ျမန္မာဆန္ဆန္ အလွေတြနဲ႔ပရိသတ္ေတြရဲ႕ခ်စ္ျခင္းေမတၱာကို ပိုင္ဆိုင္ ထားၿပီး အခုလက္ရိွမွာလည္း ပရဟိတအလုပ္ေတြကို အားသြန္ခြန္စိုက္လုပ္ေဆာင္ေနတဲ့ သ႐ုပ္မင္းသမီးေခ်ာ ခိုင္ႏွင္းေဝကေတာ့ သူအေမြအစားအေမြခံေမြးစားမယ့္သမီးေလးတစ္ေယာက္ကို ေပၚျပဴလာနဲ႔အင္တာဗ်ဴးတစ္ခုမွာ ေျပာျပထားတာရိွပါတယ္ ။ အဲ့ဒီအေၾကာင္းေလးေတြကို ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြကို သတင္းပါးလိုက္ပါတယ္ ေနာ္။

သမီးက အခုဆိုရင္ ဆယ္လ ေပါ့ေနာ္ ။ ေမြးကတည္းကေတာ့ အစ္မက မ႐ွင္ၿငိမ္းမယ္ ဆီမွာထားၿပီးေတာ့ေမြးထားတယ္ဆိုေတာ့ အခုက်ေတာ့မွအစ္မ ျပန္ယူၿပီးေမြးျဖစ္တာေပါ့ ။ အရင္တုန္းကက် ဘာျဖစ္လို႔လဲဆိုရင္ ကေလးငယ္တဲ့အခ်ိန္မွာ အစ္မလည္းသိပ္ၿပီးေတာ့မ လုပ္တတ္တာလည္းပါတယ္ ။

 အဲ့ဒီအခ်ိန္မွာ အစ္မက ပရဟိတဘက္မွာ အရမ္းအားစိုက္ေနရတဲ့အခ်ိန္ဆိုေတာ့ ကေလးေတြေမြးဖို႔ရည္ရြယ္ခ်က္မရိွဘူးေပါ့ ။ အစ္မဟိုတေလာ တစ္ႏွစ္ကေတာ့ အစ္မေျပာဖူးပါတယ္ ကေလးေတြကို ေဂဟာေလးေဆာက္ၿပီးေတာ့ ေမြးခ်င္တယ္ လို႔ေျပာထားတယ္ ေပါ့ေနာ္ အဲ့တာ တစ္ႏွစ္ တစ္ႏွစ္ခြဲေလာက္ေတာ့ အခ်ိန္ယူရမယ္ ။

အခုဆိုလို႔ရိွရင္ အစ္မလက္ထဲမွာ ကေလးက သားသံုးေယာက္ရယ္ သမီးႏွစ္ေယာက္ရယ္ ဗိုက္ထဲမွာ တစ္ေယာက္ရယ္ ေပါ့ ။ ဗိုက္ထဲမွာတစ္ေယာက္ဆိုတာက အခုေလးလပိုင္းသၾကၤန္ၿပီးရင္ တစ္ေယာက္ေမြးမယ္ ။ အဲ့ဒီကေလးက က်ေတာ့သမီးေလးပဲ ။အဲ့ဒီကေလးေတြအစ္မဆီမွာရိွတာေပါ့။ ဒီသမီးကေတာ့အစ္မဆီမွေခၚထားတယ္ ။

က်န္တဲ့အငယ္ေတြကေတာ့ အစ္မေဂဟာပံုစံမ်ိဳးနဲ႔ တိုက္ခန္းငွါးထားၿပီးေခၚထားတာေပါ့ ။ အဲ့ဒီေတာ့ တိုက္ခန္းစရိတ္ေတြကုန္မယ္ၿပီးေတာ့အစ္မ Nurse ႏွစ္ေယာက္နဲ႔ ေနာက္ဒီကေလးထိန္းမယ့္ တစ္ေယာက္ေပါ့ အဲ့ဒီလိုမ်ိဳးေလးေတြအစ္မေခၚထားရတာေပါ့ ။ အစ္မကေတာ့အၿမဲတမ္း သြားၾကည့္ၾကတာေပါ့ ။ ဆိုၿပီးေျပာျပသြားပါတယ္။



အခုသမီးေလးကိုေမြးရတဲ့အေပၚကသူရ ဲ႔ခံစားခ်က္ေတြကိုလည္း “အစ္မသားသမီးတစ္ေယာက္ေမြး လိုက္ရသလိုပါပဲ ။ ဒီကေလးေတြကို အစ္မျပဳစုပ်ိဳးေထာင္ေပးေနတယ္ ဆိုတာကလည္း အစ္မေန႔စဥ္ ယူရတဲ့ကုသိုလ္ေပါ့ေနာ္ ။အစ္မတို႔ပရဟိတလုပ္တာကတစ္ပိုင္း ဒါကလည္းေန႕စဥ္ယူရတဲ့ကုသိုလ္ ရတယ္လို႔ပဲမွတ္ပါတယ္။

အစ္မကေလးေတြကို မိဘမဲ႔ပံုစံမ်ိဳးမျဖစ္ေစခ်င္ဘူး ။အစ္မကေလးေတြက မိဘမဲ႔ကေလးမဟုတ္ဘူး ။ဘာျဖစ္လို႔လဲဆိုေတာ့ အစ္မဆီမွာထားတဲ့ကေလးေတြကိုလည္း မိဘမဲ့ေက်ာင္းေတြမွာပို႔ထား လို႔ရတယ္။ ဒါေပမယ္အစ္မကေလးေတြကို မိဘမဲ့မျဖစ္ေစခ်င္ဘူး ။

အစ္မငယ္ငယ္တုန္းကလည္း Broken Familyျဖစ္တယ္ဆိုေတာ့ အမအေမတစ္ေယာက္တည္းကပဲ ေကၽြးေမြးေစာင့္ေ႐ွာက္လာတာျဖစ္တဲ့အတြက္ေၾကာင့္ အစ္မသမီးေလးႀကီးလာရင္လည္း အစ္မ တစ္ေယာက္တည္းေကၽြးေမြးေစာင့္ေ႐ွာက္ရမွာ အေဖလည္းအစ္မ အေမလည္းအစ္မပဲပံုစံမ်ိဳးနဲ႔ေမြး ဖြားသြားမယ္ ။

အခုဆိုဒီ Celebrity ေတြထဲမွာလည္း႐ိွပါတယ္။ Single Mother အျဖစ္ရပ္တည္ေနတဲ့အမ်ိဳးသမီးေတြ လည္း အစ္မခ်ီးက်ဴးပါတယ္။ သူတို႔ေတြေတာင္႐ိွေသးတာပဲ အဲ့ဒီေတာ့ အစ္မသမီးေလးကို ပံုမွန္ ကေလးတစ္ေယာက္လိုပဲ ေမတၱာေတြေပးမယ္ အစ္မရဲ႔ေမတၱာေတြေပးမယ္ ၊မိဘရဲ႕ေမတၱာေတြေပး မယ္။ ေက်ာင္းထားတဲ့အခ်ိန္ေက်ာင္းထားမယ္ သူ႔က္ိုျပဳစုပ်ိဳးေထာင္မယ္ေပါ့ ။”ဆိုၿပီးေျပာျပသြားပါတယ္။

ေနာက္ၿပီးသူေမြးစားထားတဲ့ကေလးေတြနဲ႔ပတ္သက္ၿပီးေတာ့လည္း “ အစ္မဆီမွာ႐ိွေနတဲ့ ကေလးေတြကေတာ့ ေမြးထားတယ္ဆို ကေလးေလးခ်စ္စရာေလးဆိုၿပီးေတာ့ သူတို႔ကိ္ုေပးပါ့လား ေမြးစားဖို႔ေပးပါ့လားဆိုေတာ့ အစ္မက အစ္မေမြးတဲ့ကေလးေတြကို သူမ်ားကိုေမြးစားဖို႔ေပးမွာလည္းမဟုတ္ဘူး ။

အစ္မက ကေလးေတြလာေတာင္းရင္ မႀကိဳက္ဘူး ။ကိုယ့္ကေလးေတြျဖစ္သြားတဲ့အခါက်ေတာ့ မခံစားခ်င္ဘူး။ မခံစားႏိုင္ဘူးေပါ့ ။ အစ္မကေလးေတြလက္ခံတဲ့အခါက်ရင္လည္းကေလးေတြ ကိုလာပို႔တဲ့ အခါ Child Rape ေၾကာင့္ပဲျဖစ္ျဖစ္ အမ်ိဳးသမီး Single Mother ေၾကာင့္ပဲျဖစ္ျဖစ္ အစ္မဆီမွာလာပို႔ၿပီးသြားၿပီဆိုရင္ အစကတည္းကမပို႔ခင္ကတည္းကစဥ္းစားဆံုးျဖတ္ ကေလး တစ္ေယာက္ကို မိခင္ေမတၱာအျပည့္အဝနဲ႔ေပးႏိုင္မယ္ ေကၽြးေမြးျပဳစုေပးႏိုင္မယ္ဆိုရင္ တစ္ခါတည္း ေကၽြးေမြးျပဳစုေစာင့္ေ႐ွာက္ ၊အစ္မဆီမွာအဲ့ဒီလိုမ်ိဳးေတြအကုန္ထားၿပီးေတာ့မွ ကေလးကခ်စ္စ ရာေကာင္းလာၿပီး ကေလးကေခ်ာေမာလွပၿပီးလူခ်စ္ခ်င္စရာေကာင္းလာတဲ့အ႐ြယ္ေရာက္ေတာ့မွ ကေလးျပန္ေပးပါလို႔ေတာင္းရင္ေတာ့ အစ္မက တရားဥပေဒအရပဲ စကားေျပာရမွာပဲ ဘာျဖစ္လို႔လည္းဆိုေတာ့ အစ္မအဲ့ဒီလိုအ႐ႈပ္အ႐ွင္းေတြလည္းအစ္မလက္မခံ ဘူးေလ။” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။



အဲ့ဒီအျပင္အခုသမီးေလးကိုအေမြစားအေမြခံအျဖစ္ေမြးသြားမွာျဖစ္တဲ့အေၾကာင္း ၊ က်န္တဲ့ကေလးေတြကေတာ့ေဂဟာကေနပရဟိတတစ္ခုအေနနဲ႔ျပဳစုေပးသြားမွာျဖစ္တဲ့အေၾကာင္းကိုလည္း ေျပာျပသြားပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bahuthuta
# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာဆန်ဆန် အလှတွေနဲ့ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင် ထားပြီး အခုလက်ရှိမှာလည်း ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်လုပ်ဆောင်နေတဲ့ သရုပ်မင်းသမီးချော ခိုင်နှင်းဝေကတော့ သူအမွေအစားအမွေခံမွေးစားမယ့်သမီးလေးတစ်ယောက်ကို ပေါ်ပြူလာနဲ့အင်တာဗျူးတစ်ခုမှာ ပြောပြထားတာရှိပါတယ် ။ အဲ့ဒီအကြောင်းလေးတွေကို ပြောချင်လွန်းလို့မိတ်ဆွေတွေကို သတင်းပါးလိုက်ပါတယ် နော်။

သမီးက အခုဆိုရင် ဆယ်လ ပေါ့နော် ။ မွေးကတည်းကတော့ အစ်မက မရှင်ငြိမ်းမယ် ဆီမှာထားပြီးတော့မွေးထားတယ်ဆိုတော့ အခုကျတော့မှအစ်မ ပြန်ယူပြီးမွေးဖြစ်တာပေါ့ ။ အရင်တုန်းကကျ ဘာဖြစ်လို့လဲဆိုရင် ကလေးငယ်တဲ့အချိန်မှာ အစ်မလည်းသိပ်ပြီးတော့မ လုပ်တတ်တာလည်းပါတယ် ။

အဲ့ဒီအချိန်မှာ အစ်မက ပရဟိတဘက်မှာ အရမ်းအားစိုက်နေရတဲ့အချိန်ဆိုတော့ ကလေးတွေမွေးဖို့ရည်ရွယ်ချက်မရှိဘူးပေါ့ ။ အစ်မဟိုတလော တစ်နှစ်ကတော့ အစ်မပြောဖူးပါတယ် ကလေးတွေကို ဂေဟာလေးဆောက်ပြီးတော့ မွေးချင်တယ် လို့ပြောထားတယ် ပေါ့နော် အဲ့တာ တစ်နှစ် တစ်နှစ်ခွဲလောက်တော့ အချိန်ယူရမယ် ။

အခုဆိုလို့ရှိရင် အစ်မလက်ထဲမှာ ကလေးက သားသုံးယောက်ရယ် သမီးနှစ်ယောက်ရယ် ဗိုက်ထဲမှာ တစ်ယောက်ရယ် ပေါ့ ။ ဗိုက်ထဲမှာတစ်ယောက်ဆိုတာက အခုလေးလပိုင်းသြင်္ကန်ပြီးရင် တစ်ယောက်မွေးမယ် ။ အဲ့ဒီကလေးက ကျတော့သမီးလေးပဲ ။အဲ့ဒီကလေးတွေအစ်မဆီမှာရှိတာပေါ့။ ဒီသမီးကတော့အစ်မဆီမှခေါ်ထားတယ် ။

ကျန်တဲ့အငယ်တွေကတော့ အစ်မဂေဟာပုံစံမျိုးနဲ့ တိုက်ခန်းငှါးထားပြီးခေါ်ထားတာပေါ့ ။ အဲ့ဒီတော့ တိုက်ခန်းစရိတ်တွေကုန်မယ်ပြီးတော့အစ်မ Nurse နှစ်ယောက်နဲ့ နောက်ဒီကလေးထိန်းမယ့် တစ်ယောက်ပေါ့ အဲ့ဒီလိုမျိုးလေးတွေအစ်မခေါ်ထားရတာပေါ့ ။ အစ်မကတော့အမြဲတမ်း သွားကြည့်ကြတာပေါ့ ။ ဆိုပြီးပြောပြသွားပါတယ်။

အခုသမီးလေးကိုမွေးရတဲ့အပေါ်ကသူရ ဲ့ခံစားချက်တွေကိုလည်း “အစ်မသားသမီးတစ်ယောက်မွေး လိုက်ရသလိုပါပဲ ။ ဒီကလေးတွေကို အစ်မပြုစုပျိုးထောင်ပေးနေတယ် ဆိုတာကလည်း အစ်မနေ့စဉ် ယူရတဲ့ကုသိုလ်ပေါ့နော် ။အစ်မတို့ပရဟိတလုပ်တာကတစ်ပိုင်း ဒါကလည်းနေ့စဉ်ယူရတဲ့ကုသိုလ် ရတယ်လို့ပဲမှတ်ပါတယ်။

အစ်မကလေးတွေကို မိဘမဲ့ပုံစံမျိုးမဖြစ်စေချင်ဘူး ။အစ်မကလေးတွေက မိဘမဲ့ကလေးမဟုတ်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ အစ်မဆီမှာထားတဲ့ကလေးတွေကိုလည်း မိဘမဲ့ကျောင်းတွေမှာပို့ထား လို့ရတယ်။ ဒါပေမယ်အစ်မကလေးတွေကို မိဘမဲ့မဖြစ်စေချင်ဘူး ။

အစ်မငယ်ငယ်တုန်းကလည်း Broken Familyဖြစ်တယ်ဆိုတော့ အမအမေတစ်ယောက်တည်းကပဲ ကျွေးမွေးစောင့်ရှောက်လာတာဖြစ်တဲ့အတွက်ကြောင့် အစ်မသမီးလေးကြီးလာရင်လည်း အစ်မ တစ်ယောက်တည်းကျွေးမွေးစောင့်ရှောက်ရမှာ အဖေလည်းအစ်မ အမေလည်းအစ်မပဲပုံစံမျိုးနဲ့မွေး ဖွားသွားမယ် ။

အခုဆိုဒီ Celebrity တွေထဲမှာလည်းရှိပါတယ်။ Single Mother အဖြစ်ရပ်တည်နေတဲ့အမျိုးသမီးတွေ လည်း အစ်မချီးကျူးပါတယ်။ သူတို့တွေတောင်ရှိသေးတာပဲ အဲ့ဒီတော့ အစ်မသမီးလေးကို ပုံမှန် ကလေးတစ်ယောက်လိုပဲ မေတ္တာတွေပေးမယ် အစ်မရဲ့မေတ္တာတွေပေးမယ် ၊မိဘရဲ့မေတ္တာတွေပေး မယ်။ ကျောင်းထားတဲ့အချိန်ကျောင်းထားမယ် သူ့ကိုပြုစုပျိုးထောင်မယ်ပေါ့ ။”ဆိုပြီးပြောပြသွားပါတယ်။

နောက်ပြီးသူမွေးစားထားတဲ့ကလေးတွေနဲ့ပတ်သက်ပြီးတော့လည်း “ အစ်မဆီမှာရှိနေတဲ့ ကလေးတွေကတော့ မွေးထားတယ်ဆို ကလေးလေးချစ်စရာလေးဆိုပြီးတော့ သူတို့ကိုပေးပါ့လား မွေးစားဖို့ပေးပါ့လားဆိုတော့ အစ်မက အစ်မမွေးတဲ့ကလေးတွေကို သူများကိုမွေးစားဖို့ပေးမှာလည်းမဟုတ်ဘူး ။

အစ်မက ကလေးတွေလာတောင်းရင် မကြိုက်ဘူး ။ကိုယ့်ကလေးတွေဖြစ်သွားတဲ့အခါကျတော့ မခံစားချင်ဘူး။ မခံစားနိုင်ဘူးပေါ့ ။ အစ်မကလေးတွေလက်ခံတဲ့အခါကျရင်လည်းကလေးတွေ ကိုလာပို့တဲ့ အခါ Child Rape ကြောင့်ပဲဖြစ်ဖြစ် အမျိုးသမီး Single Mother ကြောင့်ပဲဖြစ်ဖြစ် အစ်မဆီမှာလာပို့ပြီးသွားပြီဆိုရင် အစကတည်းကမပို့ခင်ကတည်းကစဉ်းစားဆုံးဖြတ် ကလေး တစ်ယောက်ကို မိခင်မေတ္တာအပြည့်အဝနဲ့ပေးနိုင်မယ် ကျွေးမွေးပြုစုပေးနိုင်မယ်ဆိုရင် တစ်ခါတည်း ကျွေးမွေးပြုစုစောင့်ရှောက် ၊အစ်မဆီမှာအဲ့ဒီလိုမျိုးတွေအကုန်ထားပြီးတော့မှ ကလေးကချစ်စ ရာကောင်းလာပြီး ကလေးကချောမောလှပပြီးလူချစ်ချင်စရာကောင်းလာတဲ့အရွယ်ရောက်တော့မှ ကလေးပြန်ပေးပါလို့တောင်းရင်တော့ အစ်မက တရားဥပဒေအရပဲ စကားပြောရမှာပဲ ဘာဖြစ်လို့လည်းဆိုတော့ အစ်မအဲ့ဒီလိုအရှုပ်အရှင်းတွေလည်းအစ်မလက်မခံ ဘူးလေ။” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။

အဲ့ဒီအပြင်အခုသမီးလေးကိုအမွေစားအမွေခံအဖြစ်မွေးသွားမှာဖြစ်တဲ့အကြောင်း ၊ ကျန်တဲ့ကလေးတွေကတော့ဂေဟာကနေပရဟိတတစ်ခုအနေနဲ့ပြုစုပေးသွားမှာဖြစ်တဲ့အကြောင်းကိုလည်း ပြောပြသွားပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:bahuthuta
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top