ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕၊ အေနာက္ပိုင္းရပ္ကြက္တြင္ ကြမ္းယာဖိုးအေႂကြးေတာင္ရာမွ လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ႕၊ အေနာက္ပိုင္းရပ္ကြက္တြင္ ေနထိုင္ေသာ ေဒၚ----သည္ဧၿပီလ ၅ ရက္ေန႔ ည ၁ဝနာရီ ၂၂ အခ်ိန္တြင္ ေနအိမ္၌ရွိေနစဥ္ ၎၏သားျဖစ္သူ ခင္ေမာင္ခ်ိဳမွာ လမ္းမေတာ္လမ္းရွိ ဘီယာမေလး စားေသာက္ဆိုင္အနီးတြင္ေသဆုံးေနေၾကာင္း ၾကားသိရသျဖင့္ သြားေရာက္ၾကည့္ရႈရာ လည္ပင္း ထိုးသြင္း ဒဏ္ရာျဖင့္ ေမွာက္လ်က္ေသဆုံးေနေၾကာင္း ေတြ႕ရွိရသည္ဟု ရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ ေသဆုံးမႈသည္ အခင္းျဖစ္ေနရာ၏ လမ္းေဘးရွိ ကြမ္းယာေရာင္းသူ ေက်ာ္ဟန္ဆိုသူမွ ဓားျဖင့္ ထိုးခဲ့ ျခင္း ျဖစ္ေၾကာင္း သိရွိရသျဖင့္ ေက်ာ္ဟန္အား အေရးယူေပးပါရန္ ေက်ာက္တန္း ၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္ တိုင္တန္းခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ရာေနရာသို႔ သြားေရာက္ စစ္ေဆးခဲ့ရာ ေသဆုံး သူ ခင္ေမာင္ခ်ိဳအား ကြမ္းယာဆိုင္ပိုင္ရွင္ ေက်ာ္ဟန္မွ ကြမ္းယာဖိုး အေႂကြး(၆၀၀၀)က်ပ္ ေတာင္းခဲ့ရာ “အေႂကြး ရခ်င္ရင္ လိုက္ခဲ့” ဟု ေျပာဆိုသျဖင့္ ေက်ာ္ဟန္က ခင္ေမာင္ခ်ိဳ၏ေနာက္သို႔ လိုက္သြားခဲ့ေၾကာင္း၊ အခင္းျဖစ္ ေနရာ အေရာက္တြင္ ခင္ေမာင္ခ်ိဳမွ အသင့္ပါလာေသာ အ႐ိုးအသြား (၆)လက္မခန႔္ရွိသည့္ဓါးျဖင့္ ေက်ာ္ဟန္ အား ထိုးခဲ့သျဖင့္ ေက်ာ္ဟန္တြင္ ယာဘက္လက္သန္းအရင္း၌ ျပတ္ရွဒဏ္ရာ (၁)ခ်က္ရရွိခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ေက်ာ္ဟန္က ယာလက္ျဖင့္ကာၿပီး ျပန္လည္ခုခံရာမွ ခင္ေမာင္ခ်ိဳ၏ လည္ပင္းတြင္ အက်ယ္(၁) လက္မခြဲခန႔္ ထိုးသြင္း ဒဏ္ရာ(၁)ခ်က္ရရွိခဲ့ၿပီး အခင္းျဖစ္ေနရာ၌ေမွာက္လ်က္အေနအထားျဖင့္ လဲက် ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့သည္။

ထို႔ေၾကာင့္  ျပစ္မႈက်ဴးလြန္သူ ေက်ာ္ဟန္ကို ေက်ာက္တန္းၿမိဳ႕နယ္၊ ပီလခက္ေက်း႐ြာ၌ ဧၿပီလ ၅ ရက္ေန႔ ည ၁၁နာရီ ၅၀ အခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ဥပေဒႏွင့္အညီ တရားစြဲတင္ပို႔ႏိုင္ေရးအတြက္ ဆက္လက္စစ္ေဆး လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်တွင် ကွမ်းယာဖိုးအကြွေးတောင်ရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့၊ အနောက်ပိုင်းရပ်ကွက်တွင် နေထိုင်သော ဒေါ်----သည်ဧပြီလ ၅ ရက်နေ့ ည ၁ဝနာရီ ၂၂ အချိန်တွင် နေအိမ်၌ရှိနေစဉ် ၎င်း၏သားဖြစ်သူ ခင်မောင်ချိုမှာ လမ်းမတော်လမ်းရှိ ဘီယာမလေး စားသောက်ဆိုင်အနီးတွင်သေဆုံးနေကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ လည်ပင်း ထိုးသွင်း ဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သေဆုံးမှုသည် အခင်းဖြစ်နေရာ၏ လမ်းဘေးရှိ ကွမ်းယာရောင်းသူ ကျော်ဟန်ဆိုသူမှ ဓားဖြင့် ထိုးခဲ့ ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ဟန်အား အရေးယူပေးပါရန် ကျောက်တန်း မြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံး သူ ခင်မောင်ချိုအား ကွမ်းယာဆိုင်ပိုင်ရှင် ကျော်ဟန်မှ ကွမ်းယာဖိုး အကြွေး(၆၀၀၀)ကျပ် တောင်းခဲ့ရာ “အကြွေး ရချင်ရင် လိုက်ခဲ့” ဟု ပြောဆိုသဖြင့် ကျော်ဟန်က ခင်မောင်ချို၏နောက်သို့ လိုက်သွားခဲ့ကြောင်း၊ အခင်းဖြစ် နေရာ အရောက်တွင် ခင်မောင်ချိုမှ အသင့်ပါလာသော အရိုးအသွား (၆)လက်မခန့်ရှိသည့်ဓါးဖြင့် ကျော်ဟန် အား ထိုးခဲ့သဖြင့် ကျော်ဟန်တွင် ယာဘက်လက်သန်းအရင်း၌ ပြတ်ရှဒဏ်ရာ (၁)ချက်ရရှိခဲ့ကြောင်းသိရသည်။

ထို့နောက် ကျော်ဟန်က ယာလက်ဖြင့်ကာပြီး ပြန်လည်ခုခံရာမှ ခင်မောင်ချို၏ လည်ပင်းတွင် အကျယ်(၁) လက်မခွဲခန့် ထိုးသွင်း ဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌မှောက်လျက်အနေအထားဖြင့် လဲကျ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့်  ပြစ်မှုကျူးလွန်သူ ကျော်ဟန်ကို ကျောက်တန်းမြို့နယ်၊ ပီလခက်ကျေးရွာ၌ ဧပြီလ ၅ ရက်နေ့ ည ၁၁နာရီ ၅၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ တရားစွဲတင်ပို့နိုင်ရေးအတွက် ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top