးတွေကို သတ်လိုက်ပါတော့တယ်၊ ကလေးများကိုသတ်ပြီးနောက် မင်းသားလေးက နန်းတော်ထဲသွားပြီး အကျိုးအကြောင်း သွားပြောတဲ့အခါ ဘုရင်က မင်းသားလေးရဲ့ မိဘတွေကို မေးတော့မှ ဘုရင်ရဲ့ သားမှန်း သိသွားတော့တယ်၊ ဘုရင်က မင်းသားလေးကို မသတ်ပဲ ဒီအတိုင်း ပြန်လွှတ်ရင်လည်း ကလေးမိဘတွေကသတ်တာ ခံရမယ် သူ့သားလို့ ပြောလို့လည်း မရဖြစ်နေတော့ နောက်ဆုံး မင်းသားလေးကို မွေးစားသားအဖြစ်နဲ့ အနားမှာ ခေါ်ထားလိုက်ပါတော့တယ်၊

အဲ့အချိန်မှာ တရုတ်တွေက သူတို့ကို ဝင်တိုက်လို့ ချင်းမိုင်အထိ ဆုတ်ပေးလိုက်ရတယ်၊ မင်းသားလေးက အဖေဖြစ်သူ ဘုရင်ကို တရုတ်နန်းတော်က သေးသေးလေးကို ပြန်တိုက်ရင် ရတာပဲဆိုပြီး အပြစ်တင်ပြောဆိုခဲ့တယ်၊ အဲ့အချိန် တရုတ်က မင်းသားလေးရဲ့ အဘိုးဆီ စာပို့ပြီး လက်နက်ချပြီး မြို့ကိုအပ်မလား လာတိုက်ရမလား ဆိုလာတော့ အဘိုးလုပ်တဲ့ သူက အစည်းအဝေးလုပ်တဲ့အချိန် ဘုရင်က သူ့အဖေကို မင်းသားလေးပြောတဲ့စကား ပြောပြတော့ အဘိုးလုပ်သူက မြေးဖြစ်သူ

မင်းသားလေးကို ခေါ်တွေ့ပြီး ဒီအသက်အရွယ်နဲ့ ကြီးကြီး ကျယ်ကျယ်တွေ ပြောနေတယ် ငါတို့တောင် စစ်ရေးကျွမ်းကျင်တာ မတိုက်နိုင်ဘူး ဘယ်လိုလုပ်မှာလည်း မေးတော့ မင်းသားလေးက အဘိုးခွင့်ပြုရင် သူပြန်တိုက်ပါမယ် သူ့ကို စစ်သည်ငါးထောင်ပဲ ပေးပါလို့ ပြောတော့ အဘိုးလုပ်သူက စစ်သည်ငါးထောင်နဲ့ ဖြစ်နိုင်ပါ့မလား မေးတော့ မင်းသားလေးက သူ့ကိုယုံကြည်ရင် ခွင့်ပြုပေးပါ ပြောလို့ မင်းသားလေးကို စစ်သည် ငါးထောင်နဲ့ ပြန်တိုက်ဖို့ ခွင့်ပြုပေးလိုက်တယ်၊

မင်းသားလေးက စစ်မထွက်ခင် သူရထားတဲ့ ပဒူအုံက ရတဲ့ အမတေကို ရေစိမ်ပြီး စစ်သည် ငါးထောင်ကို ပက်ဖျန်းပြီး ပဒူမင်းကို တိုင်တည်ပါတယ် ဒီအမတေရေထိထားတဲ့ စစ်သည်များကို စောင့်ရှောက်ပေးပါ ဒီလူတွေကလွှဲရင် ကျန်သူအားလုံး သူရဲ့ ရန်သူပါဆိုပြီး စစ်တိုက်ထွက်ပါတော့တယ်၊ စစ်ပွဲ ဖြစ်တော့ ပဒူကောင်တွေက ရောက်ရှိလာပြီး ရန်သူတွေက လိုက်လံတိုက်ခိုက်တဲ့အတွက် တရုတ် စစ်သည်တွေလည်း လက်နက်များပင် မသယ်ဆောင်နိုင်တော့ပဲ ပြန်လည် ဆုတ်ခွါထွက်ပြေးပါတော့တယ်၊

မင်းသားလေးက တရုတ်တွေဆီ စာပြန်ပို့တယ် မိတ်ဆွေဖွဲ့မလား စစ်တိုက်မှာလားဆိုပြီး စာပို့လိုက်တယ်၊ တချိန်တည်း အဖိုးလုပ်သူထံကို သူတို့နယ်မြေထဲအထိ သွားတိုက်ဖို့ ခွင့်တောင်းလိုက်တယ် ၊ တရုတ်ပြည်က မင်းကလည်း မင်းသားလေးရဲ့စာ ရကတည်းက သူရဲ့ နန်းတော်ထဲမှာ ပဒူကောင်တွေ ရောက်လာပြီး သူထိုင်တဲ့ ပလ္လင်ပေါ်မှာပါ ပဒူတွေ ပြည့်နေလို့ ကြောက်လန့်ပြီး မင်းသားလေးနဲ့ မိတ်ဆွေဖွဲ့ပြီး သမီးနဲ့ ပေးစားပြီး နိုင်ငံကို အုပ်ချုပ်စေခဲ့တယ်၊

မင်းသားလေးက ယောက္ခမဖြစ်သူကို ရန်သူတွေ ရှိသေးလားမေးတော့ ယောက္ခမ လုပ်သူက အနောက်တိုင်းက အဖွဲ့တွေက လာကျုးကျော်ကြတယ် ပြောတော့ မင်းသားလေးက အဲ့အနောက်တိုင်း နိုင်ငံတွေကိုလည်း မိတ်ဆွေဖွဲ့မလား တိုက်မလား ဆိုပြီး စာပို့ပြီး သွားတိုက်ပါတယ်၊ မင်းသားလေးက အဲ့တိုင်းပြည်မှာလည်း သားလေးယောက် ထွန်းကားပြီး သူစစ်တိုက်ထွက်တဲ့အချိန် သေဆုံးခဲ့ရင် သူ့သားအကြီးကို အုပ်ချုပ်ဖို့ မှာထားခဲ့တယ်၊ မင်းသားလေးက ပဒူတွေနဲ့အတူ အနောက်တိုင်း နိုင်ငံတွေဆီသွားရင်း နိုင်ငံအားလုံးက မိတ်ဆွေဖွဲ့ပြီး တိုင်းပြည် အပ်ကြလို့ ငြိမ်းချမ်းခဲ့တယ်၊

တိုင်းပြည်တခုဆီ ထပ်သွားတော့ အဲ့တိုင်းပြည်က မင်းက အဓိဌာန်ပြုခဲ့တယ် မင်းသားလေးတို့အဖွဲ့ သူ့တိုင်းပြည်ကို ဝင်လာရင် တံတားကောင်းက ဝင်လာပါက ဆက်ခံမယ့် မျိုးဆက်ကျန်လိမ့်မည် တံတားဟောင်းက ဝင်ရောက်ပါက မျိုးဆက်ပြတ်လိမ့်မည် ဆိုပြီး ဆုတောင်းခဲ့တယ်၊ မင်းသားလေးတို့အဖွဲ့လည်း တံတားဟောင်းက ဝင်လာမိပြီး တံတားကျိုးကျပြီး ကွယ်လွန်သွားခဲ့တယ်၊ မင်းသားလေး ကွယ်လွန်သွားပေမယ့် တိုင်းပြည်အားလုံးက ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အုပ်ချုပ် နေထိုင်ခဲ့ကြတယ်၊ နောက်ပိုင်းမှာ ငွေကြောင့် အချင်းချင်း ပြိုကွဲကုန်ကြတယ်လို့ ဆရာတော်က မိန့်တယ်၊

ပဒူမင်းက ဆရာတော် တည်ထားတဲ့ ကမ္ဘာလုံး စေတီမှာ ရရှိထားတဲ့ဲ ကျောက်ဖြစ်ရုပ်ကြွင်းကို ဌာပနာထည့်ပြီးမှ ကျွတ်တန်းဝင်မယ်လို့ ဆရာတော်က မိန့်ပါတယ်၊

ဆရာတော် ဆောင်ရွက်နေတဲ့ မိုင်းလင်း ဟိမဝန္တာတောင်တန်း သာသနာ့နယ်မြေက ဆရာတော်ကြီး သီတင်းသုံးတဲ့ မိုင်းလင်းကျောင်းနဲ့ ကပ်လျှက်က တောင်တန်းပေါ်မှာ စေတီတွေ တည်ထားနေတာပါ၊ စတင်ဆောင်ရွက်စဉ် အချိန်ကပင် ထူးဆန်းတာတွေ အများကြီး ကြုံတွေ့ရတာပါ၊ ဘယ်ကမှန်း မသိတဲ့ ပုဂ္ဂိုလ်တဦးက တည်ဆောက်မယ့် စေတီမှာ ဋ္ဌာပနာထည့်ဖို့ ဆံတော်ရှင်ကို လာလှူသွားတာတွေ စသဖြင့် ထူးခြားမှုများစွာ ရှိနေခဲ့တာပါ၊ တခါတခေါက်လောက်ကြုံရင် တာလေမြို့ မိုင်းလင်းကျေးရွာမှာ ရှိတဲ့ ဆရာတော်ကြီးကို ဖူးမျှော်ရင်း ဆရာတော်ကြီး ဆောင်ရွက်နေတဲ့ သာသနာပြု လုပ်ငန်းတွေ၊ ဆရာတော်ဘုရားကြီး တရားအားထုတ်တဲ့ မိုင်းယောင်းက စွန်ဟိန်းဂူများကို လာရောက်လေ့လာကြပါဗျ၊

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top