iMyanmarHouse.com - Best Property Website for Myanmar
×

တပ္မေတာ္သားႏွစ္ဦး အခ်င္းမ်ားရာက ပစ္ခတ္မႈျဖစ္ၿပီး အရပ္သား (၇)ဦး ေသဆံုးခဲ့တဲ့ျဖစ္စဥ္နဲ႔ပတ္သက္လို႔ ထိထိေရာက္ေရာက္ျပင္းျပင္းထန္ထန္အေရးယူမယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ပါတယ္။

ဧၿပီလ (၅)ရက္ မနက္ပိုင္း က ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္ အနန္းကြင္းေက်းရြာ ကမာၻရွားကား၀ပ္ေရွာ့မွာ တပ္မေတာ္သားစစ္သည္ႏွစ္ဦးဟာ ဆိုင္ကယ္ငွားရာကေန အခ်င္းမ်ားၿပီး ကုိင္ေဆာင္လာတ့ဲ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈျဖစ္ခဲ့တာေၾကာင့္

အဲဒီကား၀ပ္ေရွာ့က အမ်ိဳးသား(၄)ဦးနဲ႔ အမ်ိဳးသမီး(၃)ဦး စုစုေပါင္း(၇)ဦး ေသဆံုး ခဲ့တယ္လို႔ ဆိုပါတယ္။ အမ်ိဳးသမီးတစ္ဦးလည္း ၀ဲဘက္နံေစာင္းမွာ က်ည္ေဖာက္ဒဏ္ရာရခဲ့တာေၾကာင့္

ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံမွာ ပို႔ေဆာင္ကုသထားရ ပါတယ္။ ပစ္ခတ္မႈျဖစ္ခဲ့တဲ့ ခြင့္မဲ့စစ္သည္ႏွစ္ဦးကို ပိတ္ဆို႔ရွာေဖြရာမွာေတာ့ ဖာရာေက်းရြာလမ္းဆံုနဲ႔ အနန္းကြင္းေက်းရြာအထြက္ ဘုန္းေတာ္ႀကီးေက်ာင္းမွာ လက္နက္ ခဲယမ္းေတြနဲ႔အတူ ဖမ္းမိခဲ့ပါတယ္။

လက္ရွိမွာ ျပစ္မႈက်ဴးလြန္သူစစ္သည္ႏွစ္ဦးကို လက္နက္ျဖင့္ ခြင့္မဲ့ပ်က္ကြက္မႈ၊ အရက္ေသစာ ေသာက္စားမူးယစ္မႈ စတဲ့ စည္းကမ္းေဖာက္ဖ်က္မႈေတြအတြက္ စစ္တရား႐ုံးက ပြင့္လင္းျမင္သာစြာ ထိထိေရာက္ေရာက္ စစ္ေဆးအေရးယူသြားမယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒါ့ျပင္ လူ(၇)ဦးကို သတ္မႈ၊ တစ္ဦးကို အျပင္းအထန္ ဒဏ္ရာရေစမႈေတြေၾကာင့္ တပ္မေတာ္အက္ ဥပေဒပုဒ္မ (၇၂)အရ နယ္ဘက္တရား႐ုံးကို လႊဲေျပာင္းစစ္ေဆး စီရင္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:bamakhit

#Unicode Version# ျဖင့္ဖတ္ပါ ။

တပ်မတော်သားနှစ်ဦး အချင်းများရာက ပစ်ခတ်မှုဖြစ်ပြီး အရပ်သား (၇)ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ (၅)ရက် မနက်ပိုင်း က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာ ကမ္ဘာရှားကားဝပ်ရှော့မှာ တပ်မတော်သားစစ်သည်နှစ်ဦးဟာ ဆိုင်ကယ်ငှားရာကနေ အချင်းများပြီး ကိုင်ဆောင်လာတဲ့ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့်

အဲဒီကားဝပ်ရှော့က အမျိုးသား(၄)ဦးနဲ့ အမျိုးသမီး(၃)ဦး စုစုပေါင်း(၇)ဦး သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတစ်ဦးလည်း ဝဲဘက်နံစောင်းမှာ ကျည်ဖောက်ဒဏ်ရာရခဲ့တာကြောင့်

မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ပို့ဆောင်ကုသထားရ ပါတယ်။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ခွင့်မဲ့စစ်သည်နှစ်ဦးကို ပိတ်ဆို့ရှာဖွေရာမှာတော့ ဖာရာကျေးရွာလမ်းဆုံနဲ့ အနန်းကွင်းကျေးရွာအထွက် ဘုန်းတော်ကြီးကျောင်းမှာ လက်နက် ခဲယမ်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူစစ်သည်နှစ်ဦးကို လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု၊ အရက်သေစာ သောက်စားမူးယစ်မှု စတဲ့ စည်းကမ်းဖောက်ဖျက်မှုတွေအတွက် စစ်တရားရုံးက ပွင့်လင်းမြင်သာစွာ ထိထိရောက်ရောက် စစ်ဆေးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ပြင် လူ(၇)ဦးကို သတ်မှု၊ တစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေမှုတွေကြောင့် တပ်မတော်အက် ဥပဒေပုဒ်မ (၇၂)အရ နယ်ဘက်တရားရုံးကို လွှဲပြောင်းစစ်ဆေး စီရင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:bamakhit
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top