အိမ္ေထာင္ရွင္မမေတြ အရမ္း Stress မ်ားလာရင္ ေအာက္ပါအခ်က္ေလးေတြ လုပ္ၾကည့္ၾကပါ။ စိတ္ဖိစီးမႈေတြေလ်ာ့သြားပါလိမ့္မယ္ေနာ္။

၁ – လွလွပပဝတ္စားပါ။

အိမ္ေနရင္းအက်ႌအေဟာင္းအႏြမ္းေလးေတြခ်ည္းပဲဝတ္မေနပါနဲ႔။ တခါတေလ အလွအပျပင္ဆင္ၿပီးေနၾကည့္ပါ။

၂ – ပစၥည္းအသစ္ဝယ္ပါ။

ကၽြန္မအတြက္ေတာ့ ေစ်းႀကီးတဲ့ဘရန္းဒတ္ပစၥည္းေတြျဖစ္မွေပ်ာ္တာမဟုတ္ပါဘူး။ ကိုယ္နဲ႔လွတဲ့ဂါဝန္ေလးေတြ၊ ေဘာင္းဘီေလးေတြ export ဆိုင္ကေတြ႕ရင္လဲဝယ္တာပါပဲ။ အဲဒီလိုဝယ္ၿပီး လွလွေလးဝတ္ရတိုင္းမွာေပ်ာ္တယ္။ ကေလးေတြအတြက္ခ်ည္းပဲအၿမဲဝယ္ေနၾကတာ၊ တခါတေလ ကိုယ့္အတြက္ကိုယ္လဲဝယ္ၾကပါ။

၃ – ကေလးေတြလည္းႀကိဳက္ ကိုယ္လဲႀကိဳက္တဲ့ဟာတခုခုလုပ္ပါ။

ကၽြန္မအခုတေလာ Junction Square ကအ႐ုပ္ေကာက္စက္မွာ အ႐ုပ္ေကာက္ပါတယ္။ အိန္ဂ်ယ္ကလဲ အ႐ုပ္မ်ားရမလားလို႔ စိတ္လႈပ္ရွားၿပီးေစာင့္တယ္။ ကၽြန္မကလည္း ႀကိဳးစားပမ္းစားေကာက္တယ္။ ရတဲ့အခါလည္း သားအမိ ၂ ေယာက္ခုန္ၿပီးေပ်ာ္ၾကတယ္။ မရတဲ့အခါလဲ “ဟာ … မရဘူးကြာ” ဆိုၿပီး ေဘးနားကပိုက္ဆံမေပးရတဲ့ကစားကြင္းမွာကစားၿပီးျပန္ၾကတယ္။ စိတ္တကယ္ေပ်ာ္ရတယ္။

၄ – ကိုယ့္အတြက္ကိုယ္ ေအးေအးခ်မ္းခ်မ္းေနရဖို႔အခ်ိန္ယူပါ။

ကေလးေတြအေႏွာင့္အယွက္မရွိပဲ ခဏေလးပဲျဖစ္ျဖစ္ စာဖတ္တာ၊ တရားထိုင္တာေတြလုပ္ပါ။ ေန႔ခင္းဖက္ေတြ ညဖက္ေတြအခ်ိန္ယူလို႔မရရင္ မနက္ေစာေစာထၿပီး အခ်ိန္ယူဖို႔ႀကိဳးစားၾကည့္ပါ။

၅ – ေလ့က်င့္ခန္းလုပ္ပါ။

ကိုယ့္က်န္းမာေရးလဲေကာင္း၊ လွလဲလွ၊ စိတ္အပန္းလဲေျပ တခ်က္ခုတ္အခ်က္ေပါင္းမ်ားစြာျပတ္တာကေတာ့ ေလ့က်င့္ခန္းလုပ္တာပါပဲ။ Gym ကိုအခ်ိန္တခုယူၿပီး သြားႏိုင္ရင္ အေကာင္းဆံုးပါ။ ႀကိဳးစားၾကည့္ၾကပါေနာ္။

၆ – အရင္ကသူငယ္ခ်င္းေတြနဲ႔ျပန္ခ်ိန္းေတြ႕ပါ။

ကေလးေမြးၿပီးမွခင္လာတဲ့သူေတြမဟုတ္ပဲ အပ်ဳိကတည္းကခင္တဲ့သူငယ္ခ်င္းေတြနဲ႔ ျပန္ခ်ိန္းေတြ႕ပါ။ အရင္အေၾကာင္းေတြ တျခားသူငယ္ခ်င္းေတြအေၾကာင္းေတြေျပာၾကပါ။

၇ – အိမ္ရွင္းဖို႔ လူငွားလိုက္ပါ။

အိမ္အလုပ္ေတြကို အၿမဲတမ္းကိုယ္တိုင္လုပ္ေနစရာမလိုပါဘူး။ တခါတေလ လူငွားလိုက္ပါ။ ကိုယ္ကခဏနားပါ။ လူငွားက တေနရာရွင္း၊ ကိုယ္က တေနရာရွင္းလဲလုပ္မေနပါနဲ႔။ ေသခ်ာအနားယူလိုက္ပါ။ တခါတေလေလး လူငွားရံုနဲ႔ မိန္းမပ်င္းလို႔မသတ္မွတ္ပါဘူး။

၈ – သီခ်င္းဖြင့္ၿပီး ကပစ္လိုက္ပါ။

ကိုယ္ႀကိဳက္တဲ့ Dance music ေတြဖြင့္ၿပီးကပစ္လိုက္ပါ။ ကၽြန္မကေတာ့ သီခ်င္းျမဴးျမဴးမွန္သမွ် အကုန္ကတဲ့သူပါ။ အကေတာ္ေတာ္မေတာ္ေတာ္၊ ကိ္ုယ့္အိမ္မွာကိုယ္ကတာပဲ။ ကေလးကပါလိုက္ကရင္ အရမ္းရယ္ရၿပီး ေပ်ာ္စရာလဲေကာင္းပါတယ္။

၉ – လူတစ္ေယာက္ေယာက္ကို ကူညီလိုက္ပါ။

အဘြားႀကီးတစ္ေယာက္ေယာက္ကိုေစ်းျခင္းကူဆြဲေပးတာမ်ဳိး၊ လမ္းေဘးမွာအိပ္ေနတဲ့အ႐ူးကို စားစရာေပးတာမ်ဳိး၊ ဆင္းရဲအားငယ္ေနတဲ့သူေတြကို လႈိက္လႈိက္လွဲလွဲျပံဳးျပတာမ်ဳိးကအစေပါ့။

၁၀ – အခန္းထဲကပစၥည္းေတြကို ေနရာေျပာင္းပါ။

ဒါက ကၽြန္မအေမအၿမဲလုပ္ေနက်ေပါ့။ စိတ္႐ွဳပ္လာရင္၊ ပ်င္းလာရင္ အခန္းထဲကပစၥည္းေတြေနရာေရႊ႕ၿပီး အခန္းဖြဲ႕စည္းပံုေျပာင္းလိုက္တယ္။ ေနရာအသစ္ေလးလိုျဖစ္သြားတာေပါ့။

၁၁ – အသစ္တခုခုလုပ္တတ္ဖို႔ေလ့လာပါ။

သင္တန္းတက္တာ၊ စက္ခ်ဳပ္သင္တာ၊ ေဂါက္႐ိုက္သင္တာ၊ ကိုယ္အၿမဲလုပ္ခ်င္တဲ့အရာတခုကိုအေကာင္အထည္ေဖာ္တာ စသျဖင့္လုပ္ၾကည့္ပါ။

၁၂ – ေယာက္်ားနဲ႔ႏွစ္ေယာက္ထဲအျပင္သြားပါ။

ႏွစ္ေယာက္ထဲ Night out ထြက္ၾကပါ။ ႐ုပ္ရွင္ၾကည့္ မုန္႔ထြက္စား ဘုရားသြား၊ ျဖစ္ႏိုင္ရင္ အဲဒါေတြထက္ ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းတဲ့အရာေလးေတြစဥ္းစားၿပီးလုပ္ၾကပါ။

၁၃ – အဝတ္ဘီ႐ိုရွင္းပစ္ပါ။

ဒီဇိုင္းေအာက္သြားတာေတြ၊ ေသးေနတာေတြ၊ ကိုယ္ဝန္ေဆာင္တုန္းကဟာေတြ အကုန္သူမ်ားကိုေပးပစ္ပါေတာ့။ လြတ္သြားတဲ့ေနရာမွာ အသစ္တခ်ဳိ႕ဝယ္ထည့္ပါ။

၁၄ – စီနီယာကေလးအေမေတြနဲ႔စကားေျပာပါ။

ကိုယ့္ထက္ေစာၿပီး ကေလးအေမျဖစ္တဲ့သူေတြဆီက ေလ့လာစရာရွိမွာပါ။ ကိုယ္စိတ္႐ွဳပ္တာေတြကိုလဲ ေျပာျပလို႔ရမွာပါ။ သူတို႔ကျဖတ္သန္းၿပီးၿပီမို႔ ကိုယ့္ကိုနားလည္ႏိုင္မွာပါ။ အၾကံေကာင္းတခ်ဳိ႕လည္း ေပးႏိုင္ပါလိမ့္မယ္။

၁၅ – ကိုယ့္ကေလးေတြ ငယ္ငယ္တုန္းကပံုေလးေတြ ျပန္ၾကည့္ပါ။

ဓါတ္ပံုေတြၾကည့္ေနတဲ့အခါ အခ်ိန္ေတြအရမ္းျမန္တာသိသာပါတယ္။ သိပ္မၾကာခင္မွာ သူတို႔ကိုယ့္ကိုအရမ္းမလိုအပ္ေလာက္ေတာ့ဘူး။ ဓါတ္ပံုေလးေတြဟာ လက္ရွိအခ်ိန္ေလးေတြကို ပိုတန္ဖိုးထားဖို႔အတြက္ reminder ေလးေတြေပါ့။

၁၆ – အိပ္ေရးပ်က္ထားတာေတြအတြက္ အစားျပန္အိပ္ပါ။

ႀကိဳးစားၿပီး ညဖက္အိပ္ယာေစာေစာဝင္တာမ်ဳိး၊ ေန႔ခင္းဖက္ခဏအိပ္တာမ်ဳိးလုပ္ၾကည့္ပါ။

၁၇ – သဘာဝေလာကႀကီးနဲ႔ထိေတြ႕ပါ။

ပန္းျခံသြားပါ၊ ေတာင္ေပၚတက္ပါ။ ပင္လယ္ကိုသြားပါ။ ႏွလံုးသားကိုေအးျမေစဖို႔ရာ သဘာဝတရားနဲ႔ထိေတြ႕ပါ။

၁၈ – ကိုယ္ဝါသနာပါတာလုပ္ဖို႔ အခ်ိန္ေပးပါ။

ဂစ္တာတီးတာ၊ ပန္းခ်ီဆြဲတာ၊ အက်ႌခ်ဳပ္တာစသျဖင့္ ကိုယ္အပ်ဳိကတည္းက ဝါသနာပါတဲ့အရာေလးေတြကို ဆက္လုပ္ဖို႔အခ်ိန္ယူပါ။

၁၉ – ကိုယ့္ကိုယ္ကိုအေျပာင္းအလဲလုပ္ပါ။

ဆံပင္ညႇပ္တာ၊ ေကာက္တာ၊ အေရာင္ဆိုးတာစသျဖင့္ လုပ္ၾကည့္ပါ။ ဆံပင္ဆိုတာ အသစ္ျပန္ထြက္လာတဲ့အမ်ဳိးပဲဟာ။ အရမ္းမစိုးရိမ္ပါနဲ႔။

ေနာက္ဆံုးအေနနဲ႔ အေရးအႀကီးဆံုးကိုေျပာခ်င္တာကေတာ့ …

၂၀ – Count your blessings ပါ။

ဘဝကအရမ္းခက္ခဲတယ္လို႔ခံစားေနရရင္ေတာင္မွ ေကာင္းတဲ့အခ်က္ေလးေတြရွိပါေသးတယ္။ ကိုယ့္ဘဝမွာေကာင္းတဲ့အရာေလးေတြ၊ ေပ်ာ္စရာ စိတ္ေက်နပ္စရာေလးေတြကို ခ်ၿပီးေရးၾကည့္ပါ။ လံုလံုျခံဳျခံဳေနထိုင္စရာရွိေနတာ၊ ကေလးေနေကာင္းေနတာကအစ စိတ္ေက်နပ္စရာပါပဲ။ ကိုယ့္ရဲ႕ခ်စ္စရာကေလးေလးေတြဟာလဲ ေကာင္းခ်ီးမဂၤလာပါပဲ။ အဲဒါေတြအကုန္ ခ်ေရးၾကည့္တဲ့အခါ ေကာင္းတာေတြအမ်ားႀကီးေတြ႕ရပါလိမ့္မယ္ေနာ္။

အားလံုးပဲ ေပ်ာ္ရႊင္ခ်မ္းေျမ႕ပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Jessica Mozart (ေအးေအးမ်ဳိးဆက္)

#Unicode Version# ျဖင့္ဖတ္ပါ ။

အိမ်ထောင်ရှင်မမတွေ အရမ်း Stress များလာရင် အောက်ပါအချက်လေးတွေ လုပ်ကြည့်ကြပါ။ စိတ်ဖိစီးမှုတွေလျော့သွားပါလိမ့်မယ်နော်။

၁ – လှလှပပဝတ်စားပါ။

အိမ်နေရင်းအင်္ကျီအဟောင်းအနွမ်းလေးတွေချည်းပဲဝတ်မနေပါနဲ့။ တခါတလေ အလှအပပြင်ဆင်ပြီးနေကြည့်ပါ။

၂ – ပစ္စည်းအသစ်ဝယ်ပါ။

ကျွန်မအတွက်တော့ ဈေးကြီးတဲ့ဘရန်းဒတ်ပစ္စည်းတွေဖြစ်မှပျော်တာမဟုတ်ပါဘူး။ ကိုယ်နဲ့လှတဲ့ဂါဝန်လေးတွေ၊ ဘောင်းဘီလေးတွေ export ဆိုင်ကတွေ့ရင်လဲဝယ်တာပါပဲ။ အဲဒီလိုဝယ်ပြီး လှလှလေးဝတ်ရတိုင်းမှာပျော်တယ်။ ကလေးတွေအတွက်ချည်းပဲအမြဲဝယ်နေကြတာ၊ တခါတလေ ကိုယ့်အတွက်ကိုယ်လဲဝယ်ကြပါ။

၃ – ကလေးတွေလည်းကြိုက် ကိုယ်လဲကြိုက်တဲ့ဟာတခုခုလုပ်ပါ။

ကျွန်မအခုတလော Junction Square ကအရုပ်ကောက်စက်မှာ အရုပ်ကောက်ပါတယ်။ အိန်ဂျယ်ကလဲ အရုပ်များရမလားလို့ စိတ်လှုပ်ရှားပြီးစောင့်တယ်။ ကျွန်မကလည်း ကြိုးစားပမ်းစားကောက်တယ်။ ရတဲ့အခါလည်း သားအမိ ၂ ယောက်ခုန်ပြီးပျော်ကြတယ်။ မရတဲ့အခါလဲ “ဟာ … မရဘူးကွာ” ဆိုပြီး ဘေးနားကပိုက်ဆံမပေးရတဲ့ကစားကွင်းမှာကစားပြီးပြန်ကြတယ်။ စိတ်တကယ်ပျော်ရတယ်။

၄ – ကိုယ့်အတွက်ကိုယ် အေးအေးချမ်းချမ်းနေရဖို့အချိန်ယူပါ။

ကလေးတွေအနှောင့်အယှက်မရှိပဲ ခဏလေးပဲဖြစ်ဖြစ် စာဖတ်တာ၊ တရားထိုင်တာတွေလုပ်ပါ။ နေ့ခင်းဖက်တွေ ညဖက်တွေအချိန်ယူလို့မရရင် မနက်စောစောထပြီး အချိန်ယူဖို့ကြိုးစားကြည့်ပါ။

၅ – လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ့်ကျန်းမာရေးလဲကောင်း၊ လှလဲလှ၊ စိတ်အပန်းလဲပြေ တချက်ခုတ်အချက်ပေါင်းများစွာပြတ်တာကတော့ လေ့ကျင့်ခန်းလုပ်တာပါပဲ။ Gym ကိုအချိန်တခုယူပြီး သွားနိုင်ရင် အကောင်းဆုံးပါ။ ကြိုးစားကြည့်ကြပါနော်။

၆ – အရင်ကသူငယ်ချင်းတွေနဲ့ပြန်ချိန်းတွေ့ပါ။

ကလေးမွေးပြီးမှခင်လာတဲ့သူတွေမဟုတ်ပဲ အပျိုကတည်းကခင်တဲ့သူငယ်ချင်းတွေနဲ့ ပြန်ချိန်းတွေ့ပါ။ အရင်အကြောင်းတွေ တခြားသူငယ်ချင်းတွေအကြောင်းတွေပြောကြပါ။

၇ – အိမ်ရှင်းဖို့ လူငှားလိုက်ပါ။

အိမ်အလုပ်တွေကို အမြဲတမ်းကိုယ်တိုင်လုပ်နေစရာမလိုပါဘူး။ တခါတလေ လူငှားလိုက်ပါ။ ကိုယ်ကခဏနားပါ။ လူငှားက တနေရာရှင်း၊ ကိုယ်က တနေရာရှင်းလဲလုပ်မနေပါနဲ့။ သေချာအနားယူလိုက်ပါ။ တခါတလေလေး လူငှားရုံနဲ့ မိန်းမပျင်းလို့မသတ်မှတ်ပါဘူး။

၈ – သီချင်းဖွင့်ပြီး ကပစ်လိုက်ပါ။

ကိုယ်ကြိုက်တဲ့ Dance music တွေဖွင့်ပြီးကပစ်လိုက်ပါ။ ကျွန်မကတော့ သီချင်းမြူးမြူးမှန်သမျှ အကုန်ကတဲ့သူပါ။ အကတော်တော်မတော်တော်၊ ကိုယ့်အိမ်မှာကိုယ်ကတာပဲ။ ကလေးကပါလိုက်ကရင် အရမ်းရယ်ရပြီး ပျော်စရာလဲကောင်းပါတယ်။

၉ – လူတစ်ယောက်ယောက်ကို ကူညီလိုက်ပါ။

အဘွားကြီးတစ်ယောက်ယောက်ကိုဈေးခြင်းကူဆွဲပေးတာမျိုး၊ လမ်းဘေးမှာအိပ်နေတဲ့အရူးကို စားစရာပေးတာမျိုး၊ ဆင်းရဲအားငယ်နေတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲပြုံးပြတာမျိုးကအစပေါ့။

၁၀ – အခန်းထဲကပစ္စည်းတွေကို နေရာပြောင်းပါ။

ဒါက ကျွန်မအမေအမြဲလုပ်နေကျပေါ့။ စိတ်ရှုပ်လာရင်၊ ပျင်းလာရင် အခန်းထဲကပစ္စည်းတွေနေရာရွှေ့ပြီး အခန်းဖွဲ့စည်းပုံပြောင်းလိုက်တယ်။ နေရာအသစ်လေးလိုဖြစ်သွားတာပေါ့။

၁၁ – အသစ်တခုခုလုပ်တတ်ဖို့လေ့လာပါ။

သင်တန်းတက်တာ၊ စက်ချုပ်သင်တာ၊ ဂေါက်ရိုက်သင်တာ၊ ကိုယ်အမြဲလုပ်ချင်တဲ့အရာတခုကိုအကောင်အထည်ဖော်တာ စသဖြင့်လုပ်ကြည့်ပါ။

၁၂ – ယောက်ျားနဲ့နှစ်ယောက်ထဲအပြင်သွားပါ။

နှစ်ယောက်ထဲ Night out ထွက်ကြပါ။ ရုပ်ရှင်ကြည့် မုန့်ထွက်စား ဘုရားသွား၊ ဖြစ်နိုင်ရင် အဲဒါတွေထက် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အရာလေးတွေစဉ်းစားပြီးလုပ်ကြပါ။

၁၃ – အဝတ်ဘီရိုရှင်းပစ်ပါ။

ဒီဇိုင်းအောက်သွားတာတွေ၊ သေးနေတာတွေ၊ ကိုယ်ဝန်ဆောင်တုန်းကဟာတွေ အကုန်သူများကိုပေးပစ်ပါတော့။ လွတ်သွားတဲ့နေရာမှာ အသစ်တချို့ဝယ်ထည့်ပါ။

၁၄ – စီနီယာကလေးအမေတွေနဲ့စကားပြောပါ။

ကိုယ့်ထက်စောပြီး ကလေးအမေဖြစ်တဲ့သူတွေဆီက လေ့လာစရာရှိမှာပါ။ ကိုယ်စိတ်ရှုပ်တာတွေကိုလဲ ပြောပြလို့ရမှာပါ။ သူတို့ကဖြတ်သန်းပြီးပြီမို့ ကိုယ့်ကိုနားလည်နိုင်မှာပါ။ အကြံကောင်းတချို့လည်း ပေးနိုင်ပါလိမ့်မယ်။

၁၅ – ကိုယ့်ကလေးတွေ ငယ်ငယ်တုန်းကပုံလေးတွေ ပြန်ကြည့်ပါ။

ဓါတ်ပုံတွေကြည့်နေတဲ့အခါ အချိန်တွေအရမ်းမြန်တာသိသာပါတယ်။ သိပ်မကြာခင်မှာ သူတို့ကိုယ့်ကိုအရမ်းမလိုအပ်လောက်တော့ဘူး။ ဓါတ်ပုံလေးတွေဟာ လက်ရှိအချိန်လေးတွေကို ပိုတန်ဖိုးထားဖို့အတွက် reminder လေးတွေပေါ့။

၁၆ – အိပ်ရေးပျက်ထားတာတွေအတွက် အစားပြန်အိပ်ပါ။

ကြိုးစားပြီး ညဖက်အိပ်ယာစောစောဝင်တာမျိုး၊ နေ့ခင်းဖက်ခဏအိပ်တာမျိုးလုပ်ကြည့်ပါ။

၁၇ – သဘာဝလောကကြီးနဲ့ထိတွေ့ပါ။

ပန်းခြံသွားပါ၊ တောင်ပေါ်တက်ပါ။ ပင်လယ်ကိုသွားပါ။ နှလုံးသားကိုအေးမြစေဖို့ရာ သဘာဝတရားနဲ့ထိတွေ့ပါ။

၁၈ – ကိုယ်ဝါသနာပါတာလုပ်ဖို့ အချိန်ပေးပါ။

ဂစ်တာတီးတာ၊ ပန်းချီဆွဲတာ၊ အင်္ကျီချုပ်တာစသဖြင့် ကိုယ်အပျိုကတည်းက ဝါသနာပါတဲ့အရာလေးတွေကို ဆက်လုပ်ဖို့အချိန်ယူပါ။

၁၉ – ကိုယ့်ကိုယ်ကိုအပြောင်းအလဲလုပ်ပါ။

ဆံပင်ညှပ်တာ၊ ကောက်တာ၊ အရောင်ဆိုးတာစသဖြင့် လုပ်ကြည့်ပါ။ ဆံပင်ဆိုတာ အသစ်ပြန်ထွက်လာတဲ့အမျိုးပဲဟာ။ အရမ်းမစိုးရိမ်ပါနဲ့။

နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးကိုပြောချင်တာကတော့ …

၂၀ – Count your blessings ပါ။

ဘဝကအရမ်းခက်ခဲတယ်လို့ခံစားနေရရင်တောင်မှ ကောင်းတဲ့အချက်လေးတွေရှိပါသေးတယ်။ ကိုယ့်ဘဝမှာကောင်းတဲ့အရာလေးတွေ၊ ပျော်စရာ စိတ်ကျေနပ်စရာလေးတွေကို ချပြီးရေးကြည့်ပါ။ လုံလုံခြုံခြုံနေထိုင်စရာရှိနေတာ၊ ကလေးနေကောင်းနေတာကအစ စိတ်ကျေနပ်စရာပါပဲ။ ကိုယ့်ရဲ့ချစ်စရာကလေးလေးတွေဟာလဲ ကောင်းချီးမင်္ဂလာပါပဲ။ အဲဒါတွေအကုန် ချရေးကြည့်တဲ့အခါ ကောင်းတာတွေအများကြီးတွေ့ရပါလိမ့်မယ်နော်။

အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Jessica Mozart (အေးအေးမျိုးဆက်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top