ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ကာအူကာပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ သဘာဝဘေး လျော့ပါးသက်သာရေး အေဂျင်စီက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။




Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #


ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း ကာအူကာပြည်နယ်မှာ မြေပြိုမှုကြောင့် လူ ၁၄ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာ သဘာဝဘေး လျေ့ာပါးသက်သာရေး အေဂျင်စီက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။

ကာအူကာပြည်နယ်ရဲ့ ရော့ဇက်စ် ကျေးလက်ဒေသမှာ မိုးသည်းသည်းမည်းမည်း ရွာပြီးနောက် ဧပြီ ၂၁ ရက် မနက်အစောပိုင်းက မြေပြိုခဲ့တာပါ။

လက်ရှိမှာ ဒဏ်ရာရသူ ၅ ယောက်ကို ဆေးရုံတင်ထားပြီး အာဏာပိုင်တွေက ကယ်ဆယ်ရေး ဆက်လုပ်နေကြပါတယ်။

အဲဒီမြေပြိုမှုအတွင်း နေအိမ် ၈ လုံးထက်မနည်း ပျက်စီးသွားပါတယ်။ ကိုလံဘီယာနိုင်ငံ တောင်တန်းဒေသတွေမှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး အထူးသဖြင့် မိုးရာသီမှာ အဖြစ်များပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top