ကိုေက်ာ္ႀကီးေရ ေတာင္သမန္အင္းထဲကို ေျမေတြ အၾကီးအက်ယ္ဖို႔ေနၾကျပန္ၿပီတဲ့

ေတာင္သမန္အင္းေဘးက ျပည္သူေတြက ဓာတ္ပုံရို္က္ သတင္းလာေပး အကူအညီေတာင္းၾကတယ္ကြၽန္ေတာ္ ေတာင္သမန္သစၥာစီမံကိန္းနဲ႔ပတ္သက္ၿပီး ေဆာင္းပါးေရာ ၊ ပို႔စ္ေတြေရာ အၾကိမ္ၾကိမ္ေရးခဲ့ၿပီးတာ အားလုံးအသိပါ။ခဏပဲ ဟန္ျပထူးခဲ့ပါတယ္။

ခုလည္း ေဒသခံျပည္သူမ်ားရဲ႕ လာေရာက္ေျပာျပ အကူအညီေတာင္းၾကတာကို မေနႏိုင္စြာနဲ႔ တာ၀န္သိစြာ တင္ျပျခင္းသာျဖစ္ပါတယ္။အဲ့ေတာ့ ေတာင္သမန္သစၥာစီမံကိန္းနဲ႔ ပတ္သက္ၿပီး အနည္းငယ္ျပန္ေျပာခ်င္တာက

ေတာင္သမန္သစၥာစီမံကိန္းဟာ ေတာင္သမန္အင္းအတြင္း ေျမဖို႔ျခင္းက်ဳးေက်ာ္ျခင္း၊ တံတားအေရွ႕ဘက္ျခမ္းကို ေျဖဖို႔ျပီးလမ္းေဖာက္ျခင္း၊ စီမံကိန္းဆိုင္းဘုတ္ဟာ ေရွးေဟာင္းဦးပိန္တံတားနဲ႔ အလြန္နီးကပ္ေနျခင္း ၊ အေဆာက္အုံေတြဟာ သတ္မွတ္အျမင့္ေပထက္ ေက်ာ္လြန္ေနျခင္းတို႔ေၾကာင့္ NLD အစိုးရသစ္တက္လာျပီးေနာက္ ၄င္းစီမံကိန္းကို မန္းစည္ပင္၊ ေရွးေဟာင္းဌာန၊ သယံဇာတႏွင့္ သဘာ၀ပတ္၀န္က်င္ထိန္းသိမ္းေရး ၀န္ၾကီးဌာနတို႔ကေန အၾကိမ္ၾကိမ္တားျမစ္ခဲ့ပါတယ္။

ဒါေပမယ့္ လိုက္နာမႈမရွိျခင္းတို႔ေၾကာင့္ ၂၀၁၆ခုႏွစ္ စက္တင္ဘာလ ၁၀ ရက္ေန႔မွာ မန္းျမိဳ႕ေတာ္၀န္ဦးရဲလြင္ကိုယ္တိုင္ ကြင္းဆင္းစစ္ေဆးျပီး စီမံကိန္းကို ျပန္လည္စစ္ေဆးမယ္ စစ္ေဆးဆဲကာလမွ လုပ္ငန္းအားလုံးရပ္နားထားရမယ္လို႔ အမိန္႔ထုတ္ျပန္ တားျမစ္ခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၁၇ ခုႏွစ္ထဲမွာ အရွိန္အဟုန္နဲ႔ လုပ္ငန္းျပန္စခဲ့တယ္။ ဘယ္သူ႔အမိန္႔နဲ႔ ဘယ္လိုေတြလက္၀ါးရိုက္ျပန္စလဲေတာ့မသိဘူး

အေဆာက္အဦးေတြအျမင့္ ေပ ၄၀ ေက်ာ္ေနတာ ျပန္ဖ်က္ရမယ္ေျပာခဲ့တယ္။ လက္ေတြ႔မွာ မဖ်က္ခဲ့ဘူးလို႔ ေျပာၾကပါတယ္။

ေရွးေဟာင္းသမိုင္း၀င္ ဧရိယာအတြင္း စီမံကိန္း ေဖာ္ေဆာင္မည္ဆိုပါက ေပ ၁၅၀၀ အကြာတြင္လုပ္ရမွာလို႔ သတ္မွတ္ခ်က္ရွိတယ္။ ဒါေပမယ့္ ခုဟာက ေပ ၃၀၀ ေတာင္မကြာ ေျမေတြဖို႔ေနၾကတယ္။ ေဆာက္ေနၾကတယ္တဲ့

အဲ့ေတာ့ ေတာင္သမန္ကို ဘယ္သူမွ မကယ္ႏိုင္ၾကေတာ့ဘူးလား

ဒါက တံတားအေရွ႕ထိပ္က စီမံကိန္းပါ။ ရတနာပုံတကၠသိုလ္သြားတဲ့လမ္းမွာ ဖို႔ေနတာက စီမံကိန္း တစ္ခုပါ ။

ျပည္သူအားလုံးက ျမစ္ဆုံကို ၀ိုင္းၿပီးစိတ္၀င္စားေနခ်ိန္မွာ ခုလိုျပည္တြင္းမွာ လွိဳက္စားဖ်က္စီးခံေနရတာေတြ အမ်ားၾကီးဆိုတာ သတိျပဳမိၾကေစလိုပါတယ္။

(ပုံေလးေတြ တစ္ပုံခ်င္းေထာက္ၾကည့္ပါ)

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေက်ာ္ႀကီး(MDY)
#Unicode Version#
ကိုကျော်ကြီးရေ တောင်သမန်အင်းထဲကို မြေတွေ အကြီးအကျယ်ဖို့နေကြပြန်ပြီတဲ့

တောင်သမန်အင်းဘေးက ပြည်သူတွေက ဓာတ်ပုံရိုက် သတင်းလာပေး အကူအညီတောင်းကြတယ်ကျွန်တော် တောင်သမန်သစ္စာစီမံကိန်းနဲ့ပတ်သက်ပြီး ဆောင်းပါးရော ၊ ပို့စ်တွေရော အကြိမ်ကြိမ်ရေးခဲ့ပြီးတာ အားလုံးအသိပါ။ခဏပဲ ဟန်ပြထူးခဲ့ပါတယ်။

ခုလည်း ဒေသခံပြည်သူများရဲ့ လာရောက်ပြောပြ အကူအညီတောင်းကြတာကို မနေနိုင်စွာနဲ့ တာဝန်သိစွာ တင်ပြခြင်းသာဖြစ်ပါတယ်။အဲ့တော့ တောင်သမန်သစ္စာစီမံကိန်းနဲ့ ပတ်သက်ပြီး အနည်းငယ်ပြန်ပြောချင်တာက

တောင်သမန်သစ္စာစီမံကိန်းဟာ တောင်သမန်အင်းအတွင်း မြေဖို့ခြင်းကျုးကျော်ခြင်း၊ တံတားအရှေ့ဘက်ခြမ်းကို ဖြေဖို့ပြီးလမ်းဖောက်ခြင်း၊ စီမံကိန်းဆိုင်းဘုတ်ဟာ ရှေးဟောင်းဦးပိန်တံတားနဲ့ အလွန်နီးကပ်နေခြင်း ၊ အဆောက်အုံတွေဟာ သတ်မှတ်အမြင့်ပေထက် ကျော်လွန်နေခြင်းတို့ကြောင့် NLD အစိုးရသစ်တက်လာပြီးနောက် ၎င်းစီမံကိန်းကို မန်းစည်ပင်၊ ရှေးဟောင်းဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ကနေ အကြိမ်ကြိမ်တားမြစ်ခဲ့ပါတယ်။

ဒါပေမယ့် လိုက်နာမှုမရှိခြင်းတို့ကြောင့် ၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှာ မန်းမြို့တော်ဝန်ဦးရဲလွင်ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး စီမံကိန်းကို ပြန်လည်စစ်ဆေးမယ် စစ်ဆေးဆဲကာလမှ လုပ်ငန်းအားလုံးရပ်နားထားရမယ်လို့ အမိန့်ထုတ်ပြန် တားမြစ်ခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ်ထဲမှာ အရှိန်အဟုန်နဲ့ လုပ်ငန်းပြန်စခဲ့တယ်။ ဘယ်သူ့အမိန့်နဲ့ ဘယ်လိုတွေလက်ဝါးရိုက်ပြန်စလဲတော့မသိဘူး

အဆောက်အဦးတွေအမြင့် ပေ ၄၀ ကျော်နေတာ ပြန်ဖျက်ရမယ်ပြောခဲ့တယ်။ လက်တွေ့မှာ မဖျက်ခဲ့ဘူးလို့ ပြောကြပါတယ်။

ရှေးဟောင်းသမိုင်းဝင် ဧရိယာအတွင်း စီမံကိန်း ဖော်ဆောင်မည်ဆိုပါက ပေ ၁၅၀၀ အကွာတွင်လုပ်ရမှာလို့ သတ်မှတ်ချက်ရှိတယ်။ ဒါပေမယ့် ခုဟာက ပေ ၃၀၀ တောင်မကွာ မြေတွေဖို့နေကြတယ်။ ဆောက်နေကြတယ်တဲ့

အဲ့တော့ တောင်သမန်ကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား

ဒါက တံတားအရှေ့ထိပ်က စီမံကိန်းပါ။ ရတနာပုံတက္ကသိုလ်သွားတဲ့လမ်းမှာ ဖို့နေတာက စီမံကိန်း တစ်ခုပါ ။

ပြည်သူအားလုံးက မြစ်ဆုံကို ဝိုင်းပြီးစိတ်ဝင်စားနေချိန်မှာ ခုလိုပြည်တွင်းမှာ လှိုက်စားဖျက်စီးခံနေရတာတွေ အများကြီးဆိုတာ သတိပြုမိကြစေလိုပါတယ်။

(ပုံလေးတွေ တစ်ပုံချင်းထောက်ကြည့်ပါ)


ဖိုးသူတော်(www.phothutaw.com)
Credit: ကျော်ကြီး(MDY)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top