ခင္ဝင့္ဝါဆုိတဲ့ ေခးေလးဟာ ခ်စ္စရာေကာင္းလြန္းတဲ့ အမူအရာေလးေတြ အျပစ္ကင္းစင္တဲ့ မ်က္နွာေလးေတြနဲ႔ သရုပ္ေဆာင္မႈေလးေတြေၾကာင့္ Miss အျဖစ္ကေန မင္းသမီးတစ္လက္အျဖစ္နာမည္ေက်ာ္ၾကားလာခဲ့တာ နွစ္အနည္းငယ္ၾကာျပီျဖစ္ပါတယ္။

ေခးေလး ေခးေလးဆုိျပီး အရမ္းကုိခ်စ္ေနၾကတဲ့ပရိသတ္ေတြကလည္း တစ္နုိင္ငံလံုးမွာအမ်ားအျပားရွိေနတာပဲျဖစ္ပါတယ္။ ေခးက မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ မၾကာခင္မွာရံုတင္ေတာ့မယ့္ ကိုယ္ေစာင့္နတ္ရုပ္ရွင္ကားအေၾကာင္းနဲ႔အျခားအနုပညာလႈပ္ရွားမႈေတြအေၾကာင္းအျပင္ အခ်စ္ေရးအေၾကာင္းပါ ေျဖၾကားသြားခဲ့ပါတယ္။

ေခးက ကို္ယ္ေစာင့္နတ္ရုပ္ရွင္ကားေလးအေၾကာင္းကုိ “ေထြေထြထူးထူးေတာ့မဟုတ္ပါဘူး။ လူငယ္ေက်ာင္းသား ဟာသကားေလးေပ့ါေနာ္။ အခ်စ္ေလးလည္းနည္းနည္းပါတယ္။ဆိုေတာ့ .. ေပါ့ေပါ့ပါးပါးေကာင္မေလး ဘယ္လာေနရာကေန သရုပ္ေဆာင္ထားပါတယ္”လို႔ ေျပာျပထားပါတယ္။

2018 ကုန္ေတာ့မယ္ဆိုေတာ့ 2018 အတြင္းျဖစ္ခဲ့သမွ်ေတြအေၾကာင္းကုိ ေခးေလးက “အမ်ားၾကီးၾကံဳခဲ့ရတယ္။ သင္ခန္းစာေတြလည္းအမ်ားၾကီးရတယ္။ ပုိျပီးေတာ့ ရင့္က်က္လာတယ္လို႔ခံစားရတယ္”လို႔ ေျပာျပထားျပီး ခ်စ္သူရွိေနျပီလားဆိုတဲ့ေမးခြန္းကုိေတာ့ ေခးက “လူငယ္ဆိုေတာ့လည္း ေျပာလို႔ေတာ့မရဘူးေပါ့ေနာ္”လို႔ ေျဖရွင္းရွက္ဝဲဝဲနဲ႔ ေခါင္းေလးျငိမ့္လုိက္တာေတြ႕ရပါတယ္။

ခင္ဝင့္ဝါလိုခ်င္တဲ့ ခ်စ္သူပံုစံမ်ိဳးက ဘယ္သူလဲဆိုတာကုိ “အဲ့လိုမ်ိဳးစံထားတာမ်ိဳးေတာ့မရွိပါဘူး။ လူတိုင္းကေတာ့ ပါဖက္ျဖစ္တဲ့လူကုိလိုခ်င္တာေပါ့ေလ။ ဘယ္အရာမွပါဖက္ျဖစ္တဲ့သူမ်ိဳးမွမရွိတာ။ ျပီးျပည့္စံုတယ္ဆိုတာကေတာ့ ဘယ္အရာမွဘယ္လုိလူမ်ိဳးမွမရွိဘူးေလ။ ဘယ္လုိေျပာမလဲ။ ကံေပါ့”လို႔ ျပံဳးျပံဳးေလးနဲ႕ေျဖၾကားထားသလို ထူးေအာင္လိုဗလၾကီးတဲ့သူမ်ိဳးေတြကုိၾကိဳက္လားလို႔ အေမးခံရေတာ့ရွက္သြားပံုေလးနဲ႔ “အဲ့လိုမ်ိဳး ဗလအၾကီးၾကီးေတြကုိေတာ့ ဘယ္လိုေျပာရမလဲ မၾကိဳက္ဘူး”လို႔ ရယ္ေမာရင္းေျဖၾကားထားပါတယ္။

ခင္ဝင့္ဝါက ငယ္ငယ္တုန္းက ရည္းစားစကားအေျပာခံရဖူးတာအေတာ္ရွားတဲ့ နာမည္ၾကီးထမင္းငတ္ေလးျဖစ္ေၾကာင္း “ငယ္ငယ္တုန္းကရည္းစားစကားအေျပာခံရဖူးလားဆိုေတာ့ ရွိေတာ့ရွိတယ္ ဒါေပမယ့္ ရွားတယ္။ ဘယ္လိုေျပာမလဲ နာမည္ၾကီးထမင္းငတ္ေပါ့ေနာ္။ အကုန္လံုးက လူၾကိဳက္မ်ားတယ္ လူၾကိဳက္မ်ားတယ္ေျပာျပီး ကုိယ့္ကုိအဲ့လိုမ်ိဳးလာေျပာတဲ့သူေတာ့မရွိပါဘူး။ လက္ခ်ိဳးေရလိို႔ရတယ္ ရည္းစားစကားေျပာတာ”လို႔ ေျပာျပထားပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ခင်ဝင့်ဝါဆိုတဲ့ ခေးလေးဟာ ချစ်စရာကောင်းလွန်းတဲ့ အမူအရာလေးတွေ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေနဲ့ သရုပ်ဆောင်မှုလေးတွေကြောင့် Miss အဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်နာမည်ကျော်ကြားလာခဲ့တာ နှစ်အနည်းငယ်ကြာပြီဖြစ်ပါတယ်။

ခေးလေး ခေးလေးဆိုပြီး အရမ်းကိုချစ်နေကြတဲ့ပရိသတ်တွေကလည်း တစ်နိုင်ငံလုံးမှာအများအပြားရှိနေတာပဲဖြစ်ပါတယ်။ ခေးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ မကြာခင်မှာရုံတင်တော့မယ့် ကိုယ်စောင့်နတ်ရုပ်ရှင်ကားအကြောင်းနဲ့အခြားအနုပညာလှုပ်ရှားမှုတွေအကြောင်းအပြင် အချစ်ရေးအကြောင်းပါ ဖြေကြားသွားခဲ့ပါတယ်။



ခေးက ကိုယ်စောင့်နတ်ရုပ်ရှင်ကားလေးအကြောင်းကို “ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ လူငယ်ကျောင်းသား ဟာသကားလေးပေ့ါနော်။ အချစ်လေးလည်းနည်းနည်းပါတယ်။ဆိုတော့ .. ပေါ့ပေါ့ပါးပါးကောင်မလေး ဘယ်လာနေရာကနေ သရုပ်ဆောင်ထားပါတယ်”လို့ ပြောပြထားပါတယ်။

2018 ကုန်တော့မယ်ဆိုတော့ 2018 အတွင်းဖြစ်ခဲ့သမျှတွေအကြောင်းကို ခေးလေးက “အများကြီးကြုံခဲ့ရတယ်။ သင်ခန်းစာတွေလည်းအများကြီးရတယ်။ ပိုပြီးတော့ ရင့်ကျက်လာတယ်လို့ခံစားရတယ်”လို့ ပြောပြထားပြီး ချစ်သူရှိနေပြီလားဆိုတဲ့မေးခွန်းကိုတော့ ခေးက “လူငယ်ဆိုတော့လည်း ပြောလို့တော့မရဘူးပေါ့နော်”လို့ ဖြေရှင်းရှက်ဝဲဝဲနဲ့ ခေါင်းလေးငြိမ့်လိုက်တာတွေ့ရပါတယ်။

ခင်ဝင့်ဝါလိုချင်တဲ့ ချစ်သူပုံစံမျိုးက ဘယ်သူလဲဆိုတာကို “အဲ့လိုမျိုးစံထားတာမျိုးတော့မရှိပါဘူး။ လူတိုင်းကတော့ ပါဖက်ဖြစ်တဲ့လူကိုလိုချင်တာပေါ့လေ။ ဘယ်အရာမှပါဖက်ဖြစ်တဲ့သူမျိုးမှမရှိတာ။ ပြီးပြည့်စုံတယ်ဆိုတာကတော့ ဘယ်အရာမှဘယ်လိုလူမျိုးမှမရှိဘူးလေ။ ဘယ်လိုပြောမလဲ။ ကံပေါ့”လို့ ပြုံးပြုံးလေးနဲ့ဖြေကြားထားသလို ထူးအောင်လိုဗလကြီးတဲ့သူမျိုးတွေကိုကြိုက်လားလို့ အမေးခံရတော့ရှက်သွားပုံလေးနဲ့ “အဲ့လိုမျိုး ဗလအကြီးကြီးတွေကိုတော့ ဘယ်လိုပြောရမလဲ မကြိုက်ဘူး”လို့ ရယ်မောရင်းဖြေကြားထားပါတယ်။

ခင်ဝင့်ဝါက ငယ်ငယ်တုန်းက ရည်းစားစကားအပြောခံရဖူးတာအတော်ရှားတဲ့ နာမည်ကြီးထမင်းငတ်လေးဖြစ်ကြောင်း “ငယ်ငယ်တုန်းကရည်းစားစကားအပြောခံရဖူးလားဆိုတော့ ရှိတော့ရှိတယ် ဒါပေမယ့် ရှားတယ်။ ဘယ်လိုပြောမလဲ နာမည်ကြီးထမင်းငတ်ပေါ့နော်။ အကုန်လုံးက လူကြိုက်များတယ် လူကြိုက်များတယ်ပြောပြီး ကိုယ့်ကိုအဲ့လိုမျိုးလာပြောတဲ့သူတော့မရှိပါဘူး။ လက်ချိုးရေလို့ရတယ် ရည်းစားစကားပြောတာ”လို့ ပြောပြထားပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top