ခ်စ္ပရိသတ္ႀကီးေရ ဒီလိုပို႔မ်ိဳးကို စိတ္၀င္တစားဖတ္ရႈသူနည္းပါးမယ္ဆိုတာ သိေပမယ့္.. ဖတ္မိမည့္သူမ်ားအတြက္ ေစတနာအျပည့္ထားၿပီး တင္ျပေပးလိုက္ပါတယ္..။ တစ္ေယာက္ထဲဖတ္သူရွိေတာ့လည္း တစ္ေယာက္အက်ိဳးျဖစ္ထြန္းတာမနည္းလွေပဘူးေလ..။
အထက္တန္းစားစိတ္ႏွင့္ ေအာက္တန္းစားစိတ္

ေရ၏ ပင္ကိုသေဘာသည္ ျဖဴစင္၏။ သန္႔ရွင္း ၏။ ထိုေရအတြင္းသို႔ ႏို႔ဆီႏို႔မႈန္႔မ်ား ထည့္လိုက္ေသာ အခါ ႏို႔ေရျဖစ္သြားသည္။ ေသာက္သံုးသူကို ခြန္အား ျဖစ္ေစ၏။ ႏို႔ဆီႏို႔မႈန္႔ မ်ားလွ်င္ မ်ားသေလာက္ ခြန္အားကို ျဖစ္ေစႏိုင္ေပသည္။ တစ္ဖန္ ထိုေရအတြင္း သို႔ ႏို႔ဆီႏို႔မႈန္႔ မထည့္ဘဲ အဆိပ္ဆီ အဆိပ္မႈန္႔မ်ား ထည့္လိုက္ေသာအခါ အဆိပ္ေရျဖစ္သြား၏။ ေသာက္ သံုးမိသူကို ဒုကၡေရာက္ေစသည္။ အဆိပ္ဆီ အဆိပ္ မႈန္႔မ်ားလွ်င္ မ်ားသေလာက္ ဒုကၡဆိုးက်ိဳးမ်ားရရွိေစ ၿပီး ေနာက္ဆံုး အသက္ပင္ ဆံုး႐ံႈးေစႏိုင္၏။

ဤဥပမာကဲ့သို႔ပင္ . . .ဆန္းၾကယ္ေသာအရာဟု အဓိပၸာယ္ရေသာ စိတ္သည္ ပင္ကိုသေဘာအားျဖင့္ ျဖဴစင္သန္႔ရွင္း၏။ ေရႏွင့္တူေသာ ထိုစိတ္၏အတြင္းသို႔ ႏို႔ဆီ ႏို႔မႈန္႔ႏွင့္ တူေသာ အေလာဘ အေဒါသ အေမာဟ စေသာ ကုသိုလ္ေစတသိက္မ်ား ေရာ ထည့္လိုက္ေသာအခါ အေလာဘစိတ္ အေဒါသစိတ္ အေမာဟစိတ္ စေသာ ကုသိုလ္စိတ္မ်ား ျဖစ္သြား၏။ ထိုစိတ္တို႔ကို လက္ခံေမြးျမဴသူတို႔သည္ လူ နတ္ နိဗၺာန္ သံုးတန္ေသာခ်မ္းသာကို ရရွိ၏။ ထိုစိတ္ေတြ အားေကာင္းလွ်င္ အားေကာင္းသေလာက္ ကုသိုလ္ေတြ မ်ားမ်ားရေစသည္။ နိဗၺာန္ကို ျမန္ျမန္ေရာက္ေစသည္။ ဤစိတ္ကိုပင္ အထက္တန္းစားစိတ္ဟုေခၚ၏။

ေရႏွင့္တူေသာ ထိုစိတ္၏အတြင္းသို႔ အဆိပ္ဆီ အဆိပ္မႈန္႔ႏွင့္တူေသာ ေလာဘ, ေဒါသ, ေမာဟ, မာန စေသာ အကုသိုလ္ေစတသိက္မ်ား ေရာထည့္ လိုက္ေသာအခါ ေလာဘစိတ္, ေဒါသစိတ္, ေမာဟစိတ္, မာနစိတ္စေသာ အကုသိုလ္စိတ္မ်ား ျဖစ္သြား သည္။ ထိုစိတ္တို႔ကို လက္ခံေမြးျမဴသူတို႔သည္ ငရဲ၊ တိရစၦာန္၊ ၿပိတၲာ၊ အသူရကာယ္ဟူေသာ အပါယ္ေလးပါးသို႔ က်ေရာက္ရသည္။ ဆင္းရဲဒုကၡမ်ိဳးစံု ခံစားၾကရသည္။ ထိုစိတ္ေတြ အားေကာင္းလွ်င္ အားေကာင္းသေလာက္ အကုသိုလ္ေတြ မ်ားမ်ားျဖစ္ေစသည္။ အဝီစိကို ျမန္ျမန္ေရာက္ေစသည္။ ဤစိတ္ကိုပင္ ေအာက္တန္းစား စိတ္ဟုေခၚ၏။

အထက္တန္းစားစိတ္ကို လက္ခံေမြးျမဴသူသည္ ပညာရွိသူေတာ္ေကာင္း ျဖစ္၍ ေအာက္တန္းစားစိတ္ ကို လက္ခံေမြးျမဴသူကား ပညာမဲ့ မသူေတာ္ ျဖစ္၏။ ေရႏွင့္မီးကို အတူေပါင္းစည္းၿပီးထား၍ မရသကဲ့သို႔ သူေတာ္ေကာင္းႏွင့္ မသူေတာ္သည္လည္း ဘယ္လိုမွ ေပါင္းစည္း၍ မရေပ။ ဆန္႔က်င္ဘက္ေျပးေနေသာ ျမားႏွစ္စင္းသည္ ၾကာေလ ေဝးေလ ေဝးသကဲ့သို႔ သူေတာ္ေကာင္းႏွင့္ မသူေတာ္သည္လည္း ၾကာေလ ေဝးေလ ေဝးသြားၾကေတာ့သည္။

ေကာင္းကင္ႏွင့္ ေျမႀကီး၊ ေနထြက္ရာအရပ္ႏွင့္ ေနဝင္ရာအရပ္၊ သမုဒၵရာဤဘက္ကမ္းႏွင့္ ဟိုဘက္ကမ္း။ဤအရာေတြေဝးကြာတာထက္ သူေတာ္ေကာင္း တရားႏွင့္ မသူေတာ္တရား(တစ္နည္း)အထက္တန္း စားစိတ္ႏွင့္ေအာက္တန္းစားစိတ္တို႔ ေဝးကြာျခင္းက ပို၍ သာလြန္ေပသည္။ ျမင္သာေအာင္ ပံုစံျပရေသာ္ နိဗၺာန္ေရာက္သြားေသာ ဗုဒၶဘုရားရွင္ႏွင့္ အဝီစိက်သြားေသာ ေဒဝဒတ္တို႔ကို ၾကည့္၍သိႏိုင္ေပသည္။

ဗုဒၶသည္ ပါရမီျဖည့္က်င့္သည့္ ကာလတစ္ေလွ်ာက္လံုး အမ်ား၊ သူတစ္ပါးအတြက္ စြန္႔လႊတ္၊ ေပးဆပ္၊ အနစ္နာခံရင္း အထက္တန္းစားစိတ္ကို ေမြးျမဴခဲ့၏။ ထိုစိတ္ဓာတ္ျဖင့္ တစ္ဆင့္ထက္ တစ္ဆင့္ ျမင့္တက္သြားၿပီး ေနာက္ဆံုး ဘုရားျဖစ္ေတာ္မူကာ အျမင့္ဆံုး အခ်မ္းသာဆံုး နိဗၺာန္သို႔ ေရာက္သြားခဲ့သည္။

ေဒဝဒတ္သည္ကား ျဖစ္ရာဘဝတိုင္း မိမိအတြက္ ရယူသိမ္းပိုက္၏။ ဘယ္ေသာအခါမွ အနာမခံ၊ အသာစံ ရျခင္းကိုသာ ႏွစ္သက္သည္။ ဤကား ေအာက္တန္းစား စိတ္ဓာတ္၏လက္ခ်က္ပင္တည္း။ ဤစိတ္ဓာတ္ကပင္ ေဒဝဒတ္ကို မသူေတာ္ဘဝေရာက္ေစခဲ့သည္။ အဝီစိထိ က်ေစခဲ့သည္။ ထို႔ေၾကာင့္ ဗုဒၶဘုရားရွင္ကို အထက္တန္းစား စိတ္ဓာတ္ပိုင္ရွင္တို႔၏ဖခင္ဟု ဆိုႏိုင္သကဲ့သို႔ ေဒဝဒတ္ကိုလည္း ေအာက္တန္းစား စိတ္ဓာတ္ ပိုင္ရွင္တို႔၏ ေရွ႕သြားေခါင္းေဆာင္ဟု ဆိုႏိုင္ေပသည္။

ဆန္႔က်င္ဘက္ေျခလွမ္းမ်ား

လူတို႔သည္ အာ႐ံုလမ္းမႀကီးေပၚ၌ ကံေျခလွမ္းျဖင့္ ေလွ်ာက္ၾကသူခ်င္း အတူတူ ျဖစ္ေသာ္လည္းအခ်င္းခ်င္းမတူေသာအခ်က္ကား ရွိ၏။ ယင္းအခ်က္ကား တူ႐ူျဖစ္၏။

အခ်ိဳ႕ကား ငါေကာင္းစားေရးသို႔ မ်က္ႏွာမူ၍ ေလွ်ာက္ၾက၏။ အခ်ိဳ႕ကားေလာကေကာင္းစားေရးသို႔ မ်က္ႏွာမူ၍ေလွ်ာက္ၾက၏။ လမ္းကေတာ့ ဒီလမ္း၊ ေျခလွမ္းမ်ားကလည္း ဒီေျခလွမ္းမ်ားပင္။ သို႔ရာတြင္ မ်က္ႏွာမူရာ ဘက္ခ်င္းကား မတူပါေခ်။

တစ္ဦးက ေတာင္ဘက္သို႔မ်က္ႏွာမူလွ်င္ အျခား တစ္ဦးက ေျမာက္ဘက္သို႔ မ်က္ႏွာမူသည့္သဖြယ္ျဖစ္ ေပ၏ ဟူ၍ ဦးေရႊေအာင္က ‘အျမင္မ်ား ေျပာင္းလဲျခင္း’စာအုပ္တြင္ ေရးသားထား၏။

လူ႕ေလာကတြင္ တခ်ိဳ႕က အသာစံျခင္း၌ ေပ်ာ္ေမြ႕၏။ တခ်ိဳ႕က အနာခံျခင္း၌ ေပ်ာ္ေမြ႕၏။ တခ်ိဳ႕ က ရယူျခင္း၌ ေက်နပ္၏။ တခ်ိဳ႕က ေပးဆပ္ျခင္း၌ ေက်နပ္၏။ တခ်ိဳ႕က ေလာကကို မိမိအတြက္ အသံုးခ်၏။ တခ်ိဳ႕က မိမိကို ေလာကအတြက္ အသံုးခ်၏။ တခ်ိဳ႕က ဘယ္သူေသေသ ငေတမာလွ်င္ ၿပီးေရာဟု သေဘာထား၏။ တခ်ိဳ႕က ငါေသလွ်င္ ေသပါေစ၊ အမ်ားခ်မ္းသာလွ်င္ ၿပီးေရာဟု သေဘာထား၏။

ထို႔ေၾကာင့္ ေလွ်ာက္လွမ္းပံုေျခလွမ္းခ်င္းတူေသာ္လည္း မ်က္ႏွာမူရာ အရပ္မ်က္ႏွာခ်င္း မတူဟု ဆိုျခင္း ျဖစ္၏။

ဗာရာဏသီျပည္မွ ကုေဋေလးဆယ္ ၾကြယ္ဝ ခ်မ္းသာေသာ စည္းစိမ္ရွိသူ သူေဌးသားေလးဦးတို႔၏ ေအာက္တန္းစားစိတ္ဓာတ္ကို ႐ႈပါ။

တစ္ေန႔ ထိုသူေဌးသား ေလးဦးတို႔သည္ ငါတို႔ ပိုင္ဆိုင္ထားတဲ့ စည္းစိမ္ေတြကို ဘယ္လိုအသံုးခ်ၾကမလဲ တိုင္ပင္ၾကေသာအခါ ‘လွဴဒါန္း ေပးကမ္းမယ္၊ လိုအပ္သည့္ေနရာေတြမွာ ေထာက္ပံ့ကူညီမယ္’ ဤ သို႔ တစ္ဦးမွ မေျပာဘဲ မူး႐ူးေပ်ာ္ပါး ေသာက္စားၾကဖို႔ ေျပာဆိုၾက၏။ ေနာက္ဆံုးသူေဌးသားကား သူ တစ္ပါးသားမယားမ်ားကို ပစၥည္းဥစၥာေပး၍ ေပ်ာ္ပါး ၾကအံ့ဟု တိုင္ပင္သည္ရွိေသာ္ ထိုအဆိုကို အားလံုးက သေဘာတူလက္ခံလိုက္ၾကသည္။

ထိုအခ်ိန္မွစ၍ သူတစ္ပါးတို႔၏သမီးပ်ိဳမ်ား၊ လင္ရွိ မယားမ်ားကို ပစၥည္းေပး၍ ေပ်ာ္ပါးၾကေတာ့သည္။ ကိုယ္ ေပ်ာ္ရလွ်င္ ၿပီးေရာ၊ ေပ်ာ္ပါးခံရသူ မိသားစု ဘာပဲျဖစ္ျဖစ္ ဂ႐ုမစိုက္ၾက။ ဒူးႏွင့္မ်က္ရည္ သုတ္ရတာေတြ လာမေျပာႏွင့္။ အိမ္ေထာင္ေရးၿပိဳကြဲ ဒုကၡေရာက္တာေတြ လာငိုမျပႏွင့္။ သူတို႔ စိတ္မဝင္စား။ သူတို႔ တကယ္ စိတ္ဝင္စားသည္ကား ေပ်ာ္ဖို႔ပါးဖို႔။ ဤ စိတ္ဓာတ္ကိုမွ ေအာက္တန္းစားစိတ္ဟု မေျပာလွ်င္ အဘယ္စိတ္ဓာတ္ကို ေျပာဦးမည္နည္း။

ေအာက္တန္းစား စိတ္သည္ ေအာက္တန္းက် ေသာအက်ိဳးကိုေပး၏။ အႏွစ္ႏွစ္ေသာင္းတိုင္တိုင္ သူ တစ္ပါးသားမယားမ်ားႏွင့္ေပ်ာ္ပါးေနခဲ့ေသာ သူေဌး သားေလးဦးသည္ ထိုဘဝမွစုေတသည္ရွိေသာ္ မဟာ အဝီစိငရဲႀကီး၌ ဘုရားႏွစ္ဆူတို႔၏တစ္ခုေသာအၾကား ကာလပတ္လံုး ခံၾကရသည္။ ထိုအဝီစိငရဲမွလြတ္လာ ျပန္ေသာ္ မေကာင္းမႈကံျြကင္း၏အစြမ္းျဖင့္ ေလာဟ ကုမၻီငရဲအိုး၌ အႏွစ္သံုးေသာင္းၾကာမွ အိုး၏ေအာက္ အျပင္သို႔ ေရာက္၏။ အႏွစ္သံုးေသာင္းၾကာမွ ငရဲအိုး၏ အထက္မ်က္ႏွာျပင္သို႔ ေရာက္၏။ ထိုမ်က္ႏွာျပင္သို႔ ေရာက္သည့္အခါတိုင္း ဒု၊ သ၊ န၊ ေသာ ဟူ၍ ေနာင္တႀကီးစြာ တစ္ေယာက္တစ္မ်ိဳးစီ ေအာ္ဟစ္ေနၾကေတာ့သည္။

အထက္တန္းစားစိတ္ဓာတ္ပိုင္ရွင္ကား မိမိတည္း ဟူေသာ အေၾကာင္းေၾကာင့္ သူတစ္ပါးကို ဒုကၡမျဖစ္ေစခ်င္။ သူတစ္ပါးေတြ ဆင္းရဲဒုကၡျဖစ္ေနၿပီဆိုလွ်င္လည္း မိမိကိုယ္က်ိဳးကိုစြန္႔လႊတ္ဖို႔ ဝန္မေလးတတ္ၾကေပ။ ေနာက္ဆံုး မိမိ၏အသက္ကိုပင္ စြန္႔လႊတ္ရဲၾက၏။

ရြဲထြင္းသမားအိမ္သို႔ ေန႔စဥ္ ဆြမ္းခံျြကေသာ တိႆမေထရ္၏အျဖစ္ကို ႐ႈပါေလာ့။

ထိုေန႔၌ ေကာသလမင္းသည္ တစ္ခုေသာ ပတၲျမားရတနာကို ရြဲထြင္းသမားအိမ္ ပို႔ေစ၍ ဤ ပတၲျမားကို ေသြး၍ ထြင္းၿပီးလွ်င္ ပို႔လိုက္ရမည္ဟု ေစလႊတ္လိုက္၏။ ရြဲထြင္းသမားလည္း ဟင္းမ်ိဳး အမဲသားကို စဥ္းခုတ္လွီးျဖတ္ေနခ်ိန္ျဖစ္သျဖင့္ ေသြးေပေနေသာ လက္ျဖင့္သာ ပတၲျမားကိုယူ၍ ပျခဳပ္၏ အထက္၌ တင္ထားၿပီးလွ်င္ လက္ေရေဆးဖို႔ အိမ္ထဲ ဝင္သြား၏။ ထိုအခ်ိန္ အိမ္တြင္ ေမြးစားထားေသာ ႀကိဳးၾကာငွက္သည္ ေသြးအနံ႔ေၾကာင့္ ပတၲျမားကို သားတစ္မွတ္၍ ေကာက္မ်ိဳလိုက္၏။ ဤအျခင္းအရာကို အိမ္သို႔ေရာက္ေနေသာ တိႆမေထရ္က ျမင္၏။

ရြဲထြင္းသမား ျပန္ထြက္လာ၍ ပတၲျမားကို မျမင္ ေလေသာ္ “ဘယ္သူယူသနည္း”ဟု မယားကို လည္းေကာင္း၊ သားကိုလည္းေကာင္း ေမး၏။ အားလံုးက မယူၾကကုန္ဟုဆို၏။ ထိုအခါ ရြဲထြင္းသမား ၏ သံသယက မေထရ္ျမတ္အေပၚက်ေရာက္လာ၏။ မေထရ္ကို ေမး၏။ မေထရ္ျမတ္ကလည္း ငါမယူဆို၏။ သို႔ေသာ္ ရြဲထြင္းသမားက မယံုၾကည္။ မေထရ္ျမတ္ကို အတင္းအၾကပ္ စြပ္စြဲေလေတာ့သည္။ ထို႕ေနာက္ စစ္ေမး၍ မရသည့္အဆံုးတြင္ ‘မေထရ္ျမတ္ကို ႏွိပ္စက္ ညႇဥ္းပန္း၍ ေမးအံ့’ဟု သူ၏ဇနီးျဖစ္သူ အတန္တန္ ေတာင္းပန္သည့္ၾကားမွ မေထရ္ျမတ္၏ ဦးေခါင္းကို ႀကိဳးျဖင့္ ရစ္ပတ္၍ ႐ိုက္ႏွက္ေလသည္။

မေထရ္ျမတ္၏ ဦးေခါင္းေတာ္မွလည္းေကာင္း၊ နားရြက္တို႔မွလည္းေကာင္း ေသြးမ်ား ယိုစီးက်လာ၏။ မ်က္စိတို႔လည္း ျပဳတ္ထြက္လုမတတ္ ျဖစ္ကုန္၏။ ျပင္းစြာေသာ ဆင္းရဲေဝဒနာႏွိပ္စက္လ်က္ မေထရ္ျမတ္ ေျမသို႔လဲက်သြား၏။ ဤမွ် ႐ိုက္ႏွက္ႏွိပ္စက္ေနေသာ္လည္း မေထရ္ျမတ္သည္ ပတၲျမားကို ႀကိဳးၾကာ မ်ိဳသည္ ဟု လံုးဝ မေျပာေပ။ အဘယ္ေၾကာင့္နည္း။ ဤသို႔ေျပာလွ်င္ ႀကိဳးၾကာ အသတ္ခံရမည္ စိုးေသာေၾကာင့္ ျဖစ္သည္။ တစ္နည္း မိမိတည္းဟူေသာ အေၾကာင္းေၾကာင့္ သူတစ္ပါးကို ဒုကၡမေရာက္ေစလိုေသာ အထက္တန္းစားစိတ္ဓာတ္ေၾကာင့္ျဖစ္သည္။

သို႔ေသာ္ ကံဆိုးရွာေသာ ႀကိဳးၾကာက ေသြးအနံ႔ ေၾကာင့္ လဲက်ေနေသာ မေထရ္ျမတ္အနီး လာလတ္ ၍ ေသြးကို ေသာက္၏။ ထိုအခါ ေဒါသေပါက္ကြဲေန ဆဲျဖစ္ေသာ ရြဲထြင္းသမားက ႀကိဳးၾကာငွက္ကို ေျခေထာက္ျဖင့္ အားကုန္ကန္ေက်ာက္ပစ္ေလသည္။ ထို ဒဏ္ခ်က္ျဖင့္ ႀကိဳးၾကာငွက္ ေသ၍ ပက္လက္ျဖစ္ေနေလသည္။ ထိုအျခင္းအရာကို ျမင္ရေသာ မေထရ္ျမတ္က –

“ဒါယကာ၊ ဦးေခါင္း၌ရစ္၍ခ်ည္ထားေသာႀကိဳးကို ငါ့အား ျဖည္ေပးပါ၊ ၿပီးေတာ့ ႀကိဳးၾကာငွက္ ေသသေလာ၊ မေသသေလာ ၾကည့္ေပးပါ” ဟု ဆိုေလ၏။ ထိုအခါ ေဒါသေပါက္ကြဲဆဲ ရြဲထြင္းသမားက

“ႀကိဳးၾကာ ေသၿပီ၊ အရွင္ဘုရားလည္း ဤကဲ့သို႔ ေသရလတၱံ႕”ဟု ႀကိမ္းေမာင္းေလ၏။

ထိုအခါက်မွ မေထရ္ျမတ္က -“ဒါယကာ၊ ဤႀကိဳးၾကာငွက္သည္ ပတၲျမားကို မ်ိဳ၏။ ထို႔ေၾကာင့္ ဤႀကိဳးၾကာငွက္သည္ အကယ္၍ မေသသည္ ျဖစ္အံ့၊ ငါသည္ ေသေသာ္လည္း သင့္အား မေျပာ၊ ႀကိဳးၾကာငွက္ေသ၍သာ သင့္အား ေျပာ၏”ဟု ဆိုလိုက္ရာ ရြဲထြင္းသမားလည္း ႀကိဳးၾကာ ငွက္ေသေကာင္၏ဝမ္းကို အလ်င္စလို ေဖာက္ခြဲၾကည့္ သည္ရွိေသာ္ ပတၲျမားကိုျမင္ရ၍ အံ့ဩထိတ္လန္႔ျခင္း ျဖစ္ရေလေတာ့သည္။ မေထရ္၏ေျခရင္း၌ ဝပ္တြား ဆည္းကပ္လ်က္ –

“အရွင္ဘုရား၊ တပည့္ေတာ္အား သည္းခံေတာ္မူပါ။ မသိျခင္းေၾကာင့္ တပည့္ေတာ္ ျပဳမိပါသည္ ဘုရား”ဟု ဝမ္းနည္းစိုးရိမ္စြာ ေလွ်ာက္ေလသည္။

ပညာမဲ့ မသူေတာ္သည္ မိမိ၏ ႀကီးမားေသာ အျပစ္ကို မျမင္၊ သူတစ္ပါး၏ အျပစ္ေသးေသးငယ္ငယ္ ကေလးေတြကို ရွာႀကံ၍ျမင္တတ္သည္။ ပညာရွိ သူေတာ္ေကာင္းသည္ကား ႀကီးမားေသာ သူတစ္ပါး ၏အျပစ္ကို မျမင္၊ မိမိ၏ အျပစ္ေသးေသးငယ္ငယ္ ကေလးေတြကိုသာ ရွာႀကံ၍ ျမင္ၿပီး ျပဳျပင္ေနတတ္သည္။

ယခုလည္း ၾကည့္ပါ။ တိႆမေထရ္သည္ မိမိ အား ႐ိုက္ႏွက္ပုတ္ခတ္ခဲ့ေသာ ရြဲထြင္းသမား၏အျပစ္ ကို မျမင္။ ႐ိုက္ႏွက္ပုတ္ခတ္ခံရေသာ မိမိ၏အျပစ္ကိုသာ ျမင္ေလသည္။ ထို႔ေၾကာင့္ –

“ဒါယကာ၊ သင့္အား အျပစ္မရွိပါ။ အိမ္အတြင္း သို႔ ဝင္ေသာ ငါ့အားသာလွ်င္ ဤအျပစ္သည္ ျဖစ္ရ ေပ၏။ ဤေန႔မွစ၍ ငါသည္ သူတစ္ပါးအိမ္အမိုးတြင္း သို႔ မဝင္ေတာ့အံ့။ ဤေန႔မွစ၍ ေျခတို႔ကို သယ္ပိုး ႏိုင္ကုန္ေသးသည္ရွိေသာ္ အိမ္တံခါး၌ ရပ္လ်က္သာလွ်င္ ဆြမ္းကို ခံယူေတာ့အံ့”ဟု မိန္႔ေတာ္မူ၍ ပိ႑ပါတ္ ဓုတင္ ေဆာက္တည္ေလသည္။ မ်ားမၾကာမီ ထို ဒဏ္ခ်က္ျဖင့္ ပရိနိဗၺာန္ျပဳေတာ္မူေလသည္။

ဤကဲ့သို႔ သူတစ္ပါးအေပၚ အျပစ္ မျမင္တတ္ ေသာစိတ္၊ ကိုယ္က်ိဳးစြန္႔ အနစ္နာခံတတ္ေသာစိတ္၊ စြန္႔လႊတ္စြန္႔စားရဲေသာ စိတ္မ်ားသည္ အထက္တန္း စားစိတ္မ်ားပင္ ျဖစ္ေပသည္။

ကိုယ္စိတ္ႏွစ္ျဖာ ခ်မ္းသာၾကပါေစ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:မုဒိတာ(ေရႊစည္ေျမ) ဓမၼရတနာ
#Unicode Version#
ချစ်ပရိသတ်ကြီးရေ ဒီလိုပို့မျိုးကို စိတ်ဝင်တစားဖတ်ရှုသူနည်းပါးမယ်ဆိုတာ သိပေမယ့်.. ဖတ်မိမည့်သူများအတွက် စေတနာအပြည့်ထားပြီး တင်ပြပေးလိုက်ပါတယ်..။ တစ်ယောက်ထဲဖတ်သူရှိတော့လည်း တစ်ယောက်အကျိုးဖြစ်ထွန်းတာမနည်းလှပေဘူးလေ..။
အထက်တန်းစားစိတ်နှင့် အောက်တန်းစားစိတ်

ရေ၏ ပင်ကိုသဘောသည် ဖြူစင်၏။ သန့်ရှင်း ၏။ ထိုရေအတွင်းသို့ နို့ဆီနို့မှုန့်များ ထည့်လိုက်သော အခါ နို့ရေဖြစ်သွားသည်။ သောက်သုံးသူကို ခွန်အား ဖြစ်စေ၏။ နို့ဆီနို့မှုန့် များလျှင် များသလောက် ခွန်အားကို ဖြစ်စေနိုင်ပေသည်။ တစ်ဖန် ထိုရေအတွင်း သို့ နို့ဆီနို့မှုန့် မထည့်ဘဲ အဆိပ်ဆီ အဆိပ်မှုန့်များ ထည့်လိုက်သောအခါ အဆိပ်ရေဖြစ်သွား၏။ သောက် သုံးမိသူကို ဒုက္ခရောက်စေသည်။ အဆိပ်ဆီ အဆိပ် မှုန့်များလျှင် များသလောက် ဒုက္ခဆိုးကျိုးများရရှိစေ ပြီး နောက်ဆုံး အသက်ပင် ဆုံးရှုံးစေနိုင်၏။

ဤဥပမာကဲ့သို့ပင် . . .ဆန်းကြယ်သောအရာဟု အဓိပ္ပာယ်ရသော စိတ်သည် ပင်ကိုသဘောအားဖြင့် ဖြူစင်သန့်ရှင်း၏။ ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ နို့ဆီ နို့မှုန့်နှင့် တူသော အလောဘ အဒေါသ အမောဟ စသော ကုသိုလ်စေတသိက်များ ရော ထည့်လိုက်သောအခါ အလောဘစိတ် အဒေါသစိတ် အမောဟစိတ် စသော ကုသိုလ်စိတ်များ ဖြစ်သွား၏။ ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် လူ နတ် နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရရှိ၏။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် ကုသိုလ်တွေ များများရစေသည်။ နိဗ္ဗာန်ကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အထက်တန်းစားစိတ်ဟုခေါ်၏။

ရေနှင့်တူသော ထိုစိတ်၏အတွင်းသို့ အဆိပ်ဆီ အဆိပ်မှုန့်နှင့်တူသော လောဘ, ဒေါသ, မောဟ, မာန စသော အကုသိုလ်စေတသိက်များ ရောထည့် လိုက်သောအခါ လောဘစိတ်, ဒေါသစိတ်, မောဟစိတ်, မာနစိတ်စသော အကုသိုလ်စိတ်များ ဖြစ်သွား သည်။ ထိုစိတ်တို့ကို လက်ခံမွေးမြူသူတို့သည် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟူသော အပါယ်လေးပါးသို့ ကျရောက်ရသည်။ ဆင်းရဲဒုက္ခမျိုးစုံ ခံစားကြရသည်။ ထိုစိတ်တွေ အားကောင်းလျှင် အားကောင်းသလောက် အကုသိုလ်တွေ များများဖြစ်စေသည်။ အဝီစိကို မြန်မြန်ရောက်စေသည်။ ဤစိတ်ကိုပင် အောက်တန်းစား စိတ်ဟုခေါ်၏။

အထက်တန်းစားစိတ်ကို လက်ခံမွေးမြူသူသည် ပညာရှိသူတော်ကောင်း ဖြစ်၍ အောက်တန်းစားစိတ် ကို လက်ခံမွေးမြူသူကား ပညာမဲ့ မသူတော် ဖြစ်၏။ ရေနှင့်မီးကို အတူပေါင်းစည်းပြီးထား၍ မရသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ဘယ်လိုမှ ပေါင်းစည်း၍ မရပေ။ ဆန့်ကျင်ဘက်ပြေးနေသော မြားနှစ်စင်းသည် ကြာလေ ဝေးလေ ဝေးသကဲ့သို့ သူတော်ကောင်းနှင့် မသူတော်သည်လည်း ကြာလေ ဝေးလေ ဝေးသွားကြတော့သည်။

ကောင်းကင်နှင့် မြေကြီး၊ နေထွက်ရာအရပ်နှင့် နေဝင်ရာအရပ်၊ သမုဒ္ဒရာဤဘက်ကမ်းနှင့် ဟိုဘက်ကမ်း။ဤအရာတွေဝေးကွာတာထက် သူတော်ကောင်း တရားနှင့် မသူတော်တရား(တစ်နည်း)အထက်တန်း စားစိတ်နှင့်အောက်တန်းစားစိတ်တို့ ဝေးကွာခြင်းက ပို၍ သာလွန်ပေသည်။ မြင်သာအောင် ပုံစံပြရသော် နိဗ္ဗာန်ရောက်သွားသော ဗုဒ္ဓဘုရားရှင်နှင့် အဝီစိကျသွားသော ဒေဝဒတ်တို့ကို ကြည့်၍သိနိုင်ပေသည်။

ဗုဒ္ဓသည် ပါရမီဖြည့်ကျင့်သည့် ကာလတစ်လျှောက်လုံး အများ၊ သူတစ်ပါးအတွက် စွန့်လွှတ်၊ ပေးဆပ်၊ အနစ်နာခံရင်း အထက်တန်းစားစိတ်ကို မွေးမြူခဲ့၏။ ထိုစိတ်ဓာတ်ဖြင့် တစ်ဆင့်ထက် တစ်ဆင့် မြင့်တက်သွားပြီး နောက်ဆုံး ဘုရားဖြစ်တော်မူကာ အမြင့်ဆုံး အချမ်းသာဆုံး နိဗ္ဗာန်သို့ ရောက်သွားခဲ့သည်။

ဒေဝဒတ်သည်ကား ဖြစ်ရာဘဝတိုင်း မိမိအတွက် ရယူသိမ်းပိုက်၏။ ဘယ်သောအခါမှ အနာမခံ၊ အသာစံ ရခြင်းကိုသာ နှစ်သက်သည်။ ဤကား အောက်တန်းစား စိတ်ဓာတ်၏လက်ချက်ပင်တည်း။ ဤစိတ်ဓာတ်ကပင် ဒေဝဒတ်ကို မသူတော်ဘဝရောက်စေခဲ့သည်။ အဝီစိထိ ကျစေခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘုရားရှင်ကို အထက်တန်းစား စိတ်ဓာတ်ပိုင်ရှင်တို့၏ဖခင်ဟု ဆိုနိုင်သကဲ့သို့ ဒေဝဒတ်ကိုလည်း အောက်တန်းစား စိတ်ဓာတ် ပိုင်ရှင်တို့၏ ရှေ့သွားခေါင်းဆောင်ဟု ဆိုနိုင်ပေသည်။

ဆန့်ကျင်ဘက်ခြေလှမ်းများ

လူတို့သည် အာရုံလမ်းမကြီးပေါ်၌ ကံခြေလှမ်းဖြင့် လျှောက်ကြသူချင်း အတူတူ ဖြစ်သော်လည်းအချင်းချင်းမတူသောအချက်ကား ရှိ၏။ ယင်းအချက်ကား တူရူဖြစ်၏။

အချို့ကား ငါကောင်းစားရေးသို့ မျက်နှာမူ၍ လျှောက်ကြ၏။ အချို့ကားလောကကောင်းစားရေးသို့ မျက်နှာမူ၍လျှောက်ကြ၏။ လမ်းကတော့ ဒီလမ်း၊ ခြေလှမ်းများကလည်း ဒီခြေလှမ်းများပင်။ သို့ရာတွင် မျက်နှာမူရာ ဘက်ချင်းကား မတူပါချေ။

တစ်ဦးက တောင်ဘက်သို့မျက်နှာမူလျှင် အခြား တစ်ဦးက မြောက်ဘက်သို့ မျက်နှာမူသည့်သဖွယ်ဖြစ် ပေ၏ ဟူ၍ ဦးရွှေအောင်က ‘အမြင်များ ပြောင်းလဲခြင်း’စာအုပ်တွင် ရေးသားထား၏။

လူ့လောကတွင် တချို့က အသာစံခြင်း၌ ပျော်မွေ့၏။ တချို့က အနာခံခြင်း၌ ပျော်မွေ့၏။ တချို့ က ရယူခြင်း၌ ကျေနပ်၏။ တချို့က ပေးဆပ်ခြင်း၌ ကျေနပ်၏။ တချို့က လောကကို မိမိအတွက် အသုံးချ၏။ တချို့က မိမိကို လောကအတွက် အသုံးချ၏။ တချို့က ဘယ်သူသေသေ ငတေမာလျှင် ပြီးရောဟု သဘောထား၏။ တချို့က ငါသေလျှင် သေပါစေ၊ အများချမ်းသာလျှင် ပြီးရောဟု သဘောထား၏။

ထို့ကြောင့် လျှောက်လှမ်းပုံခြေလှမ်းချင်းတူသော်လည်း မျက်နှာမူရာ အရပ်မျက်နှာချင်း မတူဟု ဆိုခြင်း ဖြစ်၏။

ဗာရာဏသီပြည်မှ ကုဋေလေးဆယ် ကြွယ်ဝ ချမ်းသာသော စည်းစိမ်ရှိသူ သူဌေးသားလေးဦးတို့၏ အောက်တန်းစားစိတ်ဓာတ်ကို ရှုပါ။

တစ်နေ့ ထိုသူဌေးသား လေးဦးတို့သည် ငါတို့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်တွေကို ဘယ်လိုအသုံးချကြမလဲ တိုင်ပင်ကြသောအခါ ‘လှူဒါန်း ပေးကမ်းမယ်၊ လိုအပ်သည့်နေရာတွေမှာ ထောက်ပံ့ကူညီမယ်’ ဤ သို့ တစ်ဦးမှ မပြောဘဲ မူးရူးပျော်ပါး သောက်စားကြဖို့ ပြောဆိုကြ၏။ နောက်ဆုံးသူဌေးသားကား သူ တစ်ပါးသားမယားများကို ပစ္စည်းဥစ္စာပေး၍ ပျော်ပါး ကြအံ့ဟု တိုင်ပင်သည်ရှိသော် ထိုအဆိုကို အားလုံးက သဘောတူလက်ခံလိုက်ကြသည်။

ထိုအချိန်မှစ၍ သူတစ်ပါးတို့၏သမီးပျိုများ၊ လင်ရှိ မယားများကို ပစ္စည်းပေး၍ ပျော်ပါးကြတော့သည်။ ကိုယ် ပျော်ရလျှင် ပြီးရော၊ ပျော်ပါးခံရသူ မိသားစု ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ကြ။ ဒူးနှင့်မျက်ရည် သုတ်ရတာတွေ လာမပြောနှင့်။ အိမ်ထောင်ရေးပြိုကွဲ ဒုက္ခရောက်တာတွေ လာငိုမပြနှင့်။ သူတို့ စိတ်မဝင်စား။ သူတို့ တကယ် စိတ်ဝင်စားသည်ကား ပျော်ဖို့ပါးဖို့။ ဤ စိတ်ဓာတ်ကိုမှ အောက်တန်းစားစိတ်ဟု မပြောလျှင် အဘယ်စိတ်ဓာတ်ကို ပြောဦးမည်နည်း။

အောက်တန်းစား စိတ်သည် အောက်တန်းကျ သောအကျိုးကိုပေး၏။ အနှစ်နှစ်သောင်းတိုင်တိုင် သူ တစ်ပါးသားမယားများနှင့်ပျော်ပါးနေခဲ့သော သူဌေး သားလေးဦးသည် ထိုဘဝမှစုတေသည်ရှိသော် မဟာ အဝီစိငရဲကြီး၌ ဘုရားနှစ်ဆူတို့၏တစ်ခုသောအကြား ကာလပတ်လုံး ခံကြရသည်။ ထိုအဝီစိငရဲမှလွတ်လာ ပြန်သော် မကောင်းမှုကံြွကင်း၏အစွမ်းဖြင့် လောဟ ကုမ္ဘီငရဲအိုး၌ အနှစ်သုံးသောင်းကြာမှ အိုး၏အောက် အပြင်သို့ ရောက်၏။ အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အထက်မျက်နှာပြင်သို့ ရောက်၏။ ထိုမျက်နှာပြင်သို့ ရောက်သည့်အခါတိုင်း ဒု၊ သ၊ န၊ သော ဟူ၍ နောင်တကြီးစွာ တစ်ယောက်တစ်မျိုးစီ အော်ဟစ်နေကြတော့သည်။

အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်ကား မိမိတည်း ဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမဖြစ်စေချင်။ သူတစ်ပါးတွေ ဆင်းရဲဒုက္ခဖြစ်နေပြီဆိုလျှင်လည်း မိမိကိုယ်ကျိုးကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပေ။ နောက်ဆုံး မိမိ၏အသက်ကိုပင် စွန့်လွှတ်ရဲကြ၏။

ရွဲထွင်းသမားအိမ်သို့ နေ့စဉ် ဆွမ်းခံြွကသော တိဿမထေရ်၏အဖြစ်ကို ရှုပါလော့။

ထိုနေ့၌ ကောသလမင်းသည် တစ်ခုသော ပတ္တမြားရတနာကို ရွဲထွင်းသမားအိမ် ပို့စေ၍ ဤ ပတ္တမြားကို သွေး၍ ထွင်းပြီးလျှင် ပို့လိုက်ရမည်ဟု စေလွှတ်လိုက်၏။ ရွဲထွင်းသမားလည်း ဟင်းမျိုး အမဲသားကို စဉ်းခုတ်လှီးဖြတ်နေချိန်ဖြစ်သဖြင့် သွေးပေနေသော လက်ဖြင့်သာ ပတ္တမြားကိုယူ၍ ပခြုပ်၏ အထက်၌ တင်ထားပြီးလျှင် လက်ရေဆေးဖို့ အိမ်ထဲ ဝင်သွား၏။ ထိုအချိန် အိမ်တွင် မွေးစားထားသော ကြိုးကြာငှက်သည် သွေးအနံ့ကြောင့် ပတ္တမြားကို သားတစ်မှတ်၍ ကောက်မျိုလိုက်၏။ ဤအခြင်းအရာကို အိမ်သို့ရောက်နေသော တိဿမထေရ်က မြင်၏။

ရွဲထွင်းသမား ပြန်ထွက်လာ၍ ပတ္တမြားကို မမြင် လေသော် “ဘယ်သူယူသနည်း”ဟု မယားကို လည်းကောင်း၊ သားကိုလည်းကောင်း မေး၏။ အားလုံးက မယူကြကုန်ဟုဆို၏။ ထိုအခါ ရွဲထွင်းသမား ၏ သံသယက မထေရ်မြတ်အပေါ်ကျရောက်လာ၏။ မထေရ်ကို မေး၏။ မထေရ်မြတ်ကလည်း ငါမယူဆို၏။ သို့သော် ရွဲထွင်းသမားက မယုံကြည်။ မထေရ်မြတ်ကို အတင်းအကြပ် စွပ်စွဲလေတော့သည်။ ထို့နောက် စစ်မေး၍ မရသည့်အဆုံးတွင် ‘မထေရ်မြတ်ကို နှိပ်စက် ညှဉ်းပန်း၍ မေးအံ့’ဟု သူ၏ဇနီးဖြစ်သူ အတန်တန် တောင်းပန်သည့်ကြားမှ မထေရ်မြတ်၏ ဦးခေါင်းကို ကြိုးဖြင့် ရစ်ပတ်၍ ရိုက်နှက်လေသည်။

မထေရ်မြတ်၏ ဦးခေါင်းတော်မှလည်းကောင်း၊ နားရွက်တို့မှလည်းကောင်း သွေးများ ယိုစီးကျလာ၏။ မျက်စိတို့လည်း ပြုတ်ထွက်လုမတတ် ဖြစ်ကုန်၏။ ပြင်းစွာသော ဆင်းရဲဝေဒနာနှိပ်စက်လျက် မထေရ်မြတ် မြေသို့လဲကျသွား၏။ ဤမျှ ရိုက်နှက်နှိပ်စက်နေသော်လည်း မထေရ်မြတ်သည် ပတ္တမြားကို ကြိုးကြာ မျိုသည် ဟု လုံးဝ မပြောပေ။ အဘယ်ကြောင့်နည်း။ ဤသို့ပြောလျှင် ကြိုးကြာ အသတ်ခံရမည် စိုးသောကြောင့် ဖြစ်သည်။ တစ်နည်း မိမိတည်းဟူသော အကြောင်းကြောင့် သူတစ်ပါးကို ဒုက္ခမရောက်စေလိုသော အထက်တန်းစားစိတ်ဓာတ်ကြောင့်ဖြစ်သည်။

သို့သော် ကံဆိုးရှာသော ကြိုးကြာက သွေးအနံ့ ကြောင့် လဲကျနေသော မထေရ်မြတ်အနီး လာလတ် ၍ သွေးကို သောက်၏။ ထိုအခါ ဒေါသပေါက်ကွဲနေ ဆဲဖြစ်သော ရွဲထွင်းသမားက ကြိုးကြာငှက်ကို ခြေထောက်ဖြင့် အားကုန်ကန်ကျောက်ပစ်လေသည်။ ထို ဒဏ်ချက်ဖြင့် ကြိုးကြာငှက် သေ၍ ပက်လက်ဖြစ်နေလေသည်။ ထိုအခြင်းအရာကို မြင်ရသော မထေရ်မြတ်က –

“ဒါယကာ၊ ဦးခေါင်း၌ရစ်၍ချည်ထားသောကြိုးကို ငါ့အား ဖြည်ပေးပါ၊ ပြီးတော့ ကြိုးကြာငှက် သေသလော၊ မသေသလော ကြည့်ပေးပါ” ဟု ဆိုလေ၏။ ထိုအခါ ဒေါသပေါက်ကွဲဆဲ ရွဲထွင်းသမားက

“ကြိုးကြာ သေပြီ၊ အရှင်ဘုရားလည်း ဤကဲ့သို့ သေရလတ္တံ့”ဟု ကြိမ်းမောင်းလေ၏။

ထိုအခါကျမှ မထေရ်မြတ်က -“ဒါယကာ၊ ဤကြိုးကြာငှက်သည် ပတ္တမြားကို မျို၏။ ထို့ကြောင့် ဤကြိုးကြာငှက်သည် အကယ်၍ မသေသည် ဖြစ်အံ့၊ ငါသည် သေသော်လည်း သင့်အား မပြော၊ ကြိုးကြာငှက်သေ၍သာ သင့်အား ပြော၏”ဟု ဆိုလိုက်ရာ ရွဲထွင်းသမားလည်း ကြိုးကြာ ငှက်သေကောင်၏ဝမ်းကို အလျင်စလို ဖောက်ခွဲကြည့် သည်ရှိသော် ပတ္တမြားကိုမြင်ရ၍ အံ့ဩထိတ်လန့်ခြင်း ဖြစ်ရလေတော့သည်။ မထေရ်၏ခြေရင်း၌ ဝပ်တွား ဆည်းကပ်လျက် –

“အရှင်ဘုရား၊ တပည့်တော်အား သည်းခံတော်မူပါ။ မသိခြင်းကြောင့် တပည့်တော် ပြုမိပါသည် ဘုရား”ဟု ဝမ်းနည်းစိုးရိမ်စွာ လျှောက်လေသည်။

ပညာမဲ့ မသူတော်သည် မိမိ၏ ကြီးမားသော အပြစ်ကို မမြင်၊ သူတစ်ပါး၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကို ရှာကြံ၍မြင်တတ်သည်။ ပညာရှိ သူတော်ကောင်းသည်ကား ကြီးမားသော သူတစ်ပါး ၏အပြစ်ကို မမြင်၊ မိမိ၏ အပြစ်သေးသေးငယ်ငယ် ကလေးတွေကိုသာ ရှာကြံ၍ မြင်ပြီး ပြုပြင်နေတတ်သည်။

ယခုလည်း ကြည့်ပါ။ တိဿမထေရ်သည် မိမိ အား ရိုက်နှက်ပုတ်ခတ်ခဲ့သော ရွဲထွင်းသမား၏အပြစ် ကို မမြင်။ ရိုက်နှက်ပုတ်ခတ်ခံရသော မိမိ၏အပြစ်ကိုသာ မြင်လေသည်။ ထို့ကြောင့် –

“ဒါယကာ၊ သင့်အား အပြစ်မရှိပါ။ အိမ်အတွင်း သို့ ဝင်သော ငါ့အားသာလျှင် ဤအပြစ်သည် ဖြစ်ရ ပေ၏။ ဤနေ့မှစ၍ ငါသည် သူတစ်ပါးအိမ်အမိုးတွင်း သို့ မဝင်တော့အံ့။ ဤနေ့မှစ၍ ခြေတို့ကို သယ်ပိုး နိုင်ကုန်သေးသည်ရှိသော် အိမ်တံခါး၌ ရပ်လျက်သာလျှင် ဆွမ်းကို ခံယူတော့အံ့”ဟု မိန့်တော်မူ၍ ပိဏ္ဍပါတ် ဓုတင် ဆောက်တည်လေသည်။ များမကြာမီ ထို ဒဏ်ချက်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေသည်။

ဤကဲ့သို့ သူတစ်ပါးအပေါ် အပြစ် မမြင်တတ် သောစိတ်၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သောစိတ်၊ စွန့်လွှတ်စွန့်စားရဲသော စိတ်များသည် အထက်တန်း စားစိတ်များပင် ဖြစ်ပေသည်။

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

ဖိုးသူတော်(www.phothutaw.com)
Credit:မုဒိတာ(ရွှေစည်မြေ) ဓမ္မရတနာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top