ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

 ေခ်ာက္ၿမိဳ႕ေပၚရပ္ကြက္ေတြနဲ႔ ေက်း႐ြာေပါင္း ၃၀ နီးပါးမွာ လိုက္လံ သတိေပးမႈေတြလုပ္ေနပါတယ္ဓာတ္ပုံ မူပိုင္NAY NAING

အရင္ႏွစ္ေတြထက္ ေစာၿပီး ေန႔အပူခ်ိန္ ျမင့္တက္လာတာလို႔ မနက္ ၁၀ နာရီကေန ညေန ၅ နာရီၾကား ေရမခ်ိဳးဖို႔ နဲ႔ အပူဒဏ္ကာကြယ္ေရး သတိေပးခ်က္ေတြ လိုက္နာဖို႔ ေခ်ာက္ၿမိဳ႕ေပၚရပ္ကြက္ေတြနဲ႔ ေက်း႐ြာေပါင္း ၃၀ နီးပါးမွာ လိုက္လံ သတိေပးေနတယ္လို႔ ေခ်ာက္ၿမိဳ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ဘီဘီစီကို ေျပာပါတယ္။

ေခ်ာက္မွာ အခုရက္ပိုင္း ၄၄.၆ ၂ ဒီဂရီ စင္တီဂရိတ္( ၁၁၂ ဒီဂရီ ဖာရင္ဟိုက္) ရွိေနၿပီး ဒီ့ထက္ပိုၿပီးေန႔အပူခ်ိန္ တိုးလာႏိုင္တာေၾကာင့္ အခုလို သတိေပးေနရတာျဖစ္တယ္လို႔လည္း ေခ်ာက္ၿမိဳ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန က်န္းမာေရးဦးစီးမႉးဦးလႈိင္ျမင့္ဟန္ ကေျပာပါတယ္။

ေခ်ာက္ၿမိဳ႕ေပၚမွာရွိတဲ့ အဓိက ျမစ္ဆိပ္ ေရခ်ိဳးဆိပ္ေလးေနရာမွာေတာ့ အနီေရာင္ ေနာက္ခံေပၚမွာ အျဖဴေရာင္ စာလုံးေတြနဲ႔ မနက္ ၁၀ နာရီမွ ညေန ၅ နာရီၾကားေရမခ်ိဳးဖို႔ သတိေပးစာသားပါ ဗီႏိုင္းေတြ ကို ျပည္သူ႔က်န္းမာေရးက လိုက္ခ်ိတ္ေနတာ ေတြ႕ရတယ္လို႔လည္းၿမိဳ႕ခံေတြက ေျပာပါတယ္။

မေကြးတိုင္း ေခ်ာက္ၿမိဳ႕ဟာ ျမန္မာႏိုင္ငံမွာ အပူဆုံးေဒသထဲမွာ တစ္ခုပါဝင္ၿပီး ၂၀၁၀ ျပည့္ႏွစ္ ကေတာ့ ၄၆ဒီဂရီ စင္တီဂရိတ္ (၁၁၄ ဒီဂရီ ဖာရင္ဟိုက္) ေလာက္ အထိ ေရာက္ခဲ့တယ္ လို႔ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ကေျပာပါတယ္။

အပူဒဏ္ခံရရင္ဘာေတြျဖစ္ႏိုင္ လဲ


ေခ်ာက္ၿမိဳ႕ေပၚမွာရွိတဲ့ အဓိက ျမစ္ဆိပ္ ခ်ိဳးဆိပ္ေလးေနရာ သတိေပးစာသားပါ ဗီႏိုင္းေတြ ကို က်န္းမာေရးဝန္ထမ္းေတြကလိုက္ ခ်ိတ္ေနတာ ပါဓာတ္ပုံ မူပိုင္NAY NAING

“အပူဒဏ္အႏၲရာယ္ကို ခံရတယ္ဆိုရင္ လူက ေခြၽးမထြက္ေတာ့ဘူး။ ခႏၶာကိုယ္က ဆားဓာတ္ေတြ ဆုံးရႈံးသြားတဲ့အခ်ိန္မွာ ေညာင္းတာေတြ၊ ေမာတာေတြ၊ ေခြၽးမထြက္ေတာ့တာေတြ၊ အပူခ်ိန္ေတြ တက္ၿပီးေတာ့ သတိလစ္တယ္။ ေနာက္ဆုံး ေဆး႐ုံေဆးခန္း အခ်ိန္မီ မေရာက္ရင္ ေသတဲ့အထိ အႏၲရာယ္ျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ ေနပူနဲ႔ မထိေအာင္ ေနဖို႔လိုပါတယ္ “ေခ်ာက္ၿမိဳ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန က်န္းမာေရးဦးစီးမႉး ဦးလႈိင္ျမင့္ဟန္ ကေျပာပါတယ္။

အခုလို အစိုးရက သတိေပးေပမဲ့ လက္လုပ္လက္စား ေတြကေတာ့ အတိအက် လိုက္နာဖို႔ အခက္ခဲရွိတယ္ လို႔ လည္း ေခ်ာက္ေဒသခံေတြ ကေျပာပါတယ္ ။

ေခ်ာက္မွာ အခုရက္ပိုင္း ေန႔လယ္အခ်ိန္ေရမခ်ိဳး ဖို႔ သတိေပးေနေပမဲ့ အနီးတစ္ ဝိုက္ၿမိဳ႕နယ္ေတြမွာေတာ့ အခုလို သတိေပးတာေတြ မရွိေသးပါဘူး။

ေခ်ာက္ၿမိဳ႕မွာေတာ့ ေမလကုန္ေလာက္ အထိ အခုလို သတိေပးမႈေတြ ဆက္ရွိႏိုင္တယ္လို႔လည္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာန က်န္းမာေရးဦးစီးမႉးက ေျပာပါတယ္။

ဘာေတြသတိထားဖို႔လိုလဲ


အပူဒဏ္ေၾကာင့္ အသက္ ဆုံးရႈံး ႏိုင္တဲ့ အထိ အႏၲရာယ္ ရွိႏိုင္တယ္ဓာတ္ပုံ မူပိုင္NAY NAING

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ သတ္မွတ္ခ်က္ အရေတာ့ အပူခ်ိန္ဟာ အနည္းဆုံး ၂၉ ဒီဂရီ စင္တီဂရိတ္ အထက္ကို ေရာက္သြားၿပီး ေလထဲမွာ ေရေငြ႕ပါႏႈန္း တနည္းအားျဖင့္ ေလထု စိုထိုင္းဆ ၄ ရာခိုင္ႏႈန္းေက်ာ္ၿပီ ဆိုရင္ လူေတြ သတိထားရမယ့္ အေျခအေန ျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီလို ေလအပူအခ်ိန္နဲ႔ ေရေငြ႕အပူခ်ိန္ ႏွစ္ရပ္ေပါင္းတဲ့ ဒဏ္ကို ခံရႏိုင္တဲ့ အေျခအေနဟာ မိုးဝင္မလာမခ်င္း ေမလ အကုန္ထိ ျဖစ္ေနႏိုင္တယ္လို႔ ေဒါက္တာ ထြန္းလြင္က သုံးသပ္ထားပါတယ္။

ဒီလို အပူဒဏ္ ခံရတဲ့အခါ အပူဒဏ္ေၾကာင့္ အသက္ ဆုံးရႈံးႏိုင္တဲ့အထိ အႏၲရာယ္ ရွိႏိုင္တယ္ဆိုၿပီး က်န္းမာေရး ပညာေပးသတင္းေဆာင္းပါးေတြ ေရးသားတဲ့ ေဒါက္တာ ျမင့္ဦးက ေျပာပါတယ္။

ဒါေၾကာင့္ အပူဒဏ္ ျမင့္ေနခ်ိန္မွာ အသက္ ၅ ႏွစ္ေအာက္ ကေလးေတြနဲ႔ အသက္ ၆ဝ အထက္ အ႐ြယ္ေတြ အထူး ဂ႐ုစိုက္ သင့္သလို ေသြးတိုး၊ ႏွလုံးနဲ႔ ဆီးခ်ိဳေရာဂါအတြက္ ေဆးဝါးေသာက္သုံး ေနရသူေတြ အေနနဲ႔လည္း ပိုၿပီး ဂ႐ုတစိုက္ ေနသင့္တယ္လို႔ ေဒါက္တာ ျမင့္ဦးက သတိေပးပါတယ္။

ေန႔ခင္း ေအးျမတဲ့ အရိပ္အာဝါသေအာက္ ေနတာမ်ိဳးနဲ႔ ေရကို ပုံမွန္ထက္ ပိုေသာက္ဖို႔ အႀကံျပဳ ထားသလို မျဖစ္မေန ေနပူထဲ ထြက္ရမယ္ ဆိုရင္လည္း ထီးေဆာင္းတာ၊ ဖိနပ္စီးတာတို႔ လုပ္ၿပီးမွ ထြက္ဖို႔လည္း တိုက္တြန္း ထားပါတယ္။

ဘယ္လိုေနသင့္သလဲ


အရင္ႏွစ္ေတြထက္ ပိုၿပီးပူမယ္ လို႔သိရတဲ့အတြက္ အခုလို ေခ်ာက္ၿမိဳ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ႀကိဳတင္ သတိေပးရတာျဖစ္တယ္ဓာတ္ပုံ မူပိုင္NAY NAING

သၾကၤန္မတိုင္မီ ခုလိုကာလေတြမွာ ျမန္မာျပည္ အလယ္ပိုင္း ေဒသေတြမွာပါ မက ရန္ကုန္တိုင္းနဲ႔ ပဲခူးတိုင္းထဲက တခ်ိဳ႕ေနရာေတြ မွာပါ အပူခ်ိန္ေတြဟာ ၄၀ ဒီဂရီ စင္တီဂရိတ္ ရွိေလ့ရွိပါတယ္ ။

အခုလို မုတ္သုံရာသီ အႀကိဳ ကာလ ေတြမွာ တကယ္ ျဖစ္ေနတဲ့ အပူခ်ိန္ထက္ကို ပိုၿပီး လူေတြ ခံစားရေလ့ ရွိတဲ့အတြက္ ဂ႐ုတစိုက္ ေနထိုင္ၾကဖို႔ ကြၽမ္းက်င္သူ ပညာရွင္ေတြကလည္း သတိေပးေနပါတယ္။ အခု လ အတြင္း မေကြးနဲ႔ မႏၲေလးတိုင္းထဲက တခ်ိဳ႕ ေဒသေတြမွာ အပူခ်ိန္ဟာ ၄၄ ဒီဂရီ စင္တီဂရိတ္ ပတ္ဝန္းက်င္အထိ ျမင့္တက္ေနပါတယ္။

အရမ္းပူတဲ့ေနရာက ျပန္လာၿပီး မခ်ိဳးဖို႔နဲ႔ မနက္ ၁၀နာရီနဲ႔ ၅နာရီၾကား လြင္တီးေခါင္ ျမစ္ဆိပ္၊ ေရခ်ိဳးဆိပ္ေနရာေတြမွာ ေရမခ်ိဳးဖို႔ ေခ်ာက္ၿမိဳ႕ မွာျဖန႔္ေဝတဲ့ လက္ကမ္းစာေစာင္ မွာက်န္းမာေရးဝန္ႀကီးဌာန ကသတိေပးထားပါတယ္။

အခုႏွစ္မိုးေလဝသ သတင္းေတြအရ အရင္ႏွစ္ေတြထက္ ပိုၿပီးပူမယ္ လို႔သိရတဲ့အတြက္ အခုလို ေခ်ာက္ၿမိဳ႕ ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ႀကိဳတင္ သတိေပးရတာျဖစ္တယ္လို႔လည္း က်န္းမာေရးဦးစီးမႈး ဦးလႈိင္ျမင့္ဟန္ ကေျပာပါတယ္။

“ေန႔လယ္ ပိုင္းဆိုရင္ အျပင္ သိပ္မထြက္ၾကဘူး။ လမ္းေပၚသြားလာ လႈပ္ရွားတဲ့သူက ေတာ္ေတာ္ေလး နည္းပါတယ္။ ကပ္မိကပ္ရာ ေနၾကတဲ့ လူေတြပဲမ်ားတယ္။ ေခ်ာက္ၿမိဳ႕ေပၚဆိုရင္ ၿမိဳ႕က်က္သေရေဆာင္ မဟာေအးေစတီဘုရားေစာင္းတန္းေတြမွာ အေနမ်ားတယ္။ ဓမၼာ႐ုံ ေတြမွာ ေနၾကတယ္။ သစ္ပင္အရိပ္ေကာင္းတဲ့ လက္ဖက္ရည္ဆိုင္ေတြမွာ ေနၾကတယ္လို႔ “ေခ်ာက္ၿမိဳ႕ေဒသခံတစ္ဦးကေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version# ျဖင့္ဖတ္ပါ ။

ချောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ လိုက်လံ သတိပေးမှုတွေလုပ်နေပါတယ်ဓာတ်ပုံ မူပိုင်NAY NAING

အရင်နှစ်တွေထက် စောပြီး နေ့အပူချိန် မြင့်တက်လာတာလို့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီကြား ရေမချိုးဖို့ နဲ့ အပူဒဏ်ကာကွယ်ရေး သတိပေးချက်တွေ လိုက်နာဖို့ ချောက်မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၃၀ နီးပါးမှာ လိုက်လံ သတိပေးနေတယ်လို့ ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဘီဘီစီကို ပြောပါတယ်။

ချောက်မှာ အခုရက်ပိုင်း ၄၄.၆ ၂ ဒီဂရီ စင်တီဂရိတ်( ၁၁၂ ဒီဂရီ ဖာရင်ဟိုက်) ရှိနေပြီး ဒီ့ထက်ပိုပြီးနေ့အပူချိန် တိုးလာနိုင်တာကြောင့် အခုလို သတိပေးနေရတာဖြစ်တယ်လို့လည်း ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူးဦးလှိုင်မြင့်ဟန် ကပြောပါတယ်။

ချောက်မြို့ပေါ်မှာရှိတဲ့ အဓိက မြစ်ဆိပ် ရေချိုးဆိပ်လေးနေရာမှာတော့ အနီရောင် နောက်ခံပေါ်မှာ အဖြူရောင် စာလုံးတွေနဲ့ မနက် ၁၀ နာရီမှ ညနေ ၅ နာရီကြားရေမချိုးဖို့ သတိပေးစာသားပါ ဗီနိုင်းတွေ ကို ပြည်သူ့ကျန်းမာရေးက လိုက်ချိတ်နေတာ တွေ့ရတယ်လို့လည်းမြို့ခံတွေက ပြောပါတယ်။

မကွေးတိုင်း ချောက်မြို့ဟာ မြန်မာနိုင်ငံမှာ အပူဆုံးဒေသထဲမှာ တစ်ခုပါဝင်ပြီး ၂၀၁၀ ပြည့်နှစ် ကတော့ ၄၆ဒီဂရီ စင်တီဂရိတ် (၁၁၄ ဒီဂရီ ဖာရင်ဟိုက်) လောက် အထိ ရောက်ခဲ့တယ် လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကပြောပါတယ်။

အပူဒဏ်ခံရရင်ဘာတွေဖြစ်နိုင် လဲ


ချောက်မြို့ပေါ်မှာရှိတဲ့ အဓိက မြစ်ဆိပ် ချိုးဆိပ်လေးနေရာ သတိပေးစာသားပါ ဗီနိုင်းတွေ ကို ကျန်းမာရေးဝန်ထမ်းတွေကလိုက် ချိတ်နေတာ ပါဓာတ်ပုံ မူပိုင်NAY NAING

“အပူဒဏ်အန္တရာယ်ကို ခံရတယ်ဆိုရင် လူက ချွေးမထွက်တော့ဘူး။ ခန္ဓာကိုယ်က ဆားဓာတ်တွေ ဆုံးရှုံးသွားတဲ့အချိန်မှာ ညောင်းတာတွေ၊ မောတာတွေ၊ ချွေးမထွက်တော့တာတွေ၊ အပူချိန်တွေ တက်ပြီးတော့ သတိလစ်တယ်။ နောက်ဆုံး ဆေးရုံဆေးခန်း အချိန်မီ မရောက်ရင် သေတဲ့အထိ အန္တရာယ်ဖြစ်နိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နေပူနဲ့ မထိအောင် နေဖို့လိုပါတယ် “ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူး ဦးလှိုင်မြင့်ဟန် ကပြောပါတယ်။

အခုလို အစိုးရက သတိပေးပေမဲ့ လက်လုပ်လက်စား တွေကတော့ အတိအကျ လိုက်နာဖို့ အခက်ခဲရှိတယ် လို့ လည်း ချောက်ဒေသခံတွေ ကပြောပါတယ် ။

ချောက်မှာ အခုရက်ပိုင်း နေ့လယ်အချိန်ရေမချိုး ဖို့ သတိပေးနေပေမဲ့ အနီးတစ် ဝိုက်မြို့နယ်တွေမှာတော့ အခုလို သတိပေးတာတွေ မရှိသေးပါဘူး။

ချောက်မြို့မှာတော့ မေလကုန်လောက် အထိ အခုလို သတိပေးမှုတွေ ဆက်ရှိနိုင်တယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

ဘာတွေသတိထားဖို့လိုလဲ


အပူဒဏ်ကြောင့် အသက် ဆုံးရှုံး နိုင်တဲ့ အထိ အန္တရာယ် ရှိနိုင်တယ်ဓာတ်ပုံ မူပိုင်NAY NAING

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက် အရတော့ အပူချိန်ဟာ အနည်းဆုံး ၂၉ ဒီဂရီ စင်တီဂရိတ် အထက်ကို ရောက်သွားပြီး လေထဲမှာ ရေငွေ့ပါနှုန်း တနည်းအားဖြင့် လေထု စိုထိုင်းဆ ၄ ရာခိုင်နှုန်းကျော်ပြီ ဆိုရင် လူတွေ သတိထားရမယ့် အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလို လေအပူအချိန်နဲ့ ရေငွေ့အပူချိန် နှစ်ရပ်ပေါင်းတဲ့ ဒဏ်ကို ခံရနိုင်တဲ့ အခြေအနေဟာ မိုးဝင်မလာမချင်း မေလ အကုန်ထိ ဖြစ်နေနိုင်တယ်လို့ ဒေါက်တာ ထွန်းလွင်က သုံးသပ်ထားပါတယ်။

ဒီလို အပူဒဏ် ခံရတဲ့အခါ အပူဒဏ်ကြောင့် အသက် ဆုံးရှုံးနိုင်တဲ့အထိ အန္တရာယ် ရှိနိုင်တယ်ဆိုပြီး ကျန်းမာရေး ပညာပေးသတင်းဆောင်းပါးတွေ ရေးသားတဲ့ ဒေါက်တာ မြင့်ဦးက ပြောပါတယ်။

ဒါကြောင့် အပူဒဏ် မြင့်နေချိန်မှာ အသက် ၅ နှစ်အောက် ကလေးတွေနဲ့ အသက် ၆ဝ အထက် အရွယ်တွေ အထူး ဂရုစိုက် သင့်သလို သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါအတွက် ဆေးဝါးသောက်သုံး နေရသူတွေ အနေနဲ့လည်း ပိုပြီး ဂရုတစိုက် နေသင့်တယ်လို့ ဒေါက်တာ မြင့်ဦးက သတိပေးပါတယ်။

နေ့ခင်း အေးမြတဲ့ အရိပ်အာဝါသအောက် နေတာမျိုးနဲ့ ရေကို ပုံမှန်ထက် ပိုသောက်ဖို့ အကြံပြု ထားသလို မဖြစ်မနေ နေပူထဲ ထွက်ရမယ် ဆိုရင်လည်း ထီးဆောင်းတာ၊ ဖိနပ်စီးတာတို့ လုပ်ပြီးမှ ထွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

ဘယ်လိုနေသင့်သလဲ


အရင်နှစ်တွေထက် ပိုပြီးပူမယ် လို့သိရတဲ့အတွက် အခုလို ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကြိုတင် သတိပေးရတာဖြစ်တယ်ဓာတ်ပုံ မူပိုင်NAY NAING

သြင်္ကန်မတိုင်မီ ခုလိုကာလတွေမှာ မြန်မာပြည် အလယ်ပိုင်း ဒေသတွေမှာပါ မက ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းထဲက တချို့နေရာတွေ မှာပါ အပူချိန်တွေဟာ ၄၀ ဒီဂရီ စင်တီဂရိတ် ရှိလေ့ရှိပါတယ် ။

အခုလို မုတ်သုံရာသီ အကြို ကာလ တွေမှာ တကယ် ဖြစ်နေတဲ့ အပူချိန်ထက်ကို ပိုပြီး လူတွေ ခံစားရလေ့ ရှိတဲ့အတွက် ဂရုတစိုက် နေထိုင်ကြဖို့ ကျွမ်းကျင်သူ ပညာရှင်တွေကလည်း သတိပေးနေပါတယ်။ အခု လ အတွင်း မကွေးနဲ့ မန္တလေးတိုင်းထဲက တချို့ ဒေသတွေမှာ အပူချိန်ဟာ ၄၄ ဒီဂရီ စင်တီဂရိတ် ပတ်ဝန်းကျင်အထိ မြင့်တက်နေပါတယ်။

အရမ်းပူတဲ့နေရာက ပြန်လာပြီး မချိုးဖို့နဲ့ မနက် ၁၀နာရီနဲ့ ၅နာရီကြား လွင်တီးခေါင် မြစ်ဆိပ်၊ ရေချိုးဆိပ်နေရာတွေမှာ ရေမချိုးဖို့ ချောက်မြို့ မှာဖြန့်ဝေတဲ့ လက်ကမ်းစာစောင် မှာကျန်းမာရေးဝန်ကြီးဌာန ကသတိပေးထားပါတယ်။

အခုနှစ်မိုးလေဝသ သတင်းတွေအရ အရင်နှစ်တွေထက် ပိုပြီးပူမယ် လို့သိရတဲ့အတွက် အခုလို ချောက်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကြိုတင် သတိပေးရတာဖြစ်တယ်လို့လည်း ကျန်းမာရေးဦးစီးမှုး ဦးလှိုင်မြင့်ဟန် ကပြောပါတယ်။

“နေ့လယ် ပိုင်းဆိုရင် အပြင် သိပ်မထွက်ကြဘူး။ လမ်းပေါ်သွားလာ လှုပ်ရှားတဲ့သူက တော်တော်လေး နည်းပါတယ်။ ကပ်မိကပ်ရာ နေကြတဲ့ လူတွေပဲများတယ်။ ချောက်မြို့ပေါ်ဆိုရင် မြို့ကျက်သရေဆောင် မဟာအေးစေတီဘုရားစောင်းတန်းတွေမှာ အနေများတယ်။ ဓမ္မာရုံ တွေမှာ နေကြတယ်။ သစ်ပင်အရိပ်ကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ နေကြတယ်လို့ “ချောက်မြို့ဒေသခံတစ်ဦးကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top