ကရင္ျပည္နယ္အတြင္ သဘာဝထုံးေက်ာက္လႈိင္ဂူမ်ားအနက္သဘာဝအလွတရားမ်ားျဖင့္ ဆန္းက်ယ္လွသည့္ အထပ္ အလႊာေပါင္း (၇)လႊာရွိေသာ ဣစာၦသယလႈိင္ဂူေတာ္သည္ ဘားအံၿမိဳ႕ႏွင့္ (၇)မိုင္ခန႔္အကြာ ဘားအံ – လႈိင္းဘြဲ ကားလမ္းမွ တစ္ဆင့္ ေနာင္ပလိန္ကားလမ္း အတိုင္း သြားေရာက္ႏိုင္ၿပီး ကတၱရာလမ္းခင္း ေပးထားသည့္အတြက္ ယာဥ္ႀကီး/ယာဥ္ငယ္ မေ႐ြး သြားလာႏိုင္ေၾကာင္းသိရသည္။

ဣစာၦသယလႈိင္ဂူသည္ ဂူအတြင္းပိုင္းသို႔ အလ်ား တစ္မိုင္ခန႔္ရွည္လ်ားၿပီး ႏွစ္ဖက္ေပါက္ဂူ ျဖစ္ျခင္းေၾကာင့္လည္း ေတြ႕ရခဲ့ယာဥ္းသည့္ ဂူအမ်ိဳးအစားလည္းျဖစ္ကာ ဂူ၏အတြင္းပိုင္းမွာလည္း အံဩဖြယ္ရာ သဘာဝအေလွ်ာက္ အထပ္ အလႊာ ေပါင္း (၇)လႊာျဖစ္ေနေပသည္။

ထို႔ေၾကာင့္ ဣစာၦသယလႈိင္ဂူသည္ ကရင္ျပည္နယ္အတြင္းရွိ အျခားဂူမ်ားႏွင့္မတူဘဲ တမူထူးျခားစြာျဖင့္ တည္ရွိေနၿပီး ဂူအတြင္း က က်ယ္ဝန္းလွသည့္ အခန္းမ်ားကလည္း သဘာဝအေလွ်ာက္ျဖစ္ေပၚလွ်က္ရွိေနကာ ထူးဆန္းစြာ ဂူအတြင္းပိုင္းသို႔ အလင္းေရာင္မ်ားလည္း ေကာင္းစြာရရွိသျဖင့္ မူလသဝအတိုင္း ေက်ာက္စက္ပန္းဆြဲ ၊ေက်ာက္မိုးေမွ်ာ္မ်ား၊ ျပဳျပင္ထားျခင္းမရွိေသး၍ႏွစ္သန္းခ်ီမွျဖစ္ေပၚတည္ရွိအပ္သည့္ သဘာဝအလွမ်ားကို တဝႀကီးခံစားႏိုင္ေၾကာင္း သိရသည္။

“ဒီဂူက သိပ္မသိၾကေသးဘူးေလ၊ အရင္ကေတာ့ ဒီအတိုင္းထားတာ၊ ေက်ာင္းကိုလာတဲ့ ဒါယိကာ/ဒါယိကာမေတြက စိတ္ဝင္တစားနဲ႔ ဝင္ၾကည့္ၾကရင္း ေလွ်ာက္ၾကလို႔ ဆရာေတာ္ဦးေဆာင္ၿပီးလြန္ခဲ့ေသာ (၃)လေလာက္ကစတင္ၿပီးေတာ့ ဂူအတြင္းပိုင္းကိုမီးေတြသြယ္တန္းတယ္၊ သာသနိက ဆိုင္ရာအခ်ိဳ႕ကို ျပဳျပင္မြမ္းမံတာေတြ စလုပ္တာပါ”ဟု ဆရာေတာ္ ဦးဆႏၵာဓိကမွ မိန႔္ၾကားသည္။

အဆိုပါဂူအား ယခင္းက လာေရာက္သူနည္းပါးၿပီး လူအသိနည္းခဲ့ေသာ္လည္း ယခုအခါ လာေရာက္ေလ့လာၾကည့္ရႈ သူမ်ား၊ အလွဓါတ္ပုံလာေရာက္ ႐ိုက္ကူမ်ားျဖင့္ တစ္စတစ္စ မ်ားျပားလာၿပီျဖစ္ရာ လာေရာက္သူမ်ားကိုလည္း ဆရာေတာ္မွ သက္သက္လြတ္ ထမင္းဟင္းျဖင့္ ေကြၽးေမြးေၾကာင္း သိရသည္။

“ဂူအတြင္းပိုင္းမွာက သမိုင္းတစ္က ေရွးေဟာင္းလက္ရာဗုဒၶ႐ုပ္ပြားေတာ္ေတြနဲ႔ သဘာဝအတိုင္းျဖစ္ေပၚေနတဲ့ ေက်ာက္ခက္ပန္းဆြဲေတြ၊ သဘာဝအလွတရားေတြက ခရီးသြားျပည္သူမ်ားကို အဓိကစြဲေဆာင္ေစပါတယ္၊ ဂူထဲကို ေရာက္ၿပီးရင္ ၾကည့္လို႔မဝ ဓါတ္ပုံ႐ိုက္လို႔မဝေအာင္ ျဖစ္ေစတာက တျခားဂူေတြနဲ႔မတူတဲ့ ထူးျခားခ်က္ပါ ေနာက္တစ္ခ်က္ အားသာခ်က္က ဂူအတြင္းပိုင္းက ေတာ္ေတာ္က်ယ္တယ္၊ ေလဝင္ေလထြက္ေကာင္းတယ္၊ အလင္းေရာင္ ဝင္ေပါက္ကလည္း သဘာဝအေလ်ာက္ျဖစ္ေပၚေနတယ္၊ ေနာက္တစ္ခ်က္ပိုထူးတာက ဂူထဲမွာ အလင္းေရာင္ျဖာက်လာရင္ ေ႐ႊေရာင္အဆင္း အလင္းေရာင္ျပန္ၿပီး ထင္ဟပ္ေနပါတယ္” ဟု ေဂါပကအဖြဲ႕ဝင္တစ္ဦးေျပာသည္။

ဣစာၦသယလႈိင္ဂူေတာ္သို႔ လာေရာက္လည္ပတ္မည္ဆိုပါက အဆိုပါဂူႏွင့္ ခရီးစဥ္တစ္ဆက္တည္း ျဖစ္ေသာ လႈိင္းဘြဲ ၿမိဳ႕နယ္အတြင္းရွိ သာယာလွပေသာက်ဳံေထာ္ေရတံခြန္သို႔ သြားေရာက္ႏိုင္ၿပီး က်ဳံေထာ္မွအျပန္ ၿမိဳင္ႀကီးငူအထူးေဒသရွိ စိန္ပန္းၿမိဳင္ဆည္ကိုလည္း အလွၾကည့္ရႈႏိုင္သည့္အျပင္ ၿမိဳင္ႀကီးငူဆရာေတာ္ႀကီး၏ ျမသပိတ္ဌာပနာထားသည့္ နန္းဦး ဆုေတာင္းျပည့္ဘုရားႏွင့္ ေဘသဇၨမုနိေၾကးသြန္းဘုရားႀကီးကိုလည္း ဖူးေမွ်ာ္ႏိုင္သည့္အျပင္ သံလြင္ျမစ္၏ သဘာဝအလွမ်ား အားဘုရားရင္ျပင္ေပၚမွခံစားႏိုင္ကာ ဘုရားအတြင္း ပန္းခ်ီကားမ်ားရွိ ကဗ်ည္းေတြကိုလည္း ေသခ်ာဖတ္ရႈၾကည့္ ႏိုင္ပါသည္။

ထိုမွတဖန္ ၿမိဳင္ႀကီးငူအထြက္တြင္ ေရျပန္ကြၽန္း ဆုေတာင္းျပည့္ဘုရားႀကီးဖူးရင္း သဘာဝေတာေတာင္ သဘာဝအလွေတြ ၾကည့္ရႈ႕ခံစားကာ တခင္းလုံေက်း႐ြာရွိ ဖဒုံဂူဘုရားႏွင့္ဘားအံၿမိဳ႕ ေတာင္ကေလး ျမေစတီဘုရားကိုလည္း ဖူးေမွ်ာ္ႏိုင္ျခင္း၊ ဖားပ်ံဂူကိုလည္း ဖူးေမွ်ာ္ေလ့လာႏိုင္ျခင္း၊ ေတာင္ဝိုင္းေတာင္သို႔ိုလည္း သြားေရာက္ကာ သဘာဝအလွေတြကို ခံစားရင္း သာယာလွပေသာရႈေမွ်ာ္ခင္းမ်ားကိုမိုးပ်ံသံေလွခါးတြင္အမွတ္တရအလွပုံမ်ားျဖင့္မွတ္တမ္းဓာတ္ပုံမ်ား႐ိုက္ကူးႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျပည္တြင္းျပည္ပ ခရီးသြားဧည့္သည္မ်ားအေနျဖင့္ ထူးျခားဆန္းက်ယ္ၿပီး သဘာဝအလွတရားမ်ားျဖင့္ တည္ရွိေနသည့္ ဣစာၦသယလႈိင္ဂူေတာ္သည္ ကရင္ျပည္နယ္အတြင္းက တမူထူးျခားသည့္ အထပ္ အလႊာ(၇)လႊာရွိေသာ တစ္ခုတည္းေသာ ဂူေတာ္ျဖစ္ေပရာ ခရီးစဥ္အတြင္း၌လည္းလႈိင္းဘြဲၿမိဳ႕နယ္အတြင္းသို႔ သြားေရာက္ လည္ပတ္ႏိုင္သည့္ ခရီးစဥ္မ်ားႏွင့္ တစ္ခရီးတည္းရွိေနရာ ဣစာၦသယလႈိင္ဂူေတာ္သည္ လာေရာက္ဖူးေမွ်ာ္ေလ့လာသင့္သည့္ ဂူေတာ္ျဖစ္ၿပီး ေအးခ်မ္းစြာတရားထိုင္ဝိပႆနာပြားမ်ား လိုသူမ်ားအတြက္ အထူးသင့္ေလ်ာ္ရာေနရာတစ္ခု ျဖစ္သည့္အျပင္ လာေရာက္ ဖူးေမွ်ာ္ေလ့လာသူမ်ားႏွင့္ ထူးျခားဆန္းျပား စူးစမ္းေလ့လာလိုသူမ်ား ကိုလည္း တမူထူးျခားသည့္ သဘာဝ အလွတရားမ်ား ကို တဝႀကီး ေလ့လာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Myanmaalinn
မင္းသူ/ထြန္းထြန္းေထြး(ဘားအံ)၊သတင္းဓာတ္ပုံ – ၿဖဳိးေဝဆက္
#Unicode Version#
 ကရင်ပြည်နယ်အတွင် သဘာဝထုံးကျောက်လှိုင်ဂူများအနက်သဘာဝအလှတရားများဖြင့် ဆန်းကျယ်လှသည့် အထပ် အလွှာပေါင်း (၇)လွှာရှိသော ဣစ္ဆာသယလှိုင်ဂူတော်သည် ဘားအံမြို့နှင့် (၇)မိုင်ခန့်အကွာ ဘားအံ – လှိုင်းဘွဲ ကားလမ်းမှ တစ်ဆင့် နောင်ပလိန်ကားလမ်း အတိုင်း သွားရောက်နိုင်ပြီး ကတ္တရာလမ်းခင်း ပေးထားသည့်အတွက် ယာဉ်ကြီး/ယာဉ်ငယ် မရွေး သွားလာနိုင်ကြောင်းသိရသည်။

ဣစ္ဆာသယလှိုင်ဂူသည် ဂူအတွင်းပိုင်းသို့ အလျား တစ်မိုင်ခန့်ရှည်လျားပြီး နှစ်ဖက်ပေါက်ဂူ ဖြစ်ခြင်းကြောင့်လည်း တွေ့ရခဲ့ယာဉ်းသည့် ဂူအမျိုးအစားလည်းဖြစ်ကာ ဂူ၏အတွင်းပိုင်းမှာလည်း အံဩဖွယ်ရာ သဘာဝအလျှောက် အထပ် အလွှာ ပေါင်း (၇)လွှာဖြစ်နေပေသည်။

ထို့ကြောင့် ဣစ္ဆာသယလှိုင်ဂူသည် ကရင်ပြည်နယ်အတွင်းရှိ အခြားဂူများနှင့်မတူဘဲ တမူထူးခြားစွာဖြင့် တည်ရှိနေပြီး ဂူအတွင်း က ကျယ်ဝန်းလှသည့် အခန်းများကလည်း သဘာဝအလျှောက်ဖြစ်ပေါ်လျှက်ရှိနေကာ ထူးဆန်းစွာ ဂူအတွင်းပိုင်းသို့ အလင်းရောင်များလည်း ကောင်းစွာရရှိသဖြင့် မူလသဝအတိုင်း ကျောက်စက်ပန်းဆွဲ ၊ကျောက်မိုးမျှော်များ၊ ပြုပြင်ထားခြင်းမရှိသေး၍နှစ်သန်းချီမှဖြစ်ပေါ်တည်ရှိအပ်သည့် သဘာဝအလှများကို တဝကြီးခံစားနိုင်ကြောင်း သိရသည်။

“ဒီဂူက သိပ်မသိကြသေးဘူးလေ၊ အရင်ကတော့ ဒီအတိုင်းထားတာ၊ ကျောင်းကိုလာတဲ့ ဒါယိကာ/ဒါယိကာမတွေက စိတ်ဝင်တစားနဲ့ ဝင်ကြည့်ကြရင်း လျှောက်ကြလို့ ဆရာတော်ဦးဆောင်ပြီးလွန်ခဲ့သော (၃)လလောက်ကစတင်ပြီးတော့ ဂူအတွင်းပိုင်းကိုမီးတွေသွယ်တန်းတယ်၊ သာသနိက ဆိုင်ရာအချို့ကို ပြုပြင်မွမ်းမံတာတွေ စလုပ်တာပါ”ဟု ဆရာတော် ဦးဆန္ဒာဓိကမှ မိန့်ကြားသည်။

အဆိုပါဂူအား ယခင်းက လာရောက်သူနည်းပါးပြီး လူအသိနည်းခဲ့သော်လည်း ယခုအခါ လာရောက်လေ့လာကြည့်ရှု သူများ၊ အလှဓါတ်ပုံလာရောက် ရိုက်ကူများဖြင့် တစ်စတစ်စ များပြားလာပြီဖြစ်ရာ လာရောက်သူများကိုလည်း ဆရာတော်မှ သက်သက်လွတ် ထမင်းဟင်းဖြင့် ကျွေးမွေးကြောင်း သိရသည်။

“ဂူအတွင်းပိုင်းမှာက သမိုင်းတစ်က ရှေးဟောင်းလက်ရာဗုဒ္ဓရုပ်ပွားတော်တွေနဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ ကျောက်ခက်ပန်းဆွဲတွေ၊ သဘာဝအလှတရားတွေက ခရီးသွားပြည်သူများကို အဓိကစွဲဆောင်စေပါတယ်၊ ဂူထဲကို ရောက်ပြီးရင် ကြည့်လို့မဝ ဓါတ်ပုံရိုက်လို့မဝအောင် ဖြစ်စေတာက တခြားဂူတွေနဲ့မတူတဲ့ ထူးခြားချက်ပါ နောက်တစ်ချက် အားသာချက်က ဂူအတွင်းပိုင်းက တော်တော်ကျယ်တယ်၊ လေဝင်လေထွက်ကောင်းတယ်၊ အလင်းရောင် ဝင်ပေါက်ကလည်း သဘာဝအလျောက်ဖြစ်ပေါ်နေတယ်၊ နောက်တစ်ချက်ပိုထူးတာက ဂူထဲမှာ အလင်းရောင်ဖြာကျလာရင် ရွှေရောင်အဆင်း အလင်းရောင်ပြန်ပြီး ထင်ဟပ်နေပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးပြောသည်။

ဣစ္ဆာသယလှိုင်ဂူတော်သို့ လာရောက်လည်ပတ်မည်ဆိုပါက အဆိုပါဂူနှင့် ခရီးစဉ်တစ်ဆက်တည်း ဖြစ်သော လှိုင်းဘွဲ မြို့နယ်အတွင်းရှိ သာယာလှပသောကျုံထော်ရေတံခွန်သို့ သွားရောက်နိုင်ပြီး ကျုံထော်မှအပြန် မြိုင်ကြီးငူအထူးဒေသရှိ စိန်ပန်းမြိုင်ဆည်ကိုလည်း အလှကြည့်ရှုနိုင်သည့်အပြင် မြိုင်ကြီးငူဆရာတော်ကြီး၏ မြသပိတ်ဌာပနာထားသည့် နန်းဦး ဆုတောင်းပြည့်ဘုရားနှင့် ဘေသဇ္ဇမုနိကြေးသွန်းဘုရားကြီးကိုလည်း ဖူးမျှော်နိုင်သည့်အပြင် သံလွင်မြစ်၏ သဘာဝအလှများ အားဘုရားရင်ပြင်ပေါ်မှခံစားနိုင်ကာ ဘုရားအတွင်း ပန်းချီကားများရှိ ကဗျည်းတွေကိုလည်း သေချာဖတ်ရှုကြည့် နိုင်ပါသည်။

ထိုမှတဖန် မြိုင်ကြီးငူအထွက်တွင် ရေပြန်ကျွန်း ဆုတောင်းပြည့်ဘုရားကြီးဖူးရင်း သဘာဝတောတောင် သဘာဝအလှတွေ ကြည့်ရှု့ခံစားကာ တခင်းလုံကျေးရွာရှိ ဖဒုံဂူဘုရားနှင့်ဘားအံမြို့ တောင်ကလေး မြစေတီဘုရားကိုလည်း ဖူးမျှော်နိုင်ခြင်း၊ ဖားပျံဂူကိုလည်း ဖူးမျှော်လေ့လာနိုင်ခြင်း၊ တောင်ဝိုင်းတောင်သို့ိုလည်း သွားရောက်ကာ သဘာဝအလှတွေကို ခံစားရင်း သာယာလှပသောရှုမျှော်ခင်းများကိုမိုးပျံသံလှေခါးတွင်အမှတ်တရအလှပုံများဖြင့်မှတ်တမ်းဓာတ်ပုံများရိုက်ကူးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် ထူးခြားဆန်းကျယ်ပြီး သဘာဝအလှတရားများဖြင့် တည်ရှိနေသည့် ဣစ္ဆာသယလှိုင်ဂူတော်သည် ကရင်ပြည်နယ်အတွင်းက တမူထူးခြားသည့် အထပ် အလွှာ(၇)လွှာရှိသော တစ်ခုတည်းသော ဂူတော်ဖြစ်ပေရာ ခရီးစဉ်အတွင်း၌လည်းလှိုင်းဘွဲမြို့နယ်အတွင်းသို့ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ်များနှင့် တစ်ခရီးတည်းရှိနေရာ ဣစ္ဆာသယလှိုင်ဂူတော်သည် လာရောက်ဖူးမျှော်လေ့လာသင့်သည့် ဂူတော်ဖြစ်ပြီး အေးချမ်းစွာတရားထိုင်ဝိပဿနာပွားများ လိုသူများအတွက် အထူးသင့်လျော်ရာနေရာတစ်ခု ဖြစ်သည့်အပြင် လာရောက် ဖူးမျှော်လေ့လာသူများနှင့် ထူးခြားဆန်းပြား စူးစမ်းလေ့လာလိုသူများ ကိုလည်း တမူထူးခြားသည့် သဘာဝ အလှတရားများ ကို တဝကြီး လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Myanmaalinn

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)၊သတင်းဓာတ်ပုံ – ဖြိုးဝေဆက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top