တစ္ေန႔ ေရႊဥတစ္လံုးဥတဲ့ ထန္းပင္ေတြတခ်ိန္ကဆို ထန္းသီးလံုးေတြက ေတာင္သူေတြကိုေရာ ထန္းသမားေတြကိုပါ ဒုကၡေပးခဲ့ဖူးတယ္။

ထန္းပင္ တစ္ပင္ သီးၾကၿပီဆိုရင္ အလံုး ၃၀၀ ေလာက္ သီးၾကတာ။ ကံသင္း႐ိုးတေလွ်ာက္ ေပါက္ေနတဲ့ထန္းပင္က အပင္ ၁၀၀ ေက်ာ္ ၂၀၀ နီးပါး။ ဒါက ယာတစ္ဧကကြက္ေပၚမွာ ေျပာတာ။ အဲ့ဒီမွာကို ထန္းသီးလံုးက သံုးေသာင္းေက်ာ္ ေလးေသာင္းေက်ာ္။

ရြာက ကေလးေတြ ထန္းသီးႏုစားႏိုင္လွ အလံုးငါးဆယ္ တစ္ရာေပါ့။ ေတာဓေလ့ ထန္းသီးအသံုးဝင္ပံုက ႏြားရွိတဲ့အိမ္ေတြမွာ ထန္းသီးခြံကို ႏြားစာစင္း ေကၽြးၾကရတာ။ ႏြားတစ္ေကာင္စာအတြက္ အနည္းဆံုး ထန္းသီးလံုးတစ္ရာေတာ့ စင္းေကၽြးၾကရတယ္။ ႏွမ္းဖတ္၊ ဖြဲႏုေလးနဲ႔ ေရာလို႔ေပါ့။ ထန္းသီးလႈိင္လႈိင္ထြက္တဲ့ ကဆုန္၊ ဝါဆိုမွာက အညာေဒသမွာ ႏြားစာရွားတယ္။ ဒီထန္းသီးေတြရဲ့ အခြံကိုပဲ ႏိုင္ႏိုင္စင္းေကၽြးၾကရတာကိုး။

ခုေတာ့ အညာမွာ ႏြားကလည္းရွားပါးလာၿပီ၊ တ႐ုတ္ေတြဆီကေန ထြန္စက္နဲ႔ အလဲအလွည္လုပ္ၾကတယ္ထင္ပါ့။ ထန္းလွ်က္ကလည္း ေစ်းမေကာင္းေတာ့ ထန္းသမားေတြက မေလးရွား၊ ကိုရီးယား ထြက္ကုန္ၾကၿပီ။ အညာမွာ ထန္းတက္မယ့္သူက ရွားလာေတာ့ ဒီထန္းသီးေတြကို အပင္ေပၚ တက္ခ်ဳိင္ဖို႔ ခတ္တယ္ေလ။ ေစ်းႀကီးတယ္။

ေတာ္ေတာ္ဒုကၡေပးခဲ့တဲ့ ထန္းသီးေတြေလ။ ခုတ္မခ်ရင္ အပင္ေပၚမွာ မွည့္ၿပီး ေၾကြက်မယ္။ တစ္လုံုး ႏွစ္လံုးမဟုတ္ဘူး။ အလံုး ၁၀၀၊ ၂၀၀ လည္း မဟုတ္ဘူး ယာေျမတစ္ကြက္ေပၚမွာ ပ်ံ႕က်ဲေၾကြက်လာတဲ့ ထန္းသီးေတြက ေသာင္းဂဏန္းခ်ီတယ္။ ေတာင္သူေတြချမာ လိုက္ေကာက္ၾကေပေရာ။ ႏို႔မို႔ဆို ထန္းပင္ေတြ ေထာင္ခ်ီေပါက္လာၿပီး ယာပ်က္ေတာ့မေပါ့။

အဲဒီဒုကၡေတြေလ ခုေတာ့ သုခေတြအျဖစ္ ေျပာင္းသြားပါၿပီ။

ထန္းသီးဆံ ၁ဆံကို ၂၀က်ပ္ေပးၿပီး ရြာအေရာက္လာဝယ္ေနၿပီ။ ထန္းသီး ၁ လံုးမွာ အေစ့အိမ္ ၃ အိမ္ပါေတာ့ ထန္းသီးဆံ ၃ဆံ ရတယ္။ ရြာမွာတင္ အိမ္ကႏြားညိဳတစ္ရွင္းေကၽြးဖို႔ ထန္းသီး ၃၀၀ စင္းေကၽြးရင္ကို ထန္းသီးဆံ ၉၀၀ ေတာ့ရၿပီ။ တစ္ခ်ိန္လံုး ဒီထန္းေစ့ေတြကို လႊင့္ပစ္ေနၾကရတာအေမာ၊ ခုေတာ့ အေစ့ခြံေလးသင္၊ အေမွးဖတ္ေလးခြာၿပီးေရာင္းရင္ကို အမႈိုက္ထဲကေန တစ္ရက္ တစ္ေသာင္းခြဲေက်ာ္ ဝင္ေငြရၿပီ။ ေငြရင္းေငြႏွီးလည္း မလို၊ ေနပူစပ္ခါး သြားလုပ္ဖို႔လည္းမလို။ မန္က်ီးပင္ရိပ္ေအာက္မွာ သာသာယာယာပဲေလ။ ဒို႔ေတာင္သူေတြဘဝ သာယာပါၿပီ။ ဒုကၡေပးခဲ့ဖူးတဲ့ ဒီ ထန္းမပင္ေတြကို ခုတ္လွဲေရာင္းလို႔ မျဖစ္ေတာ့ဘူး။ ခုေတာ့ တစ္ေန႔ ေရႊဥတစ္လံုးဥတဲ့ ထန္းပင္ေတြ ျဖစ္ေန အရပ္ကတို႔ေရ . . .။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Green Momentum

#Unicode Version# ျဖင့္ဖတ္ပါ ။

တစ်နေ့ ရွှေဥတစ်လုံးဥတဲ့ ထန်းပင်တွေ

တချိန်ကဆို ထန်းသီးလုံးတွေက တောင်သူတွေကိုရော ထန်းသမားတွေကိုပါ ဒုက္ခပေးခဲ့ဖူးတယ်။

ထန်းပင် တစ်ပင် သီးကြပြီဆိုရင် အလုံး ၃၀၀ လောက် သီးကြတာ။ ကံသင်းရိုးတလျှောက် ပေါက်နေတဲ့ထန်းပင်က အပင် ၁၀၀ ကျော် ၂၀၀ နီးပါး။ ဒါက ယာတစ်ဧကကွက်ပေါ်မှာ ပြောတာ။ အဲ့ဒီမှာကို ထန်းသီးလုံးက သုံးသောင်းကျော် လေးသောင်းကျော်။

ရွာက ကလေးတွေ ထန်းသီးနုစားနိုင်လှ အလုံးငါးဆယ် တစ်ရာပေါ့။ တောဓလေ့ ထန်းသီးအသုံးဝင်ပုံက နွားရှိတဲ့အိမ်တွေမှာ ထန်းသီးခွံကို နွားစာစင်း ကျွေးကြရတာ။ နွားတစ်ကောင်စာအတွက် အနည်းဆုံး ထန်းသီးလုံးတစ်ရာတော့ စင်းကျွေးကြရတယ်။ နှမ်းဖတ်၊ ဖွဲနုလေးနဲ့ ရောလို့ပေါ့။ ထန်းသီးလှိုင်လှိုင်ထွက်တဲ့ ကဆုန်၊ ဝါဆိုမှာက အညာဒေသမှာ နွားစာရှားတယ်။ ဒီထန်းသီးတွေရဲ့ အခွံကိုပဲ နိုင်နိုင်စင်းကျွေးကြရတာကိုး။

ခုတော့ အညာမှာ နွားကလည်းရှားပါးလာပြီ၊ တရုတ်တွေဆီကနေ ထွန်စက်နဲ့ အလဲအလှည်လုပ်ကြတယ်ထင်ပါ့။ ထန်းလျှက်ကလည်း ဈေးမကောင်းတော့ ထန်းသမားတွေက မလေးရှား၊ ကိုရီးယား ထွက်ကုန်ကြပြီ။ အညာမှာ ထန်းတက်မယ့်သူက ရှားလာတော့ ဒီထန်းသီးတွေကို အပင်ပေါ် တက်ချိုင်ဖို့ ခတ်တယ်လေ။ ဈေးကြီးတယ်။

တော်တော်ဒုက္ခပေးခဲ့တဲ့ ထန်းသီးတွေလေ။ ခုတ်မချရင် အပင်ပေါ်မှာ မှည့်ပြီး ကြွေကျမယ်။ တစ်လုံး နှစ်လုံးမဟုတ်ဘူး။ အလုံး ၁၀၀၊ ၂၀၀ လည်း မဟုတ်ဘူး ယာမြေတစ်ကွက်ပေါ်မှာ ပျံ့ကျဲကြွေကျလာတဲ့ ထန်းသီးတွေက သောင်းဂဏန်းချီတယ်။ တောင်သူတွေခမြာ လိုက်ကောက်ကြပေရော။ နို့မို့ဆို ထန်းပင်တွေ ထောင်ချီပေါက်လာပြီး ယာပျက်တော့မပေါ့။

အဲဒီဒုက္ခတွေလေ ခုတော့ သုခတွေအဖြစ် ပြောင်းသွားပါပြီ။

ထန်းသီးဆံ ၁ဆံကို ၂၀ကျပ်ပေးပြီး ရွာအရောက်လာဝယ်နေပြီ။ ထန်းသီး ၁ လုံးမှာ အစေ့အိမ် ၃ အိမ်ပါတော့ ထန်းသီးဆံ ၃ဆံ ရတယ်။ ရွာမှာတင် အိမ်ကနွားညိုတစ်ရှင်းကျွေးဖို့ ထန်းသီး ၃၀၀ စင်းကျွေးရင်ကို ထန်းသီးဆံ ၉၀၀ တော့ရပြီ။ တစ်ချိန်လုံး ဒီထန်းစေ့တွေကို လွှင့်ပစ်နေကြရတာအမော၊ ခုတော့ အစေ့ခွံလေးသင်၊ အမှေးဖတ်လေးခွာပြီးရောင်းရင်ကို အမှိုက်ထဲကနေ တစ်ရက် တစ်သောင်းခွဲကျော် ဝင်ငွေရပြီ။ ငွေရင်းငွေနှီးလည်း မလို၊ နေပူစပ်ခါး သွားလုပ်ဖို့လည်းမလို။ မန်ကျီးပင်ရိပ်အောက်မှာ သာသာယာယာပဲလေ။ ဒို့တောင်သူတွေဘဝ သာယာပါပြီ။ ဒုက္ခပေးခဲ့ဖူးတဲ့ ဒီ ထန်းမပင်တွေကို ခုတ်လှဲရောင်းလို့ မဖြစ်တော့ဘူး။ ခုတော့ တစ်နေ့ ရွှေဥတစ်လုံးဥတဲ့ ထန်းပင်တွေ ဖြစ်နေ အရပ်ကတို့ရေ . . .။

ဖိုးသူတော် (www.phothutaw.com)
Credit:Green Momentum
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top