ဘဏ္မ်ားအေနျဖင့္ ေငြစကၠဴအတု ေတြ႔႐ွိပါက စုတ္ျဖဲဖ်က္ဆီးပိုင္ခြင့္ မ႐ွိေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့သည္။
ယေန႔(ဧၿပီ ၄ရက္)မြန္ျပည္နယ္ခရီးစဥ္အတြင္း ေခ်ာင္းဆံုၿမိဳ႕နယ္၊ ရြာလြတ္ရြာ၌ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႔ဆံုရာတြင္ ေဒသခံတစ္ဦးက ဘဏ္မ်ားသို႔ ေငြအပ္ရာတြင္ ေငြစကၠဴအတုဟုဆိုကာ စုတ္ျဖဲမႈမ်ား ႐ွိေနေၾကာင္း တင္ျပခဲ့ရာ ေဒၚေအာင္ဆန္းစုၾကည္က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ဓာတ္ပံု – ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး
“ဘဏ္မွာ ပိုက္ဆံသြားထည့္လို႔ အတုဆိုရင္ စုတ္ျဖဲပိုင္ခြင့္ မ႐ွိဘူး။ အတုမို႔လို႔ လက္မခံခ်င္ရင္ လက္မခံခြင့္ ႐ွိတယ္။အစိုးရအဖြဲ႔အေနနဲ႔ ဒါကို ၫႊန္ၾကားခ်က္ထုတ္ပါ။ ေငြစကၠဴအတုေတြကို လာၿပီးေတာ့ သြင္းတယ္ဆိုရင္ ျပည္သူေတြလည္း မသိလို႔ အညာခံရလို႔ လက္ထဲမွာ ေငြစကၠဴအတု႐ွိတယ္ဆိုရင္ ဘဏ္ကေန စာရင္းနဲ႔ လာေပးတဲ့သူ နာမည္နဲ႔ လုပ္ၿပီးေတာ့မွ တိုင္ၾကားရမွာပါ“ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့သည္။
မြန္ျပည္နယ္အစိုးရအဖြဲ႔အေနျဖင့္ ဘဏ္မ်ားအား ေငြစကၠဴအတုကို စုတ္ျဖဲခြင့္ မ႐ွိေၾကာင္း ၫႊန္ၾကားခ်က္ေပးရန္ႏွင့္ မူလဇစ္ျမစ္ကို စစ္ေဆးအေရးယူေပးရန္လည္း မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္အား ေဒၚေအာင္ဆန္းစုၾကည္က မွာၾကားခဲ့သည္။
ဓာတ္ပံု – ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး
“ဘယ္ကေန ဒီေငြအတုေတြ ေရာက္လာတယ္ဆိုတာ ဇစ္ျမစ္ကို ႐ွာရမွာေပါ့။ ဒီကိစၥကို ၫႊန္ၾကားခ်က္ေပးလိုက္ပါမယ္။ ဘဏ္က အတုပဲျဖစ္ျဖစ္ အစစ္ပဲ ျဖစ္ျဖစ္ ဆြဲျဖဲပိုင္ခြင့္ မ႐ွိပါဘူး။ ျပည္သူဘက္ကလည္း အတုမို႔လို႔ ေနာင္အလိမ္မခံရေအာင္ အမွတ္တရ သိမ္းထားခ်င္ရင္လည္း ကိုယ့္ရဲ႕ လုပ္ပိုင္ခြင့္ပါ“ဟုလည္း ေျပာၾကားခဲ့သည္။
ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔ နံနက္ပိုင္းက မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ေလေၾကာင္းခရီးျဖင့္ ေရာက္႐ွိခဲ့ၿပီး ေမာ္လၿမိဳင္ၿမိဳ႕၊ျပည္နယ္ခန္းမ၌ ေဒသခံျပည္သူမ်ားႏွင့္ ေတြ႔ဆံုခဲ့သည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:မင္းဟိန္း
ဓာတ္ပံု – ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး
Via: စံေတာ္ခ်ိန္
#Unicode Version#
ဘဏ်များအနေဖြင့် ငွေစက္ကူအတု တွေ့ရှိပါက စုတ်ဖြဲဖျက်ဆီးပိုင်ခွင့် မရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယနေ့(ဧပြီ ၄ရက်)မွန်ပြည်နယ်ခရီးစဉ်အတွင်း ချောင်းဆုံမြို့နယ်၊ ရွာလွတ်ရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဒေသခံတစ်ဦးက ဘဏ်များသို့ ငွေအပ်ရာတွင် ငွေစက္ကူအတုဟုဆိုကာ စုတ်ဖြဲမှုများ ရှိနေကြောင်း တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံး
“ဘဏ်မှာ ပိုက်ဆံသွားထည့်လို့ အတုဆိုရင် စုတ်ဖြဲပိုင်ခွင့် မရှိဘူး။ အတုမို့လို့ လက်မခံချင်ရင် လက်မခံခွင့် ရှိတယ်။အစိုးရအဖွဲ့အနေနဲ့ ဒါကို ညွှန်ကြားချက်ထုတ်ပါ။ ငွေစက္ကူအတုတွေကို လာပြီးတော့ သွင်းတယ်ဆိုရင် ပြည်သူတွေလည်း မသိလို့ အညာခံရလို့ လက်ထဲမှာ ငွေစက္ကူအတုရှိတယ်ဆိုရင် ဘဏ်ကနေ စာရင်းနဲ့ လာပေးတဲ့သူ နာမည်နဲ့ လုပ်ပြီးတော့မှ တိုင်ကြားရမှာပါ“ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘဏ်များအား ငွေစက္ကူအတုကို စုတ်ဖြဲခွင့် မရှိကြောင်း ညွှန်ကြားချက်ပေးရန်နှင့် မူလဇစ်မြစ်ကို စစ်ဆေးအရေးယူပေးရန်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်အား ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။
ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံး
“ဘယ်ကနေ ဒီငွေအတုတွေ ရောက်လာတယ်ဆိုတာ ဇစ်မြစ်ကို ရှာရမှာပေါ့။ ဒီကိစ္စကို ညွှန်ကြားချက်ပေးလိုက်ပါမယ်။ ဘဏ်က အတုပဲဖြစ်ဖြစ် အစစ်ပဲ ဖြစ်ဖြစ် ဆွဲဖြဲပိုင်ခွင့် မရှိပါဘူး။ ပြည်သူဘက်ကလည်း အတုမို့လို့ နောင်အလိမ်မခံရအောင် အမှတ်တရ သိမ်းထားချင်ရင်လည်း ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ပါ“ဟုလည်း ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး မော်လမြိုင်မြို့၊ပြည်နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ဖိုးသူတော်(www.phothutaw.com)
Credit:မင်းဟိန်း
ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံး
Via: စံတော်ချိန်