လူေတြရဲ႕ မဆင္မျခင္လုပ္ေဆာင္မႈေတြေၾကာင့္ ကမာၻၾကီးဟာတစ္ႏွစ္ထက္တစ္ႏွစ္ အပူခ်ိန္ေတြတိုးလို႔ ေရခဲျမစ္ေတြအရည္ေပ်ာ္က်ေနပါျပီ။ ပူျပင္းလာတဲ့ အပူခ်ိန္ေၾကာင့္ ေႏြတာရွည္လာျပီး ေဆာင္းနဲ႔ မိုးကာလေတြက တိုေတာင္းလာေနပါတယ္။ ဒီအခ်ိန္မွာ အပူခ်ိန္ကို မျဖစ္မေနအံတုဖို႔ ျပင္ဆင္ထားရုံကလြဲလို႔ဘာမွမတ္သာေတာ့ပါဘူး။ ပူုျပင္းတဲ့ေႏြရာသီမွာ ေျခာက္ေသြ႔မႈနဲ႔အတူ ေရာဂါေတြကလည္း အစံုအလင္ကို ပါလာတတ္တာပါ။ ဒီေရာဂါေတြထဲမွာ အျဖစ္အမ်ားဆံုးက အပူရွပ္တာပါ။ ကဲ ပရိသတ္ၾကီးေရာ အပူရွပ္တာကို ဘယ္လိုမ်ားကာကြယ္မလဲ။ ဒီေဆာင္းပါးေလးဖတ္ရင္း အပူရွပ္တာကို တူတူ ကာကြယ္ၾကရေအာင္ေလေနာ္။

အပူရွပ္ျခင္း

အပူရွပ္တယ္ဆိုတာက ခႏၶာကိုယ္ အပူခ်ိန္အရမ္းျမင့္တက္လာတာေၾကာင့္ပါ။ အပူဒဏ္ကို အခ်ိန္ၾကာျမင့္စြာ ထိေတြ႔တာ၊ ပူျပင္းတဲ့အေျခအေနမွာ လႈပ္ရွားမႈေတြျပင္းျပင္းထန္ထန္လုပ္ေဆာင္မႈေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္တဲ့အခါမ်ိဳးမွာေတြၾကံဳရတဲ့ အေျခအေနတစ္ရပ္ပါ။ ခႏၶာကိုယ္အပူခ်ိန္ ၁၀၄ ဒီဂရီ ဖာရင္ဟိုက္ ဒါမွမဟုတ္ ဒီအပူခ်ိန္ထက္ျမင့္တက္ေနတာမ်ိဳးျဖစ္ႏိုင္္ပါတယ္။ ေႏြရာသီရဲ႕လေတြအမ်ားဆံုးျဖစ္ေလ့ျဖစ္ထရွိတဲ့ က်န္းမာေရးအေျခအေနတစ္ရပ္ပါ။

အပူရွပ္တဲ့အခါမွာ အေရးေပၚျပဳစုကုသမႈလုပ္ေဆာင္ေပးဖို႔လိုအပ္ပါတယ္။ မကုသဘဲ သတိလက္လြတ္ထားလိုက္မယဆိုရင္ အပူရွပ္တာေၾကာင့္ ဦးေႏွာက္၊ ႏွလံုး၊ ေက်ာက္ကပ္နဲ႔ ၾကြက္သားတို႔ဟာ အခ်ိန္တိုအတြင္းမွာ ထိခိုက္ပ်က္စီးသြားႏိုင္ပါတယ္။ ဒါေတြတင္မကေသးပါဘူး ျပင္းထန္တဲ့ေနာက္ဆက္တြဲေဝဒနာေတြနဲ႔ အသက္ေသဆံုးတာမ်ိဳး အထိျဖစ္ႏိုင္ပါတယ္။

အပူရွပ္ရင္ ဒီလိုလကၡဏာေတြေတြ႔ရႏိုင္ပါတယ္။ အခုလိုလကၡဏာေတြေတြ႔ရျပီဆိုရင္ေတာ့ အပူရွပ္တာကိုခံစားေနရတာပါ။

ခႏၶာကိုယ္အပူခ်ိန္မ်ားေနမယ္ – ခႏၶာကိုယ္အပူခ်ိန္က ၁၀၄ ဒီဂရီဖာရင္ဟိုက္ ( ၄၀ ဒီဂရိ စင္တီဂရိတ္) ဒါမွမဟုတ္ ဒီအပူခ်ိန္ထက္ပိုျမင့္ေနတာမ်ိဳးျဖစ္ေနမယ္ဆိုရင္ေတာ့ အပူရွပ္ေနျပီဆိုတာကို ျမင္သာတဲ့လကၡဏာတစ္ခုပါ။
စိတ္အေျခအေနနဲ႔ အျပဳအမူေျပာင္းလဲလာမယ္ – အာရံုေတြရႈပ္ေထြးမယ္၊ စိတ္ေတြအရမ္းလႈပ္ရွားေနမယ္၊ စကားေတြလံုးေနမယ္၊ ေျခကုန္လက္ပမ္းက်ေနမယ္၊ စိတ္ဂနာမျငိမ္ျဖစ္မယ္၊ တက္မယ္။

ေခၽြးေတြအရမ္းထြက္မယ္ – ပူျပင္းတဲ့ရာသီဥတုအေျခအေနေၾကာင့္ အပူရွပ္တဲ့အခါ အေရျပားကအရမ္းပူျပီး ေျခာက္ေသြ႔ေနမယ္။ ေခၽြးေတြကလည္း အရမ္းထြက္ေနမယ္။

မအီမသာျဖစ္ျပီး ေအာ့အန္ေနမယ္ – ဗိုက္ထဲမွာ ေနလို႔မေကာင္းျဖစ္ျပီး ေအာ့အန္ခ်င္သလိုလိုျဖစ္ေနမယ္။

အေရျပားေတြ ပူစပ္ပူေလာင္ျဖစ္မယ္ – ခႏၶာကိုယ္အပူခ်ိန္ျမင့္တက္လာမႈနဲ႔အတူ အေရျပားေတြ ပူစပ္ပူေလာင္ျဖစ္လာႏိုင္ပါတယ္။

အသက္ရႈျမန္လာမယ္ – အသက္ရႈမဝသလိုလိုျဖစ္ျပီး အသက္ရႈႏႈန္းအရမ္းျမန္လာႏိုင္ပါတယ္။

ႏွလံုးခုန္ျမန္လာမယ္ – အပူခ်ိန္ျမင့္တက္မႈေၾကာင့္ ႏွလံုးက ခႏၶာကိုယ္အပူခ်ိန္ေလွ်ာ႔သြားေအာင္ ၾကိဳးစားလုပ္ေဆာင္ခ်ိန္မွာ ႏွလံုးခုန္ႏႈန္းက အရမ္းျမန္လာႏိုင္ပါတယ္။

ေခါင္းကိုက္လာမယ္ – အပူခ်ိန္ျမင့္တက္မႈနဲ႔အတူ ေခါင္းကိုက္ေဝဒနာကိုခံစားရႏိုင္ပါတယ္။

ေနာက္ဆက္တြဲျဖစ္လာနိုင္တဲ့အေျခအေနေတြ
အပူရွပ္တဲ့အခါ ခႏၶာကိုယ္မွာ အပူခ်ိန္ဘယ္ေလာက္ထိျမင့္တက္လဲဆိုတာနဲ႔အခ်ိန္ဘယ္ေလာက္ၾကာၾကာအထိျမင့္တက္ခဲ့လဲဆိုတဲ့အေပၚမွာ မူတည္ျပီး ေနာက္ဆက္တါဲအေျခအေနေတြက ဆိုးရြားျပင္းထန္ႏိုင္ပါတယ္။

ခႏၶာကိုယ္အစိတ္အပိုင္းေတြထိခိုက္ပ်က္စီးမယ္ – အပူရွပ္တဲ့အခ်ိန္မွာ ခႏၶာကိုယ္ အပူခ်ိန္ကို ျမန္ျမန္က်ေအာင္မလုပ္ေဆာင္ႏိုင္ဘူးဆိုရင္ အပူရွပ္တာရဲ႕ ေနာက္ဆက္တြဲအေနနဲ႔ ဦးေႏွာက္နဲ႔အျခားအေရးပါတဲ့ အစိတ္အပိုင္းေတြေရာင္ရမ္းျပီး လံုးဝထိခိုက္ပ်က္စီးသြားတာမ်ိဳးၾကံဳရႏိုင္ပါတယ္။

ေသဆံုးမယ္ – ခ်က္ခ်င္းကုသမႈမရရင္ျဖစ္ျဖစ္၊ လံုေလာက္တဲ့ ကုသမႈမရရင္ျဖစ္ျဖစ္ အပူရွပ္တာေၾကာင့္ ေသဆံုးႏိုင္ပါတယ္။

ဘယ္လိုကာကြယ္မလဲ

အပူရွပ္တာက ကာကြယ္လို႔ရတဲ့အေျခအေနတစ္ခုပါ။ ပူျပင္းတဲ့ရာသီဥတုအေျခအေနေၾကာင့္ အပူရွပ္တာမ်ိဳးမျဖစ္ေစဖို႔ ဒီနည္းလမး္ေလးေတြသံုးျပီး ၾကိဳတင္ကာကြယ္သင့္ပါတယ္။

အကႌ်အေရာင္ေဖ်ာ႔ေဖ်ာ႔၊ ပြပြေခ်ာင္ေခ်ာင္ေတြဝတ္ပါ – အကႌ်ေတြကို ခပ္က်ပ္က်ပ္ဝတ္ဆင္တာက ခႏၶာကိုယ္အပူခ်ိန္ကို တိုးေစႏိုင္ပါတယ္။

ေနေလာင္ဒဏ္ကေနကာကြယ္ပါ – ေနေလာင္တာကလည္း ခႏၶာကိုယ္အပူခ်ိန္ကိုတိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ေႏြရာသီမွာ အျပင္ထြက္ေတာ့မယ္ဆိုရင္ ထီးတို႔၊ ဦးထုတ္တို႔ယူသြားတာမ်ိဳးလုပ္ေပးပါ။ ေနေလာင္ကာခရင္မ္လူးေပးပါ။ ခ်ည္သားအဝတ္ပြပြေတြဝတ္ဆင္ေပးပါ။ ေနကာမ်က္မွန္ဝတ္ဆင္ေပးပါ။

အရည္မ်ားမ်ားေသာက္ပါ – ေရဓာတ္ျပည့္ဝေနမႈက ခႏၶာကိုယ္အပူခ်ိန္ကိုထိန္းညွိေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေႏြပူပူမွာ အရည္မ်ားမ်ားေသာက္ေပးပါ။

ေဆးဝါးေသာက္သံုးတဲ့အခါ သတိထားပါ – ေဆးဝါးေတြေသာက္သံုးေနရသူေတြအေနနဲ႔လည္း ေရမ်ားမ်ားေသာက္တာ၊ အပူေရွာင္တာမ်ိဳးေတြ လုပ္ေပးသင့္ပါတယ္။ ေနာက္တစ္ခ်က္က သတိထားရမယ့္ အခ်က္ေတြရွိ၊မရွိကို ဆရာဝန္နဲ႔ေမးျမန္းရမွာပါ။

ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္မလုပ္ပါနဲ႔ – ေႏြပူတဲ့အခါ အလုပ္ေတြကို ပင္ပင္ပန္းပန္းမလုပ္သင့္သလို ေလ့က်င့္ခန္းျပင္းျပင္းထန္ထန္လုပ္တာမ်ိဳးကိုလည္းေရွာင္ၾကဉ္သင့္ပါတယ္။ ဒီလိုလုပ္တာက ခႏၶာကိုယ္အပူခ်ိန္ကိုတိုးေစျပီး အပူရွပ္တာျဖစ္နိုင္ေျခတိုးေစႏိုင္ပါတယ္။

ေနပူေနခ်ိန္မွာ အျပင္မထြက္ပါနဲ႔ – အပူခ်ိန္အျမင့္ဆံုးအခ်ိန္ေတြျဖစ္တဲ့ ေန႔ခင္ ၁၁ နာရီ ကေန ၃ နာရီအတြင္းမွာ အျပင္မထြက္ပါနဲ႔။ အပူခ်ိန္ျမင့္တဲ့အခ်ိန္မ်ာ အျပင္ထြက္တာက အပူရွပ္ႏိုင္ေျခပိုမ်ားေစတာေၾကာင့္ပါ။

အရက္ေတြအလြန္အကၽြံမေသာက္ပါနဲ႔ – အရက္ေသာက္သံုးမႈကလည္း ခႏၶာကိုယ္အပူခ်ိန္ကိုတိုးေစႏိုင္တာေၾကာင့္ ေႏြပူပူမွာ အရက္အပါအဝင္ အယ္လ္ကိုေဟာပါတဲ့ ေသာက္စရာေတြကို တတ္ႏိုင္သမွ်ေလွ်ာ႔ေသာက္ပါ။

ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာေနပါ – ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာေနေပးပါ။ ပိတ္ေလွာင္ေနတဲ့အခန္းေတြ၊ လူထူထပ္တဲ့ေနရာေတြ၊ အပူခ်ိန္ျမင့္တဲ့ေနရာေတြကို တတ္ႏိုင္သမွ်ေရွာင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Sayarwon

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတွေရဲ့ မဆင်မခြင်လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာကြီးဟာတစ်နှစ်ထက်တစ်နှစ် အပူချိန်တွေတိုးလို့ ရေခဲမြစ်တွေအရည်ပျော်ကျနေပါပြီ။ ပူပြင်းလာတဲ့ အပူချိန်ကြောင့် နွေတာရှည်လာပြီး ဆောင်းနဲ့ မိုးကာလတွေက တိုတောင်းလာနေပါတယ်။ ဒီအချိန်မှာ အပူချိန်ကို မဖြစ်မနေအံတုဖို့ ပြင်ဆင်ထားရုံကလွဲလို့ဘာမှမတ်သာတော့ပါဘူး။ ပူုပြင်းတဲ့နွေရာသီမှာ ခြောက်သွေ့မှုနဲ့အတူ ရောဂါတွေကလည်း အစုံအလင်ကို ပါလာတတ်တာပါ။ ဒီရောဂါတွေထဲမှာ အဖြစ်အများဆုံးက အပူရှပ်တာပါ။ ကဲ ပရိသတ်ကြီးရော အပူရှပ်တာကို ဘယ်လိုများကာကွယ်မလဲ။ ဒီဆောင်းပါးလေးဖတ်ရင်း အပူရှပ်တာကို တူတူ ကာကွယ်ကြရအောင်လေနော်။

အပူရှပ်ခြင်း

အပူရှပ်တယ်ဆိုတာက ခန္ဓာကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓာကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။ နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။

အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူး ပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။

အပူရှပ်ရင် ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။ အခုလိုလက္ခဏာတွေတွေ့ရပြီဆိုရင်တော့ အပူရှပ်တာကိုခံစားနေရတာပါ။

ခန္ဓာကိုယ်အပူချိန်များနေမယ် – ခန္ဓာကိုယ်အပူချိန်က ၁၀၄ ဒီဂရီဖာရင်ဟိုက် ( ၄၀ ဒီဂရိ စင်တီဂရိတ်) ဒါမှမဟုတ် ဒီအပူချိန်ထက်ပိုမြင့်နေတာမျိုးဖြစ်နေမယ်ဆိုရင်တော့ အပူရှပ်နေပြီဆိုတာကို မြင်သာတဲ့လက္ခဏာတစ်ခုပါ။
စိတ်အခြေအနေနဲ့ အပြုအမူပြောင်းလဲလာမယ် – အာရုံတွေရှုပ်ထွေးမယ်၊ စိတ်တွေအရမ်းလှုပ်ရှားနေမယ်၊ စကားတွေလုံးနေမယ်၊ ခြေကုန်လက်ပမ်းကျနေမယ်၊ စိတ်ဂနာမငြိမ်ဖြစ်မယ်၊ တက်မယ်။

ချွေးတွေအရမ်းထွက်မယ် – ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အပူရှပ်တဲ့အခါ အရေပြားကအရမ်းပူပြီး ခြောက်သွေ့နေမယ်။ ချွေးတွေကလည်း အရမ်းထွက်နေမယ်။

မအီမသာဖြစ်ပြီး အော့အန်နေမယ် – ဗိုက်ထဲမှာ နေလို့မကောင်းဖြစ်ပြီး အော့အန်ချင်သလိုလိုဖြစ်နေမယ်။

အရေပြားတွေ ပူစပ်ပူလောင်ဖြစ်မယ် – ခန္ဓာကိုယ်အပူချိန်မြင့်တက်လာမှုနဲ့အတူ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်လာနိုင်ပါတယ်။

အသက်ရှုမြန်လာမယ် – အသက်ရှုမဝသလိုလိုဖြစ်ပြီး အသက်ရှုနှုန်းအရမ်းမြန်လာနိုင်ပါတယ်။

နှလုံးခုန်မြန်လာမယ် – အပူချိန်မြင့်တက်မှုကြောင့် နှလုံးက ခန္ဓာကိုယ်အပူချိန်လျှော့သွားအောင် ကြိုးစားလုပ်ဆောင်ချိန်မှာ နှလုံးခုန်နှုန်းက အရမ်းမြန်လာနိုင်ပါတယ်။

ခေါင်းကိုက်လာမယ် – အပူချိန်မြင့်တက်မှုနဲ့အတူ ခေါင်းကိုက်ဝေဒနာကိုခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲဖြစ်လာနိုင်တဲ့အခြေအနေတွေ
အပူရှပ်တဲ့အခါ ခန္ဓာကိုယ်မှာ အပူချိန်ဘယ်လောက်ထိမြင့်တက်လဲဆိုတာနဲ့အချိန်ဘယ်လောက်ကြာကြာအထိမြင့်တက်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး နောက်ဆက်တါဲအခြေအနေတွေက ဆိုးရွားပြင်းထန်နိုင်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေထိခိုက်ပျက်စီးမယ် – အပူရှပ်တဲ့အချိန်မှာ ခန္ဓာကိုယ် အပူချိန်ကို မြန်မြန်ကျအောင်မလုပ်ဆောင်နိုင်ဘူးဆိုရင် အပူရှပ်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့အခြားအရေးပါတဲ့ အစိတ်အပိုင်းတွေရောင်ရမ်းပြီး လုံးဝထိခိုက်ပျက်စီးသွားတာမျိုးကြုံရနိုင်ပါတယ်။

သေဆုံးမယ် – ချက်ချင်းကုသမှုမရရင်ဖြစ်ဖြစ်၊ လုံလောက်တဲ့ ကုသမှုမရရင်ဖြစ်ဖြစ် အပူရှပ်တာကြောင့် သေဆုံးနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ

အပူရှပ်တာက ကာကွယ်လို့ရတဲ့အခြေအနေတစ်ခုပါ။ ပူပြင်းတဲ့ရာသီဥတုအခြေအနေကြောင့် အပူရှပ်တာမျိုးမဖြစ်စေဖို့ ဒီနည်းလမ်းလေးတွေသုံးပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

အင်္ကျီအရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင်တွေဝတ်ပါ – အင်္ကျီတွေကို ခပ်ကျပ်ကျပ်ဝတ်ဆင်တာက ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။

နေလောင်ဒဏ်ကနေကာကွယ်ပါ – နေလောင်တာကလည်း ခန္ဓာကိုယ်အပူချိန်ကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်နွေရာသီမှာ အပြင်ထွက်တော့မယ်ဆိုရင် ထီးတို့၊ ဦးထုတ်တို့ယူသွားတာမျိုးလုပ်ပေးပါ။ နေလောင်ကာခရင်မ်လူးပေးပါ။ ချည်သားအဝတ်ပွပွတွေဝတ်ဆင်ပေးပါ။ နေကာမျက်မှန်ဝတ်ဆင်ပေးပါ။

အရည်များများသောက်ပါ – ရေဓာတ်ပြည့်ဝနေမှုက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နွေပူပူမှာ အရည်များများသောက်ပေးပါ။

ဆေးဝါးသောက်သုံးတဲ့အခါ သတိထားပါ – ဆေးဝါးတွေသောက်သုံးနေရသူတွေအနေနဲ့လည်း ရေများများသောက်တာ၊ အပူရှောင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ နောက်တစ်ချက်က သတိထားရမယ့် အချက်တွေရှိ၊မရှိကို ဆရာဝန်နဲ့မေးမြန်းရမှာပါ။

လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့ – နွေပူတဲ့အခါ အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်သင့်သလို လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာမျိုးကိုလည်းရှောင်ကြဉ်သင့်ပါတယ်။ ဒီလိုလုပ်တာက ခန္ဓာကိုယ်အပူချိန်ကိုတိုးစေပြီး အပူရှပ်တာဖြစ်နိုင်ခြေတိုးစေနိုင်ပါတယ်။

နေပူနေချိန်မှာ အပြင်မထွက်ပါနဲ့ – အပူချိန်အမြင့်ဆုံးအချိန်တွေဖြစ်တဲ့ နေ့ခင် ၁၁ နာရီ ကနေ ၃ နာရီအတွင်းမှာ အပြင်မထွက်ပါနဲ့။ အပူချိန်မြင့်တဲ့အချိန်မျာ အပြင်ထွက်တာက အပူရှပ်နိုင်ခြေပိုများစေတာကြောင့်ပါ။

အရက်တွေအလွန်အကျွံမသောက်ပါနဲ့ – အရက်သောက်သုံးမှုကလည်း ခန္ဓာကိုယ်အပူချိန်ကိုတိုးစေနိုင်တာကြောင့် နွေပူပူမှာ အရက်အပါအဝင် အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေကို တတ်နိုင်သမျှလျှော့သောက်ပါ။

လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ – လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပေးပါ။ ပိတ်လှောင်နေတဲ့အခန်းတွေ၊ လူထူထပ်တဲ့နေရာတွေ၊ အပူချိန်မြင့်တဲ့နေရာတွေကို တတ်နိုင်သမျှရှောင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Sayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top