





Credit:bamakhit

#Unicode Version# ဖြင့်ဖတ်ပါ ။

မြင်းခြံမြို့ ၌ မိဘအုပ်ထိမ်းမှုအောက်မလွတ်သေးသော အသက်မပြည့်သေးသူမိန်းကလေးအား ခိုးယူပေါင်းသင်းသူတရားခံ ခင်မောင်တင့်(ခ)တရုတ်ကြီး အား(၂-၄-၂၀၁၉)နေ့တွင် မြင်းခြံခရိုင်တရားရုံး၌အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

အမှုဖြစ်စဉ်မှာ တရားလိုဖြစ်သူသည်(၁၄-၆-၂၀၁၈)နေ့တွင် မြင်းခြံမြို့ ၊အမှတ်(၈)ရပ်ကွက်ရှိ မုန့်တိုက်တခုတွင်
အလုပ်လုပ်နေသော သမီးဖြစ်သူ မလာကြောင်းအလုပ်ရှင်မှ ပြောပြသိရှိရပြီး လိုက်လံရှာဖွေရာ

သမီးဖြစ်သူအား မြင်းခြံမြို့အမှတ်(၁၈)ရပ်ကွက်နေခင်မောင်တင့်(ခ)တရုတ်ကြီးမှခိုးယူပေါင်းသင်းပြီးသားမယားအဖြစ်နေထိုင်ခဲ့ကြောင်း

သမီးဖြစ်သူပြောပြချက်အရ သိရှိရ၍အသက်မပြည့်သေးသော သမီးဖြစ်သူအားခိုးယူပေါင်းသင်းသူ ခင်မောင်တင့်(ခ)တရုက်ကြီးအားအရေးယူပေးရန်တိုင်တန်းခဲ့သောအမှုဖြစ်သည်။

အမှုမှတရားခံ ခင်မောင်တင့်(ခ)တရုတ်ကြီးအား မြင်းခြံခရိုင်တရားရုံးသို့ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆ ဖြင့်စွဲချက်တင်စစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားသဖြင့်

(၂-၄-၂၀၁၉)နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ.အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၂၀)နှစ်၊ရာဇသတ်ကြီးပုဒ်မ ၃၆၃အရအလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်၊ပြစ်ဒဏ်များအားတပေါင်းတည်းကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top