အခ်စ္တစ္ခု ၊ ဆက္ဆံေရး တစ္ခုမွာ နားလည္မႈေတြက အေရးၾကီးဆံုးလို႔ ေျပာၾကေပမယ့္ ၾကင္သူကို ဘယ္လို နားလည္ေပးရမလဲ …

သူ႔စိတ္ထဲမွာ ဘာေတြရွိေနတယ္ ဆိုတာကို ကိုယ္က ဘယ္လို သိႏိုင္မွာလဲ ဆိုတဲ့ ေမးခြန္းေတြ မၾကာခဏ ၾကားေနရမွာပါပဲ။

သူတစ္ပါးဟာ ကိုယ္မဟုတ္တဲ့အတြက္ သူတစ္ပါးကို အျပည္႔အ၀ နားလည္ေပးဖို႔ ၊ နားလည္ႏိုင္ဖို႔ ဆိုတာရယ္၊ နားလည္ေပးႏိုင္တယ္ပဲ ထားဦးေတာ့

ကိုယ့္စိတ္ကေရာ ဘယ္ေလာက္ထိ သည္းခံႏိုင္မွာလဲ ဆိုတာရယ္ ေတြကရွိလာျပန္ပါတယ္။

မိန္းမသားေတြ နဲ႔ ေယာက်္ားေတြရဲ ႔ အတြင္းစိတ္မတူညီမႈေတြေၾကာင့္ တစ္ေယာက္နဲ႔ တစ္ေယာက္ နားမလည္ႏိုင္မႈေတြက ၾကီးထြားလာပါတယ္။

မိန္းမသားေတြက ဘယ္ေလာက္ပဲ ပြင့္လင္းပါတယ္ ဆိုဦးေတာ့ ဘယ္ေတာ့မွ တိုက္ရိုက္မေျပာတတ္ပါဘူး။

မ်က္ႏွာစူပုပ္ေနျပီး ေရွာင္ဖယ္ဖယ္ လုပ္ေနတဲ့ မိန္းမတစ္ေယာက္ကို သူ႔ခ်စ္သူက “ဘာျဖစ္ေနတာလဲ” လို႔ ေမးရင္ “ဘာမွမျဖစ္ဘူး” လို႔ပဲ ျပန္ေျဖမွာပါပဲ။ သည္းထန္စြာ ငိုေၾကြးေနဦးေတာ့၊

ငိုရိႈက္ေနတဲ့ ၾကားကပဲ “အီး..ဟီး..ဟီး…ဘာမွ မျဖစ္ဘူး။ ဘာမွ မျဖစ္ပါဘူး ဆုိ” လို႔ ျပန္ေျဖမွာပါပဲ။

ေယာက်္ားတစ္ေယာက္က်ေတာ့ အဲလို မဟုတ္ျပန္ပါဘူး။“ဘာျဖစ္ေနတာလဲ။ ဘာျပႆနာရွိလဲ” လို႔ ေယာက်္ားတစ္ေယာက္ကို သူ႔ခ်စ္သူ အမ်ိဳးသမီးက ေမးရင္ “ေအး…ျပႆနာကေတာ့ မင္း”ပဲ ဆိုျပီး တဲ့တိုး ျပန္ေျဖမွာပါ။

မိန္းမေတြကို သူ႔စိတ္ထဲ ဘာေတြျဖစ္ေနတယ္၊ ဘာေတြရွိေနတယ္ဆိုတာ အလြယ္တကူ မသိႏိုင္ပါဘူး။

ဒါေပမယ့္ မိန္းမေတြ အားလံုး တူညီတဲ့ လိုအင္ကေတာ့ သူတုိ႔ ၀မ္းနည္း ငိုေၾကြးရင္ မွီတြယ္စရာ ပခံုးတစ္ဖက္ကို အလိုရွိတာပါပဲ။

မိန္းမေတြဟာ သူတို႔စိတ္ထဲမွာ သူတို႔ကိုယ္ သူတို႔ လံုျခံဳမႈရွိတယ္။ ေယာက်္ားတစ္ေယာက ္ေၾကာင့္ လံုျခံဳမႈရတယ္လို႔ စိတ္ထဲမွာ ခံစားရတယ္ဆိုရင္ အဲဒီ မိန္းမဟာ ဘ၀မွာ ေပ်ာ္ရႊင္ျပီး ေအာင္ျမင္တဲ့ ဘ၀တစ္ခုကို ပိုင္ဆိုင္ႏိုင္ပါတယ္။

ေယာက်္ားတစ္ေယာက္ေၾကာင့္ မိန္းမတစ္ေယာက္ရဲ ႔စိတ္မွာ လံုျခံဳမႈရတယ္ ဆိုရင္ ဒီအခ်စ္ဟာ ဘယ္ေတာ့မွ ေပ်ာက္ပ်က္သြားမွာ မဟုတ္ပါဘူး။

ေယာက်္ားတစ္ေယာက္က်ေတာ့ သူ႔စိတ္မွာ သူဟာ မိန္းမတစ္ေယာက္ရဲ ႔ လိုအပ္ျခင္းကို ခံရတယ္လုိ႔ ခံစားရရင္ အဲဒီေယာက်္ားဟာ ဘ၀မွာ ေပ်ာ္ရႊင္ျပီး ေအာင္ျမင္တဲ့ဘ၀ ကိုဦးေဆာင္တဲ့ ေယာက်္ားတစ္ေယာက္ျဖစ္လာပါတယ္။

ေယာက်္ားေတြ အခ်စ္သစ္ရွာၾကတယ္ဆိုတာမွာ မ်ားေသာအားျဖင့္က လက္ရွိခ်စ္သူက မိမိကို အားကိုးျခင္းမရွိဘူး။

လက္ရွိခ်စ္သူ အမ်ိဳးသမီးက သူ႔ ေျခေထာက္ေပၚသူရပ္တည္ႏိုင္ျပီး ဘ၀မွာ ခ်စ္သူ အမ်ိဳးသား မပါဘဲ ေအာင္ျမင္ႏိုင္တဲ့ အမ်ိဳးသမီးျဖစ္ေနတတ္တာမ်ိဳးဆိုရင္ ခ်စ္သူ အမ်ိဳးသားက အခ်စ္သစ္ရွာတတ္ပါတယ္။

အဲဒီ အခ်စ္သစ္ဟာ သူ႔ကို အားကိုးတဲ့ ၊ အစစ အရာရာ အမ်ိဳးသားထက္ နိမ့္ပါးသူ ျဖစ္တတ္ပါတယ္။

ဒါဟာလည္း ေယာက်္ားတစ္ေယာက္ရဲ႔စိတ္သဘာ၀ပါပဲ။

အခ်စ္စစ္ ဆိုတာ ရင္ထဲမွာ ရွိေကာင္းရွိႏိုင္ပါတယ္။ဒါေပမယ့္ ေယာက်္ား တစ္ေယာက္ဟာ မိန္းမတစ္ေယာက္ရဲ ႔ ဘ၀မွာ သူ႔ကို မလိုအပ္ဘဲ ေအာင္ျမင္ႏိုင္တယ္လုိ႔ ယူဆသြားရင္

အဲဒီေယာက်ာ္းဟာ တျခားတစ္ေယာက္ကို ေျပာင္းခ်စ္မွာ အေသအခ်ာပါပဲ။

မိန္းမတစ္ေယာက္ အေနန႔ဲက်ေတာ့လည္း သူမ ကို ျမတ္ႏိုးစံုမက္တဲ့ ၊ သူ႔စိတ္မွာ အားကိုးရာလို႔ ထင္ျမင္ႏိုင္မယ့္ ေယာက်္ားတစ္ေယာက္ကို သာအလိုရွိပါတယ္။

ရုပ္၀ထၳဳပစၥည္း ၾကြယ္၀ခ်မ္းသာမႈ နဲ႔ မဆိုင္ဘဲ စိတ္ပိုင္းဆိုင္ရာ လံုျခံဳေႏြးေထြးမႈ ေပးႏိုင္မယ့္ ေယာက်္ားတစ္ေယာက္ကို ဘ၀မွာလက္တြဲလိုပါတယ္။

မိန္းမတစ္ေယာက္ကို စည္းစိမ္ ဥစၥာ ျပည္႔စံုေအာင္ ထားေပးႏိုင္တာနဲ႔ အဲဒီ မိန္းမကို စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈ ေပးႏိုင္တယ္လို႔ မဆိုႏိုင္ပါဘူး။

မိန္းမတစ္ေယာက္ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈ ရွိဖို႔ ဆိုတာက သူမ တစ္ေယာက္တည္းကိုသာ ခ်စ္သူအမ်ိဳးသားက ျမတ္ႏိုးတယ္ ဆိုတာ သူမစိတ္မွာ သိထားရင္ လံုေလာက္ပါျပီ။

ခ်စ္သူ အမ်ိဳးသားရဲ ႔ “ခ်စ္တယ္” ဆိုတဲ့ စကားတစ္ခြန္းဟာ သူမ အတြက္ ဘ၀မွာ ခြန္အားပါပဲ။

ဒါေပမယ့္ အမ်ိဳးသားေတြကက်ေတာ့ ခ်စ္သူ အမ်ိဳးသမီးကို ခ်စ္တယ္ ဆိုတာ ဘ၀မွာ တစ္ခါ ေျပာျပီးရံုနဲ႔ လံုေလာက္ျပီ ထင္တတ္ၾကပါတယ္။

မိန္းမတစ္ေယာက္အတြက္ ခ်စ္သူ အမ်ိဳးသားရဲ ႔သိပ္ခ်စ္တာပဲ ဆိုတဲ့ စကားတစ္ခြန္းဟာ ေန႔စဥ္လိုအပ္ပါတယ္။

သူမရဲ ႔ေၾကာက္ရြံ ႔ မႈေတြ၊ သူမရဲ ႔၀မ္းနည္းအားငယ္မႈေတြကို ခ်စ္သူအမ်ိဳးသားကို ေျပာျပေ၀မွ် ပါတယ္။ သူမငိုခ်င္ရင္ အခ်ိန္မေရြး သူမ ငိုႏိုင္ပါတယ္။

ေယာက်္ားေတြက်ေတာ့ အဲလို မဟုတ္ပါဘူး။ လူသားတစ္ေယာက္ျဖစ္တဲ့အတြက္ ၀မ္းနည္းအားငယ္မႈ ၊ ေၾကာက္ရြံ ႔ မႈ ၊

ထိတ္လန္႔မႈေတြကိုလည္း အမ်ိဳးသားမ်ား အနည္းနဲ႔ အမ်ား ဆိုသလို ခံစားရေပမယ့္ ခ်စ္သူ အမ်ိဳးသမီးကို ေ၀မွ် ေျပာျပေလ့မရွိပါဘူး။

ငိုတယ္ဆိုတာ ေယာက်ာ္းအလုပ္ မဟုတ္ဘူး။ ေယာက်္ားေတြဟာ ဘယ္ေတာ့မွ မငိုဘူးဆိုတဲ့ တလြဲအေတြးနဲ႔ သူတုိ႔ဟာ ခံစားခ်က္ေတြကို ေ၀မွ်ဖို႔ အလြန္ ကပ္ေစးႏွဲသူမ်ား ျဖစ္တတ္ၾကပါတယ္။

တကယ္လို႔ ခံစားခ်က္ေတြကို ေ၀မွ် လုိက္ရင္ ေျပလည္သြားမယ့္ ဆက္ဆံေရးတစ္ခုမွာ ေယာက်္ားေတြရဲ ႔ အဲလို တလြဲမာနေၾကာင့္ အက္ရာ ထင္ခဲ့ရတဲ့ ဆက္ဆံေရးေတြ၊ ျပိဳပ်က္ခဲ့ရတဲ့ ဆက္ဆံေရးေတြ အနည္းနဲ႔ အမ်ားရွိပါတယ္။

ပညာတတ္ ၊ ရာထူး နဲ႔ မိန္းမေတြဟာ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ မေအာင္ျမင္တတ္ဘူး။

ခ်စ္သူ ေယာက်္ားရဲ ႔ စြန္႔ပစ္ျခင္းကို ခံရတယ္ဆိုတဲ့ ၾကားေနရတဲ့ လူမႈဆက္ဆံေရးနယ္ပယ္က စကားေတြက မွန္သင့္သေလာက္ေတာ့မွန္ပါတယ္။

တကယ္ပဲ အဲလိုျဖစ္ေနတာေတြ ရာခိုင္ႏႈန္းမမ်ားလွေပမယ့္ ရွိေနတာပါပဲ။တကယ္တန္း မခ်စ္လို႔ မဟုတ္ဘဲေယာက်ာ္းတစ္ေယာက္ ရဲ ႔တလြဲမာန နဲ႔ မိန္းမတစ္ေယာက္ရဲ ႔ မပြင့္လင္းမႈေတြေၾကာင့္ဆိုတာ အဓိကအခ်က္ျဖစ္ပါတယ္။

မိန္းမတစ္ေယာက္အေနနဲ႔ သူမရဲ ႔ စိတ္ကို လုံျခံဳေႏြးေထြးမယ့္ ၊ သူမတစ္ေယာက္ကိုသာလွ်င္ ျမတ္ႏိုးမယ့္ ေယာက်္ားတစ္ဦးကိုသာ အလိုရွိပါတယ္။

ေယာက်္ားတစ္ေယာက္ကေတာ့ သူ႔ကို လိုအပ္မယ့္ မိန္းမတစ္ေယာက္ကိုသာ အလိုရွိပါတယ္။

ေရရွည္ခိုင္ျမဲတဲ့ အခ်စ္တစ္ခု ျဖစ္ဖို႔ရာမွာေတာ့ ေယာက်္ားတစ္ေယာက္က မိန္းမတစ္ေယာက္ကို ခ်စ္ျပီဆိုရင္ သူမ ကိုခ်စ္တဲ့အေၾကာင္း ေန႔စဥ္ တစ္ခြန္းေလာက္ေျပာဖို႔ လိုအပ္ပါတယ္။

ခ်က္ျပဳတ္ေကၽြးေမြးတဲ့ အစားအေသာက္မ်ားကို ခ်ီးမြမ္းေပးဖို႔ ၊ ၀တ္တဲ့အ၀တ္နဲ႔ လိုက္ဖက္ လွပေၾကာင့္ ခ်ီးမြမ္းစကားေလးေတြ ေျပာဖို႔ လိုအပ္လွသလို

မိန္းမတစ္ေယာက္က်ေတာ့ ခ်စ္သူအမ်ိဳးသားဟာ သူမဘ၀အတြက္ အေရးပါတဲ့ လူတစ္ေယာက္ျဖစ္တယ္ဆိုတာ ၊

သူမဘ၀အတြက္ ခ်စ္သူအမ်ိဳးသား အျမဲလုိအပ္ေနတယ္ဆိုတာ ၊ သူမ ဘယ္ေလာက္ ယံုၾကည္ အားကိုးတယ္ဆိုတာ အမ်ိဳးသားကိုသိေစမယ္ဆိုရင္ လွပေအးခ်မ္းတဲ့ အခ်စ္ဘ၀ တစ္ခု အစဥ္အျမဲ ျဖစ္ေနမွာပါပဲ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:စိုးနိဳင္မင္း သူဘ၀ စာအုပ္ေလး
# Unicode Version # ျဖင့္ ဖတ္ပါ #

အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ …

သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။

သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့

ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။

မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။

မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက်မပြောတတ်ပါဘူး။

မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက “ဘာဖြစ်နေတာလဲ” လို့ မေးရင် “ဘာမှမဖြစ်ဘူး” လို့ပဲ ပြန်ဖြေမှာပါပဲ။ သည်းထန်စွာ ငိုကြွေးနေဦးတော့၊

ငိုရှိုက်နေတဲ့ ကြားကပဲ “အီး..ဟီး..ဟီး…ဘာမှ မဖြစ်ဘူး။ ဘာမှ မဖြစ်ပါဘူး ဆို” လို့ ပြန်ဖြေမှာပါပဲ။

ယောကျ်ားတစ်ယောက်ကျတော့ အဲလို မဟုတ်ပြန်ပါဘူး။“ဘာဖြစ်နေတာလဲ။ ဘာပြဿနာရှိလဲ” လို့ ယောကျ်ားတစ်ယောက်ကို သူ့ချစ်သူ အမျိုးသမီးက မေးရင် “အေး…ပြဿနာကတော့ မင်း”ပဲ ဆိုပြီး တဲ့တိုး ပြန်ဖြေမှာပါ။

မိန်းမတွေကို သူ့စိတ်ထဲ ဘာတွေဖြစ်နေတယ်၊ ဘာတွေရှိနေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ပါဘူး။

ဒါပေမယ့် မိန်းမတွေ အားလုံး တူညီတဲ့ လိုအင်ကတော့ သူတို့ ဝမ်းနည်း ငိုကြွေးရင် မှီတွယ်စရာ ပခုံးတစ်ဖက်ကို အလိုရှိတာပါပဲ။

မိန်းမတွေဟာ သူတို့စိတ်ထဲမှာ သူတို့ကိုယ် သူတို့ လုံခြုံမှုရှိတယ်။ ယောကျ်ားတစ်ယောက ်ကြောင့် လုံခြုံမှုရတယ်လို့ စိတ်ထဲမှာ ခံစားရတယ်ဆိုရင် အဲဒီ မိန်းမဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။

ယောကျ်ားတစ်ယောက်ကြောင့် မိန်းမတစ်ယောက်ရဲ့စိတ်မှာ လုံခြုံမှုရတယ် ဆိုရင် ဒီအချစ်ဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

ယောကျ်ားတစ်ယောက်ကျတော့ သူ့စိတ်မှာ သူဟာ မိန်းမတစ်ယောက်ရဲ့ လိုအပ်ခြင်းကို ခံရတယ်လို့ ခံစားရရင် အဲဒီယောကျ်ားဟာ ဘဝမှာ ပျော်ရွှင်ပြီး အောင်မြင်တဲ့ဘ၀ ကိုဦးဆောင်တဲ့ ယောကျ်ားတစ်ယောက်ဖြစ်လာပါတယ်။

ယောကျ်ားတွေ အချစ်သစ်ရှာကြတယ်ဆိုတာမှာ များသောအားဖြင့်က လက်ရှိချစ်သူက မိမိကို အားကိုးခြင်းမရှိဘူး။

လက်ရှိချစ်သူ အမျိုးသမီးက သူ့ ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး ဘဝမှာ ချစ်သူ အမျိုးသား မပါဘဲ အောင်မြင်နိုင်တဲ့ အမျိုးသမီးဖြစ်နေတတ်တာမျိုးဆိုရင် ချစ်သူ အမျိုးသားက အချစ်သစ်ရှာတတ်ပါတယ်။

အဲဒီ အချစ်သစ်ဟာ သူ့ကို အားကိုးတဲ့ ၊ အစစ အရာရာ အမျိုးသားထက် နိမ့်ပါးသူ ဖြစ်တတ်ပါတယ်။

ဒါဟာလည်း ယောကျ်ားတစ်ယောက်ရဲ့စိတ်သဘာဝပါပဲ။

အချစ်စစ် ဆိုတာ ရင်ထဲမှာ ရှိကောင်းရှိနိုင်ပါတယ်။ဒါပေမယ့် ယောကျ်ား တစ်ယောက်ဟာ မိန်းမတစ်ယောက်ရဲ့ ဘဝမှာ သူ့ကို မလိုအပ်ဘဲ အောင်မြင်နိုင်တယ်လို့ ယူဆသွားရင်

အဲဒီယောကျာ်းဟာ တခြားတစ်ယောက်ကို ပြောင်းချစ်မှာ အသေအချာပါပဲ။

မိန်းမတစ်ယောက် အနေနဲ့ကျတော့လည်း သူမ ကို မြတ်နိုးစုံမက်တဲ့ ၊ သူ့စိတ်မှာ အားကိုးရာလို့ ထင်မြင်နိုင်မယ့် ယောကျ်ားတစ်ယောက်ကို သာအလိုရှိပါတယ်။

ရုပ်ဝထ္ထုပစ္စည်း ကြွယ်ဝချမ်းသာမှု နဲ့ မဆိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှု ပေးနိုင်မယ့် ယောကျ်ားတစ်ယောက်ကို ဘဝမှာလက်တွဲလိုပါတယ်။

မိန်းမတစ်ယောက်ကို စည်းစိမ် ဥစ္စာ ပြည့်စုံအောင် ထားပေးနိုင်တာနဲ့ အဲဒီ မိန်းမကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တယ်လို့ မဆိုနိုင်ပါဘူး။

မိန်းမတစ်ယောက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရှိဖို့ ဆိုတာက သူမ တစ်ယောက်တည်းကိုသာ ချစ်သူအမျိုးသားက မြတ်နိုးတယ် ဆိုတာ သူမစိတ်မှာ သိထားရင် လုံလောက်ပါပြီ။

ချစ်သူ အမျိုးသားရဲ့ “ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ သူမ အတွက် ဘဝမှာ ခွန်အားပါပဲ။

ဒါပေမယ့် အမျိုးသားတွေကကျတော့ ချစ်သူ အမျိုးသမီးကို ချစ်တယ် ဆိုတာ ဘဝမှာ တစ်ခါ ပြောပြီးရုံနဲ့ လုံလောက်ပြီ ထင်တတ်ကြပါတယ်။

မိန်းမတစ်ယောက်အတွက် ချစ်သူ အမျိုးသားရဲ့သိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းဟာ နေ့စဉ်လိုအပ်ပါတယ်။

သူမရဲ့ကြောက်ရွံ့ မှုတွေ၊ သူမရဲ့ဝမ်းနည်းအားငယ်မှုတွေကို ချစ်သူအမျိုးသားကို ပြောပြဝေမျှ ပါတယ်။ သူမငိုချင်ရင် အချိန်မရွေး သူမ ငိုနိုင်ပါတယ်။

ယောကျ်ားတွေကျတော့ အဲလို မဟုတ်ပါဘူး။ လူသားတစ်ယောက်ဖြစ်တဲ့အတွက် ဝမ်းနည်းအားငယ်မှု ၊ ကြောက်ရွံ့ မှု ၊

ထိတ်လန့်မှုတွေကိုလည်း အမျိုးသားများ အနည်းနဲ့ အများ ဆိုသလို ခံစားရပေမယ့် ချစ်သူ အမျိုးသမီးကို ဝေမျှ ပြောပြလေ့မရှိပါဘူး။

ငိုတယ်ဆိုတာ ယောကျာ်းအလုပ် မဟုတ်ဘူး။ ယောကျ်ားတွေဟာ ဘယ်တော့မှ မငိုဘူးဆိုတဲ့ တလွဲအတွေးနဲ့ သူတို့ဟာ ခံစားချက်တွေကို ဝေမျှဖို့ အလွန် ကပ်စေးနှဲသူများ ဖြစ်တတ်ကြပါတယ်။

တကယ်လို့ ခံစားချက်တွေကို ဝေမျှ လိုက်ရင် ပြေလည်သွားမယ့် ဆက်ဆံရေးတစ်ခုမှာ ယောကျ်ားတွေရဲ့ အဲလို တလွဲမာနကြောင့် အက်ရာ ထင်ခဲ့ရတဲ့ ဆက်ဆံရေးတွေ၊ ပြိုပျက်ခဲ့ရတဲ့ ဆက်ဆံရေးတွေ အနည်းနဲ့ အများရှိပါတယ်။

ပညာတတ် ၊ ရာထူး နဲ့ မိန်းမတွေဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မအောင်မြင်တတ်ဘူး။

ချစ်သူ ယောကျ်ားရဲ့ စွန့်ပစ်ခြင်းကို ခံရတယ်ဆိုတဲ့ ကြားနေရတဲ့ လူမှုဆက်ဆံရေးနယ်ပယ်က စကားတွေက မှန်သင့်သလောက်တော့မှန်ပါတယ်။

တကယ်ပဲ အဲလိုဖြစ်နေတာတွေ ရာခိုင်နှုန်းမများလှပေမယ့် ရှိနေတာပါပဲ။တကယ်တန်း မချစ်လို့ မဟုတ်ဘဲယောကျာ်းတစ်ယောက် ရဲ့တလွဲမာန နဲ့ မိန်းမတစ်ယောက်ရဲ့ မပွင့်လင်းမှုတွေကြောင့်ဆိုတာ အဓိကအချက်ဖြစ်ပါတယ်။

မိန်းမတစ်ယောက်အနေနဲ့ သူမရဲ့ စိတ်ကို လုံခြုံနွေးထွေးမယ့် ၊ သူမတစ်ယောက်ကိုသာလျှင် မြတ်နိုးမယ့် ယောကျ်ားတစ်ဦးကိုသာ အလိုရှိပါတယ်။

ယောကျ်ားတစ်ယောက်ကတော့ သူ့ကို လိုအပ်မယ့် မိန်းမတစ်ယောက်ကိုသာ အလိုရှိပါတယ်။

ရေရှည်ခိုင်မြဲတဲ့ အချစ်တစ်ခု ဖြစ်ဖို့ရာမှာတော့ ယောကျ်ားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်ပြီဆိုရင် သူမ ကိုချစ်တဲ့အကြောင်း နေ့စဉ် တစ်ခွန်းလောက်ပြောဖို့ လိုအပ်ပါတယ်။

ချက်ပြုတ်ကျွေးမွေးတဲ့ အစားအသောက်များကို ချီးမွမ်းပေးဖို့ ၊ ဝတ်တဲ့အဝတ်နဲ့ လိုက်ဖက် လှပကြောင့် ချီးမွမ်းစကားလေးတွေ ပြောဖို့ လိုအပ်လှသလို

မိန်းမတစ်ယောက်ကျတော့ ချစ်သူအမျိုးသားဟာ သူမဘဝအတွက် အရေးပါတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ၊

သူမဘဝအတွက် ချစ်သူအမျိုးသား အမြဲလိုအပ်နေတယ်ဆိုတာ ၊ သူမ ဘယ်လောက် ယုံကြည် အားကိုးတယ်ဆိုတာ အမျိုးသားကိုသိစေမယ်ဆိုရင် လှပအေးချမ်းတဲ့ အချစ်ဘ၀ တစ်ခု အစဉ်အမြဲ ဖြစ်နေမှာပါပဲ…။

ဖိုးသူတော် (www.phothutaw.com)
Credit:စိုးနိုင်မင်း သူဘ၀ စာအုပ်လေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top