ရန္ကုန္ၿမိဳ႕ အထည္ခ်ဳပ္ စက္႐ုံ တစ္ခုမွာ အလုပ္လုပ္ေနတဲ့ ျမန္မာမိန္ကေလးတစ္ဦးကို ျမန္မာစကား မတတ္သူ တ႐ုတ္နိုင္ငံသားတစ္ဦးက စကားျပန္ကေနတစ္ဆင့္ က်ပ္ သိန္း၁၂၀ နဲ႕ တင္ေတာင္း မဂၤလာေဆာင္ခဲ့ၿပီး ေနာက္တစ္ေန႕ မွာ သူနဲ႕ စကားျပန္ အမ်ိဳးသမီးကို ရဲကဖမ္းလိုက္ပါတယ္။

သူတို႔ကို လူကုန္ကူးမႈ ဥပေဒနဲ႕ ဖမ္းတာလို႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ က ရဲမႉးေဝလြင္က ဘီဘီစီကိုေျပာပါတယ္ ျပီးခဲ့တဲ့ ဧၿပီလ ၂၁ ရက္ေန႕က တ႐ုတ္နိုင္ငံသားလုပ္ငန္းရွင္က အဲဒီ မိန္းကေလးရဲ႕ ဇာတိ ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕နယ္၊ ဝါးေကာက္ေက်း႐ြာအုပ္စုက ႐ြာမွာ မဂၤလာေဆာင္ခဲ့ၿပီးေတာ့ ဧၿပီလ ၂၂ ရက္ေန႕မွာ ရဲတပ္ဖြဲ႕က ရန္ကုန္မွာ သူနဲ႕စကားျပန္ အမ်ိဳးသမီးကိုဖမ္းလိုက္တာ ျဖစ္တယ္လို႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ကအတည္ျပဳပါတယ္။

အဖမ္းခံရတဲ့ အမ်ိဳးသမီးက လူကုန္ကူးမႈျဖစ္ေအာင္ စီစဥ္ေပးသူလို႔ ရဲကေျပာပါတယ္။

ျမန္မာနိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရး ရဲတပ္ဖြဲ႕က ထုတ္ျပန္တဲ့ စာရင္းေတြအရ ၂၀၁၉ ခုႏွစ္ မတ္လအတြင္း ျဖစ္ပြားခဲ့တဲ့ လူကုန္ကူးမႈ ၂၂ ခု အနက္ ၁၉ ခုဟာတ႐ုတ္နိုင္ငံနဲ႕ အဓိကတိုက္ရိုက္ပတ္သက္ၿပီး အဓမၼလက္ထပ္မႈေတြ ျဖစ္တယ္လို႔လည္း လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ထံက သိရပါတယ္။

ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕နယ္ ဝါးေကာက္ေက်း႐ြာအုပ္စုက အဲဒီ မိန္းကေလးဟာ ရန္ကုန္ လွိုင္သာယာက အထည္ခ်ဳပ္စက္႐ုံတစ္႐ုံမွာ အလုပ္လုပ္ေနသူပါ။ သူ႕ကို လက္ထပ္ဖို႔ ခ်ဥ္းကပ္လာတဲ့ တ႐ုတ္လူမ်ိဳးကေတာ့ လွိုင္သာယာ စက္မႈဇုန္မွာပဲ စက္႐ုံတည္ေထာင္ၿပီး လာအလုပ္လုပ္ေနသူ ျဖစ္ပါတယ္။

ဆိုင္ကယ္ကယ္ရီ ေမာင္းသူ သူ႕အစ္ကိုကေန တစ္ဆင့္ တ႐ုတ္နိုင္ငံသားရဲ႕ စကားျပန္က ခ်ိတ္မိၿပီး မဂၤလာေဆာင္ဖို႔ၿပီးခဲ့တဲ့ ဧၿပီလဆန္းက မိန္းကေလးရဲ႕ ႐ြာကို လာၿပီး မိဘစုံရာနဲ႕ လာၿပီး ညွိၾကပါတယ္။

မဂၤလာေဆာင္ဖို႔ က်ပ္ သိန္း၃၀ ထုတ္ေပးခဲ့ၿပီး မဂၤလာေဆာင္တဲ့ေန႕မွာ သိန္း၁၂၀ တခါတည္း ေပးမယ္လို႔ တ႐ုတ္နိုင္ငံသားက ေျပာခဲ့ေၾကာင္း အဲဒီမိန္းကေလးရဲ႕ မိခင္က ေျပာျပပါတယ္။

တ႐ုတ္ နိုင္ငံသား အမ်ိဳးသားက မဂၤလာေဆာင္ ၿပီးရင္ တ႐ုတ္နိုင္ငံကို ေခၚသြားဖို႔ ေျပာေပမဲ့ မိဘေတြက သေဘာမတူတာေၾကာင့္ ျမန္မာနိုင္ငံမွာပဲ ေနမယ္ ေျပာကာ လက္ထပ္ရန္ စီစဥ္ခဲ့တာ ျဖစ္တယ္လို႔ လည္း မိခင္ေဒၚညိုက ေျပာပါတယ္။

ဧၿပီလ ၂၂ ရက္ေန႕မွာ ရဲတပ္ဖြဲ႕က ရန္ကုန္မွာ တ႐ုတ္နိုင္ငံသားနဲ႕ စကားျပန္အမ်ိဳးသမီးကို ဖမ္းလိုက္ၿပီးေနာက္ မိန္းကေလးရဲ႕မိဘေတြကလည္း ရဲကေငြျပန္သိမ္းမွာစိုးလို႔ တိမ္းေရွာင္ေနၾကပါတယ္လို႔ ရပ္မိရပ္ဖတစ္ဦးက ေျပာပါတယ္။

အဲဒီ မိန္းကေလးမိဘေတြကေတာ့ အဓမၼလက္ထပ္ေပးတာ မဟုတ္ဘဲ သမီးကိုယ္တိုင္သေဘာတူ လက္ခံတာျဖစ္တယ္လို႔လည္း ဘီဘီစီကိုေျပာပါတယ္။

အဲဒီ မိန္းကေလးဟာ အသက္၁၈ ႏွစ္ ျပည့္ဖို႔လပိုင္းလိုေသးသူတစ္ဦး ျဖစ္ပါတယ္။

ျမန္မာနိုင္ငံက ကခ်င္ နဲ႕ ရွမ္းျပည္နယ္ဘက္ မွာ အမ်ိဳးသမီးေတြကို ဇနီးမယားအျဖစ္ ေရာင္းစားဖို႔ ျမန္မာနိုင္ငံကေန တ႐ုတ္နိုင္ငံကို လူကုန္ကူးမႈေတြ အမ်ားအျပား ျဖစ္ပြားခဲ့ၿပီး တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းစားခံေနရတဲ့ အမ်ိဳးသမီးေတြဟာ အသက္ ၁၄ ႏွစ္ ကေန အသက္ ၄၆ ႏွစ္အၾကား အ႐ြယ္ေတြ မ်ားတယ္လို႔ ၿပီးခဲ့တဲ့ မတ္လ ၂၂ ၇က္ေန႕က ထုတ္ျပန္တဲ့ Human Rights Watch (HRW) ရဲ႕ အစီရင္ခံစာအရ သိရပါတယ္။

လူကုန္ကူးမူေတြ ဟာ အခုအခါ ပုံစံ ေျပာင္းလာေနၿပီး တ႐ုတ္နိုင္ငံသားေတြဟာ အလည္အပတ္ဗီဇာနဲ႕ ျမန္မာနိုင္ငံထဲကို ေရာက္လာၿပီး ကိုယ္တိုင္ဆက္သြယ္ ေဆာင္႐ြက္တာေတြ ေတြ႕ေနရတယ္ လို႔ လူကုန္ကူးမႈတိုက္ဖ်က္ေရး အၿငိမ္းစားရဲမႉးႀကီး ဦးခင္ေမာင္လွက ဘီဘီစီကို ေျပာပါတယ္။

အဲဒီ တ႐ုတ္နိုင္ငံသားက မဂၤလာေဆာင္ကို တရား႐ုံးမွာ လက္မွတ္မထိုးလိုဘဲ ႐ြာမွာပဲ နားလည္မႈနဲ႕ မဂၤလာေဆာင္ၿပီး ေခၚသြားဖို႔ စကားျပန္က ေျပာတာေၾကာင့္ ရပ္႐ြာဘက္ကလည္းသံသယ ရွိေနတယ္လို႔ ရပ္မိ ရပ္ဖတစ္ဦး ျဖစ္သူ ဦးၫြန႔္ေမာင္က ဘီဘီစီ ကို ေျပာပါတယ္။

မဂၤလာေဆာင္ခင္ ရက္ပိုင္းအလိုကေတာ့ ဖ်ာပုံခရိုင္ရဲတပ္ဖြဲ႕မႉး လာၿပီးစစ္ေဆးမႈလုပ္ခဲ့တယ္လို႔လည္း ရပ္မိရပ္ဖတစ္ဦးကေျပာပါတယ္။

တ႐ုတ္နိုင္ငံဘက္ကို ေခၚသြားခံရၿပီး ျပန္လြတ္ေျမာက္လာသူေတြရဲ႕ ေျပာဆိုမႈအရ ေရာင္းစားခံရသူေတြဟာ တ႐ုတ္ဘက္က ေက်း႐ြာေတြကို ပို႔ေဆာင္ခံရၿပီး အခန္းထဲ ခ်ဳပ္ႏွောင္ခံရ၊ မုဒိမ္းက်င့္္ခံရၿပီး ကိုယ္ဝန္ရွိလာၾကလို႔ ကေလးေမြးဖြားၿပီး ေနာက္ပိုင္းမွာလည္း အလုပ္သမားလို တခ်ိန္လုံး ခိုင္းေစခံရၾကရတယ္လို႔ ဆိုပါတယ္။

ထြက္ေျပးလြတ္ေျမာက္လာခ်ိန္မွာလည္း ကေလးကို ခ်န္ထားခဲ့ရလို႔ စိတ္ပိုင္းဆိုင္ရာ အခက္ႀကဳံရသလို လက္ရွိေနထိုင္တဲ့ ပတ္ဝန္းက်င္မွာလည္း ႀကဳံေတြ႕ရတာေတြကို ထုတ္ေျပာဖို႔ အခက္ေတြ႕ၾကတယ္လို႔ ကခ်င္နဲ႕ ရွမ္းျပည္ ေျမာက္ပိုင္းက လူကုန္ကူးခံရၿပီး ျပန္လြတ္ေျမာက္လာတဲ့ အမ်ိဳးသမီး မိန္းကေလးငယ္ ၃၇ ဦးနဲ႕ ေတြ႕ဆုံေမးျမန္းထားတဲ့ HRW အစီရင္ခံစာက ေျပာပါတယ္။

ဘာဆက္လုပ္ရမွန္းမသိ

ဧၿပီလ ၂၁ ၇က္ေန႕မွာ သမီးျဖစ္သူကို တ႐ုတ္နိုင္ငံသားနဲ႕ မဂၤလာေဆာင္ေပးစားၿပီးမွ ရဲကလူကုန္ကူးမႈနဲ႕ဖမ္းလိုက္ေတာ့ မိဘေတြကေတာ့ ဘာလုပ္ရမွန္း မသိ ျဖစ္ေနၾကပါတယ္။

တ႐ုတ္နိုင္ငံသားက မဂၤလာေဆာင္ၿပီး ၂လ ၃လ ေလာက္ ၾကာရင္ေတာ့ တ႐ုတ္နိုင္ငံကို ေဆြျပမ်ိဳးျပ သြားလိုတယ္လို႔ စကားျပန္ကတဆင့္ ေျပာေၾကာင္းလည္း ရပ္မိ ရပ္ဖတစ္ဦးျဖစ္သူ ဦးၫြန႔္ေမာင္က ေျပာပါတယ္။

မိဘေတြအေနနဲ႕ေတာ့ သမီးကို မဂၤလာေဆာင္ၿပီး တင္ေတာင္းတဲ့ေငြနဲ႕ လုပ္ကိုင္စားေသာက္ၾကဖို႔ စီစဥ္ၿပီးမွ အခုလို ႀကဳံေတြ႕ရတာျဖစ္ပါတယ္။

ဧရာဝတီတိုင္း ေညာင္တုန္းၿမိဳ႕နယ္တစ္ဝိုက္မွာလည္း တ႐ုတ္နိုင္ငံသားေတြ စကားျပန္နဲ႕ ဇနီးမယားလိုက္ရွာတာေတြ ေတြ႕ေနရတယ္လို႔ ေညာင္တုန္းေဒသခံေတြကေျပာပါတယ္။

၂၀၁၅ ခုႏွစ္ေနာက္ပိုင္း လူကုန္ကူးမႈေတြဟာ အခုအခါ ပုံစံ ေျပာင္းလာေနေၾကာင္း၊ တ႐ုတ္နိုင္ငံသားေတြဟာ အလည္အပတ္ဗီဇာနဲ႕ ျမန္မာနိုင္ငံထဲ ကို ေရာက္လာၿပီး ကိုယ္တိုင္ဆက္သြယ္ ေဆာင္႐ြက္ တာေတြရွိေၾကာင္း၊အခုျဖစ္ရပ္ဟာ လူကုန္ကူးမႈလို႔ သံသယျဖစ္စရာေတြရွိၿပီး ဒီလို အလားတူ လူကုန္ကူးမႈမ်ိဳးကို ၂၀၁၅ ခုႏွစ္က ရန္ကုန္ၿမိဳ႕ ၾကည့္ျမင္တိုင္မွာ တ႐ုတ္နိုင္ငံသားေတြ က်ဴးလြန္ခဲ့တာ ရွိေၾကာင္းလည္း လူကုန္ကူးမႈ တိုက္ဖ်က္ေရး အၿငိမ္းစား ရဲမႉးႀကီး ဦးခင္ေမာင္လွ ကေျပာပါတယ္။

တ႐ုတ္နိုင္ငံသားက ဇနီးမယားျဖစ္လက္ထပ္ခဲ့တဲ့ အဲ့ဒီ့မိန္းကေလးနဲ႕ မိသားစုဟာ အခုအခါ ဇာတိ႐ြာမွာ မရွိေတာ့ဘဲ ရန္ကုန္ကို ေျပာင္းသြားတယ္လို႔ ေဒသခံေတြက ဘီဘီစီကိုေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

ရန်ကုန်မြို့ အထည်ချုပ် စက်ရုံ တစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်ကလေးတစ်ဦးကို မြန်မာစကား မတတ်သူ တရုတ်နိုင်ငံသားတစ်ဦးက စကားပြန်ကနေတစ်ဆင့် ကျပ် သိန်း၁၂၀ နဲ့ တင်တောင်း မင်္ဂလာဆောင်ခဲ့ပြီး နောက်တစ်နေ့ မှာ သူနဲ့ စကားပြန် အမျိုးသမီးကို ရဲကဖမ်းလိုက်ပါတယ်။

သူတို့ကို လူကုန်ကူးမှု ဥပဒေနဲ့ ဖမ်းတာလို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ရဲမှူးဝေလွင်က ဘီဘီစီကိုပြောပါတယ် ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့က တရုတ်နိုင်ငံသားလုပ်ငန်းရှင်က အဲဒီ မိန်းကလေးရဲ့ ဇာတိ ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်၊ ဝါးကောက်ကျေးရွာအုပ်စုက ရွာမှာ မင်္ဂလာဆောင်ခဲ့ပြီးတော့ ဧပြီလ ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရန်ကုန်မှာ သူနဲ့စကားပြန် အမျိုးသမီးကိုဖမ်းလိုက်တာ ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကအတည်ပြုပါတယ်။

အဖမ်းခံရတဲ့ အမျိုးသမီးက လူကုန်ကူးမှုဖြစ်အောင် စီစဉ်ပေးသူလို့ ရဲကပြောပါတယ်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂၀၁၉ ခုနှစ် မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု ၂၂ ခု အနက် ၁၉ ခုဟာတရုတ်နိုင်ငံနဲ့ အဓိကတိုက်ရိုက်ပတ်သက်ပြီး အဓမ္မလက်ထပ်မှုတွေ ဖြစ်တယ်လို့လည်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံက သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ် ဝါးကောက်ကျေးရွာအုပ်စုက အဲဒီ မိန်းကလေးဟာ ရန်ကုန် လှိုင်သာယာက အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေသူပါ။ သူ့ကို လက်ထပ်ဖို့ ချဉ်းကပ်လာတဲ့ တရုတ်လူမျိုးကတော့ လှိုင်သာယာ စက်မှုဇုန်မှာပဲ စက်ရုံတည်ထောင်ပြီး လာအလုပ်လုပ်နေသူ ဖြစ်ပါတယ်။

ဆိုင်ကယ်ကယ်ရီ မောင်းသူ သူ့အစ်ကိုကနေ တစ်ဆင့် တရုတ်နိုင်ငံသားရဲ့ စကားပြန်က ချိတ်မိပြီး မင်္ဂလာဆောင်ဖို့ပြီးခဲ့တဲ့ ဧပြီလဆန်းက မိန်းကလေးရဲ့ ရွာကို လာပြီး မိဘစုံရာနဲ့ လာပြီး ညှိကြပါတယ်။

မင်္ဂလာဆောင်ဖို့ ကျပ် သိန်း၃၀ ထုတ်ပေးခဲ့ပြီး မင်္ဂလာဆောင်တဲ့နေ့မှာ သိန်း၁၂၀ တခါတည်း ပေးမယ်လို့ တရုတ်နိုင်ငံသားက ပြောခဲ့ကြောင်း အဲဒီမိန်းကလေးရဲ့ မိခင်က ပြောပြပါတယ်။

တရုတ် နိုင်ငံသား အမျိုးသားက မင်္ဂလာဆောင် ပြီးရင် တရုတ်နိုင်ငံကို ခေါ်သွားဖို့ ပြောပေမဲ့ မိဘတွေက သဘောမတူတာကြောင့် မြန်မာနိုင်ငံမှာပဲ နေမယ် ပြောကာ လက်ထပ်ရန် စီစဉ်ခဲ့တာ ဖြစ်တယ်လို့ လည်း မိခင်ဒေါ်ညိုက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့မှာ ရဲတပ်ဖွဲ့က ရန်ကုန်မှာ တရုတ်နိုင်ငံသားနဲ့ စကားပြန်အမျိုးသမီးကို ဖမ်းလိုက်ပြီးနောက် မိန်းကလေးရဲ့မိဘတွေကလည်း ရဲကငွေပြန်သိမ်းမှာစိုးလို့ တိမ်းရှောင်နေကြပါတယ်လို့ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

အဲဒီ မိန်းကလေးမိဘတွေကတော့ အဓမ္မလက်ထပ်ပေးတာ မဟုတ်ဘဲ သမီးကိုယ်တိုင်သဘောတူ လက်ခံတာဖြစ်တယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

အဲဒီ မိန်းကလေးဟာ အသက်၁၈ နှစ် ပြည့်ဖို့လပိုင်းလိုသေးသူတစ်ဦး ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကချင် နဲ့ ရှမ်းပြည်နယ်ဘက် မှာ အမျိုးသမီးတွေကို ဇနီးမယားအဖြစ် ရောင်းစားဖို့ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လူကုန်ကူးမှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေဟာ အသက် ၁၄ နှစ် ကနေ အသက် ၄၆ နှစ်အကြား အရွယ်တွေ များတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၂၂ ၇က်နေ့က ထုတ်ပြန်တဲ့ Human Rights Watch (HRW) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

လူကုန်ကူးမူတွေ ဟာ အခုအခါ ပုံစံ ပြောင်းလာနေပြီး တရုတ်နိုင်ငံသားတွေဟာ အလည်အပတ်ဗီဇာနဲ့ မြန်မာနိုင်ငံထဲကို ရောက်လာပြီး ကိုယ်တိုင်ဆက်သွယ် ဆောင်ရွက်တာတွေ တွေ့နေရတယ် လို့ လူကုန်ကူးမှုတိုက်ဖျက်ရေး အငြိမ်းစားရဲမှူးကြီး ဦးခင်မောင်လှက ဘီဘီစီကို ပြောပါတယ်။

အဲဒီ တရုတ်နိုင်ငံသားက မင်္ဂလာဆောင်ကို တရားရုံးမှာ လက်မှတ်မထိုးလိုဘဲ ရွာမှာပဲ နားလည်မှုနဲ့ မင်္ဂလာဆောင်ပြီး ခေါ်သွားဖို့ စကားပြန်က ပြောတာကြောင့် ရပ်ရွာဘက်ကလည်းသံသယ ရှိနေတယ်လို့ ရပ်မိ ရပ်ဖတစ်ဦး ဖြစ်သူ ဦးညွန့်မောင်က ဘီဘီစီ ကို ပြောပါတယ်။

မင်္ဂလာဆောင်ခင် ရက်ပိုင်းအလိုကတော့ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး လာပြီးစစ်ဆေးမှုလုပ်ခဲ့တယ်လို့လည်း ရပ်မိရပ်ဖတစ်ဦးကပြောပါတယ်။

တရုတ်နိုင်ငံဘက်ကို ခေါ်သွားခံရပြီး ပြန်လွတ်မြောက်လာသူတွေရဲ့ ပြောဆိုမှုအရ ရောင်းစားခံရသူတွေဟာ တရုတ်ဘက်က ကျေးရွာတွေကို ပို့ဆောင်ခံရပြီး အခန်းထဲ ချုပ်နှောင်ခံရ၊ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ရှိလာကြလို့ ကလေးမွေးဖွားပြီး နောက်ပိုင်းမှာလည်း အလုပ်သမားလို တချိန်လုံး ခိုင်းစေခံရကြရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာချိန်မှာလည်း ကလေးကို ချန်ထားခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ အခက်ကြုံရသလို လက်ရှိနေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း ကြုံတွေ့ရတာတွေကို ထုတ်ပြောဖို့ အခက်တွေ့ကြတယ်လို့ ကချင်နဲ့ ရှမ်းပြည် မြောက်ပိုင်းက လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာတဲ့ အမျိုးသမီး မိန်းကလေးငယ် ၃၇ ဦးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ HRW အစီရင်ခံစာက ပြောပါတယ်။

ဘာဆက်လုပ်ရမှန်းမသိ

ဧပြီလ ၂၁ ၇က်နေ့မှာ သမီးဖြစ်သူကို တရုတ်နိုင်ငံသားနဲ့ မင်္ဂလာဆောင်ပေးစားပြီးမှ ရဲကလူကုန်ကူးမှုနဲ့ဖမ်းလိုက်တော့ မိဘတွေကတော့ ဘာလုပ်ရမှန်း မသိ ဖြစ်နေကြပါတယ်။

တရုတ်နိုင်ငံသားက မင်္ဂလာဆောင်ပြီး ၂လ ၃လ လောက် ကြာရင်တော့ တရုတ်နိုင်ငံကို ဆွေပြမျိုးပြ သွားလိုတယ်လို့ စကားပြန်ကတဆင့် ပြောကြောင်းလည်း ရပ်မိ ရပ်ဖတစ်ဦးဖြစ်သူ ဦးညွန့်မောင်က ပြောပါတယ်။

မိဘတွေအနေနဲ့တော့ သမီးကို မင်္ဂလာဆောင်ပြီး တင်တောင်းတဲ့ငွေနဲ့ လုပ်ကိုင်စားသောက်ကြဖို့ စီစဉ်ပြီးမှ အခုလို ကြုံတွေ့ရတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တစ်ဝိုက်မှာလည်း တရုတ်နိုင်ငံသားတွေ စကားပြန်နဲ့ ဇနီးမယားလိုက်ရှာတာတွေ တွေ့နေရတယ်လို့ ညောင်တုန်းဒေသခံတွေကပြောပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုတွေဟာ အခုအခါ ပုံစံ ပြောင်းလာနေကြောင်း၊ တရုတ်နိုင်ငံသားတွေဟာ အလည်အပတ်ဗီဇာနဲ့ မြန်မာနိုင်ငံထဲ ကို ရောက်လာပြီး ကိုယ်တိုင်ဆက်သွယ် ဆောင်ရွက် တာတွေရှိကြောင်း၊အခုဖြစ်ရပ်ဟာ လူကုန်ကူးမှုလို့ သံသယဖြစ်စရာတွေရှိပြီး ဒီလို အလားတူ လူကုန်ကူးမှုမျိုးကို ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့ ကြည့်မြင်တိုင်မှာ တရုတ်နိုင်ငံသားတွေ ကျူးလွန်ခဲ့တာ ရှိကြောင်းလည်း လူကုန်ကူးမှု တိုက်ဖျက်ရေး အငြိမ်းစား ရဲမှူးကြီး ဦးခင်မောင်လှ ကပြောပါတယ်။

တရုတ်နိုင်ငံသားက ဇနီးမယားဖြစ်လက်ထပ်ခဲ့တဲ့ အဲ့ဒီ့မိန်းကလေးနဲ့ မိသားစုဟာ အခုအခါ ဇာတိရွာမှာ မရှိတော့ဘဲ ရန်ကုန်ကို ပြောင်းသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top