၅။ မျက်နှာသန့်စင်ဆေး
#Unicode Version#
 မိခင်နို့ရည် တိုက်ကျွေးခြင်းဟာ ဘယ်လောက်အရေးပါ အရာရောက်တယ်ဆိုတယ် ဆိုတာ လူအတော်များများ နားလည်သိရှိထားကြပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းကပဲ မိခင်နှင့် ကလေးကြားမှာ သံယောဇဉ် ပိုမိုတိုးတက်ကာ တဦးကိုတဦး ပိုမိုချစ်ခင်စေပါတယ်။
ဆေးပညာ ရှုဒေါင့်မှ ကြည့်လျှင်လည်း ကလေးတင်မကပဲ လူကြီးများအတွက်ပါ အဘက်ဘက်မှ အကျိုးပြုတာကို တွေ့ရှိနိုင်ပါတယ်။ တရုတ်လူမျိုးများတွင် နေမကောင်းဖြစ်နေသူ များအတွက် မိခင်နို့ရည်က အဟာရ အထူး ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြသည့်အတွက် လည်းကောင်းကို ချမ်းသာကြွယ်ဝမှု အတွက် သောက်သင့်သည့် အရည်ဟု တင်စားခေါ်ဝေါ်ကြသည်။
ကလေးသူငယ်တွေကို ကြည့်လိုက်ရင်လဲ သဘာဝ မိခင်နို့ရည်မှ အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ၊ အစာအိမ်နှင့် ပက်သက်သော ရောဂါများ၊ ဝမ်းသွားခြင်းနှင့် ရင်ကြပ်ရောဂါတို့ကို ကာကွယ် ပေးထားကို တွေ့မြင်နိုင်ပါတယ်။
ဒါ့ကြောင့်မို့လို့ မိမိအိမ်မှာဖြစ်ဖြစ် အနီးပတ်ဝန်းကျင်မှာဖြစ်ဖြစ် မိခင်နို့ရည်ရှိရင် အလဟသ မဖြစ်စေပဲ အောက်ပါ ဝေဒနာများကို ကာကွယ်ကုသနိုင်ကြောင်း အသိပေးချင်ပါတယ်။
၁။ နားနှင့် ပက်သက်သော ရောဂါများ
ကလေးများနှင့် လူကြီးများတွင် နားနှင့်ပက်သက်သော ရောဂါကူးစက်မှု ရှိပါက မိခင်နို့ရည်ကို နားအတွင်းသို့ ထဲ့ပေးပါ။
၂။ မျက်စိအတွက် အသုံးပြုနိုင်ခြင်း
မိခင်အများစုဟာ နို့ရည်ကို ဘက်တီးရီးယားဝင်ရောက်တဲ့ အနာတွေမှာ အသုံးပြုကြပါတယ်။ မျက်စိနာ အတွက် နို့ရည် ၂စက်ကို မျက်လုံးတွင်း သို့ ခပ်ပေးပါ။
၃။ လည်ချောင်းနာ သက်သာစေခြင်း
အာလုပ်ကျင်းခြင်း သို့မဟုတ် အနည်းငယ် သောက်ခြင်းဖြင့် လည်ချောင်းနာ ဝေဒနာကို သက်သာစေသည်။ မွေးကင်းစ ကလေးများ လည်ပင်းရောင်ခြင်း လက္ခဏာများကို သက်သာစေနိုင်သည်။
၄။ အနာပျောက်ကင်းစေခြင်း
အရေပြား ယားယံခြင်း၊ ပျားတုပ်ခံရခြင်း၊ မီးအပူလောင်ခြင်းနှင့် ပိုးသတ်ခြင်းများတွင် နို့ရည်ကို အရေပြားပေါ်တွင် သုတ်လိမ်းခြင်းဖြင့် ဒါဏ်ရာကို ပျောက်ကင်းစေပြီး ရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
၅။ မျက်နှာသန့်စင်ဆေး
အရေပြားနှင့် ဝက်ခြံတို့အတွက် အလွယ်ကူဆုံး ဆေးဖြစ်သည်။ မျက်နှာကို အရင်ရေဖြင့် ဆေးကြောပြီး ဝက်ခြံပေါက်နေတဲ့ နေရာမှာ လိမ်းပါ။ ခြောက်သွေ့အောင်ထားလိုက်ပါ။ မျက်နှာသန့်စင် အရည်အဖြစ် အသုံးပြုချင်ရင်တော့ မျက်နှာပေါ်မှာ နို့ရည်ကို သုတ်လိမ်းပါ။ ပြီးရင် အဝတ်သန့်သန့်လေးနဲ့ သုတ်လိုက်ပါ။
၆။ အစားအစာများနှင့် တွဲဖက်စားသုံးနိုင်ခြင်း
လူသားတို့ရဲ့ မိခင်နို့ရည်ဟာ ကင်ဆာဆဲလ် အချို့ကို တိုက်ဖျက်နိုင်ကြောင်း တွေ့ရှိထားတဲ့ အတွက် မနက်စာ စားသောက်ချိန်တွေမှာ ကော်ဖီ သို့မဟုတ် နံနက်စာတို့မှာ နွားနို့အစား မိခင်နို့ရည် အစားထိုးပြီး အသုံးပြုနိုင် ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:healthproducts
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top