ေျပတီဦး ကုိယ္တုိင္ ဇာတ္ညႊန္းဖတ္ရင္း ၾကက္သီးေတြေတာင္ ထခဲ့ရတဲ့ ‘’လကြယ္ ဗုဒၶဟူး’’ဆုိတဲ့ ရုပ္ရွင္ဇာတ္ကားကုိ မၾကာခင္ရုိက္ကူးေတာ့မွာျဖစ္ပါတယ္။ မုိ႔မုိ႔ျမင့္ေအာင္ကလည္း သရုပ္ေဆာင္ရမယ့္ ကာရုိက္တာအေပၚ အဆင္သင့္ျဖစ္ေနပါၿပီတဲ့။

‘’ လကြယ္ ဗုဒၶဟူး’’ ဆုိတဲ့ ရုပ္ရွင္ကားႀကီး ကန္ေတာ့ပြဲကုိ ဧၿပီလ ၁ ရက္ေန႔ မနက္ပိုင္းက ေရႊတိဂုံေစတီေတာ္မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီဇာတ္ကားမွာ သရုပ္ေဆာင္ ေျပတီဦး၊ မုိ႔မုိ႔ျမင့္ေအာင္ နဲ႔ သံသာမုိးသိမ့္ တုိ႔က အဓိက သရုပ္ေဆာင္သြားမွာပါ။



ဒီဇာတ္ကားမွာ ပါဝင္သရုပ္ေဆာင္သြားမယ့္ ေျပတီဦးကလည္း ကာရုိက္တာအေပၚ စိတ္လႈပ္ရွားေနမိတဲ့အေၾကာင္းကုိ မီဒီယာေတြကေနတဆင့္ ေျပာျပခဲ့ပါတယ္။

‘’ ဒီ မူရင္းဝတၳဳကုိ ဖတ္လုိက္တဲ့အခ်ိန္တုန္းကေတာ့ေလ ဖတ္ေနရင္းနဲ႔ ၾကက္သီးေတြေတာင္ ထလာတယ္။ ကၽြန္ေတာ့္အခန္းထဲမွာ ကၽြန္ေတာ္တစ္ေယာက္တည္း ဖတ္တဲ့အခါက်ေတာ့ တကယ္ကုိ ၾကက္သီးေတြထလာတာ။ ကၽြန္ေတာ္က သရဲေတာ့မေၾကာက္တတ္ဘူး ဒါေပမယ့္ ဖတ္ေနရင္းနဲ႔ ဟုိၾကည့္၊ ဒီၾကည့္၊ ေနာက္လွည့္ၾကည့္တာေတြေတာင္ ျဖစ္တယ္ေပါ့ေနာ္’’ လုိ႔ သူကဆုိပါတယ္။

အဲဒီေနာက္ အကယ္ဒမီ မုိ႔မုိ႔ျမင့္ေအာင္ ကလည္း ‘’လကြယ္ဗုဒၶဟူး’’ရုပ္ရွင္ကားႀကီး ရဲ႕ ဇာတ္ညႊန္းကုိ ဖတ္ေနခ်ိန္က သူ႔စိတ္ထဲမွာ ျဖစ္ေပၚလာတဲ့ ခံစားခ်က္ကုိ ေျပာျပထားပါေသးတယ္။

‘’ ဒီဇာတ္ကားကုိ ဇာတ္ညႊန္းဖတ္ၿပီးတဲ့ေနာက္ မမုိ႔ပါးစပ္ကေန ေယာင္ၿပီးေတာ့ ထြက္သြားတယ္။ ငါလုပ္မယ္ ဆုိၿပီးေတာ့ ထြက္သြားတာ မမုိ႔ အမ်ဳိးသားေတာင္ အ့ံၾသသြားရပါတယ္။ မမုိ႔က ေတာ္ရုံတန္ရုံဆုိမေ ျပာဘူးေလ ေျပာခဲတယ္’’ လုိ႔ လကြယ္ဗုဒၶဟူး ရုပ္ရွင္ကားႀကီး ကန္ေတာ့ပြဲမွာ ေျဖဆုိခဲ့တာပါ။



‘’လကြယ္ ဗုဒၶဟူး’’ရုပ္ရွင္ကားႀကီးကုိ ဧၿပီလအတြင္းမွာပဲ စတင္ရုိက္ကူးသြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားကုိေတာ့ Little Patota ရုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တာျဖစ္ၿပီး ဒါရုိ္က္တာ အကယ္ဒမီ ၾသရသက ရုိက္ကူးပုံေဖာ္သြားမွာျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ သရုပ္ေဆာင္ အကယ္ဒမီ ေျပတီဦး၊ အကယ္ဒမီ မုိ႔မုိ႔ျမင့္ေအာင္နဲ႕ သံသာမုိးသိမ့္ တုိ႔က ပါဝင္သရုပ္ေဆာင္သြားမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ပြေတီဦး ကိုယ်တိုင် ဇာတ်ညွှန်းဖတ်ရင်း ကြက်သီးတွေတောင် ထခဲ့ရတဲ့ ‘’လကွယ် ဗုဒ္ဓဟူး’’ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မို့မို့မြင့်အောင်ကလည်း သရုပ်ဆောင်ရမယ့် ကာရိုက်တာအပေါ် အဆင်သင့်ဖြစ်နေပါပြီတဲ့။

‘’ လကွယ် ဗုဒ္ဓဟူး’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ကန်တော့ပွဲကို ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် ပြေတီဦး၊ မို့မို့မြင့်အောင် နဲ့ သံသာမိုးသိမ့် တို့က အဓိက သရုပ်ဆောင်သွားမှာပါ။

ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ပြေတီဦးကလည်း ကာရိုက်တာအပေါ် စိတ်လှုပ်ရှားနေမိတဲ့အကြောင်းကို မီဒီယာတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

‘’ ဒီ မူရင်းဝတ္ထုကို ဖတ်လိုက်တဲ့အချိန်တုန်းကတော့လေ ဖတ်နေရင်းနဲ့ ကြက်သီးတွေတောင် ထလာတယ်။ ကျွန်တော့်အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း ဖတ်တဲ့အခါကျတော့ တကယ်ကို ကြက်သီးတွေထလာတာ။ ကျွန်တော်က သရဲတော့မကြောက်တတ်ဘူး ဒါပေမယ့် ဖတ်နေရင်းနဲ့ ဟိုကြည့်၊ ဒီကြည့်၊ နောက်လှည့်ကြည့်တာတွေတောင် ဖြစ်တယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် အကယ်ဒမီ မို့မို့မြင့်အောင် ကလည်း ‘’လကွယ်ဗုဒ္ဓဟူး’’ရုပ်ရှင်ကားကြီး ရဲ့ ဇာတ်ညွှန်းကို ဖတ်နေချိန်က သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်ကို ပြောပြထားပါသေးတယ်။

‘’ ဒီဇာတ်ကားကို ဇာတ်ညွှန်းဖတ်ပြီးတဲ့နောက် မမို့ပါးစပ်ကနေ ယောင်ပြီးတော့ ထွက်သွားတယ်။ ငါလုပ်မယ် ဆိုပြီးတော့ ထွက်သွားတာ မမို့ အမျိုးသားတောင် အံ့သြသွားရပါတယ်။ မမို့က တော်ရုံတန်ရုံဆိုမေ ပြာဘူးလေ ပြောခဲတယ်’’ လို့ လကွယ်ဗုဒ္ဓဟူး ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’လကွယ် ဗုဒ္ဓဟူး’’ရုပ်ရှင်ကားကြီးကို ဧပြီလအတွင်းမှာပဲ စတင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Little Patota ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ အကယ်ဒမီ သြရသက ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ သံသာမိုးသိမ့် တို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top