အိပ္ေရး၀၀ အိပ္စက္ျခင္းက က်န္းမာေရးအတြက္ အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါ။ ညလက္ေတြမွာ အိပ္ခ်င္ေပမယ့္ အိပ္မေပ်ာ္ႏိုင္ ျဖစ္ေနပါသလား။ ဒီအခ်က္ေတြကို ျပင္ဆင္ၾကည့္ပါ။

          တခ်ိဳ႕အက်င့္ေတြက သင့္ကို ေကာင္းေကာင္းအိပ္မေပ်ာ္ေအာင္ ဟန္႔တားလ်က္ရွိပါတယ္။

>>    ဘယ္လိုအက်င့္ေတြက အိပ္မေပ်ာ္ေစဘူးလဲ?

၁။       အိပ္ရမယ့္အခ်ိန္ ပံုမွန္ မသတ္မွတ္ထားလို႔ပါ။ ပံုမွန္အိပ္၊ ပံုမွန္နိုးမွ ခႏၶာကိုယ္ရဲ႕ဇီ၀စက္မ်ားကို တည္ၿငိမ္ေစမွာ ျဖစ္ပါတယ္။

၂။       မ်က္လံုးမမွိတ္မခ်င္း ဖုန္းမခ်ရင္ေတာ့ ပိုဆိုးပါၿပီ။ အိပ္ရာထဲ လွဲေတာ့မယ္ဆိုတာနဲ႔ ဖုန္းကိုပိတ္ၿပီး ေဘးမွာခ်ထားလိုက္ပါ။

၃။       ေနာက္ျပႆနာတစ္ခုကေတာ့ ဖုန္းက ေဘးမွာရွိေနရင္ ႏိုးလာတိုင္း လွမ္းကိုင္မိ   စစ္မိတဲ့အခါ အိပ္ေပ်ာ္ဖို႔ အဟန္႔အတားျဖစ္လို႔ အျခားအခန္းသို႔ လက္လွမ္းမမီႏိုင္တဲ့ေနရာကို ဖုန္းကိုပို႔ထားပါ။

၄။       အိပ္ခါနီး လမ္းေလွ်ာက္တာ၊ ကိုယ္လက္လႈပ္ရွားမႈ ျပင္းျပင္းထန္ထန္ေတြ လုပ္တဲ့အခါ လူက ႏိုးၾကားေနၿပီး အိပ္မေပ်ာ္ေတာ့ပါဘူး။

၅။       ညစာေတြ အမ်ားႀကီးစားရင္လည္း အစာမေၾက ရင္ျပည့္ရင္ကယ္နဲ႔ အိပ္မေပ်ာ္ေတာ့ပါဘူး။

၆။       ညေနခင္းမွာ ေကာ္ဖီေသာက္ထားရင္လည္း ညအိပ္မေပ်ာ္ပါဘူး။

၇။       အိပ္ေပ်ာ္ခ်င္လို႔ အရက္ကေလး ေမာ့ေပမယ့္လည္း ခဏပဲ အိပ္ေပ်ာ္ၿပီး ျပန္နိုးလာပါလိမ့္မယ္။ ေနာက္တစ္ခ်က္က အရက္ကေလး အကူအညီယူၿပီး အိပ္ေပ်ာ္ဖို႔ ႀကိဳးစားထားတဲ့ ေနာက္မနက္မွာ လန္းဆန္းမႈမရွိဘဲ ႏိုးထလာမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

#Unicode Version#
အိပ်ရေး၀၀ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တစ်ချက်ပါ။ ညလက်တွေမှာ အိပ်ချင်ပေမယ့် အိပ်မပျော်နိုင် ဖြစ်နေပါသလား။ ဒီအချက်တွေကို ပြင်ဆင်ကြည့်ပါ။

          တချို့အကျင့်တွေက သင့်ကို ကောင်းကောင်းအိပ်မပျော်အောင် ဟန့်တားလျက်ရှိပါတယ်။

>>    ဘယ်လိုအကျင့်တွေက အိပ်မပျော်စေဘူးလဲ?

၁။       အိပ်ရမယ့်အချိန် ပုံမှန် မသတ်မှတ်ထားလို့ပါ။ ပုံမှန်အိပ်၊ ပုံမှန်နိုးမှ ခန္ဓာကိုယ်ရဲ့ဇီဝစက်များကို တည်ငြိမ်စေမှာ ဖြစ်ပါတယ်။

၂။       မျက်လုံးမမှိတ်မချင်း ဖုန်းမချရင်တော့ ပိုဆိုးပါပြီ။ အိပ်ရာထဲ လှဲတော့မယ်ဆိုတာနဲ့ ဖုန်းကိုပိတ်ပြီး ဘေးမှာချထားလိုက်ပါ။

၃။       နောက်ပြဿနာတစ်ခုကတော့ ဖုန်းက ဘေးမှာရှိနေရင် နိုးလာတိုင်း လှမ်းကိုင်မိ   စစ်မိတဲ့အခါ အိပ်ပျော်ဖို့ အဟန့်အတားဖြစ်လို့ အခြားအခန်းသို့ လက်လှမ်းမမီနိုင်တဲ့နေရာကို ဖုန်းကိုပို့ထားပါ။

၄။       အိပ်ခါနီး လမ်းလျှောက်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်တွေ လုပ်တဲ့အခါ လူက နိုးကြားနေပြီး အိပ်မပျော်တော့ပါဘူး။

၅။       ညစာတွေ အများကြီးစားရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ်နဲ့ အိပ်မပျော်တော့ပါဘူး။

၆။       ညနေခင်းမှာ ကော်ဖီသောက်ထားရင်လည်း ညအိပ်မပျော်ပါဘူး။

၇။       အိပ်ပျော်ချင်လို့ အရက်ကလေး မော့ပေမယ့်လည်း ခဏပဲ အိပ်ပျော်ပြီး ပြန်နိုးလာပါလိမ့်မယ်။ နောက်တစ်ချက်က အရက်ကလေး အကူအညီယူပြီး အိပ်ပျော်ဖို့ ကြိုးစားထားတဲ့ နောက်မနက်မှာ လန်းဆန်းမှုမရှိဘဲ နိုးထလာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top